" ငါ့ကိုပြန်လွှတ်ပေး စတီဗန် "
" မကြားရဘူး "
မျက်နှာလွှဲကာ မကြားချင်ယောင်ဆောင်နေတဲ့ စတီဗန်ကြောင့် ခွန်ရှောင်းပို၍စိတ်တိုလာရသည်။
" ငါ့ကိုပြန်လွှတ်ပေးလို့ပြောနေတယ်နော် "
" သေချာမကြားရသေးဘူး "
" ငါ့စိတ်တွေဆူပွက်လာရင် မင်းကိုတခုခုလုပ်မိလိမ့်မယ် "
ကျောပေးကာမျက်နှာလွှဲနေသူက ချက်ချင်းထလာကာ ခွန်ရှောင်းရဲ့ခန္ဓာကိုယ်လေးကိုဆွဲမတ်လိုက်သည်။
" အခုချိန်မှာရှောင်းရဲ့စိတ်တွေက ပုံမှန်မဖြစ်သေးဘူးဆိုတာကျွန်တော်သိတယ် ဒါပေမဲ့ကျွန်တော်မပါပဲ ဘယ်ကိုမှထွက်သွားခွင့်ပေးမှာမဟုတ်ဘူး "
" ဘယ်အချိန်ထိလဲ ဘယ်အချိန်ထိငါကဒီလိုမျိုးပိတ်လှောင်ခံထားရမှာလဲ "
" ရှောင်းရဲ့စိတ်တွေပုံမှန်ပြန်ဖြစ်တဲ့အချိန်ထိပေါ့ အတိအကျပြောရရင် လူထပ်မသတ်တော့တဲ့အချိန်အထိ "
" ဖယ်စမ်းပါ ငါ့ဘ၀ကိုငါ့ဘာသာဆုံးဖြတ်မယ် "
စတီဗန်ရဲ့ခန္ဓာကိုယ်ကိုအတင်းတွန်းထုတ်ကာ ရုန်းထွက်လိုက်တဲ့ရှောင်းရဲ့လက်တွေကို စတီဗန်လှမ်းဆွဲကာ ဆိုဖာပေါ်လှဲချလိုက်၏။
" ဟုတ်ပြီ ရှောင်းကကိုယ့်ဘာသာဆုံးဖြတ်မယ်ဆိုရင် ကျွန်တော်ကရှောင်းရဲ့အဆုံးအဖြတ်ကို ပြန်ပြီးတည့်မတ်ပေးမဲ့ကောင်ပဲ "
" မင်းအိပ်ပျော်နေတဲ့အချိန်မှာတင် ငါမင်းကိုသတ်လိုက်လို့ရတယ်နော် စတီဗန် "
" ဟုတ်လား ဒါဆိုဒီကောင်မြန်မြန်အိပ်ပျော်သွားအောင် ခင်ဗျားရဲ့ရင်ခွင်ထဲမှာ ချော့သိပ်လိုက်ပါလား ခွန်ရှောင်းဇင် "
" ကြည့်ရတာ ငါ့ကိုစိန်ခေါ်နေတယ်ထင်တယ် "
" စိန်ခေါ်တယ်ထင်လဲ ယှဥ်ပြိုင်လိုက်ပါလား ဒီကောင်ကခင်ဗျားရှေ့မှာကျရှုံးပြီးသားပဲလေ ဘာများအနိုင်ရအုံးမှာလဲ "
သူ့အပေါ်မှအုပ်မိုးကာ လက်တွေကိုချုပ်ကိုင်ထားတဲ့စတီဗန်ကြောင့် ရှောင်းကသူ့တံတောင်ဖြင့်ပြန်တွန်းထုတ်ကာ စတီဗန်ရဲ့ကိုယ်ပေါ်သို့ တစ်ဖန်ပြန်အုပ်မိုးလိုက်သည်။
" မင်းရဲ့မျက်လုံးတွေကို ဖောက်ထုတ်ပစ်ချင်မိတယ် "
" ဒီကောင်ရဲ့နှလုံးသားတခုလုံးကိုအပိုင်ရပြီးနေပီပဲလေ ဘာမဟုတ်တဲ့မျက်လုံးလောက်ကိုစကားထဲထည့်ပြောနေသေးတာလား "
" နာကျင်လို့အော်ညည်းနေမဲ့ မင်းရဲ့အသံတွေကိုကြားချင်မိတယ် "
" ရင်ဘတ်ထဲကနာကျင်တဲ့အခါတိုင်းအော်ငိုနေမိတာကို မကြားခဲ့ဘူးထင်တယ် "
" အခုချိန်မှာ အဓိပ္ပာယ်မရှိတဲ့စကားတွေအမြဲပြောနေတဲ့ မင်းရဲ့လျှာကိုဖြတ်ထုတ်ပစ်ချင်မိတာ"
" ဒါဆို ခင်ဗျားကိုချစ်တယ်ဆိုတဲ့စကားလေးတော့ နောက်ဆုံးအနေနဲ့ပြောခွင့်ပေးမလား "
