" ဘူးတွေများလှချည်လားကိုကိုမောင် ဘာဘူးတွေယူလာတာလဲ "
လင်းရောင်က စူးစမ်းလိုစိတ်ဖြင့်စတီဗန်လက်ထဲမှအစားအသောက်ဘူးတွေအား ကူသယ်ကာစပ်စုလိုက်သည်။
" ကြက်ဆီထမင်းဘူးတွေလေ သူငယ်ချင်းတွေစားဖို့အတွက်ငါ့အဖေထည့်ပေးလိုက်တာ "
" မင်းမိဘတွေပြန်ရောက်နေလို့လား Van "
" ဟုတ်တယ်ရှောင်း ဒယ်ဒီတို့ပြန်ရောက်လာပြီ "
" ခဏနေကြပါအုံးကွ ငါနားလည်အောင်လည်းတယောက်လောက်ရှင်းပြကြပါအုံး ဘယ်သူကVanလဲ ပြီးတော့ ဘယ်ကဒယ်ဒီတွေလဲ "
ခေါင်းကုတ်ကာ ကြောင်တောင်တောင်ဖြစ်နေတဲ့ လင်းရောင်ကြောင့် ခွန်ရှောင်းနှင့်စတီဗန်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ကြိတ်ရယ်လိုက်သည်။
" ဒီလိုကွာ ငါ့နာမည်အရင်းကစတီဗန် အဲ့တာကြောင့် ရှောင်းက Vanလို့ခေါ်တာ ဒယ်ဒီဆိုတာကလည်း Switzerlandမှာရှိနေတဲ့ငါ့မိဘတွေကိုပြောတာ အခုတော့ ဒီကိုခဏပြန်လာနေကြတာ....ကျန်တာကို နောက်မှမင်းကိုဆက်ရှင်းပြမယ်ကွာ ဟုတ်ပြီလား "
စတီဗန်ကအကြမ်းဖျင်းနားလည်အောင်ရှင်းပြရင်း လင်းရောင်ရဲ့ခေါင်းကိုခပ်ဖွဖွရိုက်လိုက်၏။လင်းရောင်ကတော့ ခေါင်းရှုပ်သွားသည့်ပုံစံဖြင့် မျက်မှောင်ကုတ်ကာခေါင်းကုတ်လိုက်သည်။
" ရှုပ်နေတာပဲကွာ ငါကတော့လောလောဆယ်အဲ့ကြက်ဆီထမင်းစားချင်တာပဲသိတယ် ငါ့ကိုတစ်ဘူးပေး "
" မင်းမစားခင်ကောင်းမြတ်ကိုတစ်ဘူးအရင်သွားပေးလိုက်ဦး "
စတီဗန်က ကြက်ဆီထမင်းတစ်ဘူးအားလင်းရောင်လက်ထဲထည့်ပေးကာ ကောင်းမြတ်ရှိရာဘက်မေးငေါ့ပြလိုက်၏။ကောင်းမြတ်က သူတို့နဲ့ရောရောနှောနှောမနေသော်လည်း ရှစ်တန်းနှစ်တည်းက အတူတက်ခဲ့ကြသည့်အတန်းဖော်တွေဖြစ်သည်။
" ဟေ့ကောင် ကောင်းမြတ် "
လင်းရောင်က ကောင်းမြတ်ရဲ့စားပွဲကိုလက်ဖြင့်ခေါက်ကာခေါ်လိုက်တော့ ကောင်းမြတ်ကသူ့နားထဲမှနားကျပ်ကိုဆွဲဖြုတ်ရင်း လင်းရောင်ကို ပေကပ်ကပ်စူးစိုက်ကြည့်လာသည်။
" မင်းခြေထောက်အောက်မှာ ကင်းမြှီးကောက်ကြီး!! "
