My Green Forest ( Complete)

By Khinlay-Nyan

206K 19.6K 4.2K

ကန္တာရထဲက လူတစ်ယောက် ကႏၱာရထဲက လူတစ္ေယာက္ (သက်ကောင်းလူ) ဒီနေ့... မနက်ဖြန်... သန်ဘက်ခါ... ကျန်ရှိတဲ့နေ့ရက်တိုင... More

Episode (1)
Episode (2)
Episode (4 )
Episode (5)
Episode (6)
Episode(7)
Episode( 8)
Episode (9)
Episode (10)
Episode (11)
Episode (12)
Episode (13)
Episode (14)
Episode (15)
Episode (16)
Episode (17)
Episode (18)
Episode (19)
Episode (20)
Episode (21)
Episode (22)
Episode (23)
Episode (24)
Episode (25)
ခွင့်တိုင်ကြားခြင်း /ခြင့္တိုင္ၾကားျခင္း
Episode (26)
Episode (27)
Episode (28)
Episode (29)
Episode (30)
Episode (31)
Episode (32)
Episode (33)
Episode (34)
Episode (35)
Episode (36)
Episode (37)
Episode (38)
Episode (39)
Episode (40)
Episode (41)
Episode (42)
Episode (43)
Episode (44)
Episode (45)
Episode (46)
Episode (47)
Episode (48)
Episode (49)
Episode (50)
Episode (51)
Episode (52)
Episode (53)
Episode (54)
Episode (55)
Episode (56)
Episode (57) Part 1
Episode (57) Part 2
Episode (58)
Episode (59)
Episode (60)
Final Episode (61)
မေတ္တာစာလွှာ
သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင်
Extra

Episode( 3)

4.8K 507 93
By Khinlay-Nyan

Unicode

လှပသောကိုယ်နေဟန်ထားနှင့် ပြီးပြည့်စုံသောမျက်နှာအလှကို ပိုင်ဆိုင်ထားသည့် မိန်းကလေးတစ်ယောက် ။ ဆိုင်ထဲ၌ ခပ်မတ်မတ်ကိုယ်နေဟန်ထားဖြင့် ရပ်နေသော ထင့်ကို မြင်သွားသည့်အခါ ထိုမိန်းကလေး၏မျက်လုံးများက အရောင်လက်သွားပြီး မျက်နှာထားကလည်း ပြုံးမြသွားတော့သည် ။

" ကိုထင်က မေမီကို တကယ်စောင့်ပေးနေတာပဲ "

ပြောလည်းပြော ပခုံးပေါ်ရှိ Gucciအိတ်ကိုဖြုတ်ယူလိုက်ပြီး နောက်ဘက်ရှိ မိတ်ကပ်ဆရာ၏ လက်ထဲသို့ ထည့်ပေးလိုက်သည့် မေမီမိုး ။

" မစောင့်စရာလား မေမီ ၊ မေမီက ကျွန်တော့်ဆိုင်ကို လာပြီးအားပေးတာနဲ့ကို ကျေးဇူးတင်နေရတာပါဗျာ "

ထင့်စကားကြောင့် မေမီ့ဆီမှ မျက်စောင်းနုနုလေးတစ်ခု ဝဲပျံလာလေသည် ။

" သူဌေးကလဲနော်...သိပ်ပြီး နှိမ့်ချတတ်တာပဲ ၊ မသိများမသိရင် ကိုထင့်ဆိုင်က သေးသေးလေးလိုမျိုး ပြောနေတယ် "

ထင်ကတော့ ပြုံးရုံလေးပြုံးလိုက်မိသည် ။ မေမီမိုးလို နာမည်ကြီးမင်းသမီးတစ်ယောက်က သူ့ဆိုင်ကို လာပြီး လိုအပ်သည်များဝယ်ယူသည်က မထူးဆန်းပေ ။ ထိုအရာထက် ပိုအရေးကြီးသည်မှာ မေမီမိုးက ဝယ်ယူထားသည့်ပစ္စည်းများကို သူ့ဆိုင်မှဝယ်ထားခြင်းဖြစ်ကြောင်း အများသိအောင် ကြော်ငြာပေးခြင်းပင် ။ မေမီမိုးပစ္စည်းတစ်ခါလာဝယ်ပြီးသည်နှင့် ထင့်ဆိုင်တွင် ဝယ်ယူသူများလာသည်မှာ အကြိမ်ကြိမ် ။ ထို့အတွက်ကြောင့်လည်း ထင်က မေမီမိုးအတွက်ဆိုလျှင် အမြဲအချိန်ပေးဖြစ်သည် ။

" မေမီ တက်ရမဲ့ပွဲရဲ့ အနေအထားကို ကျွန်တော့်ကို နည်းနည်းပြောပြပါလား ၊ အဲဒါမှ ကျွန်တော်က အဝတ်အစားရွေးပေးလို့ရမှာ "

" ပွဲကတော့ လူငယ်ပွဲပဲ ကိုထင် ၊ အနုပညာအသိုင်းအဝန်းက လူတွေကိုလဲ ဖိတ်ထားတယ်တဲ့ ၊ စီးပွားရေးသမားတချို့လဲ ပါမယ် ကိုထင် "

မေမီမိုး ပြောနေသည့် စကားများကို ထင် အာရုံစိုက်ပြီးနားထောင်နေရင်း မျက်လုံးများကိုလည်း ဆိုင်အတွင်းဝေ့ဝဲကြည့်၍ လိုက်ဖက်မည့်အဝတ်အစားများကို သေသေချာချာ ရှာဖွေနေမိသည် ။ ထင့် မျက်လုံးအာရုံကို ဖမ်းစားသွားသည်မှာ ပြောင်လက်တောက်ပနေသည့် အနက်ရောင်ဂါဝန်တစ်ထည် ။ ချုပ်လုပ်ထားသည့်ပုံစံက ခန္ဓာကိုယ်ကောက်ကြောင်းကို ဦးစားပေးထားသည့်အတွက် မေမီမိုးနှင့်ကွက်တိ ။

ထင် ထိုအနက်ရောင်ဂါဝန်ဆီကို မြန်ဆန်စွာလျှောက်သွားလိုက်သည် ။

" ဒီဂါဝန်ကို မေမီ ဘယ်လိုသဘောရလဲ "

မေမီမိုး၏ ဒေါက်ဖိနပ်နှင့် ကြမ်းပြင်ထိတွေ့သံက စည်းချက်ညီညီ ထွက်ပေါ်လာလေ၏ ။ လမ်းလျှောက်လိုက်တိုင်း အညိုဖျော့ရောင်ဆံနွယ်ခွေလေးများက လှုပ်လှုပ်ခါခါ ။

မေမီမိုး မျက်လုံးရှေ့ရှိ အနက်ရောင်ဂါဝန်ကို စေ့စေ့စပ်စပ်ကြည့်လိုက်၏ ။ ပုံစံက ရိုးရိုးရှင်းရှင်းပင် ။

" ရိုးတော့ရိုးတယ်နော် ကိုထင် "

ထင် မေမီမိုးကို ခေါင်းညိတ်ပြလိုက်ပြီးမှ ရပ်နေသည့်ဝန်ထမ်းကောင်မလေးကို လှမ်းကြည့်လိုက်သည် ။

" ကိုယ့်ကို အင်္ကျီဖြုတ်ပေး "

သေသေချာချာလေ့ကျင့်ထားသည့်အတွက် ဝန်ထမ်းကောင်မလေး၏ လှုပ်ရှားမှုများသည် မြန်ဆန်လှသည် ။ ထင် ထိုအနက်ရောင်အင်္ကျီကို ဝန်ထမ်းဆီမှ လှမ်းယူလိုက်၏ ။

" မေမီ တစ်ခါတည်းဝတ်ကြည့်လိုက်ပါလား ၊ မေမီနဲ့ လိုက်မလိုက် ဆုံးဖြတ်လို့ရသွားတာပေါ့ "

" အိုကေ...အိုကေ...ကိုထင် ၊ မေမီ ဝတ်ကြည့်လိုက်မယ် "

အချိန် ငါးမိနစ်ခန့်အကြာ

" ဘယ်လိုလဲ မေမီ ၊ သဘောကျရဲ့လား "

ကိုယ်လုံးပေါ်မှန်ထဲရှိ ပုံရိပ်ကို မေမီ သေချာစွာကြည့်နေပြီးမှ အပြုံးမျက်နှာဖြင့် ခေါင်းညိတ်ပြလိုက်သည် ။

" သဘောကျတယ် ကိုထင် ၊ အရုပ်မမှာ ဝတ်ထားပေးတာနဲ့ ကွာသွားသလိုပဲနော် ၊ ခန္ဓာကိုယ်ပေါ် ရောက်သွားတော့ ကြည့်ရတာ ပိုလှသွားတယ် "

" မေမီ သဘောကျတယ်ဆိုရင် ကျွန်တော် ဝမ်းသာပါတယ် "

" သဘောကျတယ်...သဘောကျတယ်...တော်တော်လေးကို သဘောကျတယ် ၊ မေမီ့အလိုဆိုရင် ဒီဂါဝန်ကို ရွေးဖြစ်မှာမဟုတ်ဘူး...ကိုထင် ၊ သိပ်ရိုးနေလို့လေ ၊ ကိုထင်က ဖက်ရှင်နဲ့ပတ်သက်ပြီး တော်တော်အမြင်ရှိတာပဲ "

" အရိုးဆုံးက အဆန်းဆုံးပဲလေ မေမီ ၊ ဒီဂါဝန်ရဲ့ အားသာချက်က ခန္ဓာကိုယ်လှတဲ့သူဝတ်လိုက်ရင် လုံးဝကြော့ရှင်းသွားမဲ့ ပုံစံမျိုး ၊ နောက်ပြီးတော့ ကျွန်တော် အကြံပေးချင်တာက မေမီ ဒီဂါဝန်ဝတ်ရင် လက်ဝတ်ရတနာ မဝတ်တာ ပိုကောင်းမယ် ၊ လည်ပိတ်လက်ရှည်ဆိုတော့ နားကပ်လောက်ပဲဝတ်ရင်ကို အဆင်ပြေတယ် မေမီ ၊ ဒါကတော့ ကျွန်တော့်အမြင်ပေါ့ မေမီ... ကာယကံရှင်ရဲ့ ဆန္ဒကတော့ အဓိကပါ..."

" အို...ကိုထင်ရဲ့ အကြံပြုချက်ကို လက်ခံရမှာပေါ့ ၊ ကိုထင်ပြောသလိုမျိုး ဝတ်ပြီး အဲဒီပွဲကို တက်လိုက်မယ် ၊ ဒါနဲ့ ကိုထင် ဒီနေ့နည်းနည်းထူးဆန်းနေသလိုပဲ "

" ဗျာ..."

