08

19.5K 1.6K 628
                                    

ဟိုမှာ ငါ့အဖေလာပြီ "

စတီဗန်ကသူ့အဖေအားလက်လှမ်းပြကာနှုတ်ဆက်လိုက်တာမို့ လင်းရောင်ကလည်းသူထိုင်နေသည့်ခုံတန်းပေါ်မှမတ်တပ်ရပ်ကာ ဟန်နရီအားလှမ်းကြည့်လိုက်သည်။လင်းရောင်က လူကောင်သေးသည့်သူမဟုတ်သော်ငြား သူ့ထက်တောင်အနည်းငယ်ပိုထွားနေသည့်ဟန်နရီကြောင့် ကိုယ့်ကိုယ်ကိုပင်ငုံ့ကြည့်မိသွားသည်။

" ဒယ်ဒီ ဒါကျွန်တော့်သူငယ်ချင်းလေ လင်းရောင်ရှိန်းတဲ့။ဒယ်ဒီလည်းကြားဖူးမှာပါ ကျွန်တော်နဲ့ငယ်သူငယ်ချင်းတွေပဲ "

စတီဗန်ကလင်းရောင်ရဲ့ပခုံးကို ခပ်ဖွဖွပုတ်ရင်းသူ့အဖေနှင့်မိတ်ဆက်ပေးသည်။ဟန်နရီက မှေးစင်းနေသည့်သူမျက်လုံးတွေဖြင့် လင်းရောင်အားခဏမျှသာ အကဲခတ်ရင်းခပ်ရေးရေးပြုံးပြလိုက်၏။သွက်သွက်လက်လက်ရှိသည့်လင်းရောင်က ဟန်နရီရဲ့အပြုအမူကြောင့် မျက်တောင်တွေကိုအဆက်မပြတ်ပုတ်ခပ်ရင်း ငြိမ်သက်နေတော့သည်။

" လင်းရောင် ဒါကငါ့ဒယ်ဒီလေ နာမည်က ဟန်နရီတဲ့ "

" တွေ့ရတာ၀မ်းသာပါတယ် အန်ကယ်က စတီဗန်ရဲ့ဒယ်ဒီပါ "

အန်ကယ်ဆိုသောအသုံးအနှုန်းကြောင့် လင်းရောင်ကခေါင်းငုံ့ကာ ကြိတ်ရယ်လိုက်သည်။

" ကျွန်တော်က စတီဗန်ရဲ့အဖေကို အသက်ကြီးကြီးနဲ့ဗိုက်ပူပူခပ်၀၀ကြီးလို့ထင်ခဲ့တာ တကယ်တမ်းတော့အသက်ငယ်ငယ်ပဲရှိသေးတာပဲ အန်ကယ်ဆိုတဲ့အသုံးအနှုန်းကိုမသုံးလဲရပါတယ်ဗျ "

" ဒါဆိုဘယ်လိုသုံးနှုန်းရမှာလဲ "

" ကျတော်ကော Daddyဆိုပြီးခေါ်လို့ရမလား "

စနောက်ခြင်းမဟုတ်ပဲ အတည်ပေါက်ပြောနေတဲ့လင်းရောင်ကြောင့် စတီဗန်တယောက်အသံတိတ်ကာ ဟန်နရီမျက်နှာကိုလှမ်းကြည့်လိုက်သည်။

" ရပါတယ် မင်းလည်းငါ့သားအရွယ်လောက်ပဲဆိုတော့ ဒါမျိုးကကိစ္စမရှိပါဘူး "

" ကျေးဇူးတင်ပါတယ်ဗျ ဒါဆိုကျွန်တော်တို့လက်ဆွဲနှုတ်ဆက်ကြမလား "

လင်းရောင်ကသူ့လက်ကိုအရင်ရှေ့ထုတ်ကာ နှုတ်ဆက်ဖို့အစပျိုးလာတာကြောင့် ဟန်နရီကလည်းငြင်းဆိုခြင်းမရှိပြန်လည်နှုတ်ဆက်လာသည်။သို့ပေမယ့် လင်းရောင်ကသူ့လက်တစ်ဖက်တွင်ကိုင်ထားသည့်အအေးဘူးကို ဟန်နရီဗိုက်ပေါ်သို့မတော်တဆပုံစံဖြင့်လောင်းချလိုက်၏။

Stivan And The Psychopath ( Completed) Where stories live. Discover now