My Green Forest ( Complete)

By Khinlay-Nyan

207K 19.7K 4.2K

ကန္တာရထဲက လူတစ်ယောက် ကႏၱာရထဲက လူတစ္ေယာက္ (သက်ကောင်းလူ) ဒီနေ့... မနက်ဖြန်... သန်ဘက်ခါ... ကျန်ရှိတဲ့နေ့ရက်တိုင... More

Episode (1)
Episode (2)
Episode( 3)
Episode (4 )
Episode (5)
Episode (6)
Episode(7)
Episode( 8)
Episode (9)
Episode (10)
Episode (11)
Episode (12)
Episode (13)
Episode (15)
Episode (16)
Episode (17)
Episode (18)
Episode (19)
Episode (20)
Episode (21)
Episode (22)
Episode (23)
Episode (24)
Episode (25)
ခွင့်တိုင်ကြားခြင်း /ခြင့္တိုင္ၾကားျခင္း
Episode (26)
Episode (27)
Episode (28)
Episode (29)
Episode (30)
Episode (31)
Episode (32)
Episode (33)
Episode (34)
Episode (35)
Episode (36)
Episode (37)
Episode (38)
Episode (39)
Episode (40)
Episode (41)
Episode (42)
Episode (43)
Episode (44)
Episode (45)
Episode (46)
Episode (47)
Episode (48)
Episode (49)
Episode (50)
Episode (51)
Episode (52)
Episode (53)
Episode (54)
Episode (55)
Episode (56)
Episode (57) Part 1
Episode (57) Part 2
Episode (58)
Episode (59)
Episode (60)
Final Episode (61)
မေတ္တာစာလွှာ
သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင်
Extra

Episode (14)

2.8K 338 45
By Khinlay-Nyan

Unicode

" ပေါင်ပေ့... ထမင်းချိုင့်ကို ပေါင်ပေ့ဘာသာ ထည့်မှာလား ၊ မား ထည့်ပေးရမှာလား "

မားက ချက်လက်စ ဝက်အချိုချက်ထဲကို ရေတစ်ခွက်လောင်းထည့်ရင်းဖြင့် ဘေးဘက်ရှိ သူ့ကို မျက်လုံးစွေကြည့်ကာ စကားပြောလာ၏ ။

" ရတယ်...မား ၊ ကျွန်တော့်ဘာသာ ထည့်လိုက်မယ်နော် "

" အင်းပါ..အင်းပါ ၊ အဲဒါဆိုလဲ ကိုယ့်ဘာသာထည့်၊မနေ့က ပေါင်ပေ့ရဲ့ချိုင့်ထဲမှာ ဘာမှမကျန်ဘူးနော် ၊ အကုန်ကုန်သွားလို့ မားတောင် အံ့သြနေတာ "

တစ်ယောက်တည်း စားခြင်းမဟုတ်ဘဲ နှစ်ယောက်စားသည့်အတွက် ချိုင့်ထဲတွင် မည်သည်ဟင်းမှ မကျန်ပေ ။ ထိုလူကိုလည်း သူ အမှန် အံ့သြမိသည် ။ သူ့ဘာသာ ဝယ်စား၍ ရသော်လည်း သူများဆီမှ ဟင်းကိုသာ သွားရည်ကျတတ်သည့်သူ ။ မကျွေးလျှင်လည်း ငရဲကြီးဦးမည် ။

" ဟယ်... ပေါင်ပေ့ ဘာတွေ အတွေးများနေတာလဲ ၊ အနားနားကပ်ပြီး ပြောနေတာကိုတောင် မကြားဘူး "

ပါးပေါ်ရောက်လာသည့် မား၏ လက်နှင့် နားထဲဝင်လာသည့် မား၏ အသံချိုချို ။ ထိုအခါမှ သူ လွင့်သွားသည့် အာရုံကို ပြန်စုစည်းကာ မားကို မျက်နှာချိုသွေးပြလိုက်ရသည် ။

" ဟမ်...ဘာလဲ ...မား...ဘာပြောလိုက်တာလဲ "

" ပေါင်ပေ့နဲ့ အတူတူ အလုပ်လုပ်ရတဲ့ ကလေး ဘယ်နှစ်ယောက်ရှိလဲလို့ မေးနေတာလေ..."

" သုံးယောက်...မား "

မလိမ်ညာချင်သော်လည်း လိမ်ပြောရပါသည် ။ သူ့စကားအဆုံး မားက ခေါင်းတညိတ်ညိတ် ။

" အစစအရာရာ သည်းခံနော် ပေါင်ပေ့ ၊ သူစိမ်းတွေနဲ့ အလုပ်လုပ်ရတာဆိုတော့ သည်းခံနိုင်မှဖြစ်မှာ ၊ မျက်နှာကိုလဲ အမြဲတမ်း တည်တည်ကြီး မထားဘဲနဲ့ တစ်ခါတလေကျရင်တော့ ပြုံးပြုံးရယ်ရယ်နေ ၊ မဟုတ်ရင် သူတို့က ပေါင်ပေ့ကို သဘောထားဆိုးတယ်လို့ ထင်သွားကြလိမ့်မယ် "

" ဟုတ်ကဲ့ မား "

မား စိတ်ချမ်းသာအောင် ဟုတ်ကဲ့ဟု ပြောလိုက်ရသော်လည်း သူကတော့ ထင်ဆိုသည့် လူကြီးကို မရယ်ပြချင်ပေ ။ ယခုကဲ့သို့ မရယ်မပြုံး နေသည်ကိုပင် ထိုလူကြီးက သူ့ကိုဆိုလျှင် မထိတထိပုံစံမျိုးဖြင့် ဆက်ဆံတတ်၏ ။ သူသာ ရယ်ရယ်မောမော ၊ ပြုံးပြုံးရွှင်ရွှင်ဖြင့် ဆက်ဆံလိုက်ပါလျှင် နောက်ဆက်တွဲ ဖြစ်လာမည့် အကြောင်းအရာများကို သူလည်း တာဝန်မယူနိုင်ပေ ။

ဦးကျော်ဝင်း၏ အကြည့်များသည် ဇနီးနှင့်သား၏ နောက်ကျောပြင်သို့ ။

" ပေါင်ပေ့ "

နောက်ဘက်မှ ထွက်ပေါ်လာသည့် ခေါ်သံကြောင့် သက်ကောင်းလူ၏ ခန္ဓာကိုယ်က ချက်ချင်းပင် နောက်ဘက်သို့ လှည့်သွား၏ ။

" ဗျာ...ပါး "

" အလုပ်က စလုပ်နေရပြီလား ၊ ဘာတွေ လုပ်ရတာလဲ "

ခေါင်းထဲတွင် အချက်ပေးခေါင်းလောင်းသံများ မြည်ဟီးလာသည် ။ ပါးကိုတော့ မားကဲ့သို့ ပြီးပြီးရော ပြောမရပေ ။

" လောလောဆယ်တော့ ဘာမှ မလုပ်ရသေးဘူး ပါး ၊ လုပ်ငန်းသဘောနားလည်အောင်ပဲ သင်နေရတာ "

ပါးက ခေါင်းတစ်ချက်ညိတ်လိုက်ကာ သူ့မျက်လုံးထဲကို တည့်တည့်စိုက်ကြည့်လာ၏ ။

" လုပ်ငန်းအတွေ့အကြုံ မရှိတဲ့သူကို ငါးသိန်းပေးတယ်ဆိုတော့ ပေါင်ပေ့ရဲ့သူဌေးက ပိုက်ဆံ တော်တော်ပေါနေလားပဲ "

" သြော်...ပါးကလဲ... ပေါင်ပေ့ လုပ်ရမှာက အနုပညာအလုပ်လေ ၊ အနုပညာဆိုတာက တန်ဖိုးဖြတ်လို့မှ မရတာကို... ပါးနော်...ဘယ်လိုဖြစ်ပြီး ထင့်ကို အမြင်မကြည်ဖြစ်နေရတာလဲ ၊ ဒီလောက် သဘောကောင်း...မနောကောင်းလေးကို... "

သူပင် ဖြေစရာ မလိုချေ ။ မားက ပါးကို နောက်လှည့်ကြည့်ကာ ချိုသာသောမျက်နှာထားနှင့်စကားပြောလိုက်တော့ ပါးက အလိုမတူဟန်ဖြင့် ခေါင်းကို ဖြည်းဖြည်းချင်းခါယမ်း၏ ။ ထိုအခါ မား၏ နှုတ်ခမ်းလေးက ရှေ့ကို စူထော်လာသည် ။

" ကဲ...မားကိုပြော...မားကိုပြော...အဲဒီခေါင်းကို ဘာဖြစ်လို့ ခါလိုက်ရတာလဲ ၊ ပါးက မားပြောတာကို သဘောမတူဘူးလား ၊ တွေ့တွေ့ချင်းကတည်းက ပါး ... ထင့်ကို တစ်မျိုးတော့ တစ်မျိုးပဲဆ်ိုပြီး ပြောနေတာလေ "

မားက ဘယ်ဘက်ခါးပေါ် လက်ထောက်လိုက်ရင်း ထိုစကားကို ပြောတော့ ပါးဆီမှ ရယ်သံတိုးတိုး ထွက်ပေါ်လာသည် ။

" မားကလဲ လူတွေမှာ ခံစားတတ်တဲ့ အသိအာရုံဆိုတာ ရှိတယ်လေကွာ ၊ နောက်ပြီး မား ပြောလိုက်တယ်နော် ...သဘောကောင်း...မနောကောင်းတဲ့ ၊ လူတစ်ယောက်ကို ဆက်ဆံရေးကောင်းတာ တစ်ခုတည်းကြည့်ပြီး မနောကောင်းတယ်လို့ သတ်မှတ်လို့ မရဘူး မား ၊ တချို့တွေက သူတို့ရဲ့ အတွင်းစိတ်နဲ့ မလိုက်ဖက်အောင် အပြုအမူတွေလုပ်တတ်ကြတယ် ၊ ပါးကတော့ အဲဒီလူကို စိတ်ထဲ ဘဝင်မကျပါဘူးကွာ ၊ ပေါင်ပေ့လဲ သူ့ကို ဆက်ဆံရင် သတိထားပြီး ဆက်ဆံနော် "