" အဝတ်အစား ... ဆံပင်ပုံစံ... နောက်ပြီးတော့ ဘာလက်ဝတ်ရတနာမှ မဝတ်ထားဘူးလေ "

မေမီမိုး၏ စကားကြောင့် ထင် ပြုံးလိုက်မိသည် ။

" အင်း...အပြောင်းအလဲလေး လုပ်ချင်လို့ပါ မေမီ ၊ ကျွန်တော့်ပုံစံက တော်တော်ဆိုးနေလို့လား "

" ဘယ်ကလာ...မဆိုးပါဘူး ၊ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းတယ် ကိုထင် ၊ ကိုထင်က နဂိုချောပြီးသားပဲလေ ၊ စွပ်ကျယ်လက်ပြတ်နဲ့ ဘောင်းဘီအပြဲဝတ်ထားရင်လဲ ကိုထင်က ကြည့်ကောင်းမှာပဲ "

ထိုစကားသည် အမှန်ဖြစ်၏ ။ "အလက်ဇန်းဒါးထင်" ဆိုသည့် ထိုအမျိုးသားက ချမ်းသာမှုများကိုဖယ်ထားလိုက်လျှင်ပင် ရုပ်ရည်အားဖြင့်လည်း အမျိုးသမီးများ၏ စိတ်ကူးယဉ်စံနှုန်းနှင့်ကွက်တိ ။ ယခင်ဝတ်နေကျ အဝတ်အစားများဖြင့်ဆိုလျှင်လည်း ပြည့်စုံချောမောသလို ၊ ယခုကဲ့သို့ တီရှပ်အဖြူရောင်လက်တိုနှင့် ဂျင်းဘောင်းဘီအနက်ရောင်ကို ခပ်ရိုးရိုးဝတ်ထားသည့်အခါတွင်လည်း လူငယ်ဆန်စွာ ကြည့်ကောင်းပြန်၏ ။

" မေမီရဲ့ ချီးကျူးစကားကြောင့် ကျွန်တော်တော့ ဝမ်းသာလုံးဆို့သွားပါပြီဗျာ "

ထင် တကယ်ကို ဝမ်းသာသွားသည် ။ အစက သည်အဝတ်အစားများကို ဝတ်ထားသော်လည်း ယုံကြည်ချက်က သိပ်မများ ။ ယခုကဲ့သို့ မေမီမိုးဆီမှ စကားကို ကြားလိုက်ရသည့်အခါ လျော့ပါးနေသော ယုံကြည်ချက်များက ပြန်ပြည့်ဝလာသည် ။

တကယ်ပါ ၊ အဲဒီကောင်လေးရဲ့ ဂရုမစိုက်တဲ့ အပြုအမှုတွေက ထင်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်တွေကို လာပြီး ထိခိုက်တယ် ။

အပြစ်ပေးတဲ့အနေနဲ့ မင်းရဲ့ဆံပင် တိုတိုလေးတွေကို အားနဲ့ဆုပ်ကိုင်ပစ်ချင်တယ် ကောင်လေး...။

" ဟုတ်ပြီ ညီလေး ၊ အဲဒါဆိုရင် အစ်ကို အဆင်သင့်စောင့်နေလိုက်မယ် "

စည်သူ့ဆီမှ ထွက်ပေါ်လာသည့် အသံတိုးတိုး ။ ထိုအသံတိုးတိုးကပင် ထင့် မျက်လုံးများကို အရောင်လက်သွားစေသည် ။ သိပ်မကြာမီ ထိုကောင်လေးကို တွေ့ရတော့မည်ဆိုသော စိတ်ခံစားချက်က တစ်မျိုးတော့တစ်မျိုးပင် ။ မည်ကဲ့သို့ ဖော်ပြရမည်ကို ထင်လည်း မသိတော့ ။

" ကိုထင် "

ဘေးနားရှိ မေမီမိုးဆီမှ ထွက်ပေါ်လာသည့် အသံ ။

" ဘာလိုသေးလို့လဲ မေမီ "

" ဘာမှမလိုပါဘူး ၊ ကိုထင်က ချက်ချင်းကြီးပြုံးလာတာလေ ၊ အဲဒါကြောင့်..."

မေမီမိုးက ထင့်မျက်နှာကို သေသေချာချာကြည့်နေ၏ ။ ထင် နှုတ်ခမ်းတွန့်ရုံလေး ထပ်ပြုံးလိုက်သည့်အခါ မေမီမိုး၏မျက်လုံးများက ထင့်နှုတ်ခမ်းဆီသို့ ။

" ညကကြည့်ခဲ့တဲ့ ဟာသကားကို သတိပြန်ရလို့ပါ မေမီ "

" သြော်...ဟာသကားဆိုရင် မေမီလဲကြိုက်တယ် ကိုထင် ၊ နာမည်လေးပြောပြပါလား ၊ မေမီရှာကြည့်ချင်လို့ "

အဲဒါမှ ဒုက္ခပဲ ။ သူက မေမီမိုးကို ပြီးပြီးရော ပြောလိုက်တာလေ ။

မေမီမိုး၏ မျက်နှာကို ကြည့်လိုက်တော့လည်း သူ့ဆီမှ ထွက်လာမည့် ဟာသကား၏အမည်ကို စောင့်နေသည့်ပုံ ။

" ထိုင်းသရဲကားပါ မေမီ ၊ နာမည်တော့ ကျွန်တော်လဲ မသိဘူး "

" ကြည့်ချင်ပါတယ်ဆိုမှ... "

ခပ်ချွဲချွဲထွက်လာသည့် အသံနှင့်အတူ သူ့လက်မောင်းပေါ် ရောက်ရှိလာသည့် လက်တစ်ဖက် ။ ထိုလက်က ငြိမ်ငြိမ်မနေဘဲ သူ့လက်မောင်းကို မထိတထိပွတ်သပ်နေ၏ ။ သူ မေမီ့မျက်နှာကို လှမ်းကြည့်တော့ ပြုံးစစမျက်နှာဖြင့် မျက်ခုံးတန်းကို ဟန်ပါပါပင့်ပြလေသည် ။ စိတ်ထဲ မကြိုက်သော်လည်း ထင့်မျက်နှာပေါ်ရှိ အပြုံးကတော့ နဂိုအတိုင်း တောက်ပနေဆဲ ။ 

" အဲဒီဇာတ်ကားကို ထပ်တွေ့ရင် ကျွန်တော် သိမ်းထားပေးပါ့မယ် မေမီ... "

" ကျေးဇူးပါ ကိုထင် ၊ ကိုထင့်ဆီ လာလိုက်ရရင် စိတ်ချမ်းသာသွားရောပဲ ၊ မေမီ ရှေ့လထဲမှာလဲ ပွဲတစ်ခုတက်ဖို့ရှိတယ် ၊ အဲဒီအခါကျရင်လဲ မေမီကို အခုလိုမျိုးပဲ အဝတ်အစားရွေးပေးရမယ်နော် "

" စိတ်ချ...စိတ်ချ...မေမီ ၊ မေမီ ပွဲတက်ရမဲ့နေ့ကိုသာ စည်သူ့ဆီကို ပို့ထားလိုက်ပါ ၊ ကျွန်တော် မေမီနဲ့လိုက်မဲ့ ဝတ်စုံကို ကြိုစဉ်းစားပေးထားပါ့မယ် "

ကျေနပ်စွာပြုံးသွားသည့် မေမီမိုး၏မျက်နှာ ။ ဝန်ထမ်းကောင်မလေးများက သူတို့နှစ်ယောက်ကို ပြုံးရွှင်စွာကြည့်နေကြသလို အချို့ဝန်ထမ်းကောင်လေးများကတော့ မေမီမိုးကိုသာ မျက်တောင်မခတ်တမ်း ငေးကြည့်နေကြသည် ။

မေမီမိုးဆိုသည့် မိန်းကလေး၏ ရုပ်ရည်ကလည်း ထူးထူးခြားခြားလှသလို အနုပညာစွမ်းအားကလည်း မသေးလှပေ ။ ထို့အတူ ပရိသတ်များအပေါ် လွှမ်းမိုးနိုင်စွမ်းကလည်း အများသား ။ မေမီမိုးနှင့် ရန်သူဖြစ်ရမည်ထက် မိတ်ဆွေအဖြစ်ကိုသာ ထင် ရွေးချယ်ချင်သည် ။

ထင် မေမီမိုးနှင့် စကားပြောနေသော်လည်း မျက်လုံးကတော့ ခြံတံခါးဆီသို့သာ မပြတ်အကဲခတ်နေမိသည် ။

ကြာလိုက်တာ ၊ ဟိုနား...ဒီနားလေးမောင်းရတာကို ဘာဖြစ်လို့ ဒီလောက်ကြာနေရတာလဲ ။

ဘေးနားရှိ မေမီမိုးကလည်း သူ့ကို စကားအဆက်မပြတ် ပြောနေသည် ။ မကောင်းတတ်၍ ပြုံးပြီးခေါင်းညိတ်ပြနေရသော်လည်း အာရုံကတော့ အခြားနေရာမှာသာ ။

ကြာလိုက်တာ...ကြာလိုက်တာ...ကြာလိုက်တာ ။

ထိုအချိန် ထင့်မျက်လုံးထဲ ဝင်ရောက်လာသည့် ဆိုင်ကယ်တစ်စီးနှင့် လူတစ်ယောက် ။ နှုတ်ခမ်းကို မသိမသာဖိကိုက်မိသလို မှန်ထဲမှာထင်နေသည့် ပုံရိပ်ကိုလည်း လှမ်းကြည့်မိ၏ ။ Gelမလိမ်းထားသည့် ဆံနွယ်များနှင့် ခဲရောင်ကွင်းထိုးဖိနပ်က ထင့်ရုပ်ရည်ကို ပိုပြီးလူငယ်ဆန်စေသည် ။  ပန်းရောင်အဆင်းရှိသည့် နှုတ်ခမ်းသားထူထူကို လျှာဖြင့် ခပ်ဖွဖွသပ်လိုက်ပြီး ကျေနပ်စွာပြုံးလိုက်မိ၏ ။ ထင့်ပုံစံက ပေါ့ပေါ့ပါးပါး ၊ လန်းလန်းဆန်းဆန်း ။

" အစ်ကို့ကို စားစရာတွေ ကူသယ်ပေးအုံး "ဆိုပြီး စည်သူ့ဆီမှ စကားသံထွက်လာသလို ဝန်ထမ်းကောင်လေးတစ်ယောက်က စည်သူနှင့်အတူ ဆိုင်တံခါးဝဆီသို့ လျှောက်သွားရန် ခြေလှမ်းပြင်၏ ။ ထင့်ခေါင်းထဲမှာ အမျိုးအစားများပြားလှသော ဥာဏ်နီဥာဏ်နက်များဖြင့် ပြည့်နှက်သွားသည် ။

" စည်သူ "

ထင့်ဆီမှ ခေါ်သံကြောင့် စည်သူနှင့်ဝန်ထမ်းကောင်လေး၏ ခြေလှမ်းများက တုံ့ခနဲ ရပ်သွားသောအခါ ထင် စည်သူတို့နှစ်ယောက်
ဆီကို ခပ်မြန်မြန်လျှောက်သွားလိုက်သည် ။

" ကိုယ် သွားယူလိုက်မယ် စည်သူ ၊ ပိုက်ဆံရှင်းဖို့ တစ်ထောင်တန်တွေ စီစဉ်ထားပေး "

" ဟုတ်ကဲ့ ကိုထင် "

" မေမီ ကျွန်တော့်ကို ခဏခွင့်ပြုပါအုံးနော် ၊ ကျွန်တော်မှာထားတဲ့ ပစ္စည်းလေးတွေကို သွားယူလိုက်အုံးမယ် ၊ လိုအပ်တဲ့ပစ္စည်းတွေကို အေးအေးဆေးဆေးကြည့် မေမီ "

မေမီ ခေါင်းညိတ်ပြလိုက်ရသော်လည်း စိတ်ထဲတော့ သဘောမကျလှ ။ အကဲခတ်ရသည့်ပုံအရတော့ ကိုထင် ကိုယ်တိုင် သွားမယူလျှင်လည်း ဖြစ်မည့်ပုံပင် ။  ဆိုင်ပိုင်ရှင်ကြီးက ကဲကဲဆတ်ဆတ်ဖြင့် ကိုယ်တိုင်ကိုယ်ကျ သွားယူမည်ဆိုတော့ မေမီလည်း မတွေးတတ်တော့ပေ ။