အစအနောက်သန်သည့်လင်းရောင်က ကောင်းမြတ်ခြေထောက်အောက်လက်ညှိုးထိုးပြကာ ကြောက်လန့်နေသည့်ပုံစံဖြင့်စနောက်လိုက်၏။သို့ပေမယ့် ကောင်းမြတ်ကအနည်းငယ်မျှတုန်လှုပ်ခြင်းမရှိပဲ လင်းရောင်ကိုပေကပ်ကပ်ဖြင့်သာစူးစိုက်ကြည့်နေဆဲဖြစ်သည်။
" မင်းက စလို့လည်းမကောင်းဘူး တကယ်ဘုကလန့်ကောင် "
လင်းရောင်ကစိတ်ပျက်သွားသည့်ပုံစံဖြင့် ကောင်းမြတ်စားပွဲပေါ်သို့ကြက်ဆီထမင်းဘူးပစ်တင်လိုက်သည်။
" ကိုကိုမောင်ပေးခိုင်းလိုက်တာ "
လင်းရောင်ပစ်တင်ပေးသည့်ထမင်းဘူးကို ကောင်းမြတ်ကသူ့စားပွဲထောင့်တွင်ကပ်ထားလိုက်ပြီး နားကျပ်ပြန်တပ်ကာသီချင်းဆက်နားထောင်နေသည်။
" အနည်းဆုံးတော့ ကျေးဇူးတင်စကားလောက်လေးပြောသင့်တယ်မဟုတ်ဘူးလား "
လင်းရောင်က ကောင်းမြတ်စားပွဲနားတွင်သာရစ်သီရစ်သီလုပ်ကာ အာရုံလာနောက်နေတာမို့ ကောင်းမြတ်ကစိတ်ရှုပ်နေသည့်ပုံစံဖြင့်သူ့နားထင်ကိုလက်နဲ့ဖိရင်း သက်ပြင်းချလိုက်သည်။
" ကျေးဇူးပဲ.... ကျေနပ်ပြီလား "
အဆွဲအငင်မရှိပဲ တုံးတိပြတ်သားတဲ့အသံကြောင့် လင်းရောင်ကရယ်ချင်နေသည့်ပုံစံဖြင့် တစ်ဖက်လှည့်ကာကြိတ်ရယ်လိုက်သည်။
ကောင်းမြတ်ကတော့ သူ့အားစိတ်အနှောင့်အယှက်ပေးမည့်သူမရှိတော့တာကြောင့် ခဲတံတစ်ချောင်းကိုသူ့လက်ထဲလှည့်ကစားကာ အေးအေးလူလူဖြင့်ခေါင်းမှောက်အိပ်နေလိုက်တော့သည်။
******
" တောက် !! ဘယ်သူက ဆိုင်ကယ်ဘီးကိုဖောက်သွားလဲမသိဘူး "
" ဘာဖြစ်လို့လဲ Van "
" ကျွန်တော့်ဆိုင်ကယ်ဘီးပေါက်သွားလို့လေ မနက်ကတင်အကောင်းကြီးရှိသေးတာ အခုနှစ်ဘီးလုံးလေလုံး၀မရှိတော့ဘူး "
" ဘယ်လိုလုပ်ကြမလဲ "
" ဒီအနီးအနားမှာလည်းပြင်ဆိုင်ရှိတာမဟုတ်ဘူး ကျွန်တော်ကဘာမှမဖြစ်ပေမယ့် ရှောင်းကိုအိမ်ပြန်ပို့ဖို့နောက်ကျမှာပဲစိုးရိမ်တာ "
" ရတယ်Van... ငါလိုင်းကားနဲ့ပဲပြန်လိိုက်မယ် ဒီညနေအိန်ဂျယ်လေးကိုဆေးခန်းပြရမှာဆိုတော့ မင်းကိုစောင့်ပေးလို့တောင်မရတော့ဘူး ဘယ်လိုလုပ်ပေးရမလဲ "