အလက်ဇန်းဒါးထင်ဟု အမည်ရသည့် ထိုလူကို သူ တကယ် သဘောမကျလှပေ ။ အထူးသဖြင့် ထိုလူ၏ မျက်လုံးအကြည့်များကို စိတ်ထဲ မနှစ်မြို့ချေ ။ ထိုမျက်လုံးများက တစ်ဖက်သားကို အလွန်ဆွဲဆောင်လွှမ်းမိုးနိုင်၏ ။

" ဟယ်...ပါးရယ်...ပြောနေတဲ့ပုံက ပေါင်ပေ့ကပဲ မိန်းကလေးလိုလိုနဲ့ကွယ် ၊ ထင်က ပေါင်ပေ့ကို ဘာလုပ်ရမှာလဲ ပါးရဲ့ ၊ သူ့အလုပ်မှာ တကယ်လိုလို့ လစာပေးပြီး ခိုင်းတာလေ... ပါးရဲ့ "

သူကတော့ ဘေးဘက်ရှိ မားကိုကြည့်လိုက် ၊ ပါးကိုကြည့်လိုက်ဖြင့်သာ ။ သူလည်း ထိုလူ၏ အတွင်းစိတ်ကို ဖမ်း၍မရပေ ။ ထိုလူက ရေသေအိုင်နှင့်ပင် ခပ်ဆင်ဆင်တူသည် ။ ဟိုးအတွင်းပိုင်းထဲ၌ ကွယ်ဝှက်သိမ်းဆည်းထားသော လျှို့ဝှက်ချက်များရှိနေသည်ဟု ခံစားမိ၏ ။

" မား ပြောသလိုပဲ ဖြစ်ပါစေလို့ ပါး ဆုတောင်းပါတယ် ၊ ပေါင်ပေ့..."

ပါး၏ ခေါ်သံကြောင့် သူ့ခန္ဓာကိုယ်က ဆတ်ခနဲ တုန်သွား၏ ။ သူ ထိုသို့ဖြစ်သွားသည်ကိုကြည့်၍ ပါးက မျက်မှောင်ကုတ်သည် ။ မျက်ခုံးနှစ်ဖက်လုံးကလည်း ထိစပ်လုနီးပါး အလယ်၌ စုသွားလေ၏ ။

" ဗျာ..."

မထင်မှတ်ထားရအောင်ပင် သူ့အသံက လည်ပင်းထဲမှ ခက်ခက်ခဲခဲ ထွက်ပေါ်လာသည် ။

" အဲဒီအလုပ်ကို မလုပ်ချင်တာနဲ့ တန်းပြီးထွက်လာ...ပေါင်ပေ့ ၊ ကျန်တာကို ပါး ရှင်းမယ် "

" ဟယ်...ပါး "

ဆိုသည့် စကားသံနှင့်အတူ မားက ပါးရှိရာဆီကို ခပ်သွက်သွက်လှမ်းသွားပြီး လက်ဖျားလေးနှင့် ပါးလက်မောင်းကို တဖျတ်ဖျတ် ရိုက်လေသည် ။

" လူကြီးဖြစ်ပြီး ကလေးကို ဘယ်လိုတွေ သင်နေတာလဲကွယ်...ဟင်...ပါး ၊ မား ပါးကို ဘယ်လိုပြောပြထားလဲ ၊ ပါးရဲ့ ပေါင်ပေ့က အလုပ်ဝင်တာ တစ်ရက်ပဲ ရှိသေးတယ်လေ ၊ အဲဒါကို ချက်ချင်းထွက်ဖို့ ပြောနေရလား "

ပါးက လက်မောင်းပေါ်ရှိ မား လက်လေးကို ဖမ်းဆုပ်ကိုင်ပြီး မား၏မျက်နှာကို တည့်တည့်စိုက်ကြည့်ပြီး သက်ပြင်းချသည် ။ မားက သူ့ကို ကျောပေးထား၍ မား၏ မျက်နှာအမူအရာကို မမြင်ရသော်လည်း ပါး၏ မျက်နှာထားကတော့ သိပ်မကောင်းပေ ။

ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်လဲ အဲဒီလူဆီမှာ အလုပ်မလုပ်ချင်ပါဘူး ပါး ။ ဒါပေမဲ့ အဲဒီအလုပ်ကို မဖြစ်မနေသွားရမဲ့ အကြောင်းပြချက်က ရှိနေတယ် ပါး ။ ခြောက်လ...ခြောက်လပါပဲ ။ ခြောက်လဆိုတဲ့ အချိန်တစ်ခုကုန်သွားရင်တော့ အဆင်ပြေပါပြီ ။

*******************

ထင့် အလုပ်စားပွဲမှ ကြည့်လိုက်လျှင် ဧည့်သည်များထိုင်ရန် ထားထားသည့် စားပွဲကို ရှင်းရှင်းလင်းလင်းမြင်ရ၏ ။ လက်တိုရှပ်အင်္ကျီလေးသာ ဝတ်ထားသည့် ပေါင်ပေ့က လက်နှစ်ဖက်ကို အချင်းချင်းပွတ်သပ်နေသည် ။ အထူးသဖြင့်တော့ အင်္ကျီလွတ်နေသည့် လက်မောင်းသားနှင့် လက်ဖျံတစ်လျှောက်ကိုပင် ။

ပေါင်ပေ့ ကြည့်ရတာတော့ တော်တော်အေးနေတဲ့ပုံ ။ ထင်ကလဲ အဲကွန်းကို အအေးဆုံးဖွင့်ထားတာလေ ။ အဲဒီတော့ နေသားမကျသေးတဲ့ ပေါင်ပေ့လေးခမျာ နေမထိ ၊ ထိုင်မသာ ဖြစ်နေပါရော ။

သက်ကောင်းလူ ခေါင်းကိုလှည့်ကာ နောက်ဘက်ရှိ အဲကွန်းကို ကြည့်လိုက်မိ၏ ။ မနေ့က သည်နေ့ကဲ့သို့ သိပ်မအေးဘဲ  သည်နေ့ကျမှ တော်တော်လေးကို အေးနေပြီး နေရသည်မှာလည်း သက်သောင့်သက်သာ မရှိတော့ ။ သက်ကောင်းလူ၏ မျက်ဝန်းအိမ်လေးသည် အဲကွန်းဆီမှ ထင့်ထံသို့ ဖြည်းညင်းစွာ နေရာပြောင်း၏ ။စပို့ရှပ်နက်ပြာရောင် လက်တိုကို ဝတ်ထားသည့် ထိုလူ့ပုံစံမှာ မအေးတတ်သည့်အလား ။ ပတ်ဝန်းကျင်ကို လေးစားမှု မရှိသည့် လူကြီး ။ ကိုယ် အဆင်ပြေလျှင်ပြီးရော ဆိုပြီး သူများကို ထည့်မတွက်သည့်သူ ။

အဲကွန်းကို ပိတ်ခိုင်းလိုက်ရင် ကောင်းမလား ။ အဲဒါလဲ မဖြစ်သေးပါဘူး ၊ လျှော့ခိုင်းလိုက်ရင်ပဲ ကောင်းမယ် ထင်တယ် ။

ထင် လက်တော့ပ်ကို ကြည့်နေသော်လည်း သက်ကောင်းလူ၏ ကြံရာမရဖြစ်နေသည့်ပုံလေးကို မျက်လုံးထောင့်စွန်းမှ မြင်နေရသည် ။ ထင့်ကိုကြည့်လိုက် ၊ အဲကွန်းကိုလှည့်ကြည့်လိုက်ဖြင့် အလုပ်များနေသည့် သက်ကောင်းလူ၏ ပုံစံလေးကို ကြည့်ရင်း အသည်းထဲတွင် ယားကျိယားကျိ ဖြစ်လာ၏ ။

ဘယ်လိုလေးလဲကွာ ။ ဘာဖြစ်လို့ ကိုယ့်ကို စကားပြောဖို့ တွန့်ဆုတ်နေရတာလဲ ။

ထင် လုပ်လက်စ အလုပ်ကို ခဏရပ်လိုက်ကာ ထိုင်နေရာမှ မတ်တတ်ရပ်လိုက်တော့ သက်ကောင်းလူ၏ အကြည့်က ထင့်ဆီကို ချက်ချင်းရောက်လာသည် ။ သို့သော်လည်း စက္ကန့်ပိုင်းမျှသာ အကြည့်ချင်းဆုံပြီးနောက် မျက်ဝန်းအိမ်လှလှလေးမှာ ရှေ့ရှိ စားပွဲပေါ်သို့ ။

" ကိုယ့်ကို တစ်ခုခုများ ပြောစရာရှိနေလား...သက်ကောင်းလူ "

မဖြေပေ ။ ထိုအစား လက်နှစ်ဖက်ကိုသာ ပိုပြီးတော့ တင်းတင်းပွေ့ဖက်၏ ။

သည်ကောင်လေးကိုတော့ ကြည့်ရင်း ၊ ကြည့်ရင်းနှင့် ပိုအသည်းယားပြီး ပိုချစ်ရ၏ ။ ချေမိုးနေသည်လည်း မဟုတ်ပါဘဲ ပေါင်ပေ့၏ပုံစံက သူနှင့် ဆက်ဆံပြောဆိုရမည်ကို ကြောက်နေသည့်ပုံ ။

ထင့် ခြေလှမ်းများက သက်ကောင်းလူဆီသို့ တည့်တည့်မတ်မတ် ။ မျက်နှာချင်းဆိုင်ခုံတွင် ထင် ဝင်ထိုင်လိုက်တော့ သက်ကောင်းလူ၏ မျက်ဆန်လေးများသည် တစ်ချက်လှုပ်ခါသွား၏ ။

" ပြောပါ သက်ကောင်းလူ ၊ မင်း ပြောမှပဲ ကိုယ်က သိမှာလေ ၊ ဘာဖြစ်နေတာလဲ "

ခဏကြာ တွေဝေနေပြီးမှ ခပ်တိုးတိုးထွက်လာသည့် အသံလေး ။

" ကျွန်တော် ချမ်းနေလို့..."

