" Hello "
" Van!! "
ဖုန်းထဲမှထိတ်လန့်တုန်ယင်နေသည့် ရှောင်းအသံကြောင့် စတီဗန်ကအိပ်ယာပေါ်မှကုန်းထရင်း လက်ထဲမှဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိ၏။
" ဘာဖြစ်လို့လဲရှောင်း "
" လူ...လူတစ်ယောက်ကငါ့အိမ်ထဲ၀င်ခဲ့တယ်ထင်တယ် အိန်ဂျယ်ဟောင်နေလို့ငါအိမ်ထဲကနေလှမ်းကြည့်လိုက်တာ ငါ့ခြံထဲကနေလူတစ်ယောက်အပြင်ကိုခုန်ထွက်သွားတယ် "
ရှောင်းကအသံတွေတုန်ယင်ကာ သေချာရှင်းပြနိုင်စွမ်းမရှိသေးတာကြောင့် စတီဗန်ကအခြားမေးခွန်းတွေဆက်မမေးတော့ပဲ ရှောင်းကိုစိတ်ငြိမ်အောင်ထားဖို့လှမ်းပြော၏။
" ကျွန်တော်ရှောင်းဆီအခုပဲလာခဲ့မယ် ဘာကိိုမှမကြောက်နဲ့နော် ဘယ်သူမှန်းမသိပေမဲ့ ရှောင်းကိုသတ်ချင်ရင် ထွက်ပြေးမှာမဟုတ်ဘူး အကြောင်းတခုခုရှိလို့ပဲနေမှာ.....ကျွန်တော်အချိန်ခဏအတွင်းရောက်အောင်လာခဲ့မယ် "
*****
" ရှောင်း "
အိမ်ပြင်မှ ဆက်တိုက်ခေါ်နေတဲ့အသံကြောင့် ရှောင်းအပြင်ကိုထွက်လာကာ ခြံတံခါးဖွင့်ပေးလိုက်သည်။
" Van.... အဲ့လူကလေ အိန် ...အိန်ဂျယ်လေးကို...."
အထစ်ထစ်အငေါ့ငေါ့နဲ့ ပုံမှန်မဟုတ်သေးတဲ့အခြေအနေကြောင့် စတီဗန်က ခွန်ရှောင်းရဲ့လက်ကိုနူးနူးညံ့ညံ့ဖြင့်ဆုပ်ကိုင်ကာ အိမ်ထဲ၀င်လာလိုက်သည်။
" ရှောင်းဘာမှမကြောက်နဲ့နော် ရှောင်းအနားမှာကျွန်တော်ရှိတယ် "
" ခုနကလူသာ အိန်ဂျယ်လေးကိုတခုခုလုပ်သွားခဲ့ရင်...."
ရှောင်းကအကြောက်လွန်နေသေးတာမို့ စတီဗန်ကသူ့ရင်ခွင်ထဲရှောင်းရဲ့ခေါင်းကိုသိမ်းသွင်းကာဖက်ထားပေး၏။လူတစ်ယောက်စိတ်အရမ်းလှုပ်ရှားနေသည့်အချိန်၌ မေးခွန်းတွေဆက်တိုက်မေးကာအခက်တွေ့အောင် စတီဗန်မလုပ်ချင်ပေ။
" ကိုယ့်ကိုယ်ကိုကောစိတ်ပူတတ်ရဲ့လား အဲ့လူသာ ရှောင်းကိုတခုခုလုပ်သွားရင်ဘယ်လိုလုပ်မလဲ "
" ........ "
" စိတ်ကိုအေးအေးထားပြီး ဘာတွေဘယ်လိုဖြစ်ခဲ့လဲဆိုတာ ကျွန်တော့်ကို တခုချင်းစီပြောပြ "