" ရတယ်ရှောင်း ကျွန်တော်ကတယောက်ထဲလည်းဘာမှမဖြစ်ဘူး ရှောင်းကိုကျွန်တော်Taxiငှားပေးလိိုက်မယ် အိမ်ရောက်ရင်ဖုန်းဆက်နော် စိတ်ပူလို့ "
အိမ်ပြန်ဖို့အရေး တစ်ယောက်နှင့်တစ်ယောက်ထပ်တလဲလဲအလွမ်းသယ်ကာ မသွားနိုင်သေးသည့်အချစ်ငှက်နှစ်ကောင်ကြောင့် လင်းရောင်ကစိတ်မရှည်တော့သည့်ပုံစံဖြင့် ခါးထောက်ကာစိုက်ကြည့်လိုက်သည်။ရှောင်းက Taxiဖြင့်ပြန်သွားသည့်အချိန်မှသာ လင်းရောင်က စတီဗန်ရဲ့ပခုံးကိုလှမ်းရိုက်ရင်း စတီဗန်ရဲ့ဆိုင်ကယ်ကိုမှီရပ်လိုက်သည်။
" ကိစ္စတွေအကုန်ပြီးပြီလား "
" ပြီးပြီ "
" အဲ့တော့ မင်းအခုဘယ်လိိုပြန်မှာလဲကိုကိုမောင် အာ...ဆောရီး မင်းနာမည်အတိုင်းစတီဗန်လို့ပဲခေါ်ရမလား"
" ဘယ်လိုခေါ်ခေါ်ကိစ္စမရှိပါဘူးကွာ မင်းသဘောအတိုင်းပဲ "
စတီဗန်က သူ့ဆိုင်ကယ်နဲ့မလှမ်းမကမ်းတွင်ရှိသည့်ခုံတန်းပေါ်တွင်သွားထိုင်ကာ သူ့ဖုန်းကိုထုတ်ယူလိုက်သည်။
" ငါ့ဒယ်ဒီကိုလာခေါ်ခိုင်းလိုက်မယ် မင်းလဲပြန်တော့လေလင်းရောင် "
" အေးဆေးပေါ့ကွာ ငါလည်းအိမ်ပြန်ရောက်ရင်ဘာမှလုပ်စရာမရှိတော့ မင်းကိုစောင့်ပေးမယ်လေ မင်းဒယ်ဒီလာမှငါလည်းပြန်တော့မယ် "
" ကျေးဇူးပါကွာ အဲ့တာဆို ငါဖုန်းဆက်လိုက်အုံးမယ် "
စတီဗန်ဖုန်းဆက်ဖို့ပြင်နေတုန်း စပ်စပ်စုစုလုပ်တတ်သည့်လင်းရောင်က ဆိုင်ကယ်ပေါ်ချိတ်ဆွဲထားသည့်စတီဗန်ရဲ့လွယ်အိတ်ကိုဆွဲယူကာ ဟိုနှိုက်ဒီနှိုက်ဖြင့်စူးစမ်းသည်။
" အိတ်ထဲမှာအမှိုက်တွေချည်းပဲ တော်တော်ညစ်တီးညစ်စုတ်ကောင် "
လင်းရောင်က စတီဗန်လွယ်အိတ်ထဲမှအမှိုက်တွေကိုလွှင့်ပစ်ပေးရင်း လုံးခြေထားသည့်စာရွက်တစ်ရွက်ကိုစူးစမ်းလိုစိတ်ဖြင့် ဆွဲယူလိုက်သည်။
" 1695 အနီးအနားမှာရန်သူရောက်နေပြီ "
လင်းရောင်ကထိုစာရွက်ပေါ်ရေးထားသည့် ဂဏန်းလေးလုံးရဲ့အနက်အဓိပ္ပာယ်ကိုပါ အထစ်အငေါ့မရှိဘာသာပြန်ရင်း စတီဗန်အားလှမ်းကြည့်လိုက်သည်။