" တကယ်ကိုရူးနေပြီပဲ "
" အခုမှသိတာလား ဒီကောင်ကခင်ဗျားနဲ့စတွေ့ထဲက အရူးလုံးလုံးဖြစ်ခဲ့တာ "
" အဲ့အချိန်ထဲက မင်းကိုသတ်ပစ်လိုက်ရမှာ "
" ကောင်းတာပေါ့ အဲ့တာဆို အခုလောက်ထိခံစားစရာမလိုပဲ စောစော၀ဋ်ကျွတ်ခဲ့မှာ "
" စတီဗန်!!! "
" ....... "
" ငါမင်းကိုမုန်းတယ် ငါ့ရဲ့အာရုံတွေကိုရှုပ်ထွေးအောင်မင်းပဲအမြဲလုပ်ခဲ့တာ "
" လိမ်ညာမနေပဲ ချစ်တယ်ဆိုပြီးအမှန်အတိုင်းပြောလိုက်ပါလား အဲ့တာဆို ဒီကောင်ကအခုထက်တောင်ပိုရူးသွားအုံးမှာ "
" တကယ်ပဲ မင်းကိုသတ်ပစ်ချင်မိတယ် "
လက်တွေကအားပျော့လာကာ သူ့ရင်ခွင်ထဲပြိုလဲလာတဲ့ရှောင်းကို စတီဗန်ဖက်ထားလိုက်ပြီး ရှောင်းရဲ့ကျောပြင်လေးကိုခပ်ဖွဖွပွတ်ပေးလိုက်သည်။
" ခံစားချက်တွေကိုလိမ်ညာမနေပဲ ဖွင့်ထုတ်ပေးလိုက်ပါလား ရှောင်းလဲအရမ်းပင်ပန်းနေပြီလေ "
" မုန်းတယ် မင်းနဲ့မနေချင်ဘူး "
" အားတော့နာပေမဲ့ အပြန်လမ်းမရှိလို့ ဒီကောင်ရဲ့နားမှာပဲနေရမယ်ထင်တယ် "
ရင်ခွင်ထဲခို၀င်နေသူက ရုတ်တရက်ရှိုက်ကြီးတငင်ငိုချလိုက်တာကြောင့် စတီဗန်ပြာယာခပ်သွားသည်။
" ရှောင်းဘာဖြစ်လို့လဲ ကျွန်တော်ပြောတဲ့အထဲမှာငိုစရာပါလို့လား "
" စောက်ကောင်!! "
" ဟော ရှောင်းကတကယ်အဆိုးဗျာ အခုဘာဖြစ်ရပြန်တာလဲ "
" ငါ့သမီးကိုခေါ်ပေး!!! "
ရှောင်းဘက်မှစကားအတည်ပြောနေပမဲ့ စတီဗန်အတွက်တော့ ရယ်ရခက်ငိုရခက်ပင်...
" အိန်ဂျယ်ကမရှိတော့ဘူး "
" ဘာ! ငါ့သမီးကဘယ်ရောက်သွားလို့လဲ"
" အိန်ဂျယ်ကို ယောကျာ်းပေးစားလိုက်ပြီ ကျတော့်သူငယ်ချင်းခွေးနဲ့ "
" ဘာတွေလာပြောနေတာလဲ ငါ့သမီးကိုအခုခေါ်ပေး "
" Congratulationsပါ ခွန်ရှောင်းဇင်မြေးချီရတော့မယ် "
ရုပ်တည်နဲ့အဆက်မပြတ်စနောက်နေတာကြောင့် ခွန်ရှောင်းကပို၍စိတ်တိုကာ စတီဗန်ရဲ့ရင်ဘတ်ကိုထုရိုက်လိုက်သည်။
" အာ့ နှလုံးသားလေးကြေမွသွားပြီ "
" ငါတကယ်စိတ်တိုလာရင် အသေသတ်ပစ်မိလိမ့်မယ်နော် စတီဗန် "
" ဟုတ်လား စိတ်တိုနေတာပေါ့ ပြပါအုံးအချစ်ဆုံးရဲ့စိတ်တိုနေတဲ့မျက်နှာလေးကြည့်ချင်လို့ "
ခွန်ရှောင်းဇင်ရဲ့မျက်နှာကတကယ်ကိုအပြောင်းအလဲမြန်သည်။ရှိုက်ကြီးတငင်ငိုခဲ့တဲ့မျက်နှာက ချက်ချင်းပင်တင်းမာကာ လူထသတ်တော့မည့်အတိုင်းပြောင်းလဲသွားသော်လည်း စတီဗန်ကအကြောက်အလန့်မရှိ ပို၍အသည်းယားစွာဖြင့်စချင်နေတာဖြစ်သည်။
