32

14.3K 1.3K 600
                                    

" အိုင်ဗန် "

လင်းရောင်ရဲ့ကုတင်ခြေရင်းနား ငုတ်တုတ်ထိုင်ကာငိုင်နေသူကြောင့် စတီဗန်သက်ပြင်းချကာ အိုင်ဗန်ရဲ့ပခုံးကိုလှမ်းပုတ်လိုက်သည်။

" ဘာထူးသေးလဲ "

" ဘာမှမထူးဘူး ငါမင်းပြောတဲ့အတိုင်း ဒီမှာပဲထိုင်စောင့်နေတာ "

" ဘယ်သူတွေမှန်းမသိပေမဲ့ သေချာကြိုတင်စီစဥ်ပြီး ခွန်ရှောင်းတို့ကိုဖမ်းခေါ်သွားတာနေမယ် "

" ငါတို့ဘာလုပ်ကြမလဲ "

" ရှောင်းပြောတာတော့ အဲ့ကောင်တွေကားမှာ BGNဆိုပြီးရေးထားတာတွေ့တယ်တဲ့ အဲ့ကိစ္စကိုငါစုံစမ်းခိုင်းထားတယ် "

" လင်းရောင်ရဲ့အိပ်ယာပေါ်မှာ ဒီဆေးထိုးအပ်ကိုတွေ့ခဲ့တယ် "

" အထဲက ဘာဆေးတွေဖြစ်နိုင်လဲ "

" ဦးနှောက်ကိုလှုံ့ဆော်ပေးတဲ့ အပြင်းစားဆေးတမျိုးပဲ ဒီဆေးကသာမန်လူဆို ခေါင်းကိုက်တာလောက်ပဲဖြစ်နိုင်ပေမဲ့ စိတ်ကစဉ့်ကလျားဖြစ်နေတဲ့လူဆိုရင် သူ့ရဲ့အသိစိတ်တွေကိုတောင် ပျောက်သွားအောင်လုပ်နိုင်တဲ့ဆေးတမျိုးပဲ "

" မင်းကဘယ်လိုသိတာလဲ "

" ငါက မင်းထင်ထားတာထက်ပိုပြီးဗဟုသုတပြည့်စုံနေလို့ပေါ့ "

ရုပ်တည်နဲ့ပြောကာ ဆေးထိုးအပ်ကိုလက်ကြားထဲလှည့်ကစားနေသည့်အိုင်ဗန်ကြောင့် စတီဗန်ခပ်ရေးရေးပြုံးကာ အိုင်ဗန်ရဲ့ဘေးကိုပိုကပ်သွားလိုက်သည်။

" အခုချိန်ကစပြီး ငါပြောတာသေချာနားထောင် အိုင်ဗန် "

" နေအုံး ငါအရင်ပြောမယ် လင်းရောင်တို့အခုလိုအဖမ်းခံရတာ ဗစ်တာနဲ့ဆိုင်နေလား "

" မဆိုင်ဘူး ဒီကိစ္စကဒယ်ဒီရဲ့လက်အောက်အဖွဲ့အစည်းကမဟုတ်ပဲ တသီးတခြားခွဲထွက်နေတဲ့အုပ်စုကပဲဖြစ်လိမ့်မယ် ပြီးတော့ ရှောင်းနဲ့လင်းရောင်က သူတို့အတွက်တခုခုအသုံး၀င်လို့ အခုလိုလုပ်ခဲ့တာ "

" အရေးမပါတာတွေ "

" ခံပြင်းနေတယ်မလား မင်းခံစားရသလို ငါလည်းခံစားနေရတာပဲ အဲ့တော့တဖက်ကရန်သူကိုဖမ်းချင်ရင် မင်းငါနဲ့အတူရှိနေမှဖြစ်မယ် အိုင်ဗန် "

Stivan And The Psychopath ( Completed) Where stories live. Discover now