" သားကြီး ဒါကဘာတုန်းကွ "
" ဘယ်ဟာလဲ "
" ဒီဟာလေ (1695)အနီးအနားမှာရန်သူရောက်နေပြီဆိုတာ"
လင်းရောင်ကသူ့လက်ထဲမှ စာရွက်ကိုစတီဗန်အားထောင်ပြကာမေးငေါ့ပြလိုက်သည်။
စကားပြောပြီးကာမှ ပတ်၀န်းကျင်အနေအထားကိုသဘောပေါက်သွားသည့်လင်းရောင်က ထိုစာရွက်ကိုပြန်လုံးခြေကာ စတီဗန်ရဲ့အိတ်ထဲပြန်ထည့်ပေးလိုက်သည်။ပြီးမှဟန်မပျက်ပြုံးပြကာ စကားလမ်းကြောင်းလွှဲရင်း နှုတ်ဆိတ်သွား၏။
ကိုယ်စီနှုတ်ဆိတ်သွားသည့်စတီဗန်နှင့်လင်းရောင်က တယောက်မျက်နှာတယောက်ကြည့်ကာ မျက်လုံးချင်းစကားပြောနေကြသည်။
စတီဗန်ကဘာတစ်ခွန်းမှ မတုံ့ပြန်ပဲလင်းရောင်အား ငြိမ်သက်စွာအကဲခတ်သည်။ထိုစာရွက်ထဲရေးထားသည့်အကြောင်းအရာတွေက သာမန်လူနားမလည်နိုင်တဲ့ Mafia သင်္ကေတလက်ရေးစာတွေပင်။
" ဒီစာတွေကို မင်းကဘယ်လိုလုပ်.... "
" ဟ ဘာတွေရေးထားမှန်းမသိပေမဲ့ စာရွက်အောက်မှာ ခဲတံနဲ့မင်းအဓိပ္ပာယ်ရေးထားတယ်လေ အဲ့တာကြည့်ပြီးပြောလိုက်တာ ဟဲဟဲ "
လင်းရောင်က ဖြေရှင်းချက်အမြန်ထုတ်ကာစတီဗန်အား ပြုံးပြလိုက်၏။စတီဗန်ကလည်း ခေါင်းကိုအသာညိတ်ကာ လင်းရောင်အားပြန်လည်ပြုံးပြလိုက်သည်။
" အော် ဟုတ်သားပဲ "
" အဲ့တာ ဘာအဓိပ္ပာယ်တွေတုန်းကွ "
" ဘာမှမဟုတ်ပါဘူးကွာ စိတ်ကူးပေါက်ရာလျှောက်ရေးထားတာ "
စတီဗန်က ထွေထွေထူးထူးမဟုတ်ကြောင်းရှင်းပြလိုက်တာမို့ လင်းရောင်ကစတီဗန်ရဲ့ဘေးတွင်၀င်ထိုင်ကာ ပျင်းရိနေသည့်ပုံစံဖြင့် ခုံတန်းဘောင်ပေါ်ခေါင်းတင်ကာလှဲအိပ်လိုက်သည်။
" မင်းဒယ်ဒီကော လာပြီလား "
" အေးလာနေပြီ ဒီရောက်ရင်မင်းနဲ့မိတ်ဆက်ပေးမယ်လေ "
" မင်းဒယ်ဒီနဲ့တွေ့ရမှာဆိုတော့ စိတ်လှုပ်ရှားမိသားပဲ "
လင်းရောင်က ခပ်တိုးတိုးရေရွတ်ရင်း သူ့ဘောင်းဘီအိတ်ကပ်ထဲမှ ဆေးလိပ်တစ်လိပ်ကိုမီးညှိကာသောက်လိုက်၏။ထို့နောက် တစ်စုံတစ်ခုကိုသဘောကျသွားသည့်ဟန်ဖြင့် စတီဗန်မသိအောင်ကြိတ်ပြုံးလိုက်တော့သည်။
16.5.22