" ဘာလို့မျက်နှာကြီးဆူပုတ်နေတာလဲ အိန်ဂျယ်လေးကိုသွားခေါ်ပေးမှာပေါ့ရှောင်းရဲ့ "
" ငါမင်းကို ဘယ်အချိန်စိတ်ဖောက်ပြီးသတ်ပစ်မိမလဲဆိုတာ မကြောက်ဘူးလား "
" မကြောက်ဘူး ကျွန်တော်ကရှောင်းကိုယုံတယ် ချစ်တာမို့လို့ "
" ငါနဲ့မင်းနဲ့က ဘယ်လိုမှမဖြစ်နိုင်ဘူးစတီဗန် "
" ဒါကလူတွေသတ်မှတ်ထားတဲ့အရာပါ ကျွန်တော်ကရိုးရိုးရှင်းရှင်းပဲတွေးခေါ်တာမို့ ကျွန်တော်တို့နှယောက်ကအလိုက်ဖက်ဆုံးပဲ "
နှုတ်ဆိတ်နေတဲ့ရှောင်းရဲ့မျက်နှာကိုစတီဗန်ငေးကြည့်ရင်း ရှောင်းရဲ့ပါးပြင်ကိုခပ်မြန်မြန်လေးလှမ်းနမ်းလိုက်၏။ယခင်လိုအခြေအနေမျိုးပြန်မရသေးနိုင်ရင်တောင် ရှောင်းရဲ့နာကျည်းမှုတွေနဲ့အထီးကျန်မှုတွေကို ၀င်ရောက်နှစ်သိမ့်ပေးချင်မိတာဖြစ်သည်။
" ရှောင်းကကျတော့်ကိုနာကျင်အောင်လုပ်တယ် ဒါပေမဲ့ချစ်နေတုန်းပဲ~~ "
********"
" ဘာလို့အခုချိန်ထိ ဘာမှမစားသေးတာလဲ "
ကုတင်ဘေးမှဆိုဖာပေါ်တွင်ခြေချိတ်ကာငိုင်နေတဲ့ လင်းရောင်ဘေးကိုကောင်းမြတ်၀င်ထိုင်ကာ ပန်းကန်ထဲမှခေါက်ဆွဲပြုတ်ကို လင်းရောင်ရဲ့ပါးစပ်နားတေ့ပေးလိုက်သည်။
" ရှေ့ဆက်ပြီးလုပ်ချင်တဲ့အရာတွေအများကြီးရှိသေးတယ်မလား ဒီအတိုင်းအားပျက်ပြီးမသေချင်ရင် စား"
" ငါ့ကိုကယ်ထုတ်လာတာ ဘာရည်ရွယ်ချက်ရှိလို့လဲကောင်းမြတ် "
" အိုင်ဗန်... အိုင်ဗန်လို့ပဲခေါ် "
" ငါခေါ်ချင်သလိုခေါ်မှာမို့ ငါ့ကိုအမိန့်မပေးနဲ့ "
" အဲ့တာဆိုလဲ ဒါကိုကုန်အောင်တော့စား "
" မစားဘူး ငါခွန်ရှောင်းနဲ့တွေ့ရမှဖြစ်မယ် "
" ဘာလို့လဲ မင်းကိုသတ်ဖို့ကြံရွယ်နေတဲ့လူဆီကိုထပ်သွားချင်သေးတာလား "
" မဟုတ်ဘူး သူငါ့ကိုသတ်ဖို့ကြံရွယ်ခဲ့တာမဟုတ်ဘူး သူသာငါ့ကိုသတ်ချင်ရင်အရင်ထဲကသတ်ပစ်ခဲ့မှာ....ငါ့မှာ သူ့ကိုမေးဖို့အတွက်မေးခွန်းများစွာရှိနေတာမို့ သူနဲ့တွေ့ရမှဖြစ်မယ် "
လင်းရောင်က အိုင်ဗန်ရဲ့လက်တွေကိုဖယ်ထုတ်ရင်း အခန်းတံခါးဆီဦးတည်သွား၏။သို့ပေမယ့်အိုင်ဗန်က အရှေ့မှပိတ်ရပ်လိုက်တာမိို့ လင်းရောင်ကလက်သီးဆုပ်ကာ မကျေနပ်စွာဖြင့်စူးစိုက်ကြည့်လိုက်သည်။
" မသွားနဲ့ "
" ငါ့ကိုကယ်ထုတ်ပေးခဲ့လို့ကျေးဇူးပါ ဒါပေမယ့်အခုတော့ငါပြန်သွားမှဖြစ်မယ် "
" ငါမသွားနဲ့လို့ပြောနေတယ်နော် "
