10

19.7K 1.5K 325
                                    

" ဒါက ဒယ်ဒီအတွက်...ဒါက ပါပါးအတွက် "

စားပွဲပေါ်မှ ကြက်ကြော်တွေကိုယူရင်း စတီဗန်ကတစ်ယောက်ချင်းစီရဲ့ပန်းကန်ထဲသို့လိုက်ထည့်ပေးသည်။စတီဗန်ငယ်ငယ်လေးတည်းက အပတ်တိုင်းသောကြာနေ့ဆို မိသားစုလက်ဆုံစားကြတာဖြစ်၏။ထိုအထဲတွင် Samနဲ့မာန်ဟိန်းလည်းပါ၀င်နေတာဖြစ်သည်။

" ဒါက ကျွန်တော့်ရဲ့အန်ကယ်ချောချောလေး မာန်ဟိန်းအတွက် "

" Thank you တီတီးလေး "

" ဒါက ကျွန်တော့်ရဲ့အချစ်ဆုံးအန်ကယ်လေးအတွက် "

" Thank you Bro ! "

Samနဲ့စတီဗန်က ငယ်ငယ်လေးတည်းကသူငယ်ချင်းလိုပဲပေါင်းလာကြတာမို့ Samကစတီဗန်ကိုမျက်စိတစ်ဖက်မှိတ်ပြကာနောက်ပြောင်လိုက်၏။Samရဲ့အပြုအမူကြောင့် စတီဗန်ကလည်းမျက်စိပြန်မှိတ်ပြကာ ကျီစားလိုက်သည်။

" မေ့တော့မလို့!! ကျွန်တော်ဒယ်ဒီအတွက် surprise giftလေးရှိတယ် "

" surprise gift?? ဘာအတွက်လဲ "

" ဘာအတွက်ရယ်လို့တော့မဟုတ်ပါဘူး ဒီအတိုင်း ဒယ်ဒီကိုပေးချင်လာလို့ "

သဘောကျလွန်သွားသည့်ဟန်နရီက သူ့ဆံပင်တွေကိုသပ်တင်လိုက်ပြီး မာန်ဟိန်းနဲ့ Samကိုမျက်ခုံးပင့်တင်ကာ ဂုဏ်ယူ၀င့်ကြွားစွာဖြင့် မဲ့ပြုံးပြုံးပြလိုက်၏။ လွန်းကတော့ သူများကိုရန်သွားစနေတဲ့ဟန်နရီကြောင့် ခေါင်းငုံ့ကာ ရယ်ချင်စိတ်တွေကိုထိန်းထားလိုက်သည်။

" ကဲ ဒယ်ဒီအဆင်သင့်ဖြစ်ရင် ဒါလေးဖွင့်လိုက်တော့မယ်နော် "

" အဆင်သင့်ဖြစ်ပြီ"

စတီဗန်ကဟန်နရီရှေ့မှစားပွဲပေါ်တွင် လှပစွာထုတ်ပိုးထားသည့်ကိတ်မုန့်ဘူးတစ်ဘူးတင်ကာ အမြန်ဆွဲဖွင့်လိုက်သည်။

" ဟင် "

သေသပ်စွာထုတ်ပိုးထားတဲ့ Boxထဲ ဖားပုံစံ cakeလေးနဲ့ ကွတ်ကီးတွေကြောင့် ဟန်နရီခဏတာငြိမ်သက်သွားသည်
အခြေအနေအားလုံးကို သဘောပေါက်သွားတဲ့ Samကအသံကျယ်ကြီးနဲ့ထရယ်ကာ လက်ခုပ်တွေတီးလိုက်သည် အစပြုကာ ရယ်လိုက်တဲ့ Samကြောင့် မာန်ဟိန်းကောလွန်းပါ ၀ိုင်းရယ်ကြသည်

Stivan And The Psychopath ( Completed) Where stories live. Discover now