" သြော်...အဲဒီတော့..."

ဒီလူက ဘာလဲ ။ ဘာဖြစ်နေတာလဲဆိုပြီး မေးလဲမေးသေးတယ် ။ ဖြေတော့လဲ ပြန်တုံ့ပြန်တဲ့ပုံက စိတ်တိုဒေါသထွက်စရာ ။

အကြည့်တွင် ဒေါသရိပ် ယှက်သန်း၏ ။ နှုတ်ခမ်းပါးလေးကလည်း တစ်ခုခုပြောလိုက်တော့မည့်ဟန် ပြင်ပြီးမှ ခပ်တင်းတင်းစေ့ပိတ်လေသည် ။

" အဲဒီတော့ ကိုယ်က ဘာလုပ်ပေးရမလဲ "

အမှန်တကယ်တော့ ဖက်ပေးရမလားဆိုပြီး မေးချင်တာပါ ။

" ဘာလုပ်ပေးရမလဲဆိုတော့ ခင်ဗျားရဲ့ အဲကွန်းအအေးချိန်ကို လျှော့ပေးပါလား ၊ ဒီအတိုင်းကြီးပဲ အေးနေရင် ကျွန်တော် ဒီအခန်းထဲမှာ ဆက်နေလို့ မရတော့ဘူး "

" ကိုယ် အအေးချိန်ကိုတော့ လျှော့ပေးလို့မရဘူး သက်ကောင်းလူ ၊ ကိုယ်က အပူ မခံနိုင်ဘူးလေ ၊ ဒါပေမဲ့..."

ထိုလူက စကားကို ပြီးဆုံးအောင် မပြောဘဲ ထိုင်နေရာမှ ထရပ်၍  စားပွဲဆီသို့ လျှောက်သွား၏ ။ ခန္ဓာကိုယ်နှင့်ကွက်တိဖြစ်နေသော ဘောင်းဘီအောက်မှ ကြွက်သားများက လမ်းလျှောက်သွားတိုင်း တင်းတင်းရင်းရင်း ၊ ထင်ထင်ပေါ်ပေါ် ။ ထိုအချိန် ထင်က ခေါင်းလေးသာ စောင်း၍ သက်ကောင်းလူကို လှည့်ကြည့်လာပြီး နှုတ်ခမ်းလေးတွန့်သွားရုံ သာသာလေး ပြုံးလိုက်၏ ။ ထင် ထိုကဲ့သို့ လှည့်ကြည့်လိုက်သောအခါ သက်ကောင်းလူက မျက်တောင်များကို တဖျတ်ဖျတ်ခတ်၍ ဘေးဘက်ရှိ ကျောပိုးအိတ်ကို ဆတ်ခနဲလှမ်းယူကာ ရင်ခွင်ထဲသို့ ထွေးပိုက်၏ ။ သက်ကောင်းလူ၏ မျက်နှာလေးက တဖြည်းဖြည်းရဲတက်လာသည်ကို ခဏကြည့်ပြီးမှ ထင် သည်ဘက်ပြန်လှည့်ကာ နှစ်နှစ်ကာကာပြုံးမိသည် ။

ပေါင်ပေ့ရဲ့ စိတ်ဝင်စားမှုကို နည်းနည်းလေးတော့ ကိုယ် ရသွားပြီထင်တယ် ။ ကိုယ် ပျော်တယ် သိလား ...ပေါင်ပေ့ ။

ရင်ခွင်ထဲရှိ ကျောပိုးအိတ်ကို ကျစ်ကျစ်ပါအောင် ဖက်ထားသော်လည်း ခံစားနေရသော အအေးဓာတ်မှာ မလျှော့သွားဘဲ ပိုများလာသည် ။ ရင်ဘတ်ထဲတွင်လည်း တလှုပ်လှုပ်ဖြစ်နေပြီး ခြေဖျား ၊ လက်ဖျားများပါ တုန်ယင်လာ၏ ။ အဘယ်အကြောင်းကြောင့် ထိုလူကြီး၏ နောက်ဘက်ကို သွားကြည့်မိပါလိမ့် ။ ယခုတော့ ထိုလူကြီးက သူ့ကြည့်နေသည်ကို တွေ့သွားပြီ ။

ရှက်လိုက်တာ ...ရှက်လိုက်တာ ။ ရှက်လွန်းလို့ ဒီနေရာကနေ ပျောက်သွားချင်တာပဲ ။

ထင် စားပွဲပေါ် အဆင်သင့်တင်ထားသော ရှပ်အင်္ကျီလက်ရှည်ကို လှမ်းယူလိုက်ကာ လက်ဖြင့် မသိမသာချေပစ်လိုက်သည် ။ အနည်းငယ်ကြေမွသွားသည့် ထိုအင်္ကျီလေးကို ကျေနပ်စွာ ကြည့်လိုက်ပြီးမှ မြန်ဆန်တက်ကြွသော ခြေလှမ်းများဖြင့် သက်ကောင်းလူဆီသို့ ထင် လျှောက်သွားမိ၏ ။

" အပေါ်ကနေ ဒီအင်္ကျီလေးကို ထပ်ဝတ်ထားလိုက်ပါလား သက်ကောင်းလူ ၊ နည်းနည်းဖြစ်ဖြစ်တော့ အအေးသက်သာတာပေါ့ "

ထင် လက်ထဲရှိ အင်္ကျီကို သက်ကောင်းလူထံသို့ လှမ်းပေးလိုက်တော့ မျက်နှာသေဖြင့် ခေါင်းခါပြသည် ။

" ကျွန်တော် သူများဟာကို မဝတ်ချင်ဘူး "

" သူများဟာ မဟုတ်ပါဘူး... ကိုယ့်ဟာပါကွာ... "

ပြောလာသည့် စကားထဲတွင် ရယ်မြူးရိပ်ပါ၏ ။ မျက်ခုံးကိုလည်း ဟန်ပါပါ ပင့်လိုက်သေးသည် ။

" ခင်ဗျားကလဲ သူများပဲလေ ၊ ခင်ဗျားက ကျွန်တော့် အဖေလဲ မဟုတ်ဘူး ၊ ကျွန်တော့် ဦးလေးလဲ မဟုတ်ဘူး ၊ကျွန်တော့် အစ်ကိုလဲ မဟုတ်ဘူးလေ ၊ သူစိမ်းမှ သူစိမ်း "

ပြောလိုက်သည်မှာ စိမ်းစိမ်းကားကား ။ ပေါင်ပေ့က သူ့နှလုံးသားကို နာကျင်အောင် မည်ကဲ့သို့ လုပ်ရမည်ကို ကျွမ်းကျင်လှသည် ။

" ဟုတ်တာပေါ့...ဟုတ်တာပေါ့ ၊ ကိုယ်တို့က သူစိမ်းတွေပါကွာ ၊ ဒါနဲ့ နည်းနည်းတော့ ကိုယ်တို့ကြားမှာ ပတ်သက်မှုလေး ရှိနေလားလို့ "

နားမလည်ဟန်ကြောင့် မျက်လုံးဝိုင်းလေးများမှာ ပိုပြီး ဝိုင်းစက်သွား၏ ။

" ခင်ဗျား ဘာဆိုလိိုတာလဲ "

" ကိုယ်တို့နှစ်ယောက်က အကြွေးရှင်နဲ့ အကြွေးဆပ်နေရတဲ့သူလေ ၊ နောက်ပြီးတော့ သက်ကောင်းလူက ကိုယ့်ရဲ့ ယတြာ ၊ သက်ကောင်းလူ နေကောင်းကျန်းမာနေမှ ကိုယ်လဲ ကျန်းမာမှာလေ ၊ အဲဒီတော့ ဒီအင်္ကျီလေးကို ဝတ်ထားစေချင်တယ် "

သက်ကောင်းလူက အောက်နှုတ်ခမ်းလေးကို တစ်ချက်ဖိကိုက်ပြီးတော့ ထင့်လက်ထဲရှိ အင်္ကျီကို ဆတ်ခနဲလှမ်းယူလိုက်၏ ။

" ဒီအင်္ကျီကို ဝတ်လိုက်ရင် ပြီးရော မဟုတ်လား ၊ ခင်ဗျားကို အဲဒီအကြွေးကိစ္စ နောက်ထပ်မပြောနဲ့ဆိုပြီး ကျွန်တော် ပြောပြီးသားနော် ၊ အဲဒီအကြောင်းနဲ့ လာပြီးတော့ အကျပ်မကိုင်နဲ့ "

ပြောလည်းပြော ရင်ဘတ်ထဲရှိ ကျောပိုးအိတ်ကို ဘေးဘက်သို့ ဘုတ်ခနဲ ပစ်ချပြီးတော့မှ အင်္ကျီကို တည်တင်းသောမျက်နှာထားဖြင့် ဝတ်နေသည့် သက်ကောင်းလူ ။ အင်္ကျီကို ဝတ်ပြီးမှ မျက်လုံးလှန်ကြည့်လာသည့် သက်ကောင်းလူ၏မျက်လုံးထဲတွင် ဒေါသရိပ်အချို့ရှိ၏ ။

" ကဲ...အခုလိုလေး လုပ်လိုက်တော့ နှစ်ဦးနှစ်ဖက် အဆင်ပြေသွားတာပေါ့ကွာ "

သက်ကောင်းလူက ထင့်ကို မည်သည့်စကားမှ ပြန်ဖြေမလာဘဲ  ခပ်တည်တည် စိုက်ကြည့်နေသည် ။

အမှန်ဆိုလျှင် သက်ကောင်းလူကို ထင် ပေးလိုက်သည့် အင်္ကျီလေးမှာ ယခုမှသာ နာမည်ကြီးအင်္ကျီကုမ္ပဏီမှ အသစ်ထွက်ရှိလာခြင်းဖြစ်၏ ။ ထိုအင်္ကျီလေးကို မြင်မြင်ချင်း ထင့်အာရုံထဲသို့ ဝင်လာသည့်သူမှာ သက်ကောင်းလူပင် ။ ပိန်ပါးပြီး အရပ်မြင့်သော သက်ကောင်းလူနှင့် အနက် ၊ အဖြူရောစပ်ထားသည့် ထိုရှပ်ကွက်အင်္ကျီလေးမှာ လိုက်ဖက်လိမ့်မည်ဟု ထင် တွေးထင်ပြီးသား ။ ထင့်မျက်လုံးများသည်  ထင့်ကို ဘယ်သောအခါမှ သစ္စာမဖောက်ချေ ။

