Uni
ဒါကို မင်းလုပ်ခဲ့တာလား ?
"အင်း ?! အဟွတ် အဟွတ် အမ်.. ငါအရင်ကပြောဖူးတာလား ? ဘယ်လိုဖြစ်လို့ မမှတ်မိတာလဲ မင်း မှားပြီးမှတ်မိနေတာနေမှာပါ !?"
ရှောင်မုဇီရဲ့ အမေးကိုကြားတော့ လဲ့ယောင်းယောင်းက ရုန်းထွက်ရန်ကြိုးစားရင်း ပေါ့ပေါ့ပါးပါးသာ ရယ်မောနိုင်ခဲ့သည်။
နောက်ဆုံးတော့ သူမက အရင်က ဒီခန္ဓာကိုယ်ကို စစ်ဆေးခဲ့ပါတယ်။
ရှောင်မုဇီ သူမကို အရင်က ပြောခဲ့တဲ့စကားတွေကို အခြေခံရရင် ဒီခန္ဓာကိုယ်ပိုင်ရှင်က အလွန်ဆင်းရဲတဲ့ နောက်ခံရှိတဲ့ မိဘမဲ့ကလေးတစ်ဦးပါ။
ဒါပေမယ့် ဒီခန္ဓာကိုယ်ပိုင်ရှင်မှာ နူးညံ့သိမ်မွေ့တဲ့ အသားအရေရှိကြောင်း သူမတွေ့ရှိခဲ့ပါတယ်။ ထို့အပြင် သူမလက်တွေက ဖြူစင်ပြီး ချောမွေ့နေပါသည်။ တစ်ချက်ကြည့်လိုက်တော့ ပိုင်ရှင်က သူ့တစ်သက်လုံး နှိမ့်ချခံခဲ့ရတယ်ဆိုတာ ထင်ရှားတယ်။ မဟုတ်ရင် သူမမှာ ဒီလောက်ကောင်းတဲ့ လက်တွေ ရှိမှာ မဟုတ်ဘူး။
ဒါကြောင့် လဲ့ယောင်းယောင်းက ရှောင်မုဇီ ပြောတာကို အလွန်သံသယဖြစ်မိသည်။
နောက်တော့ ပိုင်ရှင်အစစ်က ဘယ်သူလဲ ဆိုတာ သူမ သိလိုက်ပြန်တယ်။
ဒါပေမယ့် အခုအချိန်မှာ ဒါကို စဉ်းစားရမယ့်အချိန်မဟုတ်သေးဘူး။ သူမ လက်ရှိတာဝန်က ဇီဇာကြောင်တဲ့မင်းသားကို ကျေနပ်စေမည့် ဟင်းအမျိုးအစားကို ရှာဖွေရန်ဖြစ်သည်။
ရိုးရိုးသားသားပြောရရင် သူမအရင်ဘဝက ဟင်းချက်တာကလွဲလို့ ဘာအလုပ်မှ မလုပ်ဖူးဘူး။
ဘာကြောင့်လဲဆိုတော့ သူမက အစားအသောက် နှစ်သက်တဲ့သူလေ ! ဟင်းချက်ခြင်း ကျွမ်းကျင်မှု မရှိဘူးဆိုရင် ဒါက လက်ခံနိုင်စရာ မရှိပါဘူး။
အထူးသဖြင့် ချဉ်ချဉ်စပ်စပ် အစားအစာများ စားရတာကို နှစ်သက်သည်။ ဒါကြောင့် အိမ်ပြန်ရောက်တိုင်း သူမ အကြိုက်ဆုံးက ဟင်းချက်တာပဲ
ဒါကြောင့် ယခုအချိန်တွင် ဟင်းအနည်းငယ်ပြင်ဆင်ခြင်းက သူမအတွက် အလွန်လွယ်ကူသောအလုပ်ဖြစ်သည်။
ဒါကြောင့် လဲ့ယောင်းယောင်းက သူမလိုအပ်သော ပါဝင်ပစ္စည်းများကို ကောက်ယူပြီးနောက် ရှောင်မုဇီနဲ့ စားတော်ကဲလီကို ရေဆေးဖို့ အမိန့်ပေးခဲ့၏ ထို့နောက် သူမက ယောက်မကို ကောက်ယူပြီး ချက်ပြုတ်ခြင်းကို စတင်ခဲ့သည်။
သူမဟင်းလျာကို မင်းသားက နှစ်သက်ပါ့မလားဆိုတာက မသေချာသောကြောင့် သူမသည် နောက်ထပ် ဟင်းပွဲအနည်းငယ်ကို ပြင်ဆင်ဖို့ ဆုံးဖြတ်ခဲ့သည်။ ရွေးချယ်စရာတွေများလေလေ၊ သူကြိုက်တဲ့အရာကို ရှာတွေ့နိုင်လေလေပဲ ဟုတ်တယ်မလား?