" ဘာလို့လဲ မင်းခွန်ရှောင်းဇင်ကိုကြိုက်နေတာလားကောင်းမြတ်...အခုမှပြန်စဥ်းစားကြည့်ရင် စာသင်တဲ့အချိန်တိုင်း ငါတို့သုံးယောက်ထိုင်တဲ့အတန်းကို မင်းအမြဲလှည့်ကြည့်နေခဲ့တာပဲ...ဘာလို့ဆို မင်းခွန်ရှောင်းဇင်ကိုကြိုက်နေတာမို့လို့လေ "
စကားဆုံးတာနဲ့လှည့်ထွက်ဖို့ကြံနေတဲ့ လင်းရောင်လက်ကို အိုင်ဗန်လှမ်းဆွဲကာ ဆိုဖာပေါ်တွန်းချလိုက်သည်။
" ဟုတ်တယ်ငါအမြဲလှမ်းကြည့်ခဲ့မိတယ် ခွန်ရှောင်းဇင်ကိုမဟုတ်ပဲ မင်းကို "
" ဘာ "
" မင်းကိုပဲငေးကြည့်ခဲ့တာ "
" ဘာလို့ငါ့ကိုလဲ "
" ဒီအတိုင်းပဲ အမြင်ကပ်လို့ "
လင်းရောင်ခဏတာ အံ့အောသွားပေမဲ့ စိတ်ကိုပြန်ထိန်းကာ အိုင်ဗန်ကိုကျော်ပြီး အခန်းတံခါးဆီဦးတည်သွားလိုက်သည်။
" ငါမင်းကိုမသွားနဲ့လို့ပြောနေတယ်နော် လင်းရောင်ရှိန်း !!! "
" ဘာလို့လဲ ဘာအကြောင်းရှိလို့ငါ့ကိုမသွားခိုင်းရတာလဲ "
" ဘယ်အချိန်အန္တရာယ်ရောက်လာမလဲမသိသေးပေမဲ့ သူတို့နှယောက်ဆီကိုပြန်မသွားပါနဲ့လား ငါ့ဘေးနားမှာနေတာ မင်းအတွက်အလုံခြုံဆုံးပဲ "
" မင်းဘာကိုဆိုလိုတာလဲ ခွန်ရှောင်းနဲ့စတီဗန်မှာ အန္တရာယ်ရှိနေပြီလို့ပြောချင်တာလား "
" မေးခွန်းတွေဆက်မမေးပဲ ငါ့အနားမှာနေလိုက်တာကောင်းမယ်ထင်တယ် "
လင်းရောင်လက်သီးဆုပ်ကာ ကောင်းမြတ်ရဲ့အင်္ကျီစကိုလှမ်းဆွဲပြီး
သေချာစိုက်ကြည့်လိုက်သည်။
" မင်းဘာတွေကြံစည်နေတာလဲ ကောင်းမြတ် "
" ငါဘာမှမကြံစည်ဘူး "
" အဲ့တာဆို ဘာလို့အခုလိုစကားတွေပြောနေတာလဲ မင်းတခုခုကိုသိထားတယ်မလား "
" စတီဗန်က ဟန်နရီဗစ်တာရဲ့သားမှန်းမင်းလဲသိတယ်မှတ်လား အကုန်လုံးရဲ့အာရုံက ဗစ်တာသားကိုပစ်မှတ်ထားနေကြတာချည်းပဲ စတီဗန်က အေးဆေးနေပြီးဇာတ်မြှုပ်နေလို့သာ ဘယ်သူမှသတိမထားမိကြတာ....တကယ်တမ်း စတီဗန်ကိုလိုချင်နေတဲ့သူတွေအများကြီးပဲ အဲ့အထဲမှာ ငါ့အဖေလဲပါတယ် "
" စတီဗန်ကိုအသုံးချဖို့အတွက် လိုအပ်နေကြတာမလား "
" ...... "
" မင်းလဲ စတီဗန်ကိုမုန်းနေခဲ့တာလား ကောင်းမြတ် "
" ငါမမုန်းဘူး ဘယ်သူ့ကိုမှလဲမမုန်းဘူး လူတွေရဲ့အတ္တနဲ့လောဘတွေကိုပဲကြောက်နေမိခဲ့တာ...အဲ့တာကြောင့် ငါတယောက်ထဲအမြဲနေခဲ့တာ...ငါ့အဖေစတီဗန်ကို အသည်းအသန်ရှာနေတာသိပေမဲ့ အဲ့ကိစ္စတွေထဲငါ၀င်ပါမှာမဟုတ်ဘူး "
" ဒါဆို မင်းအဖေစတီဗန်ကိုရှာတွေ့သွားရင်လဲ မင်းဒီတိုင်းပဲလက်ပိုက်ကြည့်နေမယ်လို့ပြောချင်တာလား "
" ငါပြောပြီးပြီပဲလေ ဘယ်ကိစ္စကိုမှ၀င်ပါမှာမဟုတ်ဘူးလို့ "