ဒီလူက သိပ်ပြီး အကြည့်ရဲတာပဲ ။ မျက်နှာချင်းဆိုင်ထိုင်ပြီး အခုလိုမျိုး မျက်တောင်မခတ်တမ်းကြည့်နေတော့ မျက်နှာပါ ပူလာသလိုလို ။ အဲဒီအကြည့်တွေကြောင့်လဲ ပါးက ကြည့်မရဖြစ်နေတာ ။

" ဒီမှာ "

" အင်း "

" ခင်ဗျားမှာ အလုပ်မရှိဘူးလား "

" ရှိတယ်လေ "

" အဲဒါဆိုလဲ ဒီအတိုင်းကြီး ထိုင်နေမဲ့အစား သွားလုပ်လေ "

" လုပ်နေတယ်လေ "

" ဘယ်မှာလုပ်လို့လဲ "

" အခုလုပ်နေတယ်လေ ၊ ပြောရမယ်ဆိုရင် အလုပ်ထက် အရေးကြီးတာကို အခု ကိုယ် လုပ်နေတာ ၊ ကိုယ် မင်းနဲ့ နေတာ... နည်းနည်းဝေးနေလို့ ဖြစ်လိမ့်မယ် ...သိလား ၊  ခေါင်းထဲမူးနောက်နောက်ဖြစ်လာတယ်ကွာ ၊ အဲဒါကြောင့် ခေါင်းကြည်အောင်လို့ မင်းကို ကြည့်နေရတာ ၊ ကိုယ့်ကို ဟောပေးတဲ့ ဆရာက တကယ်ကို တော်တာပါကွာ ၊ တကယ်...တကယ် ၊ ကိုယ် မင်းရဲ့ အနားမှာ နေလိုက်တာနဲ့ ခေါင်းက ချက်ချင်းကြည်လာရောပဲ "

ပြောစရာ စကား မရှိတော့ပေ ။ ထိုစကားကိုပြောနေသော ထင့်ဆိုသည့် လူကြီး၏ မျက်နှာထားကတော့ အမှန်အတိုင်းပြောနေပုံပင် ။ သို့သော်လည်း သူကတော့ ထိုလူ​ကြီး
ကို မယုံရေးချ မယုံချေ ။

" ဒါနဲ့ "

သက်ကောင်းလူ၏ စိတ်ထဲတွင် ရေရွတ်မိသည်မှာ သည်လူကြီးတော့ တစ်ခုခု စပ်စုတော့မည်ဟုပင် ။ အတွေးမှ မဆုံးခင် ထွက်ပေါ်လာသည့် အသံသြသြ ။

" သက်ကောင်းလူက ပန်းချီဆွဲရင် ဘာနဲ့ဆွဲလဲ "

တော်တော်လေးကို မမေးသင့်သည့် မေးခွန်းပင် ။ ပန်းချီဆွဲပါသည်ဆိုမှ လက်ဖြင့်မဆွဲဘဲ မည်သည့်အရာဖြင့် ဆွဲရမည်နည်း ။

မဖြေလျှင်လည်း ပြီးမည်မဟုတ် ။

" လက်နဲ့ "

" ဟမ် "

" ပန်းချီကို လက်နဲ့ဆွဲတာ...ဘာလဲ...ခင်ဗျားက ပန်းချီဆွဲရင် ပါးစပ်နဲ့ဆွဲကြတယ်လို့များ ထင်နေတာလား "

နှုတ်ခမ်းပါးလေး၏ ပိုင်ရှင်သည် ထိုကဲ့သို့ ချစ်စရာကောင်းအောင်လည်း ပြန်ပြောတတ်သေးသည် ။

" ဟာကွာ...ကိုယ် အမေးမှားသွားတာပါကွာ ၊ ကိုယ် မေးချင်တာက ပန်းချီဆွဲတဲ့အခါ ဘယ်လိုစားပွဲနဲ့ဆွဲလဲ သိချင်တာ ၊ သစ်သားစားပွဲနဲ့ဆွဲတာလား...မှန်စားပွဲနဲ့ဆွဲတာလား ၊ တင်ပျဉ်ခွေထိုင်ပြီးဆွဲတာလား...စာကြည့်စားပွဲလိုမျိုးမှာ ဆွဲတာလား "

" စားပွဲက ဘယ်လိုစားပွဲပဲဖြစ်ဖြစ် ရတယ် ၊ ကျွန်တော်က တင်ပျဉ်ခွေထိုင်ပြီး မဆွဲတတ်ဘူး "

" အဲဒါဆိုရင်..."

" ခုံအမြင့်နဲ့ ထိုင်ဆွဲတာ "

" ခုံအမြင့်ဆိုတော့ ဘယ်လောက်မြင့်လဲ "

တကယ်ပါ ၊ မရှည်တဲ့စိတ်ကို ဆွဲဆန့်နေရတယ် ။ ဘာဖြစ်လို့များ ကလေးလေးတွေလို အမေးအမြန်းထူနေလဲ မသိဘူး ။

" ခင်ဗျားရဲ့ ထိုင်ခုံအမြင့်လောက်..."

သူ့စကားကြောင့် ထိုလူ၏ မျက်လုံးများက အလုပ်စားပွဲဆီသို့ တန်းခနဲ ။ ခဏကြာ ကြည့်နေပြီးမှ ခေါင်းကိုလည်း တဆတ်ဆတ်ညိတ်နေသေး၏ ။

" သက်ကောင်းလူက ခဲပန်းချီကိုပဲ စိတ်ဝင်စားတာလား ၊ ရေဆေးနဲ့ ဆီဆေးကိုရော စိတ်မဝင်စားဘူးလား "

သက်ကောင်းလူ၏ထံမှ ထွက်ပေါ်လာသည့် သက်ပြင်းချသံ ခပ်ကျယ်ကျယ် ။

" ဘာဖြစ်လို့ ခင်ဗျား မေးခွန်းတွေ အများကြီးမေးနေတာလဲ "

ဟုတ်တာပေါ့ ။ ထင့်ပေါင်ပေ့လေးက ထင့်ကို စိတ်မရှည်တော့ဘူး ။

" ဒီအတိုင်းပဲ ကိုယ် သိချင်လို့လေ "

မျက်နှာကလည်း ခပ်ငယ်ငယ် ၊ အသံကလည်း ခပ်တိမ်တိမ် ။ မသိလျှင် အနိုင်ကျင့်ခံနေရသည့် ကလေးငယ်လေး တစ်ယောက်ကဲ့သို့ပင် ။

" လောလောဆယ်တော့ ကျွန်တော် ခဲပန်းချီဘက်ကိုပဲ အားသန်တယ် ၊ နောက်ပိုင်းကျရင်တော့ ဆီဆေးကိုပါ လေ့လာဖို့ စိတ်ကူးထားတယ် ...ဘာဆက်ပြီး သိချင်သေးလဲ "

" အခုတော့ ဒီလောက်ပဲ သိချင်သေးတယ် ၊ နောက်ကျမှ သိချင်တာရှိရင် ထပ်မေးမယ်လေ...နော် ...ဒါနဲ့..."

" ... "

" ဘာဟင်းချက်လဲ "

" ဝက်သားအချိုချက်နဲ့ ခရမ်းချဉ်သီးချက် "

ထင် သက်ကောင်းလူ၏ စကားကြောင့် တံတွေးမျိုချကာ နှုတ်ခမ်းကိုလျှာဖြင့်သပ်မိ၏ ။

" ကိုယ်နဲ့ သက်ကောင်းလူက စိတ်ချင်းဆက်နေသလိုပဲ...သိလား ၊ ကိုယ်လေ မနက်နိုးနိုးချင်းကတည်းက ဝက်အချိုချက် စားချင်နေတာကွာ ၊ ကျေးဇူးပဲ သက်ကောင်းလူ "

သူများကြားလျှင် သက်ကောင်းလူက ထိုလူစားရန်အတွက် ထမင်းဟင်းများ ထည့်လာပေးသည့်ပုံ ။

" ဒါနဲ့လေ...မနက်ဖြန်ကျရင် ကန်စွန်းရွက်ကြော်လေး ထည့်ခဲ့ပါလား... ကိုယ် ကန်စွန်းရွက်ကြော် စားချင်လို့ "

သည်းခံစမ်း ၊ သည်းခံစမ်း ။ ရက်ပေါင်းတစ်ရာကျော်ပဲ သည်းခံရမှာ...။

23/6/2022
26/6/2022မှာ ပြန်တွေ့ကြမယ်
စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
ခင်လေးဉာဏ်

Zawgyi

" ေပါင္ေပ့... ထမင္းခ်ိဳင့္ကို ေပါင္ေပ့ဘာသာ ထည့္မွာလား ၊ မား ထည့္ေပးရမွာလား "

မားက ခ်က္လက္စ ဝက္အခ်ိဳခ်က္ထဲကို ေရတစ္ခြက္ေလာင္းထည့္ရင္းျဖင့္ ေဘးဘက္ရွိ သူ႕ကို မ်က္လုံးေစြၾကည့္ကာ စကားေျပာလာ၏ ။

" ရတယ္...မား ၊ ကြၽန္ေတာ့္ဘာသာ ထည့္လိုက္မယ္ေနာ္ "

" အင္းပါ..အင္းပါ ၊ အဲဒါဆိုလဲ ကိုယ့္ဘာသာထည့္၊မေန႕က ေပါင္ေပ့ရဲ႕ခ်ိဳင့္ထဲမွာ ဘာမွမက်န္ဘူးေနာ္ ၊ အကုန္ကုန္သြားလို႔ မားေတာင္ အံ့ၾသေနတာ "

တစ္ေယာက္တည္း စားျခင္းမဟုတ္ဘဲ ႏွစ္ေယာက္စားသည့္အတြက္ ခ်ိဳင့္ထဲတြင္ မည္သည္ဟင္းမွ မက်န္ေပ ။ ထိုလူကိုလည္း သူ အမွန္ အံ့ၾသမိသည္ ။ သူ႕ဘာသာ ဝယ္စား၍ ရေသာ္လည္း သူမ်ားဆီမွ ဟင္းကိုသာ သြားရည္က်တတ္သည့္သူ ။ မေကြၽးလွ်င္လည္း ငရဲႀကီးဦးမည္ ။

" ဟယ္... ေပါင္ေပ့ ဘာေတြ အေတြးမ်ားေနတာလဲ ၊ အနားနားကပ္ၿပီး ေျပာေနတာကိုေတာင္ မၾကားဘူး "
ပါးေပၚေရာက္လာသည့္ မား၏ လက္ႏွင့္ နားထဲဝင္လာသည့္ မား၏ အသံခ်ိဳခ်ိဳ ။ ထိုအခါမွ သူ လြင့္သြားသည့္ အာ႐ုံကို ျပန္စုစည္းကာ မားကို မ်က္ႏွာခ်ိဳေသြးျပလိုက္ရသည္ ။

" ဟမ္...ဘာလဲ ...မား...ဘာေျပာလိုက္တာလဲ "

" ေပါင္ေပ့နဲ႕ အတူတူ အလုပ္လုပ္ရတဲ့ ကေလး ဘယ္ႏွစ္ေယာက္ရွိလဲလို႔ ေမးေနတာေလ..."