Grey
~~~~~~
" ဘူးေတြမ်ားလွခ်ည္လားကိုကိုေမာင္ ဘာဘူးေတြယူလာတာလဲ "
လင္းေရာင္က စူးစမ္းလိုစိတ္ျဖင့္စတီဗန္လက္ထဲမွအစားအေသာက္ဘူးေတြအား ကူသယ္ကာစပ္စုလိုက္သည္။
" ၾကက္ဆီထမင္းဘူးေတြေလ သူငယ္ခ်င္းေတြစားဖို႔အတြက္ငါ့အေဖထည့္ေပးလိုက္တာ "
" မင္းမိဘေတြျပန္ေရာက္ေနလို႔လား Van "
" ဟုတ္တယ္ေရွာင္း ဒယ္ဒီတို႔ျပန္ေရာက္လာၿပီ "
" ခဏေနၾကပါအုံးကြ ငါနားလည္ေအာင္လည္းတေယာက္ေလာက္ရွင္းျပၾကပါအုံး ဘယ္သူကVanလဲ ၿပီးေတာ့ ဘယ္ကဒယ္ဒီေတြလဲ "
ေခါင္းကုတ္ကာ ေၾကာင္ေတာင္ေတာင္ျဖစ္ေနတဲ့ လင္းေရာင္ေၾကာင့္ ခြန္ေရွာင္းႏွင့္စတီဗန္က တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္း ႀကိတ္ရယ္လိုက္သည္။
" ဒီလိုကြာ ငါ့နာမည္အရင္းကစတီဗန္ အဲ့တာေၾကာင့္ ေရွာင္းက Vanလို႔ေခၚတာ ဒယ္ဒီဆိုတာကလည္း Switzerlandမွာရွိေနတဲ့ငါ့မိဘေတြကိုေျပာတာ အခုေတာ့ ဒီကိုခဏျပန္လာေနၾကတာ....က်န္တာကို ေနာက္မွမင္းကိုဆက္ရွင္းျပမယ္ကြာ ဟုတ္ၿပီလား "
စတီဗန္ကအၾကမ္းဖ်င္းနားလည္ေအာင္ရွင္းျပရင္း လင္းေရာင္ရဲ႕ေခါင္းကိုခပ္ဖြဖြ႐ိုက္လိုက္၏။လင္းေရာင္ကေတာ့ ေခါင္းရႈပ္သြားသည့္ပုံစံျဖင့္ မ်က္ေမွာင္ကုတ္ကာေခါင္းကုတ္လိုက္သည္။
" ရႈပ္ေနတာပဲကြာ ငါကေတာ့ေလာေလာဆယ္အဲ့ၾကက္ဆီထမင္းစားခ်င္တာပဲသိတယ္ ငါ့ကိုတစ္ဘူးေပး "
" မင္းမစားခင္ေကာင္းျမတ္ကိုတစ္ဘူးအရင္သြားေပးလိုက္ဦး "
စတီဗန္က ၾကက္ဆီထမင္းတစ္ဘူးအားလင္းေရာင္လက္ထဲထည့္ေပးကာ ေကာင္းျမတ္ရွိရာဘက္ေမးေငါ့ျပလိုက္၏။ေကာင္းျမတ္က သူတို႔နဲ႔ေရာေရာေႏွာေႏွာမေနေသာ္လည္း ရွစ္တန္းႏွစ္တည္းက အတူတက္ခဲ့ၾကသည့္အတန္းေဖာ္ေတြျဖစ္သည္။
" ေဟ့ေကာင္ ေကာင္းျမတ္ "
လင္းေရာင္က ေကာင္းျမတ္ရဲ႕စားပြဲကိုလက္ျဖင့္ေခါက္ကာေခၚလိုက္ေတာ့ ေကာင္းျမတ္ကသူ႔နားထဲမွနားက်ပ္ကိုဆြဲျဖဳတ္ရင္း လင္းေရာင္ကို ေပကပ္ကပ္စူးစိုက္ၾကည့္လာသည္။
" မင္းေျခေထာက္ေအာက္မွာ ကင္းျမႇီးေကာက္ႀကီး!! "