တစ်နာရီအတွင်း လဲ့ယောင်းယောင်းက ဟင်းအမယ် အနည်းငယ်ကို ပြင်ဆင်ပြီးသွားပြျိ ။
မီးဖိုချောင်ရှိလူတိုင်းက သံသယရှိကြတယ်။ စားတော်ကဲလီက ကူညီပေးနေချိန်မှာ မိန်းမစိုးလေးတစ်ယောက်က ဟင်းချက်နေတာ အဓိပ္ပါယ်မဲ့သလိုပဲ။ အားလုံးက မိန်းမစိုးလေးကို အာရုံစူးစိုက်ပြီး အလုပ်ကို ရပ်နားလိုက်ကြတယ်။
လူတိုင်း၏ လေ့လာတွေ့ရှိချက်များကို အခြေခံရရင် မိန်းမစိုးငယ်လေးက သေးသေးလေးဖြစ်သော်လည်း ဟင်းချက်ခြင်းနှင့်ပတ်သက်၍ အလွန်ရင်းနှီးပုံရသည်။ အဲ့ဒါက ကို့ယို့ကားယား လုံးဝမဖြစ်ခဲ့ပေ ။ တကယ်တော့ သူက ထမင်းချက်သူဌေး၏ အရိပ်အာဝါသ အနည်းငယ်ကို ပိုင်ဆိုင်ထားသည်။
အသီးအရွက်များနှင့် အသားများကို ကြော်နေတဲ့ အသံက ထွက်လာခဲ့သည်။ မကြာခင်မှာ လူတိုင်းက ချဉ်စပ်ဟင်းရဲ့ အနံ့ပြင်းပေမယ့် မွှေးကြိုင်တဲ့အနံကိုရလိုက်တယ် အဲ့တာက လူတိုင်း၏ဗိုက်ကို ငြီးတွားစေခဲ့သည်။
အနီးကပ်နားထောင်ရင် အလုပ်သမားတွေက ချွေးတွေစို့နေတာကိုလည်း သူတို့တွေ့ရလိမ့်မယ်။
မူလက စားတော်ကဲလီဟာ လဲ့ယောင်းယောင်းကို မျှော်လင့်ချက်များစွာမထားခဲ့ပေ။ ဒါပေမယ့် လဲ့ယောင်းယောင်းက အမှန်တကယ် ကောင်းမွန်နေပုံကို မြင်လိုက်ရတော့ သူ့စိတ်တွေ ပြေလျော့သွားသည် ။ သူက ဟင်းလျာများရဲ့ ကောင်းကင်ဘုံကလို အနံ့ရပြီး အနံ့သည် လတ်ဆတ်ပြီး ပြင်းထန်သည်။
သူ မပြုံးနိုင်ဘဲ မနေနိုင်ခဲ့ဘူး ။
လဲ့ယောင်းယောင်း မင်းသား၏နန်းဆောင်သို့ ပြန်ရောက်ချိန်တွင် လန်ဂျင်းယွိတွင် တူညီသော ဟန်ပန်များ ရှိနေသေးသည်။ သူ့အောက်မေးကို လက်တစ်ဖက်က ထောက်ထားဆဲဖြစ်ပြီး ကျန်လက်တစ်ဖက်ကတော့ စားပွဲကို ခပ်ဖွဖွလေးပုတ်နေတယ်။
ဒါပေမယ့် သူ့အနက်ရောင် မျက်ဝန်းတွေက သူ့ စိတ်ရှည်သည်းခံမှု နည်းပါးနေသည်မှာ ထင်ရှားသည်။ မိန်းမစိုးတစ်ယောက်က လဲ့ယောင်းယောင်း ရောက်လာကြောင်း ကြေညာပြီးသည့်အချိန်မှ ထိုအကြည့်ကို ဖယ်ရှားပစ်လိုက်သည်။ အခုတော့ သူ့အာရုံက လဲ့ယောင်းယောင်းဆီမှာ ။