ကိုထင်က စည်သူ့အနားသို့ကပ်၍

" ကိုယ့်ဆီ ပိုက်ဆံ ချက်ချင်းလာမပေးနဲ့ စည်သူ "

ဆိုပြီး ပြောလာသောကြောင့် အလိုက်တသိ ခေါင်းညိတ်ပြလိုက်သည် ။ ဆံပင်များထဲ လက်ထည့်၍ နှစ်ချက်ခန့်ခါလိုက်ပြီးမှ ဆိုင်တံခါးဆီ ဦးတည်လျှောက်သွားသည့် ကိုထင့်ခြေလှမ်းများက ခပ်သွက်သွက် ။

" တစ်ထောင်တန်တွေ စီစဉ်ထားပေး "ဆိုပြီး ပြောသွားသည့်စကားကြောင့် ပိုက်ဆံအိတ်ကိုဖွင့်၍ အသည်းအသန်ရှာကြည့်မိတော့ ရှိသည့် တစ်ထောင်တန်အရေအတွက်က ဆယ်ရွက်သာ ။ စည်သူ ခေါင်းကုတ်ပြီး ခြံထဲသို့ပင် ရောက်ရှိသွားသည့် ကိုထင်၏နောက်ကျောပြင်ကျယ်ကျယ်ကို ကြည့်၍ တွေးလိုက်မိသည်မှာ

" ကိုထင် ဘာများလုပ်ဖို့ပါလိမ့် " ဆိုပြီးသာ ဖြစ်၏ ။

ထင့်ကို တွေ့သွားလျှင် ဖြစ်သွားမည့် ထိုကောင်လေး၏ မျက်နှာပုံပန်းသဏ္ဍာန်ကို တွေ့မြင်ချင်စိတ်မှာ တော်တော်ကြီးမားနေ၏ ။ သိပ်မဝေးလှသည့် အကွာအဝေးဆိုသော်လည်း စိတ်ထဲတွင်တော့ ထင်ထားသည်ထက် ပိုကြာနေသည် ။

ထင် အနားရောက်သွားသည်အထိ ထိုကောင်လေး၏အကြည့်က ထင်မှတ်ထားသလိုမျိုး
ထင့်ဆီသို့ ရောက်မလာပေ ။  လမ်းလျှောက်လာသံကို မကြားစရာ အကြောင်းမရှိချေ ။ ဖြစ်နိုင်သည်က တမင်တကာကို လှည့်မကြည့်ခြင်းသာ ဖြစ်ပေလိမ့်မည် ။ ထင် လက်သီးဆုပ်ကို ပါးစပ်ရှေ့ထားပြီး ချောင်းဟန့်သံနှစ်ချက် ပေးလိုက်၏ ။
သည်ကောင်လေး ငယ်ငယ်ရွယ်ရွယ်သာရှိသေးသော်လည်း အကြားအာရုံ ချို့ယွင်းနေသည့်ပုံ ။ ကျောပေးထားသည့် နောက်ကျောပြင်အပေါ်ဘက်ကို ထင် လက်ညှိုးထိပ်ဖြင့် ခပ်ဖွဖွထိလိုက်မိ၏ ။ ဆတ်ခနဲ တုန်သွားသည်ကို အထိအတွေ့အရ ခံစားမိလိုက်ပြီး ထင် နှစ်နှစ်ကာကာ ပြုံးလိုက်မိတော့သည် ။

" ဒီမှာ..."

ထင့်ဆီမှ ခေါ်သံထွက်လာမှသာ မကောင်းတတ်၍ လှည့်ကြည့်လာသည့် ကောင်လေး ။

" Deliလာပို့တာမို့လား "

မညိတ်ချင်ညိတ်ချင်ဟန်ဖြင့် ခပ်မြန်မြန်ညိတ်လာသည့် ဦးခေါင်းလုံးလုံးလေး ။ ထို့နောက် သူ့အင်္ကျီအိတ်ကပ်ထဲမှ ဘောက်ချာစာရွက်ကို ထုတ်ယူလိုက်ပြီး ထင့်ဆီသို့ လှမ်းပေးလာ၏ ။

ထင် လက်ထဲရှိဘောက်ချာစာရွက်ကို ကြည့်လိုက်၍

" ဒါက "

ဆိုပြီး အမေးစကားဆိုတော့  မျက်လုံးဝေ့ကြည့်လာ၏ ။

" ဘောက်ချာလေ " ဆိုပြီး ဖြေလိုက်သံက မာဆတ်ဆတ် ။

" သြော်...ကိုယ် မသိလို့ပါ "

မျက်နှာပြောင်ပြောင်ဖြင့် ထိုစကားကို ထင် ပြောလိုက်သော်လည်း တစ်ဖက်ကတော့ တိတ်တိတ်ဆိတ်ဆိတ် ။

" မှာထားတဲ့ အစားအသောက်တွေတော့ အကုန်ရတယ်မို့လား "

စကားအနေဖြင့် မတုံ့ပြန်ဘဲ အမူအရာအားဖြင့်သာ တုံ့ပြန်လေသည် ။

" Discountရော မပေးဘူးလား ၊ ကိုယ်တို့က အများကြီးဝယ်ထားတာလေ "

" ပို့ခမယူထားဘူး "

နဂိုကတည်းက စကားနည်းတာလား ၊ ဒါမှမဟုတ် ထင့်ကိုမို့ မပြောချင်တာလားဆိုတာကို နောက်များမှ သေချာလေး မေးကြည့်ရအုံးမယ် ။

ထင် ကိုယ့်အတွေးနှင့်ကိုယ် ပြုံးရယ်မိသည့်အခါ မကြည်ကြည့်ဖြင့် တစ်ချက်ကြည့်ပြီး ဆိုင်ကယ်နောက်ခုံပေါ်တင်ထားသည့် ကော်ပုံးကြီးကို ဖွင့်လိုက်သည့် ကောင်လေး ။ ထိုကော်ပုံးထဲတွင် ဖော့ဘူးအဖြူများထည့်ထားသည့် ပလတ်စတစ်အိတ်ကြီး လေးအိတ်ပါ၏ ။ ထင့်ဘက်ကိုလှည့်ကြည့်ပြီး ထိုအိတ်ထုပ်များကို မေးဆတ်ပြလာသည့် ကောင်လေးကြောင့် ထင်လည်း ပြန်မေးဆတ်ပြလိုက်သည် ။

ဟုတ်တယ်လေ ...သူချေ...ကိုယ်ချေပဲ ။

" အိတ်ထုပ်တွေယူလေ ၊ နောက်ပြီး ပိုက်ဆံရှင်း "

" ဟမ်...အိတ်ထုပ်တွေကို လိုက်မပို့ပေးဘူးလား "

ခေါင်းခါပြသည်မှာ မြန်မြန်ဆန်ဆန် ။ ထိုအချိန် ကောင်လေး၏မျက်နှာကို ထင်သေသေချာချာကြည့်လိုက်မိသည် ။ မျက်နှာတစ်ခုလုံးတွင် နေရာယူထားသည့် ချွေးစက်များက မနည်းလှ ။ ခန္ဓာကိုယ်ကိုကြည့်လိုက်မိတော့လည်း အဖြူနှင့်အနက်ကွက် ရှပ်အင်္ကျီလက်တိုလေး၏ နောက်ကျောဘက်တွင်ပါ ချွေးများနစ်နေသည် ။

ဟုတ်သားပဲ ။ ထင်ကသာ အဲကွန်းခန်းထဲကထွက်လာလို့ သိပ်ပြီးပူမနေတာလေ ။ သူကတော့ နေပူကြီးထဲ ဆိုင်ကယ်စီးလာရတယ် ၊ နောက်ပြီးတော့ အခုလဲ နေပူကြီးထဲ ရပ်နေရတာဆိုတော့ ချွေးထွက်နေတာက သိပ်ပြီး မထူးဆန်းတော့ဘူး ။

အမှန်ဆိုလျှင် ဝန်ထမ်းတစ်ယောက်ကိုခေါ်ပြီး အိတ်ထုပ်သယ်ခိုင်း ၊ ပိုက်ဆံရှင်းပေးလိုက်လျှင် အဆင်ပြေသွားမည့်ကိစ္စ ။ သို့သော်လည်း ထင် ထိုကဲ့သို့လုပ်လိုက်လျှင် တေမိလက်သစ်လေးက ဆိုင်ကယ်စီးပြီး ထင့်အနားက ထွက်သွားလိမ့်မည် ။ ထိုကဲ့သို့ အခြေအနေမျိုးကိုလည်း ထင် မလိုချင်ပေ ။

ထင် လက်တစ်ဖက်ကို ကောင်လေးရှေ့သို့ ဆန့်တန်းပြလိုက်၏ ။

" ဟိုရက်က မင်း ရိုက်ချသွားတဲ့လက်ကလေ အခုထိ နာနေတုန်းပဲ ၊ ဒီအိတ်တွေကို ကိုယ် တစ်ယောက်တည်း သယ်နိုင်မှာ မဟုတ်ဘူး "

" အဲဒီတော့..."

" မင်း ကိုယ့်ကို ကူသယ်ပေးလေ ၊ ဟိုရက်ကလဲ မင်း အထဲကို ပို့ပေးတယ်မို့လား ၊ ဒီနေ့လဲ ကိုယ့်ကို ပို့ပေးလိုက်ပါလား..."

အကြံအိုက်နေဟန်ဖြင့် ခေါင်းကိုတစ်ချက်ကုတ်ပြီး ထင့်လက်ကို ခဏလှမ်းကြည့်၏ ။ ထိုအချိန်ခဏလေးအတွင်း ထင် လက်ကို ဖြည်းဖြည်းချင်းလှုပ်ပြီး မျက်နှာကိုပါ မသိမသာရှုံ့မဲ့ပစ်လိုက်သည် ။

" အဲဒီနေ့က ဟိုအစ်ကို တစ်ယောက်တည်း ဖြစ်နေလို့ အထုပ်တွေကူသယ်ပေးလိုက်တာ ၊ အခုဟာက ဟိုမှာ လူအများကြီးလေ..."