အစအေနာက္သန္သည့္လင္းေရာင္က ေကာင္းျမတ္ေျခေထာက္ေအာက္လက္ညႇိဳးထိုးျပကာ ေၾကာက္လန္႔ေနသည့္ပုံစံျဖင့္စေနာက္လိုက္၏။သို႔ေပမယ့္ ေကာင္းျမတ္ကအနည္းငယ္မွ်တုန္လႈပ္ျခင္းမရွိပဲ လင္းေရာင္ကိုေပကပ္ကပ္ျဖင့္သာစူးစိုက္ၾကည့္ေနဆဲျဖစ္သည္။
" မင္းက စလို႔လည္းမေကာင္းဘူး တကယ္ဘုကလန္႔ေကာင္ "
လင္းေရာင္ကစိတ္ပ်က္သြားသည့္ပုံစံျဖင့္ ေကာင္းျမတ္စားပြဲေပၚသို႔ၾကက္ဆီထမင္းဘူးပစ္တင္လိုက္သည္။
" ကိုကိုေမာင္ေပးခိုင္းလိုက္တာ "
လင္းေရာင္ပစ္တင္ေပးသည့္ထမင္းဘူးကို ေကာင္းျမတ္ကသူ႔စားပြဲေထာင့္တြင္ကပ္ထားလိုက္ၿပီး နားက်ပ္ျပန္တပ္ကာသီခ်င္းဆက္နားေထာင္ေနသည္။
" အနည္းဆုံးေတာ့ ေက်းဇူးတင္စကားေလာက္ေလးေျပာသင့္တယ္မဟုတ္ဘူးလား "
လင္းေရာင္က ေကာင္းျမတ္စားပြဲနားတြင္သာရစ္သီရစ္သီလုပ္ကာ အာ႐ုံလာေနာက္ေနတာမို႔ ေကာင္းျမတ္ကစိတ္ရႈပ္ေနသည့္ပုံစံျဖင့္သူ႔နားထင္ကိုလက္နဲ႔ဖိရင္း သက္ျပင္းခ်လိုက္သည္။
" ေက်းဇူးပဲ.... ေက်နပ္ၿပီလား "
အဆြဲအငင္မရွိပဲ တုံးတိျပတ္သားတဲ့အသံေၾကာင့္ လင္းေရာင္ကရယ္ခ်င္ေနသည့္ပုံစံျဖင့္ တစ္ဖက္လွည့္ကာႀကိတ္ရယ္လိုက္သည္။
ေကာင္းျမတ္ကေတာ့ သူ႔အားစိတ္အေႏွာင့္အယွက္ေပးမည့္သူမရွိေတာ့တာေၾကာင့္ ခဲတံတစ္ေခ်ာင္းကိုသူ႔လက္ထဲလွည့္ကစားကာ ေအးေအးလူလူျဖင့္ေခါင္းေမွာက္အိပ္ေနလိုက္ေတာ့သည္။
******
" ေတာက္ !! ဘယ္သူက ဆိုင္ကယ္ဘီးကိုေဖာက္သြားလဲမသိဘူး "
" ဘာျဖစ္လို႔လဲ Van "
" ကြၽန္ေတာ့္ဆိုင္ကယ္ဘီးေပါက္သြားလို႔ေလ မနက္ကတင္အေကာင္းႀကီးရွိေသးတာ အခုႏွစ္ဘီးလုံးေလလုံး၀မရွိေတာ့ဘူး "
" ဘယ္လိုလုပ္ၾကမလဲ "
" ဒီအနီးအနားမွာလည္းျပင္ဆိုင္ရွိတာမဟုတ္ဘူး ကြၽန္ေတာ္ကဘာမွမျဖစ္ေပမယ့္ ေရွာင္းကိုအိမ္ျပန္ပို႔ဖို႔ေနာက္က်မွာပဲစိုးရိမ္တာ "
" ရတယ္Van... ငါလိုင္းကားနဲ႔ပဲျပန္လိိုက္မယ္ ဒီညေနအိန္ဂ်ယ္ေလးကိုေဆးခန္းျပရမွာဆိုေတာ့ မင္းကိုေစာင့္ေပးလို႔ေတာင္မရေတာ့ဘူး ဘယ္လိုလုပ္ေပးရမလဲ "