လဲ့ယောင်းယောင်းနဲ့ အခြားလူအနည်းငယ်က ပန်းကန်လုံးတစ်လုံးစီ ယူဆောင်လာကြပြီး လန်ဂျင်းယွိရဲ့ ရှေ့မှာ စားပွဲဝိုင်းပေါ်တွင် ညင်သာစွာ ချထားလိုက်ကြသည်။
သူ့ရှေ့တွင် အရောင်အသွေးများကြွလျက် မွှေးကြိုင်သော ဟင်းပွဲများကို မြင်လိုက်ရသောအခါ လန်ဂျင်းယွိရဲ့ မျက်လုံးများ တုန်ယင်နေခဲ့သည်။ သူတို့အားလုံးသည် ချဉ်ချဉ်စပ်စပ် အနံ့ပြင်းပြင်းကို သယ်ဆောင်လာကြသည်။ လဲ့ယောင်းယောင်းကို လှည့်ကြည့်လိုက်တော့ သူ့မျက်လုံးတွေက မယုံကြည်နိုင်မှု အနည်းငယ် ပေါ်လာသည်။ နီရဲသော နှုတ်ခမ်းများ ပွင့်လာပြီး sexy ကျတဲ့အသံက ထွက်ပေါ်လာသည် ။
"မင်း အရာအားလုံးကို ဖန်တီးခဲ့တာလား?"
“အရှင်မင်းသားကိုလျှောက်တင်ပါတယ် ဟုတ်ပါတယ် ဒီကျွန်က ဤဟင်းလျာတွေ အားလုံးကို ချက်လာတာပါ " လဲ့ယောင်းယောင်းက တလေးတစားပြန်ဖြေရင်း အကြည့်ကိုပြန်ရုတ်လိုက်တယ်။
လန်ဂျင်းယွိက မျက်ခုံးများကို ညင်သာစွာ ပင့်တင်လိုက်သည်။ ထို့နောက် သူက ပန်းကန်တစ်ခုကို အမှတ်တမဲ့ လက်ညှိုးထိုးပြပြီး “ဒါက ဘာဟင်းလဲ ?” ဟု မေးသည်။
“အရှင်မင်းသားကိုလျှောက်တင်ပါတယ် အဲ့ဒါက ချဉ်စပ်တို့ဟူးပါ။ မင်းသားရဲ့ အစာစားချင်စိတ်ကိုတိုးပွားစေပါလိမ့်မယ်။ ဒီဟင်းကို ခရမ်းချဉ်သီးနဲ့ တို့ဟူးတို့နဲ့ ရောစပ်ထားပါတယ် အဲ့တာက နွေရာသီနဲ့ အသင့်တော်ဆုံးပါ”
လန်ဂျင်းယွိကမေးတော့ လဲ့ယောင်းယောင်းက ချက်ချင်းပြန်ဖြေလိုက်တယ်။ အစကတော့ မျက်လုံးချင်းမဆုံအောင် ရှောင်နေပေမယ့် အခုတော့ မင်းသားကို ကြည့်နေတယ်။ သူမ၏ မျက်လုံးများတွင် မျှော်လင့်ချက်များ တောက်ပနေသည်။
သူမကို စားတော်ကဲလီက ဒီရက်ပိုင်း မင်းသား စားချင်စိတ်မရှိဘူးပြောလို့ ဒီဟင်းကို ပြင်လိုက်တာ။ နောက်ပြီး နွေရာသီရောက်ခါနီးတွင် ရာသီဥတုက တဖြည်းဖြည်း ပူလာသည်။ နွေရာသီမှာ ချဉ်ချဉ်စပ်စပ် ဟင်းလျာတွေကို စားသုံးခြင်းက အစာစားချင်စိတ်ကို တိုးလာစေမှာ အသေအချာပါပဲ။ အခု တစ်ခုတည်းသော ပြဿနာကတော့ မင်းသား ယွေ့က ကျေနပ်မှာလား ဆိုတာပဲ