16.6.22
Grey
****
" ငါ့ကိုျပန္လႊတ္ေပး စတီဗန္ "
" မၾကားရဘူး "
မ်က္ႏွာလႊဲကာ မၾကားခ်င္ေယာင္ေဆာင္ေနတဲ့ စတီဗန္ေၾကာင့္ ခြန္ေရွာင္းပို၍စိတ္တိုလာရသည္။
" ငါ့ကိုျပန္လႊတ္ေပးလို႔ေျပာေနတယ္ေနာ္ "
" ေသခ်ာမၾကားရေသးဘူး "
" ငါ့စိတ္ေတြဆူပြက္လာရင္ မင္းကိုတခုခုလုပ္မိလိမ့္မယ္ "
ေက်ာေပးကာမ်က္ႏွာလႊဲေနသူက ခ်က္ခ်င္းထလာကာ ခြန္ေရွာင္းရဲ႕ခႏၶာကိုယ္ေလးကိုဆြဲမတ္လိုက္သည္။
" အခုခ်ိန္မွာေရွာင္းရဲ႕စိတ္ေတြက ပုံမွန္မျဖစ္ေသးဘူးဆိုတာကြၽန္ေတာ္သိတယ္ ဒါေပမဲ့ကြၽန္ေတာ္မပါပဲ ဘယ္ကိုမွထြက္သြားခြင့္ေပးမွာမဟုတ္ဘူး "
" ဘယ္အခ်ိန္ထိလဲ ဘယ္အခ်ိန္ထိငါကဒီလိုမ်ိဳးပိတ္ေလွာင္ခံထားရမွာလဲ "
" ေရွာင္းရဲ႕စိတ္ေတြပုံမွန္ျပန္ျဖစ္တဲ့အခ်ိန္ထိေပါ့ အတိအက်ေျပာရရင္ လူထပ္မသတ္ေတာ့တဲ့အခ်ိန္အထိ "
" ဖယ္စမ္းပါ ငါ့ဘ၀ကိုငါ့ဘာသာဆုံးျဖတ္မယ္ "
စတီဗန္ရဲ႕ခႏၶာကိုယ္ကိုအတင္းတြန္းထုတ္ကာ ႐ုန္းထြက္လိုက္တဲ့ေရွာင္းရဲ႕လက္ေတြကို စတီဗန္လွမ္းဆြဲကာ ဆိုဖာေပၚလွဲခ်လိုက္၏။
" ဟုတ္ၿပီ ေရွာင္းကကိုယ့္ဘာသာဆုံးျဖတ္မယ္ဆိုရင္ ကြၽန္ေတာ္ကေရွာင္းရဲ႕အဆုံးအျဖတ္ကို ျပန္ၿပီးတည့္မတ္ေပးမဲ့ေကာင္ပဲ "
" မင္းအိပ္ေပ်ာ္ေနတဲ့အခ်ိန္မွာတင္ ငါမင္းကိုသတ္လိုက္လို႔ရတယ္ေနာ္ စတီဗန္ "
" ဟုတ္လား ဒါဆိုဒီေကာင္ျမန္ျမန္အိပ္ေပ်ာ္သြားေအာင္ ခင္ဗ်ားရဲ႕ရင္ခြင္ထဲမွာ ေခ်ာ့သိပ္လိုက္ပါလား ခြန္ေရွာင္းဇင္ "
" ၾကည့္ရတာ ငါ့ကိုစိန္ေခၚေနတယ္ထင္တယ္ "
" စိန္ေခၚတယ္ထင္လည္း ယွဥ္ၿပိဳင္လိုက္ပါလား ဒီေကာင္ကခင္ဗ်ားေရွ႕မွာက်ရႈံးၿပီးသားပဲေလ ဘာမ်ားအႏိုင္ရအုံးမွာလဲ "
သူ႔အေပၚမွအုပ္မိုးကာ လက္ေတြကိုခ်ဳပ္ကိုင္ထားတဲ့စတီဗန္ကို ခြန္ေရွာင္းျပန္လည္တြန္းထုတ္ၿပီးဆိုဖာေပၚလွဲခ်ကာ စတီဗန္ကိုအေပၚမွျပန္အုပ္မိုးလိုက္သည္။
" မင္းရဲ႕မ်က္လုံးေတြကို ေဖာက္ထုတ္ပစ္ခ်င္မိတယ္ "
" ဒီေကာင္ရဲ႕ႏွလုံးသားတခုလုံးကိုအပိုင္ရၿပီးေနပီပဲေလ ဘာမဟုတ္တဲ့မ်က္လုံးေလာက္ကိုစကားထဲထည့္ေျပာေနေသးတာလား "
" နာက်င္လို႔ေအာ္ညည္းေနမဲ့ မင္းရဲ႕အသံေတြကိုၾကားခ်င္မိတယ္ "
" ရင္ဘတ္ထဲကနာက်င္တဲ့အခါတိုင္းေအာ္ငိုေနမိတာကို မၾကားခဲ့ဘူးထင္တယ္ "
" အဓိပၸာယ္မရွိတဲ့စကားေတြအၿမဲေျပာေနတဲ့ မင္းရဲ႕လွ်ာကိုျဖတ္ထုတ္ပစ္ခ်င္မိတယ္ "
" ဒါဆို ခင္ဗ်ားကိုခ်စ္တယ္ဆိုတဲ့စကားေလးေတာ့ ေနာက္ဆုံးအေနနဲ႔ေျပာခြင့္ေပးမလား "