အသံနားထောင်ကြည့်ရုံဖြင့် တော်တော်လေး စိတ်ရှုပ်နေသည့် အသံမျိုးဖြစ်နေပြီး ညာလက်ကိုလည်း ဆိုင်ထဲထိုးပြလိုက်သည်မှာ ဆောင့်ဆောင့်အောင့်အောင့် ။ မသိများမသိလျှင် ထိုလက်က ထင့်မျက်လုံးများထဲကို ထိုးဖောက်ချင်နေသည့်ပုံ ။ ထင်လည်း ဆိုင်ထဲကို လှည့်ကြည့်လိုက်သည့်အချိန် ထင်တို့နှစ်ယောက်ကို အကဲခတ်နေဟန်ရသော ဝန်ထမ်းများ၏ဦးခေါင်းများက ချက်ချင်းပင် တစ်ဖက်ခြမ်းသို့ လှည့်သွားကြသည် ။

" ဒီနေ့လဲ သူတို့ မအားဘူးလေ "

မျက်နှာပြောင်ပြောင်ဖြင့် ထိုစကားကို ထင် ပြောလိုက်သည့်အခါ ကွက်ခနဲပျက်သွားသည့် မျက်နှာနုနု ။ ထိုကောင်လေး၏နဖူးစပ်မှ စီးကျလာသည့် ချွေးစက်များသည် မေးစေ့၌ တွဲလဲခိုနေသည်မှာ အသည်းယားစရာပင် ။ ထင် ထိုချွေးစက်များကို လက်ကိုင်ပဝါလေးဖြင့် သုတ်ပေးလိုက်ချင်သည် ။
ကြည့်နေဆဲမှာပင် ထိုချွေးစက်က အဖြူရောင်ဆွတ်နေသော ခြေခုံပေါ်သို့ ကျဆင်းသွား၏ ။

" ဟုတ်ပြီ... အဓိက သယ်မဲ့သူ မရှိတဲ့အတွက် ကျွန်တော် လိုက်ပို့ပေးရမယ်...အဲဒီလိုမို့လား "

ခပ်ကျယ်ကျယ်ထွက်လာသည့် အသံကြောင့် ထင် ခေါင်းကို တဆတ်ဆတ်ညိတ်ပြမိသည် ။

ကောင်လေးက ပုံးထဲမှ အထုပ်တစ်ထုပ်ကိုယူလိုက်ပြီး ထင့်ဆီကို လှမ်းပေးလာသည် ။ ထင် မျက်ခုံးပင့်ပြလိုက်ပြီး လက်လေးကို မြှောက်ပြလိုက်၏ ။

" ကောင်းတဲ့လက်နဲ့သယ်လေ ၊ လက်တစ်ဖက်ကတော့ ကောင်းတယ်မို့လား ၊ ကျန်တဲ့သုံးထုပ်ကို ကျွန်တော် သယ်ခဲ့မယ် "

အဲဒီလိုမျိုး စောစောစီးစီး လိမ္မာလိုက်ရင် နေပူထဲအကြာကြီး ရပ်နေစရာမလိုဘူးပေါ့ ကောင်လေးရာ...။

စိတ်ထဲမှာတော့ အကြီးအကျယ်ပျော်သွားသော်လည်း ထိုအပျော်ကို မျက်နှာပေါ်သို့ ရောက်မလာစေရန် တော်တော်ထိန်းချုပ်လိုက်ရသည် ။ မျက်နှာသေဖြင့် အိတ်ထုပ်ကို လှမ်းယူလိုက်ပြီး ဆိုင်ထဲကို ထင် ဦးတည်လိုက်သည့်အခါ ကျန်အိတ်သုံးထုပ်ကို လက်နှစ်ဖက်ဖြင့်သယ်ပြီး ထင့်နောက်ဘက်တွင် ကပ်ပါလာသည့် ကောင်လေး ။ မသိမသာ ၊ သိသိသာသာ အကဲခတ်နေကြသည့် မျက်လုံးပေါင်းများစွာကို ထင် မသိဟန်ဆောင်ထားလိုက်သည် ။ တက်ကြွသော ခြေလှမ်းများကတော့ အဆောက်အဦး၏ အစွန်ဆုံး၌ တည်ရှိနေသော ထမင်းစားခန်းသို့ ။

ထင် လက်ထဲရှိ အိတ်ထုပ်ကို စားပွဲပေါ်တင်လိုက်ပြီး မျက်လုံးထောင့်ကပ်၍ ဘေးနားဆီမှ ကောင်လေးကို ကြည့်လိုက်မိသည် ။ ထင် တင်ထားသည့်အိတ်ထုပ်ဘေး၌ သူ့လက်ထဲရှိအိတ်ထုပ်သုံးထုပ်ကို ကပ်တင်လိုက်သည်မှာ သွက်သွက်လက်လက် ။ သိပ်မကျယ်သည့်အခန်းထဲ၌ ထိုကောင်လေးဆီမှ ထွက်လာသည့် အသက်ရှုသံသဲ့သဲ့က ခပ်တိုးတိုးပျံ့နှံ့လျက် ။  ထင့်ရှေ့သို့ ဘယ်လက်ကို ဖြန့်လိုက်သည့် ကောင်လေး ။

" ဘာလဲ "

" ပိုက်ဆံလေ...ပိုက်ဆံ ၊ ပစ္စည်းလဲပို့ပြီးပြီလေ ၊ အခုပိုက်ဆံရှင်းပေးတော့ "

" နေပါအုံး...ဘယ်လိုဖြစ်ပြီး လောနေရတာလဲ ၊ ကိုယ်က ထွက်ပြေးမဲ့သူမှ မဟုတ်တာကွာ ၊ ခဏစောင့်အုံး...ကိုယ့်ဝန်ထမ်း ပိုက်ဆံလာပေးလိမ့်မယ် ၊ ဒါနဲ့ မင်း ကြည့်ရတာ ရေဆာနေသလိုပဲ ၊ တစ်ခုခုသောက်မလား "

ခေါင်းခါပြပြီး တံခါးပေါက်၏ ဘေးဘက်၌ ကပ်ရပ်နေသည်မှာ ခပ်တောင့်တောင့် ။ ထင် ခုံပေါ်၌ ထိုင်ချလိုက်ပြီး မျက်လုံးရှေ့မှ ကောင်လေးကို သည်အတ်ိုင်းလေးကြည့်နေမိ၏ ။ ထိုကောင်လေး၏မျက်တောင်များက ထင့်ကဲ့သို့ ရှည်ရှည်ကော့ကော့မဟုတ်ဘဲ တိုတိုစိပ်စိပ်လေး ။ နှာတံကလည်း သိပ်မမြင့်ဘဲ အနေတော်ပုံစံမျိုး ။ အပေါ်နှုတ်ခမ်းက ပါးပါးလျလျဖြစ်ပြီး အောက်နှုတ်ခမ်းကတော့ အနည်းငယ်ထူသည် ။ နှုတ်ခမ်းသား၏အရောင်ကတော့ အတော်ကို နီစွေး၏ ။ ခြုံကြည့်လိုက်လျှင် ကြည့်ကောင်းသည့် ပုံစံမျိုးပင် ။ ထိုအချိန် ထင့်ဆီကို ဖျတ်ခနဲ ရောက်ရှိလာသည့် အကြည့်စူးစူး ။

ထင် ချောင်းဟန့်လိုက်ပြီး ဘောင်းဘီအိတ်ထဲမှ ဖုန်းကိုထုတ်၍ စည်သူ့ဆီသို့ ဖုန်းခေါ်လိုက်၏ ။

" စည်သူရေ...ပိုက်ဆံရရင် ယူခဲ့တော့လေ ၊ ဒီမှာ စောင့်နေတဲ့သူကို ကိုယ်အားနာလို့ ... မြန်မြန်လာခဲ့လိုက်ကွာ "

ပြောပြီးပြီးချင်း ထင် ဖုန်းကိုချ၍ မျက်နှာချင်းဆိုင်ရှိ ကောင်လေးကို ပြုံးပြလိုက်မိသည် ။

" အခုလာလိမ့်မယ်နော် ...ခဏလေးစောင့်ပေး "

ရှုတည်တည်အကြည့်က မပြောင်းမလဲ ။ ခေါင်းမညိတ် ၊ ခေါင်းမခါဘဲ ခပ်တည်တည်မျက်နှာထားဖြင့် ထိုကောင်လေးပုံစံက ထင့်အတွက်တော့ စိမ်းသက်လှ၏ ။ ထင်နှင့် ပတ်သက်ဆက်နွယ်သူများက ထင့်ကိုဆိုလျှင် လိုလားကြည်ဖြူသူများသာ ။ ယခုကဲ့သို့ မကြည်ဖြူသောဆက်ဆံရေးမျိုးက ထင့်စိတ်ကို ပိုမြူးကြွစေသည် ။ ပျင်းရိခြောက်သွေ့နေသော ထင့်အတွေးများကိုလည်း စိမ်းလန်းစေ၏ ။

စည်သူ ထမင်းစားခန်းထဲရောက်ချိန်၌ ကိုထင်က ထိုင်ခုံ၌ထိုင်နေပြီး ဟိုကောင်လေးကတော့ အတောင့်သားမတ်တတ်ရပ်နေသည် ။ ကိုထင့်မျက်နှာက ပြုံးစစဖြစ်နေသော်လည်း တစ်ယောက်သောသူ၏မျက်နှာကတော့ ခပ်တင်းတင်း ။

" ကိုထင်... ပိုက်ဆံရပါပြီ "

ကိုထင့်ပုံစံက အတွေးကမ္ဘာထဲမှ နိုးထလာသည့်ဟန် ။

" သြော်...အေး...စည်သူ...ပိုက်ဆံ ... ဒီမှာ ဘောက်ချာ... ကျသင့်ငွေကိုကြည့်ပြီး...ပေးလိုက် "

ထင် လှမ်းပေးသည့် ဘောက်ချာစာရွက်ကိုယူပြီး ကျသင့်ငွေကို ရေတွက်၍ ထိုကောင်လေးကို ပေးလိုက်သည့် စည်သူ ။ ထင့်အကြည့်ကတော့ ပိုက်ဆံကိုတစ်ရွက်ချင်း သေချာရေတွက်နေသည့် ကောင်လေးဆီတွင်သာ ။

အချို့လူများ ခပ်ပေါပေါ ပြောကြားခဲ့သည့် စကားလုံးများကို ထင် မယုံချင်ပါ ။
ထိုလူများ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကိုလည်း ထင် မကြုံချင်ပါ ။
ထင်က ဘဝကို ပေါ့ပါးလွတ်လပ်စွာနှင့် အနှောင်အဖွဲ့ကင်းကင်း ရှင်သန်ချင်သူသာ ဖြစ်၏ ။

31/5/2022
2/6/2022မှာ ပြန်တွေ့ကြမယ်
စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
ခင်လေးဉာဏ်

Zawgyi

လွပေသာကိုယ္ေနဟန္ထားႏွင့္ ၿပီးျပည့္စုံေသာမ်က္ႏွာအလွကို ပိုင္ဆိုင္ထားသည့္ မိန္းကေလးတစ္ေယာက္ ။ ဆိုင္ထဲ၌ ခပ္မတ္မတ္ကိုယ္ေနဟန္ထားျဖင့္ ရပ္ေနေသာ ထင့္ကို ျမင္သြားသည့္အခါ ထိုမိန္းကေလး၏မ်က္လုံးမ်ားက အေရာင္လက္သြားၿပီး မ်က္ႏွာထားကလည္း ၿပဳံးျမသြားေတာ့သည္ ။

" ကိုထင္က ေမမီကို တကယ္ေစာင့္ေပးေနတာပဲ "

ေျပာလည္းေျပာ ပခုံးေပၚရွိ Gucciအိတ္ကိုျဖဳတ္ယူလိုက္ၿပီး ေနာက္ဘက္ရွိ မိတ္ကပ္ဆရာ၏ လက္ထဲသို႔ ထည့္ေပးလိုက္သည့္ ေမမီမိုး ။

" မေစာင့္စရာလား ေမမီ ၊ ေမမီက ကြၽန္ေတာ့္ဆိုင္ကို လာၿပီးအားေပးတာနဲ႕ကို ေက်းဇူးတင္ေနရတာပါဗ်ာ "

ထင့္စကားေၾကာင့္ ေမမီ့ဆီမွ မ်က္ေစာင္းႏုႏုေလးတစ္ခု ဝဲပ်ံလာေလသည္ ။

" သူေဌးကလဲေနာ္...သိပ္ၿပီး ႏွိမ့္ခ်တတ္တာပဲ ၊ မသိမ်ားမသိရင္ ကိုထင့္ဆိုင္က ေသးေသးေလးလိုမ်ိဳး ေျပာေနတယ္ "

