05

23.6K 1.8K 375
                                    

" Hello "

" မင်္ဂလာညချမ်းလေးပါခွန်ရှောင်း ခင်ဗျ "

" မအိပ်သေးဘူးလား "

" မအိပ်သေးဘူး ရှောင်းအခုဘာတွေလုပ်နေလဲ "

" အိန်ဂျယ်လေးအိပ်ဖို့ အိပ်ယာပြင်ပေးနေတာ "

" ဟုတ်လား အခုကောပြီးပြီလား "

" ပြီးပြီ "

" ဒါဆို ကျတော်ရှောင်းနဲ့အေးဆေးစကားပြောလို့ရပြီပေါ့ "

" ဆိုပါတော့ "

" ရှောင်းညစာကော စားပြီးပြီလား "

" အချိန်ကိုလဲကြည့်အုံးလေ စားပြီးပြီပေါ့ "

" ဒါဆို အိပ်ခါနီးဘာများစားချင်သေးလဲ "

" လောလောဆယ်တော့ ရေခဲမုန့်စားချင်နေတာ "

" ဟုတ်လား ကျတော်ရှောင်းကိုချစ်တယ် "

" ဘာမှလဲမဆိုင်ဘူးနော် "

"ဟုတ်လား ကျတော်..... "

စကားတစ်၀က်နှင့် အသံတိတ်သွားသည့်စတီဗန်ကြောင့် ရှောင်းကလက်ထဲမှဖုန်းကိုကျစ်ကျစ်ဆုပ်ကိုင်ရင်း တစ်ဖက်မှတုံ့ပြန်လာမည့်အသံလေးကို နားဆွင့်နေမိသည်။

" တီတီး "

" ဗျာ "

" ဘာဖြစ်လို့လဲ "

" ကျတော်ရှောင်းကို တွေ့ချင်တယ် "

" မနက်ဖန်ကျောင်းပြန်တတ်ရမှာလေ အဲ့ကျတွေ့ကြတာပေါ့ "

" ရှောင်းကျတော့်ကိုလွမ်းလား "

တည်ငြိမ်စွာမေးလာသည့်အသံကြောင့် ၀ဲဘက်ရင်အုံမှအဆမတန်တုန်ယင်နေသည့်ရင်ဘတ်ပေါ်သို့လက်တင်ရင်း ရှောင်းသက်ပြင်းချမိလိုက်၏။

" အင်း...ငါမင်းကိုလွမ်းနေတယ် "

စိတ်တွေလည်းလှုပ်ရှားနေတာမို့ အိပ်ယာပေါ်မှခေါင်းအုံးလေးကိုပင် ဖိကိုက်မိလိုက်တာဖြစ်သည်။ကိုယ့်ဘက်ကသာအရဲစွန့်ပြီး ပြောလိုက်ပေမဲ့ တဖက်ကနှုတ်ဆိတ်နေပြန်တာကြောင့် စိတ်တိုမိပြန်တယ် ဒါဘာသဘောလဲ လူကိုအရေးမစိုက်တာလား။

" မင်းဘာဖြစ်နေတာလဲ "

" ကျွန်တော်ရှောင်းအိမ်ရှေ့ကိုလာတွေ့ချင်တယ်......မဟုတ်ဘူး ကျွန်တော်ရှောင်းအိမ်ရှေ့ကိုရောက်နေပြီ "

Stivan And The Psychopath ( Completed) Unde poveștirile trăiesc. Descoperă acum