" တကယ္ကို႐ူးေနၿပီပဲ "
" အခုမွသိတာလား ဒီေကာင္ကခင္ဗ်ားနဲ႔စေတြ႕ထဲက အ႐ူးလုံးလုံးျဖစ္ခဲ့တာ "
" အဲ့အခ်ိန္ထဲက မင္းကိုသတ္ပစ္လိုက္ရမွာ "
" ေကာင္းတာေပါ့ အဲ့တာဆို အခုေလာက္ထိခံစားစရာမလိုပဲ ေစာေစာ၀ဋ္ကြၽတ္ခဲ့မွာ "
" စတီဗန္!!! "
" ....... "
" ငါမင္းကိုမုန္းတယ္ ငါ့ရဲ႕အာ႐ုံေတြကိုရႈပ္ေထြးေအာင္မင္းပဲအၿမဲလုပ္ခဲ့တာ "
" လိမ္ညာမေနပဲ ခ်စ္တယ္ဆိုၿပီးအမွန္အတိုင္းေျပာလိုက္ပါလား အဲ့တာဆို ဒီေကာင္ကအခုထက္ေတာင္ပို႐ူးသြားအုံးမွာ "
" တကယ္ပဲ မင္းကိုသတ္ပစ္ခ်င္မိတယ္ "
လက္ေတြကအားေပ်ာ့လာကာ သူ႔ရင္ခြင္ထဲၿပိဳလဲလာတဲ့ေရွာင္းကို စတီဗန္ဖက္ထားလိုက္ၿပီး ေရွာင္းရဲ႕ေက်ာျပင္ေလးကိုခပ္ဖြဖြပြတ္ေပးလိုက္သည္။
" ခံစားခ်က္ေတြကိုလိမ္ညာမေနပဲ ဖြင့္ထုတ္ေပးလိုက္ပါလား ေရွာင္းလဲအရမ္းပင္ပန္းေနၿပီေလ "
" မုန္းတယ္ မင္းနဲ႔မေနခ်င္ဘူး "
" အားေတာ့နာေပမဲ့ အျပန္လမ္းမရွိလို႔ ဒီေကာင္ရဲ႕နားမွာပဲေနရမယ္ထင္တယ္ "
ရင္ခြင္ထဲခို၀င္ေနသူက ႐ုတ္တရက္ရႈိက္ႀကီးတငင္ငိုခ်လိုက္တာေၾကာင့္ စတီဗန္ျပာယာခပ္သြားသည္။
" ေရွာင္းဘာျဖစ္လို႔လဲ ကြၽန္ေတာ္ေျပာတဲ့အထဲမွာငိုစရာပါလို႔လား "
" ေစာက္ေကာင္!! "
" ေဟာ ေရွာင္းကတကယ္အဆိုးဗ်ာ အခုဘာျဖစ္ရျပန္တာလဲ "
" ငါ့သမီးကိုေခၚေပး!!! "
ေရွာင္းဘက္မွစကားအတည္ေျပာေနပမဲ့ စတီဗန္အတြက္ေတာ့ ရယ္ရခက္ငိုရခက္ပင္...
" အိန္ဂ်ယ္ကမရွိေတာ့ဘူး "
" ဘာ! ငါ့သမီးကဘယ္ေရာက္သြားလို႔လဲ "
" အိန္ဂ်ယ္ကို ေယာက်ာ္းေပးစားလိုက္ၿပီ ကြၽန္ေတာ့္သူငယ္ခ်င္းေခြးနဲ႔ "
" ဘာေတြလာေျပာေနတာလဲ ငါ့သမီးကိုအခုေခၚေပး "
" Congratulationsပါ ခြန္ေရွာင္းဇင္ေျမးခ်ီရေတာ့မယ္ "
႐ုပ္တည္နဲ႔အဆက္မျပတ္စေနာက္ေနတာေၾကာင့္ ခြန္ေရွာင္းပို၍စိတ္တိုကာ စတီဗန္ရဲ႕ရင္ဘတ္ကိုထု႐ိုက္လိုက္သည္။
" အာ့ ႏွလုံးသားေလးေၾကမြသြားၿပီ "
" ငါတကယ္စိတ္တိုလာရင္ အေသသတ္ပစ္မိလိမ့္မယ္ေနာ္ စတီဗန္ "
" ဟုတ္လား စိတ္တိုေနတာေပါ့ ျပပါအုံးအခ်စ္ဆုံးရဲ႕စိတ္တိုေနတဲ့မ်က္ႏွာေလးၾကည့္ခ်င္လို႔ "
ခြန္ေရွာင္းဇင္ရဲ႕မ်က္ႏွာကတကယ္ကိုအေျပာင္းအလဲျမန္သည္။ရႈိက္ႀကီးတငင္ငိုခဲ့တဲ့မ်က္ႏွာက ခ်က္ခ်င္းပင္တင္းမာကာ လူထသတ္ေတာ့မည့္အတိုင္းေျပာင္းလဲသြားေသာ္လည္း စတီဗန္ကအေၾကာက္အလန္႔မရွိ ပို၍အသည္းယားစြာျဖင့္စခ်င္ေနတာျဖစ္သည္။