" ရတယ္ေရွာင္း ကြၽန္ေတာ္ကတေယာက္ထဲလည္းဘာမွမျဖစ္ဘူး ေရွာင္းကိုကြၽန္ေတာ္Taxiငွားေပးလိိုက္မယ္ အိမ္ေရာက္ရင္ဖုန္းဆက္ေနာ္ စိတ္ပူလို႔ "
အိမ္ျပန္ဖို႔အေရး တစ္ေယာက္ႏွင့္တစ္ေယာက္ထပ္တလဲလဲအလြမ္းသယ္ကာ မသြားႏိုင္ေသးသည့္အခ်စ္ငွက္ႏွစ္ေကာင္ေၾကာင့္ လင္းေရာင္ကစိတ္မရွည္ေတာ့သည့္ပုံစံျဖင့္ ခါးေထာက္ကာစိုက္ၾကည့္လိုက္သည္။ေရွာင္းက Taxiျဖင့္ျပန္သြားသည့္အခ်ိန္မွသာ လင္းေရာင္က စတီဗန္ရဲ႕ပခုံးကိုလွမ္း႐ိုက္ရင္း စတီဗန္ရဲ႕ဆိုင္ကယ္ကိုမွီရပ္လိုက္သည္။
" ကိစၥေတြအကုန္ၿပီးၿပီလား "
" ၿပီးၿပီ "
" အဲ့ေတာ့ မင္းအခုဘယ္လိိုျပန္မွာလဲကိုကိုေမာင္ အာ...ေဆာရီး မင္းနာမည္အတိုင္းစတီဗန္လို႔ပဲေခၚရမလား"
" ဘယ္လိုေခၚေခၚကိစၥမရွိပါဘူးကြာ မင္းသေဘာအတိုင္းပဲ "
စတီဗန္က သူ႔ဆိုင္ကယ္နဲ႔မလွမ္းမကမ္းတြင္ရွိသည့္ခုံတန္းေပၚတြင္သြားထိုင္ကာ သူ႔ဖုန္းကိုထုတ္ယူလိုက္သည္။
" ငါ့ဒယ္ဒီကိုလာေခၚခိုင္းလိုက္မယ္ မင္းလဲျပန္ေတာ့ေလလင္းေရာင္ "
" ေအးေဆးေပါ့ကြာ ငါလည္းအိမ္ျပန္ေရာက္ရင္ဘာမွလုပ္စရာမရွိေတာ့ မင္းကိုေစာင့္ေပးမယ္ေလ မင္းဒယ္ဒီလာမွငါလည္းျပန္ေတာ့မယ္ "
" ေက်းဇူးပါကြာ အဲ့တာဆို ငါဖုန္းဆက္လိုက္အုံးမယ္ "
စတီဗန္ဖုန္းဆက္ဖို႔ျပင္ေနတုန္း စပ္စပ္စုစုလုပ္တတ္သည့္လင္းေရာင္က ဆိုင္ကယ္ေပၚခ်ိတ္ဆြဲထားသည့္စတီဗန္ရဲ႕လြယ္အိတ္ကိုဆြဲယူကာ ဟိုႏႈိက္ဒီႏႈိက္ျဖင့္စူးစမ္းသည္။
" အိတ္ထဲမွာအမႈိက္ေတြခ်ည္းပဲ ေတာ္ေတာ္ညစ္တီးညစ္စုတ္ေကာင္ "
လင္းေရာင္က စတီဗန္လြယ္အိတ္ထဲမွအမႈိက္ေတြကိုလႊင့္ပစ္ေပးရင္း လုံးေျခထားသည့္စာ႐ြက္တစ္႐ြက္ကိုစူးစမ္းလိုစိတ္ျဖင့္ ဆြဲယူလိုက္သည္။
" 1695 အနီးအနားမွာရန္သူေရာက္ေနၿပီ "
လင္းေရာင္ကထိုစာ႐ြက္ေပၚေရးထားသည့္ ဂဏန္းေလးလုံးရဲ႕အနက္အဓိပၸာယ္ကိုပါ အထစ္အေငါ့မရွိဘာသာျပန္ရင္း စတီဗန္အားလွမ္းၾကည့္လိုက္သည္။