ထင္ကေတာ့ ၿပဳံး႐ုံေလးၿပဳံးလိုက္မိသည္ ။ ေမမီမိုးလို နာမည္ႀကီးမင္းသမီးတစ္ေယာက္က သူ႕ဆိုင္ကို လာၿပီး လိုအပ္သည္မ်ားဝယ္ယူသည္က မထူးဆန္းေပ ။ ထိုအရာထက္ ပိုအေရးႀကီးသည္မွာ ေမမီမိုးက ဝယ္ယူထားသည့္ပစၥည္းမ်ားကို သူ႕ဆိုင္မွဝယ္ထားျခင္းျဖစ္ေၾကာင္း အမ်ားသိေအာင္ ေၾကာ္ျငာေပးျခင္းပင္ ။ ေမမီမိုးပစၥည္းတစ္ခါလာဝယ္ၿပီးသည္ႏွင့္ ထင့္ဆိုင္တြင္ ဝယ္ယူသူမ်ားလာသည္မွာ အႀကိမ္ႀကိမ္ ။ ထို႔အတြက္ေၾကာင့္လည္း ထင္က ေမမီမိုးအတြက္ဆိုလွ်င္ အၿမဲအခ်ိန္ေပးျဖစ္သည္ ။

" ေမမီ တက္ရမဲ့ပြဲရဲ႕ အေနအထားကို ကြၽန္ေတာ့္ကို နည္းနည္းေျပာျပပါလား ၊ အဲဒါမွ ကြၽန္ေတာ္က အဝတ္အစားေ႐ြးေပးလို႔ရမွာ "

" ပြဲကေတာ့ လူငယ္ပြဲပဲ ကိုထင္ ၊ အႏုပညာအသိုင္းအဝန္းက လူေတြကိုလဲ ဖိတ္ထားတယ္တဲ့ ၊ စီးပြားေရးသမားတခ်ိဳ႕လဲ ပါမယ္ ကိုထင္ "

ေမမီမိုး ေျပာေနသည့္ စကားမ်ားကို ထင္ အာ႐ုံစိုက္ၿပီးနားေထာင္ေနရင္း မ်က္လုံးမ်ားကိုလည္း ဆိုင္အတြင္းေဝ့ဝဲၾကည့္၍ လိုက္ဖက္မည့္အဝတ္အစားမ်ားကို ေသေသခ်ာခ်ာ ရွာေဖြေနမိသည္ ။ ထင့္ မ်က္လုံးအာ႐ုံကို ဖမ္းစားသြားသည္မွာ ေျပာင္လက္ေတာက္ပေနသည့္ အနက္ေရာင္ဂါဝန္တစ္ထည္ ။ ခ်ဳပ္လုပ္ထားသည့္ပုံစံက ခႏၶာကိုယ္ေကာက္ေၾကာင္းကို ဦးစားေပးထားသည့္အတြက္ ေမမီမိုးႏွင့္ကြက္တိ ။

ထင္ ထ်ိုအနက်ရောင်ဂါဝန်ဆီကို ျမန္ဆန္စြာေလွ်ာက္သြားလိုက္သည္ ။

" ဒီဂါဝန္ကို ေမမီ ဘယ္လိုသေဘာရလဲ "

ေမမီမိုး၏ ေဒါက္ဖိနပ္ႏွင့္ ၾကမ္းျပင္ထိေတြ႕သံက စည္းခ်က္ညီညီ ထြက္ေပၚလာေလ၏ ။ လမ္းေလွ်ာက္လိုက္တိုင္း အညိုေဖ်ာ့ေရာင္ဆံႏြယ္ေခြေလးမ်ားက လႈပ္လႈပ္ခါခါ ။

ေမမီမိုး မ်က္လုံးေရွ႕ရွိ အနက္ေရာင္ဂါဝန္ကို ေစ့ေစ့စပ္စပ္ၾကည့္လိုက္၏ ။ ပုံစံက ရိုးရိုးရွင္းရွင္းပင္ ။

" ရိုးေတာ့ရိုးတယ္ေနာ္ ကိုထင္ "

ထင္ ေမမီမိုးကို ေခါင္းညိတ္ျပလိုက္ၿပီးမွ ရပ္ေနသည့္ဝန္ထမ္းေကာင္မေလးကို လွမ္းၾကည့္လိုက္သည္ ။

" ကိုယ့္ကို အကၤ်ီျဖဳတ္ေပး "

ေသေသခ်ာခ်ာေလ့က်င့္ထားသည့္အတြက္ ဝန္ထမ္းေကာင္မေလး၏ လႈပ္ရွားမႈမ်ားသည္ ျမန္ဆန္လွသည္ ။ ထင္ ထိုအနက္ေရာင္အကၤ်ီကို ဝန္ထမ္းဆီမွ လွမ္းယူလိုက္၏ ။

" ေမမီ တစ္ခါတည္းဝတ္ၾကည့္လိုက္ပါလား ၊ ေမမီနဲ႕ လိုက္မလိုက္ ဆုံးျဖတ္လို႔ရသြားတာေပါ့ "

" အိုေက...အိုေက...ကိုထင္ ၊ ေမမီ ဝတ္ၾကည့္လိုက္မယ္ "

အခ်ိန္ ငါးမိနစ္ခန့္အၾကာ

" ဘယ္လိုလဲ ေမမီ ၊ သေဘာက်ရဲ႕လား "

ကိုယ္လုံးေပၚမွန္ထဲရွိ ပုံရိပ္ကို ေမမီ ေသခ်ာစြာၾကည့္ေနၿပီးမွ အၿပဳံးမ်က္ႏွာျဖင့္ ေခါင္းညိတ္ျပလိုက္သည္ ။

" သေဘာက်တယ္ ကိုထင္ ၊ အ႐ုပ္မမွာ ဝတ္ထားေပးတာနဲ႕ ကြာသြားသလိုပဲေနာ္ ၊ ခႏၶာကိုယ္ေပၚ ေရာက္သြားေတာ့ ၾကည့္ရတာ ပိုလွသြားတယ္ "

" ေမမီ သေဘာက်တယ္ဆိုရင္ ကြၽန္ေတာ္ ဝမ္းသာပါတယ္ "

" သေဘာက်တယ္...သေဘာက်တယ္...ေတာ္ေတာ္ေလးကို သေဘာက်တယ္ ၊ ေမမီ့အလိုဆိုရင္ ဒီဂါဝန္ကို ေ႐ြးျဖစ္မွာမဟုတ္ဘူး...ကိုထင္ ၊ သိပ္ရိုးေနလို႔ေလ ၊ ကိုထင္က ဖက္ရွင္နဲ႕ပတ္သက္ၿပီး ေတာ္ေတာ္အျမင္ရွိတာပဲ "

" အရိုးဆုံးက အဆန္းဆုံးပဲေလ ေမမီ ၊ ဒီဂါဝန္ရဲ႕ အားသာခ်က္က ခႏၶာကိုယ္လွတဲ့သူဝတ္လိုက္ရင္ လုံးဝေၾကာ့ရွင္းသြားမဲ့ ပုံစံမ်ိဳး ၊ ေနာက္ၿပီးေတာ့ ကြၽန္ေတာ္ အႀကံေပးခ်င္တာက ေမမီ ဒီဂါဝန္ဝတ္ရင္ လက္ဝတ္ရတနာ မဝတ္တာ ပိုေကာင္းမယ္ ၊ လည္ပိတ္လက္ရွည္ဆိုေတာ့ နားကပ္ေလာက္ပဲဝတ္ရင္ကို အဆင္ေျပတယ္ ေမမီ ၊ ဒါကေတာ့ ကြၽန္ေတာ့္အျမင္ေပါ့ ေမမီ... ကာယကံရွင္ရဲ႕ ဆႏၵကေတာ့ အဓိကပါ..."

" အို...ကိုထင္ရဲ႕ အႀကံျပဳခ်က္ကို လက္ခံရမွာေပါ့ ၊ ကိုထင္ေျပာသလိုမ်ိဳး ဝတ္ၿပီး အဲဒီပြဲကို တက္လိုက္မယ္ ၊ ဒါနဲ႕ ကိုထင္ ဒီေန႕နည္းနည္းထူးဆန္းေနသလိုပဲ "

" ဗ်ာ..."

" အဝတ္အစား ... ဆံပင္ပုံစံ... ေနာက္ၿပီးေတာ့ ဘာ
လက္ဝတ္ရတနာမွ မဝတ္ထားဘူးေလ "

ေမမီမိုး၏ စကားေၾကာင့္ ထင္ ၿပဳံးလိုက္မိသည္ ။

" အင္း...အေျပာင္းအလဲေလး လုပ္ခ်င္လို႔ပါ ေမမီ ၊ ကြၽန္ေတာ့္ပုံစံက ေတာ္ေတာ္ဆိုးေနလို႔လား "

" ဘယ္ကလာ...မဆိုးပါဘူး ၊ ေပါ့ေပါ့ပါးပါးနဲ႕ ၾကည့္ေကာင္းတယ္ ကိုထင္ ၊ ကိုထင္က နဂိုေခ်ာၿပီးသားပဲေလ ၊ စြပ္က်ယ္လက္ျပတ္နဲ႕ ေဘာင္းဘီအၿပဲဝတ္ထားရင္လဲ ကိုထင္က ၾကည့္ေကာင္းမွာပဲ "

ထိုစကားသည္ အမွန္ျဖစ္၏ ။ "အလက္ဇန္းဒါးထင္" ဆိုသည့္ ထိုအမ်ိဳးသားက ခ်မ္းသာမႈမ်ားကိုဖယ္ထားလိုက္လွ်င္ပင္ ႐ုပ္ရည္အားျဖင့္လည္း အမ်ိဳးသမီးမ်ား၏ စိတ္ကူးယဥ္စံႏႈန္းႏွင့္ကြက္တိ ။ ယခင္ဝတ္ေနက် အဝတ္အစားမ်ားျဖင့္ဆိုလွ်င္လည္း ျပည့္စုံေခ်ာေမာသလို ၊ ယခုကဲ့သို႔ တီရွပ္အျဖဴေရာင္လက္တိုႏွင့္ ဂ်င္းေဘာင္းဘီအနက္ေရာင္ကို ခပ္ရိုးရိုးဝတ္ထားသည့္အခါတြင္လည္း လူငယ္ဆန္စြာ ၾကည့္ေကာင္းျပန္၏ ။

" ေမမီရဲ႕ ခ်ီးက်ဴးစကားေၾကာင့္ ကြၽန္ေတာ္ေတာ့ ဝမ္းသာလုံးဆို႔သြားပါၿပီဗ်ာ "

ထင္ တကယ္ကို ဝမ္းသာသြားသည္ ။ အစက သည္အဝတ္အစားမ်ားကို ဝတ္ထားေသာ္လည္း ယုံၾကည္ခ်က္က သိပ္မမ်ား ။ ယခုကဲ့သို႔ ေမမီမိုးဆီမွ စကားကို ၾကားလိုက္ရသည့္အခါ ေလ်ာ့ပါးေနေသာ ယုံၾကည္ခ်က္မ်ားက ျပန္ျပည့္ဝလာသည္ ။

တကယ္ပါ ၊ အဲဒီေကာင္ေလးရဲ႕ ဂ႐ုမစိုက္တဲ့ အျပဳအမႈေတြက ထင္ရဲ႕ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္ခ်က္ေတြကို လာၿပီး ထိခိုက္တယ္ ။

အျပစ္ေပးတဲ့အေနနဲ႕ မင္းရဲ႕ဆံပင္ တိုတိုေလးေတြကို အားနဲ႕ဆုပ္ကိုင္ပစ္ခ်င္တယ္ ေကာင္ေလး...။

" ဟုတ္ၿပီ ညီေလး ၊ အဲဒါဆိုရင္ အစ္ကို အဆင္သင့္ေစာင့္ေနလိုက္မယ္ "

စည္သူ႕ဆီမွ ထြက္ေပၚလာသည့္ အသံတိုးတိုး ။ ထိုအသံတ်ိုးတိုးကပင် ထင့္ မ်က္လုံးမ်ားကို အေရာင္လက္သြားေစသည္ ။ သိပ္မၾကာမီ ထိုေကာင္ေလးကို ေတြ႕ရေတာ့မည္ဆိုေသာ စိတ္ခံစားခ်က္က တစ္မ်ိဳးေတာ့တစ္မ်ိဳးပင္ ။ မည္ကဲ့သို႔ ဖော်ပြရမည်က်ိုတော့ ထင္လည္း မသိေတာ့ ။

" ကိုထင္ "

ေဘးနားရွိ ေမမီမိုးဆီမွ ထြက္ေပၚလာသည့္ အသံ ။

" ဘာလိုေသးလို႔လဲ ေမမီ "

" ဘာမွမလိုပါဘူး ၊ ကိုထင္က ခ်က္ခ်င္းႀကီးၿပဳံးလာတာေလ ၊ အဲဒါေၾကာင့္..."