" ဘာလို႔မ်က္ႏွာႀကီးဆူပုတ္ေနတာလဲ အိန္ဂ်ယ္ေလးကိုသြားေခၚေပးမွာေပါ့ေရွာင္းရဲ႕ "
" ငါမင္းကို ဘယ္အခ်ိန္စိတ္ေဖာက္ၿပီးသတ္ပစ္မိမလဲဆိုတာ မေၾကာက္ဘူးလား "
" မေၾကာက္ဘူး ကြၽန္ေတာ္ကေရွာင္းကိုယုံတယ္ ခ်စ္တာမို႔လို႔ "
" ငါနဲ႔မင္းနဲ႔က ဘယ္လိုမွမျဖစ္ႏိုင္ဘူးစတီဗန္ "
" ဒါကလူေတြသတ္မွတ္ထားတဲ့အရာပါ ကြၽန္ေတာ္က႐ိုး႐ိုးရွင္းရွင္းပဲေတြးေခၚတာမို႔ ကြၽန္ေတာ္တို႔ႏွေယာက္ကအလိုက္ဖက္ဆုံးပဲ "
ႏႈတ္ဆိတ္ေနတဲ့ေရွာင္းရဲ႕မ်က္ႏွာကိုစတီဗန္ေငးၾကည့္ရင္း ေရွာင္းရဲ႕ပါးျပင္ကိုခပ္ျမန္ျမန္ေလးလွမ္းနမ္းလိုက္၏။ယခင္လိုအေျခအေနမ်ိဳးျပန္မရေသးႏိုင္ရင္ေတာင္ ေရွာင္းရဲ႕နာက်ည္းမႈေတြနဲ႔အထီးက်န္မႈေတြကို ၀င္ေရာက္ႏွစ္သိမ့္ေပးခ်င္မိတာျဖစ္သည္။
" ေရွာင္းကက်ေတာ့္ကိုနာက်င္ေအာင္လုပ္တယ္ ဒါေပမဲ့ခ်စ္ေနတုန္းပဲ~~ "
********"
" ဘာလို႔အခုခ်ိန္ထိ ဘာမွမစားေသးတာလဲ "
ကုတင္ေဘးမွဆိုဖာေပၚတြင္ေျခခ်ိတ္ကာငိုင္ေနတဲ့ လင္းေရာင္ေဘးကိုေကာင္းျမတ္၀င္ထိုင္ကာ ပန္းကန္ထဲမွေခါက္ဆြဲျပဳတ္ကို လင္းေရာင္ရဲ႕ပါးစပ္နားေတ့ေပးလိုက္သည္။
" ေရွ႕ဆက္ၿပီးလုပ္ခ်င္တဲ့အရာေတြအမ်ားႀကီးရွိေသးတယ္မလား ဒီအတိုင္းအားပ်က္ၿပီးမေသခ်င္ရင္ စား"
" ငါ့ကိုကယ္ထုတ္လာတာ ဘာရည္႐ြယ္ခ်က္ရွိလို႔လဲေကာင္းျမတ္ "
" အိုင္ဗန္... အိုင္ဗန္လို႔ပဲေခၚ "
" ငါေခၚခ်င္သလိုေခၚမွာမို႔ ငါ့ကိုအမိန္႔မေပးနဲ႔ "
" အဲ့တာဆိုလည္း ဒါကိုကုန္ေအာင္ေတာ့စား "
" မစားဘူး ငါခြန္ေရွာင္းနဲ႔ေတြ႕ရမွျဖစ္မယ္ "
" ဘာလို႔လဲ မင္းကိုသတ္ဖို႔ႀကံ႐ြယ္ေနတဲ့လူဆီကိုထပ္သြားခ်င္ေသးတာလား "
" မဟုတ္ဘူး သူငါ့ကိုသတ္ဖို႔ႀကံ႐ြယ္ခဲ့တာမဟုတ္ဘူး သူသာငါ့ကိုသတ္ခ်င္ရင္အရင္ထဲကသတ္ပစ္ခဲ့မွာ....ငါ့မွာ သူ႔ကိုေမးဖို႔အတြက္ေမးခြန္းမ်ားစြာရွိေနတာမို႔ သူနဲ႔ေတြ႕ရမွျဖစ္မယ္ "
လင္းေရာင္က အိုင္ဗန္ရဲ႕လက္ေတြကိုဖယ္ထုတ္ရင္း အခန္းတံခါးဆီဦးတည္သြား၏။သို႔ေပမယ့္အိုင္ဗန္က အေရွ႕မွပိတ္ရပ္လိုက္တာမိို႔ လင္းေရာင္ကလက္သီးဆုပ္ကာ မေက်နပ္စြာျဖင့္စူးစိုက္ၾကည့္လိုက္သည္။
" မသြားနဲ႔ "
" ငါ့ကိုကယ္ထုတ္ေပးခဲ့လို႔ေက်းဇူးပါ ဒါေပမယ့္အခုေတာ့ငါျပန္သြားမွျဖစ္မယ္ "
" ငါမသြားနဲ႔လို႔ေျပာေနတယ္ေနာ္ "