" သားႀကီး ဒါကဘာတုန္းကြ "
" ဘယ္ဟာလဲ "
" ဒီဟာေလ (1695)အနီးအနားမွာရန္သူေရာက္ေနၿပီဆိုတာ"
လင္းေရာင္ကသူ႔လက္ထဲမွ စာ႐ြက္ကိုစတီဗန္အားေထာင္ျပကာေမးေငါ့ျပလိုက္သည္။
စကားေျပာၿပီးကာမွ ပတ္၀န္းက်င္အေနအထားကိုသေဘာေပါက္သြားသည့္လင္းေရာင္က ထိုစာ႐ြက္ကိုျပန္လုံးေျခကာ စတီဗန္ရဲ႕အိတ္ထဲျပန္ထည့္ေပးလိုက္သည္။ၿပီးမွဟန္မပ်က္ၿပဳံးျပကာ စကားလမ္းေၾကာင္းလႊဲရင္း ႏႈတ္ဆိတ္သြား၏။
ကိုယ္စီႏႈတ္ဆိတ္သြားသည့္စတီဗန္ႏွင့္လင္းေရာင္က တေယာက္မ်က္ႏွာတေယာက္ၾကည့္ကာ မ်က္လုံးခ်င္းစကားေျပာေနၾကသည္။
စတီဗန္ကဘာတစ္ခြန္းမွ မတုံ႔ျပန္ပဲလင္းေရာင္အား ၿငိမ္သက္စြာအကဲခတ္သည္။ထိုစာ႐ြက္ထဲေရးထားသည့္အေၾကာင္းအရာေတြက သာမန္လူနားမလည္ႏိုင္တဲ့ Mafia သေကၤတလက္ေရးစာေတြပင္။
" ဒီစာေတြကို မင္းကဘယ္လိုလုပ္.... "
" ဟ ဘာေတြေရးထားမွန္းမသိေပမဲ့ စာ႐ြက္ေအာက္မွာ ခဲတံနဲ႔မင္းအဓိပၸာယ္ေရးထားတယ္ေလ အဲ့တာၾကည့္ၿပီးေျပာလိုက္တာ ဟဲဟဲ "
လင္းေရာင္က ေျဖရွင္းခ်က္အျမန္ထုတ္ကာစတီဗန္အား ၿပဳံးျပလိုက္၏။စတီဗန္ကလည္း ေခါင္းကိုအသာညိတ္ကာ လင္းေရာင္အားျပန္လည္ၿပဳံးျပလိုက္သည္။
" ေအာ္ ဟုတ္သားပဲ "
" အဲ့တာ ဘာအဓိပၸာယ္ေတြတုန္းကြ "
" ဘာမွမဟုတ္ပါဘူးကြာ စိတ္ကူးေပါက္ရာေလွ်ာက္ေရးထားတာ "
စတီဗန္က ေထြေထြထူးထူးမဟုတ္ေၾကာင္းရွင္းျပလိုက္တာမို႔ လင္းေရာင္ကစတီဗန္ရဲ႕ေဘးတြင္၀င္ထိုင္ကာ ပ်င္းရိေနသည့္ပုံစံျဖင့္ ခုံတန္းေဘာင္ေပၚေခါင္းတင္ကာလွဲအိပ္လိုက္သည္။
" မင္းဒယ္ဒီေကာ လာၿပီလား "
" ေအးလာေနၿပီ ဒီေရာက္ရင္မင္းနဲ႔မိတ္ဆက္ေပးမယ္ေလ "
" မင္းဒယ္ဒီနဲ႔ေတြ႕ရမွာဆိုေတာ့ စိတ္လႈပ္ရွားမိသားပဲ "
လင္းေရာင္က ခပ္တိုးတိုးေရ႐ြတ္ရင္း သူ႔ေဘာင္းဘီအိတ္ကပ္ထဲမွ ေဆးလိပ္တစ္လိပ္ကိုမီးညႇိကာေသာက္လိုက္၏။ထို႔ေနာက္ တစ္စုံတစ္ခုကိုသေဘာက်သြားသည့္ဟန္ျဖင့္ စတီဗန္မသိေအာင္ႀကိတ္ၿပဳံးလိုက္ေတာ့သည္။
16.5.22
Grey
~~~~~~