" သုံးေယာက္...မား "

မလိမ္ညာခ်င္ေသာ္လည္း လိမ္ေျပာရပါသည္ ။ သူ႕စကားအဆုံး မားက ေခါင္းတညိတ္ညိတ္ ။

" အစစအရာရာ သည္းခံေနာ္ ေပါင္ေပ့ ၊ သူစိမ္းေတြနဲ႕ အလုပ္လုပ္ရတာဆိုေတာ့ သည္းခံနိုင္မွျဖစ္မွာ ၊ မ်က္ႏွာကိုလဲ အၿမဲတမ္း တည္တည္ႀကီး မထားဘဲနဲ႕ တစ္ခါတေလက်ရင္ေတာ့ ၿပဳံးၿပဳံးရယ္ရယ္ေန ၊ မဟုတ္ရင္ သူတို႔က ေပါင္ေပ့ကို သေဘာထားဆိုးတယ္လို႔ ထင္သြားၾကလိမ့္မယ္ "

" ဟုတ္ကဲ့ မား "

မား စိတ္ခ်မ္းသာေအာင္ ဟုတ္ကဲ့ဟု ေျပာလိုက္ရေသာ္လည္း သူကေတာ့ ထင္ဆိုသည့္ လူႀကီးကို မရယ္ျပခ်င္ေပ ။ ယခုကဲ့သို႔ မရယ္မၿပဳံး ေနသည္ကိုပင္ ထိုလူႀကီးက သူ႕ကိုဆိုလွ်င္ မထိတထိပုံစံမ်ိဳးျဖင့္ ဆက္ဆံတတ္၏ ။ သူသာ ရယ္ရယ္ေမာေမာ ၊ ၿပဳံးၿပဳံး႐ႊင္႐ႊင္ျဖင့္ ဆက္ဆံလိုက္ပါလွ်င္ ေနာက္ဆက္တြဲ ျဖစ္လာမည့္ အေၾကာင္းအရာမ်ားကို သူလည္း တာဝန္မယူနိုင္ေပ ။

ဦးေက်ာ္ဝင္း၏ အၾကည့္မ်ားသည္ ဇနီးႏွင့္သား၏ ေနာက္ေက်ာျပင္သို႔ ။

" ေပါင္ေပ့ "

ေနာက္ဘက္မွ ထြက္ေပၚလာသည့္ ေခၚသံေၾကာင့္ သက္ေကာင္းလူ၏ ခႏၶာကိုယ္က ခ်က္ခ်င္းပင္ ေနာက္ဘက္သို႔ လွည့္သြား၏ ။

" ဗ်ာ...ပါး "

" အလုပ္က စလုပ္ေနရၿပီလား ၊ ဘာေတြ လုပ္ရတာလဲ "

ေခါင္းထဲတြင္ အခ်က္ေပးေခါင္းေလာင္းသံမ်ား ျမည္ဟီးလာသည္ ။ ပါးကိုေတာ့ မားကဲ့သို႔ ၿပီးၿပီးေရာ ေျပာမရေပ ။

" ေလာေလာဆယ္ေတာ့ ဘာမွ မလုပ္ရေသးဘူး ပါး ၊ လုပ္ငန္းသေဘာနားလည္ေအာင္ပဲ သင္ေနရတာ "

ပါးက ေခါင္းတစ္ခ်က္ညိတ္လိုက္ကာ သူ႕မ်က္လုံးထဲကို တည့္တည့္စိုက္ၾကည့္လာ၏ ။

" လုပ္ငန္းအေတြ႕အႀကဳံ မရွိတဲ့သူကို ငါးသိန္းေပးတယ္ဆိုေတာ့ ေပါင္ေပ့ရဲ႕သူေဌးက ပိုက္ဆံ ေတာ္ေတာ္ေပါေနလားပဲ "

" ေၾသာ္...ပါးကလဲ... ေပါင္ေပ့ လုပ္ရမွာက အႏုပညာအလုပ္ေလ ၊ အႏုပညာဆိုတာက တန္ဖိုးျဖတ္လို႔မွ မရတာကို... ပါးေနာ္...ဘယ္လိုျဖစ္ၿပီး ထင့္ကို အျမင္မၾကည္ျဖစ္ေနရတာလဲ ၊ ဒီေလာက္ သေဘာေကာင္း...မေနာေကာင္းေလးကို... "

သူပင္ ေျဖစရာ မလိုေခ် ။ မားက ပါးကို ေနာက္လွည့္ၾကည့္ကာ ခ်ိဳသာေသာမ်က္ႏွာထားႏွင့္စကားေျပာလိုက္ေတာ့ ပါးက အလိုမတူဟန္ျဖင့္ ေခါင္းကို ျဖည္းျဖည္းခ်င္းခါယမ္း၏ ။ ထိုအခါ မား၏ ႏႈတ္ခမ္းေလးက ေရွ႕ကို စူေထာ္လာသည္ ။

" ကဲ...မားကိုေျပာ...မားကိုေျပာ...အဲဒီေခါင္းကို ဘာျဖစ္လို႔ ခါလိုက္ရတာလဲ ၊ ပါးက မားေျပာတာကို သေဘာမတူဘူးလား ၊ ေတြ႕ေတြ႕ခ်င္းကတည္းက ပါး ... ထင့္ကို တစ်မျိုးတော့တစ်မျ်ိုးပဲဆိုပြီး ေျပာေနတာေလ "

မားက ဘယ္ဘက္ခါးေပၚ လက္ေထာက္လိုက္ရင္း
ထိုစကားကို ေျပာေတာ့ ပါးဆီမွ ရယ္သံတိုးတိုး ထြက္ေပၚလာသည္ ။

" မားကလဲ လူေတြမွာ ခံစားတတ္တဲ့ အသိအာ႐ုံဆိုတာ ရွိတယ္ေလကြာ ၊ ေနာက္ၿပီး မား ေျပာလိုက္တယ္ေနာ္ ...သေဘာေကာင္း...မေနာေကာင္းတဲ့ ၊ လူတစ္ေယာက္ကို ဆက္ဆံေရးေကာင္းတာ တစ္ခုတည္းၾကည့္ၿပီး မေနာေကာင္းတယ္လို႔ သတ္မွတ္လို႔ မရဘူး မား ၊ တခ်ိဳ႕ေတြက သူတို႔ရဲ႕ အတြင္းစိတ္နဲ႕ မလိုက္ဖက္ေအာင္ အျပဳအမူေတြလုပ္တတ္ၾကတယ္ ၊ ပါးကေတာ့ အဲဒီလူကို စိတ္ထဲ ဘဝင္မက်ပါဘူးကြာ ၊ ေပါင္ေပ့လဲ သူ႕ကို ဆက္ဆံရင္ သတိထားၿပီး ဆက္ဆံေနာ္ "

အလက္ဇန္းဒါးထင္ဟု အမည္ရသည့္ ထိုလူကို သူ တကယ္ သေဘာမက်လွေပ ။ အထူးသျဖင့္ ထိုလူ၏ မ်က္လုံးအၾကည့္မ်ားကို စိတ္ထဲ မႏွစ္ၿမိဳ႕ေခ် ။ ထိုမ်က္လုံးမ်ားက တစ္ဖက္သားကို အလြန္ဆြဲေဆာင္လႊမ္းမိုးနိုင္၏ ။

" ဟယ္...ပါးရယ္...ေျပာေနတဲ့ပုံက ေပါင္ေပ့ကပဲ မိန္းကေလးလိုလိုနဲ႕ကြယ္ ၊ ထင္က ေပါင္ေပ့ကို ဘာလုပ္ရမွာလဲ ပါးရဲ႕ ၊ သူ႕အလုပ္မွာ တကယ္လိုလို႔ လစာေပးၿပီး ခိုင္းတာေလ... ပါးရဲ႕ "

သူကေတာ့ ေဘးဘက္ရွိ မားကိုၾကည့္လိုက္ ၊ ပါးကိုၾကည့္လိုက္ျဖင့္သာ ။ သူလည္း ထိုလူ၏ အတြင္းစိတ္ကို ဖမ္း၍မရေပ ။ ထိုလူက ေရေသအိုင္ႏွင့္ပင္ ခပ္ဆင္ဆင္တူသည္ ။ ဟိုးအတြင္းပိုင္းထဲ၌ ကြယ္ဝွက္သိမ္းဆည္းထားေသာ လွ်ို႔ဝွက္ခ်က္မ်ားရွိေနသည္ဟု ခံစားမိ၏ ။

" မား ေျပာသလိုပဲ ျဖစ္ပါေစလို႔ ပါး ဆုေတာင္းပါတယ္ ၊ ေပါင္ေပ့..."