" ဘာလို႔လဲ မင္းခြန္ေရွာင္းဇင္ကိုႀကိဳက္ေနတာလားေကာင္းျမတ္။အခုမွျပန္စဥ္းစားၾကည့္ရင္ စာသင္တဲ့အခ်ိန္တိုင္း ငါတို႔သုံးေယာက္ထိုင္တဲ့အတန္းကို မင္းအၿမဲလွည့္ၾကည့္ေနခဲ့တာပဲ...ဘာလို႔ဆို မင္းခြန္ေရွာင္းဇင္ကိုႀကိဳက္ေနတာမို႔လို႔ေလ "
စကားဆုံးတာနဲ႔လွည့္ထြက္ဖို႔ႀကံေနတဲ့ လင္းေရာင္လက္ကို အိုင္ဗန္လွမ္းဆြဲကာ ဆိုဖာေပၚတြန္းခ်လိုက္သည္။
" ဟုတ္တယ္ငါအၿမဲလွမ္းၾကည့္ခဲ့မိတယ္ ခြန္ေရွာင္းဇင္ကိုမဟုတ္ပဲ မင္းကို "
" ဘာ "
" မင္းကိုပဲေငးၾကည့္ခဲ့တာ "
" ဘာလို႔ငါ့ကိုလဲ "
" ဒီအတိုင္းပဲ အျမင္ကပ္လို႔ "
လင္းေရာင္ခဏတာ အံ့ေအာသြားေပမဲ့ စိတ္ကိုျပန္ထိန္းကာ အိုင္ဗန္ကိုေက်ာ္ၿပီး အခန္းတံခါးဆီဦးတည္သြားလိုက္သည္။
" ငါမင္းကိုမသြားနဲ႔လို႔ေျပာေနတယ္ေနာ္ လင္းေရာင္ရွိန္း !!! "
" ဘာလို႔လဲ ဘာအေၾကာင္းရွိလို႔ငါ့ကိုမသြားခိုင္းရတာလဲ "
" ဘယ္အခ်ိန္အႏၲရာယ္ေရာက္လာမလဲမသိေသးေပမဲ့ သူတို႔ႏွေယာက္ဆီကိုျပန္မသြားပါနဲ႔လား ငါ့ေဘးနားမွာေနတာ မင္းအတြက္အလုံၿခဳံဆုံးပဲ "
" မင္းဘာကိုဆိုလိုတာလဲ ခြန္ေရွာင္းနဲ႔စတီဗန္မွာ အႏၲရာယ္ရွိေနၿပီလို႔ေျပာခ်င္တာလား "
" ေမးခြန္းေတြဆက္မေမးပဲ ငါ့အနားမွာေနလိုက္တာေကာင္းမယ္ထင္တယ္ "
လင္းေရာင္လက္သီးဆုပ္ကာ ေကာင္းျမတ္ရဲ႕အက်ႌစကိုလွမ္းဆြဲၿပီး
ေသခ်ာစိုက္ၾကည့္လိုက္သည္။
" မင္းဘာေတြႀကံစည္ေနတာလဲ ေကာင္းျမတ္ "
" ငါဘာမွမႀကံစည္ဘူး "
" အဲ့တာဆို ဘာလို႔အခုလိုစကားေတြေျပာေနတာလဲ မင္းတခုခုကိုသိထားတယ္မလား "
" စတီဗန္က ဟန္နရီဗစ္တာရဲ႕သားမွန္းမင္းလည္းသိတယ္မလား အကုန္လုံးရဲ႕အာ႐ုံက ဗစ္တာသားကိုပစ္မွတ္ထားေနၾကတာခ်ည္းပဲ စတီဗန္က ေအးေဆးေနၿပီးဇာတ္ျမႇဳပ္ေနလို႔သာ ဘယ္သူမွသတိမထားမိၾကတာ....တကယ္တမ္း စတီဗန္ကိုလိုခ်င္ေနတဲ့သူေတြအမ်ားႀကီးပဲ အဲ့အထဲမွာ ငါ့အေဖလည္းပါတယ္ "
" စတီဗန္ကိုအသုံးခ်ဖို႔အတြက္ လိုအပ္ေနၾကတာမလား "
" ...... "
" မင္းလည္းစတီဗန္ကိုမုန္းေနခဲ့တာလား ေကာင္းျမတ္ "
" ငါမမုန္းဘူး ဘယ္သူ႔ကိုမွလည္းမမုန္းဘူး လူေတြရဲ႕အတၱနဲ႔ေလာဘေတြကိုပဲေၾကာက္ေနမိခဲ့တာ...အဲ့တာေၾကာင့္ ငါတေယာက္ထဲအၿမဲေနခဲ့တာ...ငါ့အေဖစတီဗန္ကို အသည္းအသန္ရွာေနတာသိေပမဲ့ အဲ့ကိစၥေတြထဲငါ၀င္ပါမွာမဟုတ္ဘူး "
" ဒါဆို မင္းအေဖစတီဗန္ကိုရွာေတြ႕သြားရင္လဲ မင္းဒီတိုင္းပဲလက္ပိုက္ၾကည့္ေနမယ္လို႔ေျပာခ်င္တာလား "
" ငါေျပာၿပီးၿပီပဲေလ ဘယ္ကိစၥကိုမွ၀င္ပါမွာမဟုတ္ဘူးလို႔ "
~~~~~~~
16.6.22
Grey