လဲ့ယောင်းယောင်းရဲ့ တုန့်ပြန်မှုကို ကြားတော့ လန်ဂျင်းယွိက သူ့ဓားနဲ့တူတဲ့ မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။
ပြီးတော့ တိုဟူးနဲ့ ခရမ်းချဉ်သီးကို တွဲစားနိုင်သည်ကို သူမသိခဲ့ဘူးလေ ။ အရသာကောင်းမလားဆိုတာလည်း သူမသိဘူး ဒီတော့ သူ တုံ့ဆိုင်းနေတယ်။
ဒါပေမယ့် လဲ့ယောင်းယောင်းရဲ့ တောက်ပသောမျက်လုံးများထဲတွင် မျှော်လင့်နေသောအကြည့်ကို မြင်လိုက်ရသောအခါတွင်တော့ သူ့နှလုံးခုန်သံများ ခုန်တက်သွားသည်။ မသိစိတ်က သူ့ကျောက်စိမ်းတူတွေကို အသုံးပြုပြီး စမ်းကြည့်ဖို့ အပိုင်းတစ်ပိုင်းကို ကောက်ယူလိုက်တယ်။
ပါးစပ်ထဲရောက်သွားတော့ ချဉ်ချဉ်စပ်စပ် တို့ဟူးက အလွန်လတ်ဆတ်တယ်။ မျိုချလိုက်ပြီးတာတောင် သူ့ပါးစပ်ထဲမှာ အရသာက မွှေးပျံ့နေသည်။
လန်ဂျင်းယွိက တို့ဟူးကို ညင်သာစွာ ဝါးလိုက်သည်။ သူ့မျက်ခုံးမွှေးတွေက ပြောလျော့လာသည် ။
"မင်းသား ယွေ့ ဒီဟင်းကို ကျေနပ်ရဲ့လား ?"
လန်ဂျင်းယွိ မျက်ခုံးများ ပြေလျော့သွားသည်ကို မြင်လိုက်ပြီး လဲ့ယောင်းယောင်းက ဂရုတစိုက် မေးလိုက်ချိန် တောက်ပနေသည်။
လန်ဂျင်းယွိက လဲ့ယောင်းယောင်း ဘယ်လောက် သတိထားမေးမြန်းနေသည်ကို ကြားနေရသည်။ သူ့အမူအရာကိုကြည့်ရန် ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။
သူက မိန်းမစိုးလေး၏ ကြည်ကြည်လင်လင် မျက်နှာနှင့် ရင်ဆိုင်နေရသည်။ သူ့တွင် လှပသော မျက်လုံးတစ်စုံရှိပြီး သူတို့သည် ကြီးမားပြီး ဝိုင်းစက်နေတယ် အဲ့တာတွေက အနက်ရောင် ကျောက်မျက်ရတနာ တစ်စုံနီးပါးနှင့်တူသည် အံ့မခန်းပဲ ။
သူ့လိုလူကို ငြင်းပယ်ဖို့ နှလုံးသားက ဘယ်သူမှာမှ ရှိမှာမဟုတ်ဘူး။
"အမ်.. အဆင်ပြေပါတယ်"
“အင်း… အဆင်ပြေရုံပဲလား…”
လဲ့ယောင်းယောင်း သူမရဲ့ နီရဲရဲ နှုတ်ခမ်းကို ကိုက်မိလိုက်ပြီး စိတ်ပျက်နေတဲ့ အကြည့်ကို မဖုံးကွယ်နိုင်ခဲ့ပေ ။ နောက်တော့ သူမက အခြားဟင်းလျာတစ်ခုကို ချက်ချင်းညွှန်ပြလိုက်သည်။
"မင်းသား ယွေ့ ကျေးဇူးပြုပြီး ဒီဟင်းကို စမ်းကြည့်ပါ။ ကြက်သား ချိုချဉ် ။ အဲ့ဒါကကောင်းတယ်!"