ေမမီမိုးက ထင့္မ်က္ႏွာကို ေသေသခ်ာခ်ာၾကည့္ေန၏ ။ ထင္ ႏႈတ္ခမ္းတြန့္႐ုံေလး ထပ္ၿပဳံးလိုက္သည့္အခါ ေမမီမိုး၏မ်က္လုံးမ်ားက ထင့္ႏႈတ္ခမ္းဆီသို႔ ။

" ညကၾကည့္ခဲ့တဲ့ ဟာသကားကို သတိျပန္ရလို႔ပါ ေမမီ "

" ေၾသာ္...ဟာသကားဆိုရင္ ေမမီလဲႀကိဳက္တယ္ ကိုထင္ ၊ နာမည္ေလးေျပာျပပါလား ၊ ေမမီရွာၾကည့္ခ်င္လို႔ "

အဲဒါမွ ဒုကၡပဲ ။ သူက ေမမီမိုးကို ၿပီးၿပီးေရာ ေျပာလိုက္တာေလ ။

ေမမီမိုး၏ မ်က္ႏွာကို ၾကည့္လိုက္ေတာ့လည္း သူ႕ဆီမွ ထြက္လာမည့္ ဟာသကား၏အမည္ကို ေစာင့္ေနသည့္ပုံ ။

" ထိုင္းသရဲကားပါ ေမမီ ၊ နာမည္ေတာ့ ကြၽန္ေတာ္လဲ မသိဘူး "

" ၾကည့္ခ်င္ပါတယ္ဆိုမွ... "

ခပ္ခြၽဲခြၽဲထြက္လာသည့္ အသံႏွင့္အတူ သူ႕လက္ေမာင္းေပၚ ေရာက္ရွိလာသည့္ လက္တစ္ဖက္ ။ ထိုလက္က ၿငိမ္ၿငိမ္မေနဘဲ သူ႕လက္ေမာင္းကို မထိတထိပြတ္သပ္ေန၏ ။ သူ ေမမီ့မ်က္ႏွာကို လွမ္းၾကည့္ေတာ့ ၿပဳံးစစမ်က္ႏွာျဖင့္ မ်က္ခုံးတန္းကို ဟန္ပါပါပင့္ျပေလသည္ ။ စိတ္ထဲ မႀကိဳက္ေသာ္လည္း ထင့္မ်က္ႏွာေပၚရွိ အၿပဳံးကေတာ့ နဂိုအတ်ိုင်း ေတာက္ပေနဆဲ ။ 

" အဲဒီဇာတ္ကားကို ထပ္ေတြ႕ရင္ ကြၽန္ေတာ္ သိမ္းထားေပးပါ့မယ္ ေမမီ... "

" ေက်းဇူးပါ ကိုထင္ ၊ ကိုထင့္ဆီ လာလိုက္ရရင္ စိတ္ခ်မ္းသာသြားေရာပဲ ၊ ေမမီ ေရွ႕လထဲမွာလဲ ပြဲတစ္ခုတက္ဖို႔ရွိတယ္ ၊ အဲဒီအခါက်ရင္လဲ ေမမီကို အခုလိုမ်ိဳးပဲ အဝတ္အစားေ႐ြးေပးရမယ္ေနာ္ "

" စိတ္ခ်...စိတ္ခ်...ေမမီ ၊ ေမမီ ပြဲတက္ရမဲ့ေန႕ကိုသာ စည္သူ႕ဆီကို ပို႔ထားလိုက္ပါ ၊ ကြၽန္ေတာ္ ေမမီနဲ႕လိုက္မဲ့ ဝတ္စုံကို ႀကိဳစဥ္းစားေပးထားပါ့မယ္ "

ေက်နပ္စြာၿပဳံးသြားသည့္ ေမမီမိုး၏မ်က္ႏွာ ။ ဝန္ထမ္းေကာင္မေလးမ်ားက သူတို႔ႏွစ္ေယာက္ကို ၿပဳံး႐ႊင္စြာၾကည့္ေနၾကသလို အခ်ိဳ႕ဝန္ထမ္းေကာင္ေလးမ်ားကေတာ့ ေမမီမိုးကိုသာ မ်က္ေတာင္မခတ္တမ္း ေငးၾကည့္ေနၾကသည္ ။

ေမမီမိုးဆိုသည့္ မိန္းကေလး၏ ႐ုပ္ရည္ကလည္း ထူးထူးျခားျခားလွသလို အႏုပညာစြမ္းအားကလည္း မေသးလွေပ ။ ထို႔အတူ ပရိသတ္မ်ားအေပၚ လႊမ္းမိုးနိုင္စြမ္းကလည္း အမ်ားသား ။ ေမမီမိုးႏွင့္ ရန္သူျဖစ္ရမည္ထက္ မိတ္ေဆြအျဖစ္ကိုသာ ထင္ ေ႐ြးခ်ယ္ခ်င္သည္ ။

ထင္ ေမမီမိုးႏွင့္ စကားေျပာေနေသာ္လည္း မ်က္လုံးကေတာ့ ၿခံတံခါးဆီသို႔သာ မျပတ္အကဲခတ္ေနမိသည္ ။

ၾကာလိုက္တာ ၊ ဟိုနား...ဒီနားေလးေမာင္းရတာကို ဘာျဖစ္လို႔ ဒီေလာက္ၾကာေနရတာလဲ ။

ေဘးနားရွိ ေမမီမိုးကလည္း သူ႕ကို စကားအဆက္မျပတ္ ေျပာေနသည္ ။ မေကာင္းတတ္၍ ၿပဳံးၿပီးေခါင္းညိတ္ျပေနရေသာ္လည္း အာ႐ုံကေတာ့ အျခားေနရာမွာသာ ။

ၾကာလိုက္တာ...ၾကာလိုက္တာ...ၾကာလိုက္တာ ။

ထိုအခ်ိန္ ထင့္မ်က္လုံးထဲ ဝင္ေရာက္လာသည့္ ဆိုင္ကယ္တစ္စီးႏွင့္ လူတစ္ေယာက္ ။ ႏႈတ္ခမ္းကို မသိမသာဖိကိုက္မိသလို မွန္ထဲမွာ ထင္ေနသည့္ပုံရိပ္ကိုလည္း လွမ္းၾကည့္မိ၏ ။ Gelမလိမ္းထားသည့္ ဆံႏြယ္မ်ားႏွင့္ ခဲေရာင္ကြင္းထိုးဖိနပ္က ထင့္႐ုပ္ရည္ကို ပိုၿပီးလူငယ္ဆန္ေစသည္ ။  ပန္းေရာင္အဆင္းရွိသည့္ ႏႈတ္ခမ္းသားထူထူကို လွ်ာျဖင့္ ခပ္ဖြဖြသပ္လိုက္ၿပီး ေက်နပ္စြာၿပဳံးလိုက္မိ၏ ။ ထင့္ပုံစံက ေပါ့ေပါ့ပါးပါး ၊ လန္းလန္းဆန္းဆန္း ။

" အစ္ကို႔ကို စားစရာေတြ ကူသယ္ေပးအုံး "ဆိုၿပီး စည္သူ႕ဆီမွ စကားသံထြက္လာသလို ဝန္ထမ္းေကာင္ေလးတစ္ေယာက္က စည္သူႏွင့္အတူ ဆိုင္တံခါးဝဆီသို႔ ေလွ်ာက္သြားရန္ ေျခလွမ္းျပင္၏ ။ ထင့္ေခါင္းထဲမွာ အမ်ိဳးအစားမ်ားျပားလွေသာ ဥာဏ္နီဥာဏ္နက္မ်ားျဖင့္ ျပည့္ႏွက္သြားသည္ ။

" စည္သူ "

ထင့္ဆီမွ ေခၚသံေၾကာင့္ စည္သူႏွင့္ဝန္ထမ္းေကာင္ေလး၏ ေျခလွမ္းမ်ားက တုံ႕ခနဲ ရပ္သြားေသာအခါ ထင္ စည်သူတ်ို့နှစ်ယောက်ဆီကို ခပ္ျမန္ျမန္ေလွ်ာက္သြားလိုက္သည္ ။

" ကိုယ္ သြားယူလိုက္မယ္ စည္သူ ၊ ပိုက္ဆံရွင္းဖို႔ တစ္ေထာင္တန္ေတြ စီစဥ္ထားေပး "

" ဟုတ္ကဲ့ ကိုထင္ "

" ေမမီ ကြၽန္ေတာ့္ကို ခဏခြင့္ျပဳပါအုံးေနာ္ ၊ ကြၽန္ေတာ္မွာထားတဲ့ ပစၥည္းေလးေတြကို သြားယူလိုက္အုံးမယ္ ၊ လိုအပ္တဲ့ပစၥည္းေတြကို ေအးေအးေဆးေဆးၾကည့္ ေမမီ "

ေမမီ ေခါင္းညိတ္ျပလိုက္ရေသာ္လည္း စိတ္ထဲေတာ့ သေဘာမက်လွ ။ အကဲခတ္ရသည့္ပုံအရေတာ့ ကိုထင္ ကိုယ္တိုင္ သြားမယူလွ်င္လည္း ျဖစ္မည့္ပုံပင္ ။  ဆိုင္ပိုင္ရွင္ႀကီးက ကဲကဲဆတ္ဆတ္ျဖင့္ ကိုယ္တိုင္ကိုယ္က် သြားယူမည္ဆိုေတာ့ ေမမီလည္း မေတြးတတ္ေတာ့ေပ ။

ကိုထင္က စည္သူ႕အနားသို႔ကပ္၍

" ကိုယ့္ဆီ ပိုက္ဆံ ခ်က္ခ်င္းလာမေပးနဲ႕ စည္သူ "

ဆိုၿပီး ေျပာလာေသာေၾကာင့္ အလိုက္တသိ ေခါင္းညိတ္ျပလိုက္သည္ ။ ဆံပင္မ်ားထဲ လက္ထည့္၍ ႏွစ္ခ်က္ခန့္ခါလိုက္ၿပီးမွ ဆိုင္တံခါးဆီ ဦးတည္ေလွ်ာက္သြားသည့္ ကိုထင့္ေျခလွမ္းမ်ားက ခပ္သြက္သြက္ ။