ပါး၏ ေခၚသံေၾကာင့္ သူ႕ခႏၶာကိုယ္က ဆတ္ခနဲ တုန္သြား၏ ။ သူ ထိုသို႔ျဖစ္သြားသည္ကိုၾကည့္၍ ပါးက မ်က္ေမွာင္ကုတ္သည္ ။ မ်က္ခုံးႏွစ္ဖက္လုံးကလည္း ထိစပ္လုနီးပါး အလယ္၌ စုသြားေလ၏ ။

" ဗ်ာ..."

မထင္မွတ္ထားရေအာင္ပင္ သူ႕အသံက လည္ပင္းထဲမွ ခက္ခက္ခဲခဲ ထြက္ေပၚလာသည္ ။

" အဲဒီအလုပ္ကို မလုပ္ခ်င္တာနဲ႕ တန္းၿပီးထြက္လာ...ေပါင္ေပ့ ၊ က်န္တာကို ပါး ရွင္းမယ္ "

" ဟယ္...ပါး "

ဆ်ိုသည့် စကားသံႏွင့္အတူ မားက ပါးရွိရာဆီကို ခပ္သြက္သြက္လွမ္းသြားၿပီး လက္ဖ်ားေလးႏွင့္ ပါးလက္ေမာင္းကို တဖ်တ္ဖ်တ္ ရိုက္ေလသည္ ။

" လူႀကီးျဖစ္ၿပီး ကေလးကို ဘယ္လိုေတြ သင္ေနတာလဲကြယ္...ဟင္...ပါး ၊ မား ပါးကို ဘယ္လိုေျပာျပထားလဲ ၊ ပါးရဲ႕ ေပါင္ေပ့က အလုပ္ဝင္တာ တစ္ရက္ပဲ ရွိေသးတယ္ေလ ၊ အဲဒါကို ခ်က္ခ်င္းထြက္ဖို႔ ေျပာေနရလား "

ပါးက လက္ေမာင္းေပၚရွိ မား လက္ေလးကို ဖမ္းဆုပ္ကိုင္ၿပီး မား၏မ်က္ႏွာကို တည့္တည့္စိုက္ၾကည့္ၿပီး သက္ျပင္းခ်သည္ ။ မားက သူ႕ကို ေက်ာေပးထား၍ မား၏ မ်က္ႏွာအမူအရာကို မျမင္ရေသာ္လည္း ပါး၏ မ်က္ႏွာထားကေတာ့ သိပ္မေကာင္းေပ ။

ျဖစ္နိုင္မယ္ဆိုရင္ ကြၽန္ေတာ္လဲ အဲဒီလူဆီမွာ အလုပ္မလုပ္ခ်င္ပါဘူး ပါး ။ ဒါေပမဲ့ အဲဒီအလုပ္ကို မျဖစ္မေနသြားရမဲ့ အေၾကာင္းျပခ်က္က ရွိေနတယ္ ပါး ။ ေျခာက္လ...ေျခာက္လပါပဲ ။ ေျခာက္လဆိုတဲ့ အခ်ိန္တစ္ခုကုန္သြားရင္ေတာ့ အဆင္ေျပပါၿပီ ။

*******************

ထင့္ အလုပ္စားပြဲမွ ၾကည့္လိုက္လွ်င္ ဧည့္သည္မ်ားထိုင္ရန္ ထားထားသည့္ စားပြဲကို ရွင္းရွင္းလင္းလင္းျမင္ရ၏ ။ လက္တိုရွပ္အကၤ်ီေလးသာ ဝတ္ထားသည့္ ေပါင္ေပ့က လက္ႏွစ္ဖက္ကို အခ်င္းခ်င္းပြတ္သပ္ေနသည္ ။ အထူးသျဖင့္ေတာ့ အကၤ်ီလြတ္ေနသည့္ လက္ေမာင္းသားႏွင့္ လက္ဖ်ံတစ္ေလွ်ာက္ကိုပင္ ။

ေပါင္ေပ့ ၾကည့္ရတာေတာ့ ေတာ္ေတာ္ေအးေနတဲ့ပုံ ။ ထင္ကလဲ အဲကြန္းကို အေအးဆုံးဖြင့္ထားတာေလ ။ အဲဒီေတာ့ ေနသားမက်ေသးတဲ့ ေပါင္ေပ့ေလးခမ်ာ ေနမထိ ၊ ထိုင္မသာ ျဖစ္ေနပါေရာ ။

သက္ေကာင္းလူ ေခါင္းကိုလွည့္ကာ ေနာက္ဘက္ရွိ အဲကြန္းကို ၾကည့္လိုက္မိ၏ ။ မေန႕က သည္ေန႕ကဲ့သို႔ သိပ္မေအးဘဲ  သည္ေန႕က်မွ ေတာ္ေတာ္ေလးကို ေအးေနၿပီး ေနရသည္မွာလည္း သက္ေသာင့္သက္သာ မရွိေတာ့ ။ သက္ေကာင္းလူ၏ မ်က္ဝန္းအိမ္ေလးသည္ အဲကြန္းဆီမွ ထင့္ထံသို႔ ျဖည္းညင္းစြာ ေနရာေျပာင္း၏ ။စပို႔ရွပ္နက္ျပာေရာင္ လက္တိုကို ဝတ္ထားသည့္ ထိုလူ႕ပုံစံမွာ မေအးတတ္သည့္အလား ။ ပတ္ဝန္းက်င္ကို ေလးစားမႈ မရွိသည့္ လူႀကီး ။ ကိုယ္ အဆင္ေျပလွ်င္ၿပီးေရာ ဆိုၿပီး သူမ်ားကို ထည့္မတြက္သည့္သူ ။

အဲကြန္းကို ပိတ္ခိုင္းလိုက္ရင္ ေကာင္းမလား ။ အဲဒါလဲ မျဖစ္ေသးပါဘူး ၊ ေလွ်ာ့ခိုင္းလိုက္ရင္ပဲ ေကာင္းမယ္ ထင္တယ္ ။

ထင္ လက္ေတာ့ပ္ကို ၾကည့္ေနေသာ္လည္း သက္ေကာင္းလူ၏ ႀကံရာမရျဖစ္ေနသည့္ပုံေလးကို မ်က္လုံးေထာင့္စြန္းမွ ျမင္ေနရသည္ ။ ထင့္ကိုၾကည့္လိုက္ ၊ အဲကြန္းကိုလွည့္ၾကည့္လိုက္ျဖင့္ အလုပ္မ်ားေနသည့္ သက္ေကာင္းလူ၏ ပုံစံေလးကို ၾကည့္ရင္း အသည္းထဲတြင္ ယားက်ိယားက်ိ ျဖစ္လာ၏ ။

ဘယ္လိုေလးလဲကြာ ။ ဘာျဖစ္လို႔ ကိုယ့္ကို စကားေျပာဖို႔ တြန့္ဆုတ္ေနရတာလဲ ။

ထင္ လုပ္လက္စ အလုပ္ကို ခဏရပ္လိုက္ကာ ထိုင္ေနရာမွ မတ္တတ္ရပ္လိုက္ေတာ့ သက္ေကာင္းလူ၏ အၾကည့္က ထင့္ဆီကို ခ်က္ခ်င္းေရာက္လာသည္ ။ သို႔ေသာ္လည္း စကၠန့္ပိုင္းမွ်သာ အၾကည့္ခ်င္းဆုံၿပီးေနာက္ မ်က္ဝန္းအိမ္လွလွေလးမွာ ေရွ႕ရွိ စားပြဲေပၚသို႔ ။

" ကိုယ့္ကို တစ္ခုခုမ်ား ေျပာစရာရွိေနလား...သက္ေကာင္းလူ "

မေျဖေပ ။ ထိုအစား လက္ႏွစ္ဖက္ကိုသာ ပိုၿပီးေတာ့ တင္းတင္းေပြ႕ဖက္၏ ။

သည္ေကာင္ေလးကိုေတာ့ ၾကည့္ရင္း ၊ ၾကည့္ရင္းႏွင့္ ပိုအသည္းယားၿပီး ပိုခ်စ္ရ၏ ။ ေခ်မိဳးေနသည္လည္း မဟုတ္ပါဘဲ ေပါင္ေပ့၏ပုံစံက သူႏွင့္ ဆက္ဆံေျပာဆိုရမည္ကို ေၾကာက္ေနသည့္ပုံ ။

ထင့္ ေျခလွမ္းမ်ားက သက္ေကာင္းလူဆီသို႔ တည့္တည့္မတ္မတ္ ။ မ်က္ႏွာခ်င္းဆိုင္ခုံတြင္ ထင္ ဝင္ထိုင္လိုက္ေတာ့ သက္ေကာင္းလူ၏ မ်က္ဆန္ေလးမ်ားသည္ တစ္ခ်က္လႈပ္ခါသြား၏ ။

" ေျပာပါ သက္ေကာင္းလူ ၊ မင္း ေျပာမွပဲ ကိုယ္က သိမွာေလ ၊ ဘာျဖစ္ေနတာလဲ "

ခဏၾကာ ေတြေဝေနၿပီးမွ ခပ္တိုးတိုးထြက္လာသည့္ အသံေလး ။

" ကြၽန္ေတာ္ ခ်မ္းေနလို႔..."

" ေၾသာ္...အဲဒီေတာ့..."

ဒီလူက ဘာလဲ ။ ဘာျဖစ္ေနတာလဲဆိုၿပီး ေမးလဲေမးေသးတယ္ ။ ေျဖေတာ့လဲ ျပန္တုံ႕ျပန္တဲ့ပုံက
စိတ္တိုေဒါသထြက္စရာ ။

အၾကည့္တြင္ ေဒါသရိပ္ ယွက္သန္း၏ ။ ႏႈတ္ခမ္းပါးေလးကလည္း တစ္ခုခုေျပာလိုက္ေတာ့မည့္ဟန္ ျပင္ၿပီးမွ ခပ္တင္းတင္းေစ့ပိတ္ေလသည္ ။

" အဲဒီေတာ့ ကိုယ္က ဘာလုပ္ေပးရမလဲ "

အမွန္တကယ္ေတာ့ ဖက္ေပးရမလားဆိုၿပီး ေမးခ်င္တာပါ ။

" ဘာလုပ္ေပးရမလဲဆိုေတာ့ ခင္ဗ်ားရဲ႕ အဲကြန္းအေအးရွိန္ကို ေလွ်ာ့ေပးပါလား ၊ ဒီအတိုင္းႀကီးပဲ ေအးေနရင္ ကြၽန္ေတာ္ ဒီအခန္းထဲမွာ ဆက္ေနလို႔ မရေတာ့ဘူး "

" ကိုယ္ အေအးရွိန္ကိုေတာ့ ေလွ်ာ့ေပးလို႔မရဘူး သက္ေကာင္းလူ ၊ ကိုယ္က အပူ မခံနိုင္ဘူးေလ ၊ ဒါေပမဲ့..."

ထိုလူက စကားကို ၿပီးဆုံးေအာင္ မေျပာဘဲ ထိုင္ေနရာမွ ထရပ္၍  စားပြဲဆီသို႔ ေလွ်ာက္သြား၏ ။ ခႏၶာကိုယ္ႏွင့္ကြက္တိျဖစ္ေနေသာ ေဘာင္းဘီေအာက္မွ ႂကြက္သားမ်ားက လမ္းေလွ်ာက္သြားတိုင္း တင္းတင္းရင္းရင္း ၊ ထင္ထင္ေပၚေပၚ ။ ထိုအခ်ိန္ ထင္က ေခါင္းေလးသာ ေစာင္း၍ သက္ေကာင္းလူကို လွည့္ၾကည့္လာၿပီး ႏႈတ္ခမ္းေလးတြန့္သြား႐ုံ သာသာေလး ၿပဳံးလိုက္၏ ။ ထင္ ထိုကဲ့သို႔ လွည့္ၾကည့္လိုက္ေသာအခါ သက္ေကာင္းလူက မ်က္ေတာင္မ်ားကို တဖ်တ္ဖ်တ္ခတ္၍ ေဘးဘက္ရွိ ေက်ာပိုးအိတ္ကို ဆတ္ခနဲလွမ္းယူကာ ရင္ခြင္ထဲသို႔ ေထြးပိုက္၏ ။ သက္ေကာင္းလူ၏ မ်က္ႏွာေလးက တျဖည္းျဖည္းရဲတက္လာသည္ကို ခဏၾကည့္ၿပီးမွ ထင္ သည္ဘက္ျပန္လွည့္ကာ ႏွစ္ႏွစ္ကာကာၿပဳံးမိသည္ ။

ေပါင္ေပ့ရဲ႕ စိတ္ဝင္စားမႈကို နည္းနည္းေလးေတာ့ ကိုယ္ ရသြားၿပီထင္တယ္ ။ ကိုယ္ ေပ်ာ္တယ္ သိလား ...ေပါင္ေပ့ ။

ရင္ခြင္ထဲရွိ ေက်ာပိုးအိတ္ကို က်စ္က်စ္ပါေအာင္ ဖက္ထားေသာ္လည္း ခံစားေနရေသာ အေအးဓာတ္မွာ မေလွ်ာ့သြားဘဲ ပိုမ်ားလာသည္ ။ ရင္ဘတ္ထဲတြင္လည္း တလႈပ္လႈပ္ျဖစ္ေနၿပီး ေျခဖ်ား ၊ လက္ဖ်ားမ်ားပါ တုန္ယင္လာ၏ ။ အဘယ္အေၾကာင္းေၾကာင့္ ထ်ိုလူကြီး၏ ေနာက္ဘက္ကို သြားၾကည့္မိပါလိမ့္ ။ ယခုေတာ့ ထိုလူႀကီးက သူ႕ၾကည့္ေနသည္ကို ေတြ႕သြားၿပီ ။

ရွက္လိုက္တာ ...ရွက္လိုက္တာ ။ ရွက္လြန္းလို႔ ဒီေနရာကေန ေပ်ာက္သြားခ်င္တာပဲ ။

ထင္ စားပြဲေပၚ အဆင္သင့္တင္ထားေသာ ရွပ္အကၤ်ီလက္ရွည္ကို လွမ္းယူလိုက္ကာ လက္ျဖင့္ မသိမသာေခ်ပစ္လိုက္သည္ ။ အနည္းငယ္ေၾကမြသြားသည့္ ထိုအကၤ်ီေလးကို ေက်နပ္စြာ ၾကည့္လိုက္ၿပီးမွ ျမန္ဆန္တက္ႂကြေသာ ေျခလွမ္းမ်ားျဖင့္ သက္ေကာင္းလူဆီသို႔ ထင္ ေလွ်ာက္သြားမိ၏ ။

" အေပၚကေန ဒီအကၤ်ီေလးကို ထပ္ဝတ္ထားလိုက္ပါလား သက္ေကာင္းလူ ၊ နည္းနည္းျဖစ္ျဖစ္ေတာ့ အေအးသက္သာတာေပါ့ "

ထင္ လက္ထဲရွိ အကၤ်ီကို သက္ေကာင္းလူထံသို႔
လွမ္းေပးလိုက္ေတာ့ မ်က္ႏွာေသျဖင့္ ေခါင္းခါျပသည္ ။

" ကြၽန္ေတာ္ သူမ်ားဟာကို မဝတ္ခ်င္ဘူး "

" သူမ်ားဟာ မဟုတ္ပါဘူး... ကိုယ့္ဟာပါကြာ... "

ေျပာလာသည့္ စကားထဲတြင္ ရယ္ျမဴးရိပ္ပါ၏ ။ မ်က္ခုံးကိုလည္း ဟန္ပါပါ ပင့္လိုက္ေသးသည္ ။

" ခင္ဗ်ားကလဲ သူမ်ားပဲေလ ၊ ခင္ဗ်ားက ကြၽန္ေတာ့္ အေဖလဲ မဟုတ္ဘူး ၊ ကြၽန္ေတာ့္ ဦးေလးလဲ မဟုတ္ဘူး ၊ကြၽန္ေတာ့္ အစ္ကိုလဲ မဟုတ္ဘူးေလ ၊ သူစိမ္းမွ သူစိမ္း "

ေျပာလိုက္သည္မွာ စိမ္းစိမ္းကားကား ။ ေပါင္ေပ့က သူ႕ႏွလုံးသားကို နာက်င္ေအာင္ မည္ကဲ့သို႔ လုပ္ရမည္ကို ကြၽမ္းက်င္လွသည္ ။

" ဟုတ္တာေပါ့...ဟုတ္တာေပါ့ ၊ ကိုယ္တို႔က သူစိမ္းေတြပါကြာ ၊ ဒါနဲ႕ နည္းနည္းေတာ့ ကိုယ္တို႔ၾကားမွာ ပတ္သက္မႈေလး ရွိေနလားလို႔ "

နားမလည္ဟန္ေၾကာင့္ မ်က္လုံးဝိုင္းေလးမ်ားမွာ ပိုၿပီး ဝိုင္းစက္သြား၏ ။

" ခင္ဗ်ား ဘာဆိုလိိုတာလဲ "

" ကိုယ္တို႔ႏွစ္ေယာက္က အေႂကြးရွင္နဲ႕ အေႂကြးဆပ္ေနရတဲ့သူေလ ၊ ေနာက္ၿပီးေတာ့ သက္ေကာင္းလူက ကိုယ့္ရဲ႕ ယၾတာ ၊ သက္ေကာင္းလူ ေနေကာင္းက်န္းမာေနမွ ကိုယ္လဲ က်န္းမာမွာေလ ၊
အဲဒီေတာ့ ဒီအကၤ်ီေလးကို ဝတ္ထားေစခ်င္တယ္ "

သက္ေကာင္းလူက ေအာက္ႏႈတ္ခမ္းေလးကို တစ္ခ်က္ဖိကိုက္ၿပီးေတာ့ ထင့္လက္ထဲရွိ အကၤ်ီကို ဆတ္ခနဲလွမ္းယူလိုက္၏ ။

" ဒီအကၤ်ီကို ဝတ္လိုက္ရင္ ၿပီးေရာ မဟုတ္လား ၊ ခင္ဗ်ားကို အဲဒီအေႂကြးကိစၥ ေနာက္ထပ္မေျပာနဲ႕ဆိုၿပီး ကြၽန္ေတာ္ ေျပာၿပီးသားေနာ္ ၊ အဲဒီအေၾကာင္းနဲ႕ လာၿပီးေတာ့ အက်ပ္မကိုင္နဲ႕ "

ေျပာလည္းေျပာ ရင္ဘတ္ထဲရွိ ေက်ာပိုးအိတ္ကို ေဘးဘက္သို႔ ဘုတ္ခနဲ ပစ္ခ်ၿပီးေတာ့မွ အကၤ်ီကို
တည္တင္းေသာမ်က္ႏွာထားျဖင့္ ဝတ္ေနသည့္ သက္ေကာင္းလူ ။ အကၤ်ီကို ဝတ္ၿပီးမွ မ်က္လုံးလွန္ၾကည့္လာသည့္ သက္ေကာင္းလူ၏မ်က္လုံးထဲတြင္ ေဒါသရိပ္အခ်ိဳ႕ရွိ၏ ။

" ကဲ...အခုလိုေလး လုပ္လိုက္ေတာ့ ႏွစ္ဦးႏွစ္ဖက္ အဆင္ေျပသြားတာေပါ့ကြာ "

သက္ေကာင္းလူက ထင့္ကို မည္သည့္စကားမွ ျပန္ေျဖမလာဘဲ  ခပ္တည္တည္ စိုက္ၾကည့္ေနသည္ ။

အမွန္ဆိုလွ်င္ သက္ေကာင္းလူကို ထင္ ေပးလိုက္သည့္ အကၤ်ီေလးမွာ ယခုမွသာ နာမည္ႀကီးအကၤ်ီကုမၸဏီမွ အသစ္ထြက္ရွိလာျခင္းျဖစ္၏ ။ ထိုအကၤ်ီေလးကို ျမင္ျမင္ခ်င္း ထင့္အာ႐ုံထဲသို႔ ဝင္လာသည့္သူမွာ သက္ေကာင္းလူပင္ ။ ပိန္ပါးၿပီး အရပ္ျမင့္ေသာ သက္ေကာင္းလူႏွင့္ အနက္ ၊ အျဖဴေရာစပ္ထားသည့္ ထိုရွပ္ကြက္အကၤ်ီေလးမွာ လိုက္ဖက္လိမ့္မည္ဟု ထင္ ေတြးထင္ၿပီးသား ။
ထင့္မ်က္လုံးမ်ားသည္  ထင့္ကို ဘယ္ေသာအခါမွ သစၥာမေဖာက္ေခ် ။

ဒီလူက သိပ္ၿပီး အၾကည့္ရဲတာပဲ ။ မ်က္ႏွာခ်င္းဆိုင္ထိုင္ၿပီး အခုလိုမ်ိဳး မ်က္ေတာင္မခတ္တမ္းၾကည့္ေနေတာ့ မ်က္ႏွာပါ ပူလာသလိုလို ။ အဲဒီအၾကည့္ေတြေၾကာင့္လဲ ပါးက ၾကည့္မရျဖစ္ေနတာ ။

" ဒီမွာ "

" အင္း "

" ခင္ဗ်ားမွာ အလုပ္မရွိဘူးလား "

" ရွိတယ္ေလ "

" အဲဒါဆိုလဲ ဒီအတိုင္းႀကီး ထိုင္ေနမဲ့အစား သြားလုပ္ေလ "

" လုပ္ေနတယ္ေလ "

" ဘယ္မွာလုပ္လို႔လဲ "

" အခုလုပ္ေနတယ္ေလ ၊ ေျပာရမယ္ဆိုရင္ အလုပ္ထက္ အေရးႀကီးတာကို အခု ကိုယ္ လုပ္ေနတာ ၊ ကိုယ္ မင္းနဲ႕ ေနတာ... နည္းနည္းေဝးေနလို႔ ျဖစ္လိမ့္မယ္ ...သိလား ၊  ေခါင္းထဲမူးေနာက္ေနာက္ျဖစ္လာတယ္ကြာ ၊ အဲဒါေၾကာင့္ ေခါင္းၾကည္ေအာင္လို႔ မင္းကို ၾကည့္ေနရတာ ၊ ကိုယ့္ကို ေဟာေပးတဲ့ ဆရာက တကယ္ကို ေတာ္တာပါကြာ ၊ တကယ္...တကယ္ ၊ ကိုယ္ မင္းရဲ႕ အနားမွာ ေနလိုက္တာနဲ႕ ေခါင္းက ခ်က္ခ်င္းၾကည္လာေရာပဲ "

ေျပာစရာ စကား မရွိေတာ့ေပ ။ ထိုစကားကိုေျပာေနေသာ ထင့္ဆိုသည့္ လူႀကီး၏ မ်က္ႏွာထားကေတာ့ အမွန္အတိုင္းေျပာေနပုံပင္ ။ သို႔ေသာ္လည္း သူကေတာ့ ထ်ိုလူကြီးကို မယုံေရးခ် မယုံေခ် ။

" ဒါနဲ႕ "

သက္ေကာင္းလူ၏ စိတ္ထဲတြင္ ေရ႐ြတ္မိသည္မွာ သည္လူႀကီးေတာ့ တစ္ခုခု စပ္စုေတာ့မည္ဟုပင္ ။ အေတြးမွ မဆုံးခင္ ထြက္ေပၚလာသည့္ အသံၾသၾသ ။

" သက္ေကာင္းလူက ပန္းခ်ီဆြဲရင္ ဘာနဲ႕ဆြဲလဲ "

ေတာ္ေတာ္ေလးကို မေမးသင့္သည့္ ေမးခြန္းပင္ ။ ပန္းခ်ီဆြဲပါသည္ဆိုမွ လက္ျဖင့္မဆြဲဘဲ မည္သည့္အရာျဖင့္ ဆြဲရမည္နည္း ။

မေျဖလွ်င္လည္း ၿပီးမည္မဟုတ္ ။

" လက္နဲ႕ "

" ဟမ္ "

" ပန္းခ်ီကို လက္နဲ႕ဆြဲတာ...ဘာလဲ...ခင္ဗ်ားက ပန္းခ်ီဆြဲရင္ ပါးစပ္နဲ႕ဆြဲၾကတယ္လို႔မ်ား ထင္ေနတာလား "

ႏႈတ္ခမ္းပါးေလး၏ ပိုင္ရွင္သည္ ထိုကဲ့သို႔ ခ်စ္စရာေကာင္းေအာင္လည္း ျပန္ေျပာတတ္ေသးသည္ ။

" ဟာကြာ...ကိုယ္ အေမးမွားသြားတာပါကြာ ၊ ကိုယ္ ေမးခ်င္တာက ပန္းခ်ီဆြဲတဲ့အခါ ဘယ္လိုစားပြဲနဲ႕ဆြဲလဲ သိခ်င္တာ ၊ သစ္သားစားပြဲနဲ႕ဆြဲတာလား...မွန္စားပြဲနဲ႕ဆြဲတာလား ၊ တင္ပ်ဥ္ေခြထိုင္ၿပီးဆြဲတာလား...စာၾကည့္စားပြဲလိုမ်ိဳးမွာ ဆြဲတာလား "

" စားပြဲက ဘယ္လိုစားပြဲပဲျဖစ္ျဖစ္ ရတယ္ ၊ ကြၽန္ေတာ္က တင္ပ်ဥ္ေခြထိုင္ၿပီး မဆြဲတတ္ဘူး "

" အဲဒါဆိုရင္..."

" ခုံအျမင့္နဲ႕ ထိုင္ဆြဲတာ "

" ခုံအျမင့္ဆိုေတာ့ ဘယ္ေလာက္ျမင့္လဲ "

တကယ္ပါ ၊ မရွည္တဲ့စိတ္ကို ဆြဲဆန့္ေနရတယ္ ။ ဘာျဖစ္လို႔မ်ား ကေလးေလးေတြလို အေမးအျမန္းထူေနလဲ မသိဘူး ။

" ခင္ဗ်ားရဲ႕ ထိုင္ခုံအျမင့္ေလာက္..."

သူ႕စကားေၾကာင့္ ထိုလူ၏ မ်က္လုံးမ်ားက အလုပ္စားပြဲဆီသို႔ တန္းခနဲ ။ ခဏၾကာ ၾကည့္ေနၿပီးမွ ေခါင္းကိုလည္း တဆတ္ဆတ္ညိတ္ေနေသး၏ ။

" သက္ေကာင္းလူက ခဲပန္းခ်ီကိုပဲ စိတ္ဝင္စားတာလား ၊ ေရေဆးနဲ႕ ဆီေဆးကိုေရာ စိတ္မဝင္စားဘူးလား "

သက္ေကာင္းလူ၏ထံမွ ထြက္ေပၚလာသည့္ သက္ျပင္းခ်သံ ခပ္က်ယ္က်ယ္ ။

" ဘာျဖစ္လို႔ ခင္ဗ်ား ေမးခြန္းေတြ အမ်ားႀကီးေမးေနတာလဲ "

ဟုတ္တာေပါ့ ။ ထင့္ေပါင္ေပ့ေလးက ထင့္ကို စိတ္မရွည္ေတာ့ဘူး ။

" ဒီအတိုင္းပဲ ကိုယ္ သိခ်င္လို႔ေလ "

မ်က္ႏွာကလည္း ခပ္ငယ္ငယ္ ၊ အသံကလည္း ခပ္တိမ္တိမ္ ။ မသိလွ်င္ အနိုင္က်င့္ခံေနရသည့္ ကေလးငယ္ေလး တစ္ေယာက္ကဲ့သို႔ပင္ ။

" ေလာေလာဆယ္ေတာ့ ကြၽန္ေတာ္ ခဲပန္းခ်ီဘက္ကိုပဲ အားသန္တယ္ ၊ ေနာက္ပိုင္းက်ရင္ေတာ့ ဆီေဆးကိုပါ ေလ့လာဖို႔ စိတ္ကူးထားတယ္ ...ဘာဆက္ၿပီး သိခ်င္ေသးလဲ "

" အခုေတာ့ ဒီေလာက္ပဲ သိခ်င္ေသးတယ္ ၊ ေနာက္က်မွ သိခ်င္တာရွိရင္ ထပ္ေမးမယ္ေလ...ေနာ္ ...ဒါနဲ႕..."

" ... "

" ဘာဟင္းခ်က္လဲ "

" ဝက္သားအခ်ိဳခ်က္နဲ႕ ခရမ္းခ်ဥ္သီးခ်က္ "

ထင္ သက္ေကာင္းလူ၏ စကားေၾကာင့္ တံတွေးမျ်ိုချကာ ႏႈတ္ခမ္းကိုလွ်ာျဖင့္သပ္မိ၏ ။

" ကိုယ္နဲ႕ သက္ေကာင္းလူက စိတ္ခ်င္းဆက္ေနသလိုပဲ...သိလား ၊ ကိုယ္ေလ မနက္နိုးနိုးခ်င္းကတည္းက ဝက္အခ်ိဳခ်က္ စားခ်င္ေနတာကြာ ၊ ေက်းဇူးပဲ သက္ေကာင္းလူ "

သူမ်ားၾကားလွ်င္ သက္ေကာင္းလူက ထိုလူစားရန္အတြက္ ထမင္းဟင္းမ်ား ထည့္လာေပးသည့္ပုံ ။

" ဒါနဲ႕ေလ...မနက္ျဖန္က်ရင္ ကန္စြန္း႐ြက္ေၾကာ္ေလး ထည့္ခဲ့ပါလား... ကိုယ္ ကန္စြန္း႐ြက္ေၾကာ္ စားခ်င္လို႔ "

သည္းခံစမ္း ၊ သည္းခံစမ္း ။ ရက္ေပါင္းတစ္ရာေက်ာ္ပဲ သည္းခံရမွာ...။

23/6/2022
26/6/2022မွာ ျပန္ေတြ႕ၾကမယ္
စိတ္ခ်မ္းသာ ကိုယ္က်န္းမာၾကပါေစ
ခင္ေလးဉာဏ္













Continue Reading

You'll Also Like

853K 123K 143
Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190...
720K 101K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~
4.7M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...