လဲ့ယောင်းယောင်းက အလွန်စိတ်အားထက်သန်နေသောကြောင့် လန်ဂျင်းယွိက အပိုင်းတစ်ပိုင်းကို ကောက်ယူလိုက်ပြီး ပါးစပ်ထဲတွင် တိတ်တိတ်ဆိတ်ဆိတ် ဝါးနေချိန်တွင် အခြားဘာမှ မပြောတော့ပေ။
တစ်ဖန် လဲ့ယောင်းယောင်းက မင်းသား ယွေ့ မျက်နှာကို အာရုံစိုက်လိုက်သည်။ သူမက မည်သည့် စကားတစ်ခွန်းမှ မလွတ်ချင်ပေ။ သူက ကျောက်စိမ်းတူများကို သပ်ရပ်စွာ အသုံးပြုနေစဉ် သူမစိတ်တွင်း သက်ပြင်းကို မချပဲမနေနိုင်ပေ။
မင်းမျိုးမင်းနွယ်ဆိုတာ တကယ်ကို မင်းမျိုးမင်းနွယ်ပဲ။ အမူအရာတိုင်းက သဘာဝကျပြီး စတိုင်ကျလွန်းလှတယ်။ ဝမ်းနည်းစရာမှာ သူ့မျက်နှာမှာ ရွှင်လန်းမှုကို မတွေ့နိုင်ဘူး။ ဒါကိုမြင်တော့ လဲ့ယောင်းယောင်း အရမ်းဝမ်းနည်းသွားတယ်။
ဒါပေမယ့် သူမ စိတ်မပျက်ခဲ့ပါဘူး။ သူမက လက်ဆွဲနှုတ်ဆက်ပြီး ဟင်းပွဲတိုင်းမှ အပိုင်းအစတစ်ခုကို ကောက်ယူရန် နောက်တစ်ခုသော တူတစ်စုံကို အသုံးပြုကာ မင်းသား ယွေ့ ရွှေပန်းကန်လုံးထဲတွင် ထည့်လိုက်သည်။ ဟင်းတိုင်းကို စမ်းကြည့်စေချင်တယ်။
လဲ့ယောင်းယောင်းရဲ့ ပွင့်လင်းသောအမူအရာကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ မယုံနိုင်ခဲ့ကြဘူး။
မိန်းမစိုးခေါင်းဆောင်တောင် မျက်မှောင်ကြုတ်တာ မကူညီနိုင်ခဲ့ဘူး
အကြောင်းမှာ မင်းသား၏နန်းဆောင်တွင် မိန်းမစိုးခေါင်ဆောင်ကြီးမှလွဲ၍ မင်းသားက ထမင်းစားနေစဉ်တွင် အနီးနားရှိ လူများကို မုန်းတီးကြောင်းကို လူတိုင်းသိကြသည်။
ထို့ကြောင့် လဲ့ယောင်းယောင်းရဲ့ ရဲရင့်သော လုပ်ရပ်ကြောင့် အားလုံးက သူမအတွက် ပူပန်နေကြသည်။ သူတို့အားလုံးက သူ့အတွက် တိတ်တဆိတ် ဆုတောင်းရင်း ကျောကုန်းပေါ်ကို အေးစက်စက် ချွေးများ စီးကျလာသည်။
.......................................................................
Zawgyi
တစ်နာရီအတွင်း လဲ့ယောင်းယောင်းက ဟင်းအမယ် အနည်းငယ်ကို ပြင်ဆင်ပြီးသွားပျြိ ။
"အမ်.. အဆင်ပြေပါတယ်"
“အင်း… အဆင်ပြေရုံပဲလား…”
🤍24.4.2022🤍