" တစ္ေထာင္တန္ေတြ စီစဥ္ထားေပး "ဆိုၿပီး ေျပာသြားသည့္စကားေၾကာင့္ ပိုက္ဆံအိတ္ကိုဖြင့္၍ အသည္းအသန္ရွာၾကည့္မိေတာ့ ရွိသည့္ တစ္ေထာင္တန္အေရအတြက္က ဆယ္႐ြက္သာ ။ စည္သူ ေခါင္းကုတ္ၿပီး ၿခံထဲသို႔ပင္ ေရာက္ရွိသြားသည့္ ကိုထင္၏ေနာက္ေက်ာျပင္က်ယ္က်ယ္ကို ၾကည့္၍ ေတြးလိုက္မိသည္မွာ

" ကိုထင္ ဘာမ်ားလုပ္ဖို႔ပါလိမ့္ " ဆိုၿပီးသာ ျဖစ္၏ ။

ထင့္ကို ေတြ႕သြားလွ်င္ ျဖစ္သြားမည့္ ထိုေကာင္ေလး၏ မ်က္ႏွာပုံပန္းသ႑ာန္ကို ေတြ႕ျမင္ခ်င္စိတ္မွာ ေတာ္ေတာ္ႀကီးမားေန၏ ။ သိပ္မေဝးလွသည့္ အကြာအေဝးဆိုေသာ္လည္း စိတ္ထဲတြင္ေတာ့ ထင္ထားသည္ထက္ ပိုၾကာေနသည္ ။

ထင္ အနားေရာက္သြားသည္အထိ ထိုေကာင္ေလး၏အၾကည့္က ထင်မှတ်ထားသလိုမျ်ိုး ထင့္ဆီသို႔ ေရာက္မလာေပ ။  လမ္းေလွ်ာက္လာသံကို မၾကားစရာ အေၾကာင္းမရွိေခ် ။ ျဖစ္နိုင္သည္ကတမင္တကာကို လွည့္မၾကည့္ျခင္းသာ ျဖစ္ေပလိမ့္မည္ ။ ထင္ လက္သီးဆုပ္ကို ပါးစပ္ေရွ႕ထားၿပီး ေခ်ာင္းဟန့္သံႏွစ္ခ်က္ ေပးလိုက္၏ ။
သည္ေကာင္ေလး ငယ္ငယ္႐ြယ္႐ြယ္သာရွိေသးေသာ္လည္း အၾကားအာ႐ုံ ခ်ိဳ႕ယြင္းေနသည့္ပုံ ။ ေက်ာေပးထားသည့္ ေနာက္ေက်ာျပင္အေပၚဘက္ကို ထင္ လက္ညွိုးထိပ္ျဖင့္ ခပ္ဖြဖြထိလိုက္မိ၏ ။ ဆတ္ခနဲ တုန္သြားသည္ကို အထိအေတြ႕အရ ခံစားမိလိုက္ၿပီး ထင္ ႏွစ္ႏွစ္ကာကာ ၿပဳံးလိုက္မိေတာ့သည္ ။

" ဒီမွာ..."

ထင့္ဆီမွ ေခၚသံထြက္လာမွသာ မေကာင္းတတ္၍ လွည့္ၾကည့္လာသည့္ ေကာင္ေလး ။

" Deliလာပို႔တာမို႔လား "

မညိတ္ခ်င္ညိတ္ခ်င္ဟန္ျဖင့္ ခပ္ျမန္ျမန္ညိတ္လာသည့္ ဦးေခါင္းလုံးလုံးေလး ။ ထ်ို့နောက် သူ႕အကၤ်ီအိတ္ကပ္ထဲမွ ေဘာက္ခ်ာစာ႐ြက္ကို ထုတ္ယူလိုက္ၿပီး ထင့္ဆီသို႔ လွမ္းေပးလာ၏ ။

ထင္ လက္ထဲရွိေဘာက္ခ်ာစာ႐ြက္ကို ၾကည့္လိုက္၍

" ဒါက "

ဆိုၿပီး အေမးစကားဆိုေတာ့  မ်က္လုံးေဝ့ၾကည့္လာ၏ ။

" ေဘာက္ခ်ာေလ " ဆ်ိုပြီး ေျဖလိုက္သံက မာဆတ္ဆတ္ ။

" ေၾသာ္...ကိုယ္ မသိလို႔ပါ "

မ်က္ႏွာေျပာင္ေျပာင္ျဖင့္ ထိုစကားကို ထင္ ေျပာလိုက္ေသာ္လည္း တစ္ဖက္ကေတာ့ တိတ္တိတ္ဆိတ္ဆိတ္ ။

" မွာထားတဲ့ အစားအေသာက္ေတြေတာ့ အကုန္ရတယ္မို႔လား "

စကားအေနျဖင့္ မတုံ႕ျပန္ဘဲ အမူအရာအားျဖင့္သာ တုံ႕ျပန္ေလသည္ ။

" Discountေရာ မေပးဘူးလား ၊ ကိုယ္တို႔က အမ်ားႀကီးဝယ္ထားတာေလ "

" ပို႔ခမယူထားဘူး "

နဂိုကတည္းက စကားနည္းတာလား ၊ ဒါမွမဟုတ္ ထင့္ကိုမို႔ မေျပာခ်င္တာလားဆိုတာကို ေနာက္မ်ားမွ ေသခ်ာေလး ေမးၾကည့္ရအုံးမယ္ ။

ထင္ ကိုယ့္အေတြးႏွင့္ကိုယ္ ၿပဳံးရယ္မိသည့္အခါ မၾကည္ၾကည့္ျဖင့္ တစ္ခ်က္ၾကည့္ၿပီး ဆိုင္ကယ္ေနာက္ခုံေပၚတင္ထားသည့္ ေကာ္ပုံးႀကီးကို ဖြင့္လိုက္သည့္ ေကာင္ေလး ။ ထိုေကာ္ပုံးထဲတြင္ ေဖာ့ဘူးအျဖဴမ်ားထည့္ထားသည့္ ပလတ္စတစ္အိတ္ႀကီး ေလးအိတ္ပါ၏ ။ ထင့္ဘက္ကိုလွည့္ၾကည့္ၿပီး ထိုအိတ္ထုပ္မ်ားကို ေမးဆတ္ျပလာသည့္ ေကာင္ေလးေၾကာင့္ ထင္လည္း ျပန္ေမးဆတ္ျပလိုက္သည္ ။

ဟုတ္တယ္ေလ ...သူေခ်...ကိုယ္ေခ်ပဲ ။

" အိတ္ထုပ္ေတြယူေလ ၊ ေနာက္ၿပီး ပိုက္ဆံရွင္း "

" ဟမ္...အိတ္ထုပ္ေတြက လိုက္မပို႔ေပးဘူးလား "

ေခါင္းခါျပသည္မွာ ျမန္ျမန္ဆန္ဆန္ ။ ထိုအခ်ိန္ ေကာင္ေလး၏မ်က္ႏွာကို ထင္ေသေသခ်ာခ်ာၾကည့္လိုက္မိသည္ ။ မ်က္ႏွာတစ္ခုလုံးတြင္ ေနရာယူထားသည့္ ေခြၽးစက္မ်ားက မနည္းလွ ။ ခႏၶာကိုယ္ကိုၾကည့္လိုက္မိေတာ့လည္း အျဖဴႏွင့္အနက္ကြက္ ရွပ္အကၤ်ီလက္တိုေလး၏ ေနာက္ေက်ာဘက္တြင္ပါ ေခြၽးမ်ားနစ္ေနသည္ ။

ဟုတ္သားပဲ ။ ထင္ကသာ အဲကြန္းခန္းထဲကထြက္လာလို႔ သိပ္ၿပီးပူမေနတာေလ ။ သူကေတာ့ ေနပူႀကီးထဲ ဆိုင္ကယ္စီးလာရတယ္ ၊ ေနာက္ၿပီးေတာ့ အခုလဲ ေနပူႀကီးထဲ ရပ္ေနရတာဆိုေတာ့ ေခြၽးထြက္ေနတာက သိပ္ၿပီး မထူးဆန္းေတာ့ဘူး ။

အမွန္ဆိုလွ်င္ ဝန္ထမ္းတစ္ေယာက္ကိုေခၚၿပီး အိတ္ထုပ္သယ္ခိုင္း ၊ ပိုက္ဆံရွင္းေပးလိုက္လွ်င္ အဆင္ေျပသြားမည့္ကိစၥ ။ သို႔ေသာ္လည္း ထင္ ထိုကဲ့သို႔လုပ္လိုက္လွ်င္ ေတမိလက္သစ္ေလးက ဆိုင္ကယ္စီးၿပီး ထင့္အနားက ထြက္သြားလိမ့္မည္ ။ ထိုကဲ့သို႔ အေျခအေနမ်ိဳးကိုလည္း ထင္ မလိုခ်င္ေပ ။

ထင္ လက္တစ္ဖက္ကို ေကာင္ေလးေရွ႕သို႔ ဆန့္တန္းျပလိုက္၏ ။

" ဟိုရက္က မင္း ရိုက္ခ်သြားတဲ့လက္ကေလ အခုထိ နာေနတုန္းပဲ ၊ ဒီအိတ္ေတြကို ကိုယ္ တစ္ေယာက္တည္း သယ္နိုင္မွာ မဟုတ္ဘူး "

" အဲဒီေတာ့..."

" မင္း ကိုယ့္ကို ကူသယ္ေပးေလ ၊ ဟိုရက္ကလဲ မင္း အထဲကို ပို႔ေပးတယ္မို႔လား ၊ ဒီေန႕လဲ ကိုယ့္ကို ပို႔ေပးလိုက္ပါလား..."

အႀကံအိုက္ေနဟန္ျဖင့္ ေခါင္းကိုတစ္ခ်က္ကုတ္ၿပီး
ထင့္လက္ကို ခဏလွမ္းၾကည့္၏ ။ ထိုအခ်ိန္ခဏေလးအတြင္း ထင္ လက္ကို ျဖည္းျဖည္းခ်င္းလႈပ္ၿပီး မ်က္ႏွာကိုပါ မသိမသာရႈံ႕မဲ့ပစ္လိုက္သည္ ။

" အဲဒီေန႕က ဟိုအစ္ကိုတစ္ေယာက္တည္း ျဖစ္ေနလို႔ အထုပ္ေတြကူသယ္ေပးလိုက္တာ ၊ အခုဟာက ဟိုမွာ လူအမ်ားႀကီးေလ..."

အသံနားေထာင္ၾကည့္႐ုံျဖင့္ ေတာ္ေတာ္ေလး စိတ္ရႈပ္ေနသည့္ အသံမ်ိဳးျဖစ္ေနၿပီး ညာလက္ကိုလည္း ဆိုင္ထဲထိုးျပလိုက္သည္မွာ ေဆာင့္ေဆာင့္ေအာင့္ေအာင့္ ။ မသိမ်ားမသိလွ်င္ ထိုလက္က ထင့္မ်က္လုံးမ်ားထဲကို ထိုးေဖာက္ခ်င္ေနသည့္ပုံ ။ ထင္လည္း ဆိုင္ထဲကို လွည့္ၾကည့္လိုက္သည့္အခ်ိန္ ထင္တို႔ႏွစ္ေယာက္ကို အကဲခတ္ေနဟန္ရေသာ ဝန္ထမ္းမ်ား၏ဦးေခါင္းမ်ားက ခ်က္ခ်င္းပင္ တစ္ဖက္ျခမ္းသို႔ လွည့္သြားၾကသည္ ။

" ဒီေန႕လဲ သူတို႔ မအားဘူးေလ "

မ်က္ႏွာေျပာင္ေျပာင္ျဖင့္ ထိုစကားကို ထင္ ေျပာလိုက္သည့္အခါ ကြက္ခနဲပ်က္သြားသည့္ မ်က္ႏွာႏုႏု ။ ထိုေကာင္ေလး၏နဖူးစပ္မွ စီးက်လာသည့္ ေခြၽးစက္မ်ားသည္ ေမးေစ့၌ တြဲလဲခိုေနသည္မွာ အသည္းယားစရာပင္ ။ ထင္ ထိုေခြၽးစက္မ်ားကို လက္ကိုင္ပဝါေလးျဖင့္ သုတ္ေပးလိုက္ခ်င္သည္ ။
ၾကည့္ေနဆဲမွာပင္ ထိုေခြၽးစက္က အျဖဴေရာင္ဆြတ္ေနေသာ ေျခခုံေပၚသို႔ က်ဆင္းသြား၏ ။

" ဟုတ္ၿပီ... အဓိက သယ္မဲ့သူ မရွိတဲ့အတြက္ ကြၽန္ေတာ္ လိုက္ပို႔ေပးရမယ္...အဲဒီလိုမို႔လား "

ခပ္က်ယ္က်ယ္ထြက္လာသည့္ အသံေၾကာင့္ ထင္ ေခါင္းကို တဆတ္ဆတ္ညိတ္ျပမိသည္ ။

ေကာင္ေလးက ပုံးထဲမွ အထုပ္တစ္ထုပ္ကိုယူလိုက္ၿပီး ထင့္ဆီကို လွမ္းေပးလာသည္ ။ ထင္ မ်က္ခုံးပင့္ျပလိုက္ၿပီး လက္ေလးကို ျမႇောက္ျပလိုက္၏ ။

" ေကာင္းတဲ့လက္နဲ႕သယ္ေလ ၊ လက္တစ္ဖက္ကေတာ့ ေကာင္းတယ္မို႔လား ၊ က်န္တဲ့သုံးထုပ္ကို ကြၽန္ေတာ္ သယ္ခဲ့မယ္ "

အဲဒီလိုမ်ိဳး ေစာေစာစီးစီး လိမၼာလိုက္ရင္ ေနပူထဲအၾကာႀကီး ရပ္ေနစရာမလိုဘူးေပါ့ ေကာင္ေလးရာ...။

စိတ္ထဲမွာေတာ့ အႀကီးအက်ယ္ေပ်ာ္သြားေသာ္လည္း ထိုအေပ်ာ္ကို မ်က္ႏွာေပၚသို႔ ေရာက္မလာေစရန္ ေတာ္ေတာ္ထိန္းခ်ဳပ္လိုက္ရသည္ ။ မ်က္ႏွာေသျဖင့္ အိတ္ထုပ္ကို လွမ္းယူလိုက္ၿပီး ဆိုင္ထဲကို ထင္ ဦးတည္လိုက္သည့္အခါ က်န္အိတ္သုံးထုပ္ကို လက္ႏွစ္ဖက္ျဖင့္သယ္ၿပီး ထင့္ေနာက္ဘက္တြင္ ကပ္ပါလာသည့္ ေကာင္ေလး ။ မသိမသာ ၊ သိသိသာသာ အကဲခတ္ေနၾကသည့္ မ်က္လုံးေပါင္းမ်ားစြာကို ထင္ မသိဟန္ေဆာင္ထားလိုက္သည္ ။ တက္ႂကြေသာ ေျခလွမ္းမ်ားကေတာ့ အေဆာက္အဦး၏ အစြန္ဆုံး၌ တည္ရွိေနေသာ ထမင္းစားခန္းသို႔ ။

ထင္ လက္ထဲရွိ အိတ္ထုပ္ကို စားပြဲေပၚတင္လိုက္ၿပီး မ်က္လုံးေထာင့္ကပ္၍ ေဘးနားဆီမွ ေကာင္ေလးကို ၾကည့္လိုက္မိသည္ ။ ထင္ တင္ထားသည့္အိတ္ထုပ္ေဘး၌ သူ႕လက္ထဲရွိအိတ္ထုပ္သုံးထုပ္ကို ကပ္တင္လိုက္သည္မွာ သြက္သြက္လက္လက္ ။
သိပ္မက်ယ္သည့္အခန္းထဲ၌ ထိုေကာင္ေလးဆီမွ ထြက္လာသည့္ အသက္ရႈသံသဲ့သဲ့က ခပ္တိုးတိုးပ်ံ့ႏွံ႕လ်က္ ။  ထင့္ေရွ႕သို႔ ဘယ္လက္ကို ျဖန့္လိုက္သည့္ ေကာင္ေလး ။

" ဘာလဲ "

" ပိုက္ဆံေလ...ပိုက္ဆံ ၊ ပစၥည္းလဲပို႔ၿပီးၿပီေလ ၊ အခုပိုက္ဆံရွင္းေပးေတာ့ "

" ေနပါအုံး...ဘယ္လိုျဖစ္ၿပီး ေလာေနရတာလဲ ၊ ကိုယ္က ထြက္ေျပးမဲ့သူမွ မဟုတ္တာကြာ ၊ ခဏေစာင့္အုံး...ကိုယ့္ဝန္ထမ္း ပိုက္ဆံလာေပးလိမ့္မယ္ ၊ ဒါနဲ႕ မင္း ၾကည့္ရတာ ေရဆာေနသလိုပဲ ၊ တစ္ခုခုေသာက္မလား "

ေခါင္းခါျပၿပီး တံခါးေပါက္၏ ေဘးဘက္၌ ကပ္ရပ္ေနသည္မွာ ခပ္ေတာင့္ေတာင့္ ။ ထင္ ခုံေပၚ၌ ထိုင္ခ်လိဳက္ၿပီး မ်က္လုံးေရွ႕မွ ေကာင္ေလးကို သည်အတ်ိုင်းလေးကြည့်နေမိသည် ။ ထိုေကာင္ေလး၏မ်က္ေတာင္မ်ားက ထင့္ကဲ့သို႔ ရွည္ရွည္ေကာ့ေကာ့မဟုတ္ဘဲ တိုတိုစိပ္စိပ္ေလး ။ ႏွာတံကလည္း သိပ္မျမင့္ဘဲ အေနေတာ္ပုံစံမ်ိဳး ။ အေပၚႏႈတ္ခမ္းက ပါးပါးလ်လ်ျဖစ္ၿပီး ေအာက္ႏႈတ္ခမ္းကေတာ့ အနည္းငယ္ထူသည္ ။ ႏႈတ္ခမ္းသား၏အေရာင္ကေတာ့ အေတာ္ကို နီေစြး၏ ။ ၿခဳံၾကည့္လိုက္လွ်င္ ၾကည့္ေကာင္းသည့္ ပုံစံမ်ိဳးပင္ ။ ထိုအခ်ိန္ ထင့္ဆီကို ဖ်တ္ခနဲ ေရာက္ရွိလာသည့္ အၾကည့္စူးစူး ။

ထင္ ေခ်ာင္းဟန့္လိုက္ၿပီး ေဘာင္းဘီအိတ္ထဲမွ ဖုန္းကိုထုတ္၍ စည္သူ႕ဆီသို႔ ဖုန္းေခၚလိုက္၏ ။

" စည္သူေရ...ပိုက္ဆံရရင္ ယူခဲ့ေတာ့ေလ ၊ ဒီမွာ ေစာင့္ေနတဲ့သူကို ကိုယ္အားနာလို႔ ... ျမန္ျမန္လာခဲ့လိုက္ကြာ "

ေျပာၿပီးၿပီးခ်င္း ထင္ ဖုန္းကိုခ်၍ မ်က္ႏွာခ်င္းဆိုင္ရွိ ေကာင္ေလးကို ၿပဳံးျပလိုက္မိသည္ ။

" အခုလာလိမ့္မယ္ေနာ္ ...ခဏေလးေစာင့္ေပး "

ရႈတည္တည္အၾကည့္က မေျပာင္းမလဲ ။ ေခါင္းမညိတ္ ၊ ေခါင္းမခါဘဲ ခပ္တည္တည္မ်က္ႏွာထားျဖင့္ ထိုေကာင္ေလးပုံစံက ထင့္အတြက္ေတာ့ စိမ္းသက္လွ၏ ။ ထင္ႏွင့္ ပတ္သက္ဆက္ႏြယ္သူမ်ားက ထင့္ကိုဆိုလွ်င္ လိုလားၾကည္ျဖဴသူမ်ားသာ ။ ယခုကဲ့သို႔ မၾကည္ျဖဴေသာဆက္ဆံေရးမ်ိဳးက ထင့္စိတ္ကို ပိုျမဴးႂကြေစသည္ ။ ပ်င္းရိေျခာက္ေသြ႕ေနေသာ ထင့္အေတြးမ်ားကိုလည္း စိမ္းလန္းေစ၏ ။

စည္သူ ထမင္းစားခန္းထဲေရာက္ခ်ိန္၌ ကိုထင္က ထိုင္ခုံ၌ထိုင္ေနၿပီး ဟိုေကာင္ေလးကေတာ့ အေတာင့္သားမတ္တတ္ရပ္ေနသည္ ။ ကိုထင့္မ်က္ႏွာက ၿပဳံးစစျဖစ္ေနေသာ္လည္း တစ္ေယာက္ေသာသူ၏မ်က္ႏွာကေတာ့ ခပ္တင္းတင္း ။

" ကိုထင္... ပိုက္ဆံရပါၿပီ "

ကိုထင့္ပုံစံက အေတြးကမၻာထဲမွ နိုးထလာသည့္ဟန္ ။

" ေၾသာ္...ေအး...စည္သူ...ပိုက္ဆံ ... ဒီမွာ ေဘာက္ခ်ာ... က်သင့္ေငြကိုၾကည့္ၿပီး...ေပးလိုက္ "

ထင္ လွမ္းေပးသည့္ ေဘာက္ခ်ာစာ႐ြက္ကိုယူၿပီး က်သင့္ေငြကို ေရတြက္၍ ထိုေကာင္ေလးကို ေပးလိုက္သည့္ စည္သူ ။ ထင့္အၾကည့္ကေတာ့ ပိုက္ဆံကိုတစ္႐ြက္ခ်င္း ေသခ်ာေရတြက္ေနသည့္ ေကာင္ေလးဆီတြင္သာ ။

အခ်ိဳ႕လူမ်ား ခပ္ေပါေပါ ေျပာၾကားခဲ့သည့္ စကားလုံးမ်ားကို ထင္ မယုံခ်င္ပါ ။
ထိုလူမ်ား ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရသည့္ အခက္အခဲမ်ားကိုလည္း ထင္ မႀကဳံခ်င္ပါ ။
ထင္က ဘဝကို ေပါ့ပါးလြတ္လပ္စြာႏွင့္ အႏွောင္အဖြဲ႕ကင္းကင္း ရွင္သန္ခ်င္သူသာ ျဖစ္၏ ။

31/5/2022
2/6/2022မွာ ျပန္ေတြ႕ၾကမယ္
စိတ္ခ်မ္းသာ ကိုယ္က်န္းမာၾကပါေစ
ခင္ေလးဥာဏ္

Continue Reading

You'll Also Like

110K 14.1K 83
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel
40.5K 7.3K 109
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...
266K 13.9K 82
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
232K 35K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest