Compatible Pheromones |TK|✓

Oleh xinyin_wangqi

178K 18.5K 1.8K

မုန်းတီးခြင်းဟုယူဆသော်ငြား... လျစ်လျူရှုမှုတို့ကမစွမ်းသာ... မျှောလွှင့်နေတဲ့ တိမ်လေးတွေလို... ခံစားချက်တွေဟာလ... Lebih Banyak

Story Prologue
Chapter 1 ( Vol 1 )
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Omegaverse
Chapter 12
Chapter 13
Chapter 14
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
သုံးသပ်မေးခွန်း (၂၀)
Chapter 26 (Vol 2)
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38(Vol 3)
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45 (Final)
Special Episode
Hello
Extra 1
Extra -2

Chapter 15

3.6K 406 51
Oleh xinyin_wangqi

(Unicode)

“ ငါမင်းကိုမုန်းလိုက်တာ ကင်မ်ထယ်ယောင်း ”

‌ဆူညံနေသည့် လက်ခုပ်သံများကြားတွင် ဂျောင်ကုသည် ထယ်ယောင်းအား စူးစိုက်ကြည့်နေရင်း ခပ်တိုးတိုးဆိုလိုက်သည် ။ ထယ်ယောင်းကတော့ ဂျောင်ကုအား မျက်ခုံးတစ်ဖက်ပင့်ပြလိုက်ရင်း စင်‌ပေါ်မှဆင်းလာသည် ။

“ ဝါး...ထယ်ယောင်း နင်ကအရမ်းတော်တာပဲ... piano တီးတတ်တာ ငါတောင်မသိခဲ့ဘူး ”

ဟီယူက စင်ပေါ်မှဆင်းလာသည့် ထယ်ယောင်း၏ လက်မောင်းအင်္ကျီစကိုဆွဲရင်းနှင့် ဆိုသည် ။

“ အမ်း...ဒါကလွယ်ကူရိုးရှင်းတဲ့ တီးလုံးလေးတစ်ခုဆိုပေမဲ့လို့...ဂျောင်ကုအတွက် လက်ဆောင်ပေးတာပါ ”

ထယ်ယောင်းက ဟီယူ၏စကားကိုပြန်ဖြေရင်း ဂျောင်ကုအား ခေါင်းစောင်း၍ ကြည့်လိုက်ကာ မျက်လုံးဝိုင်းလေးနှင့်

“ သဘောကျတယ်မလား ကိုကို ”

“ ယီး! သောက်ခွက်လာမပြောင်နဲ့ ထယ်ယောင်း ”

“ အို့...ကိုကိုက အခုတော့ ယောင်းကို ဆဲပြီပေါ့လေ ”

ထယ်ယောင်း၏ “ ကိုကို ” ဟူသည့် အခေါ်အဝေါ်တွင် ဂျောင်ကုကြက်သီးများပင် ထလာသည် ။ ထယ်ယောင်းက ဂျောင်ကုထက်ငယ်သည်ဆိုသော်ငြား သုံးလကျော် လေးလလောက်သာလေ ။

“ အစ်...အစ် ”

ဟီယူသည် သူမရှေ့တွင်ရှိနေသည့် နှစ်ယောက်အားကြည့်ရင်း ဂျွတ်ထိုးလာတာကြောင့် တောင်းပန်စကားဆိုရင်း ထိုနေရာမှထွက်ပြေးလာလိုက်သည် ။

“ ဆောရီး...ငါ ဂျွတ်ထိုးလာလို့...ရေသွားသောက်လိုက်ဦးမယ် ”

ယခုချိန်တွင် သူမစိတ်ထဲတွင် ဖြစ်နေသည့် ထိတ်လန့်အံ့ဩမှုများအား သူမတစ်ယောက်ထဲသာလျှင်သိသည် ။ ဂျွတ်ထိုးနေသော်လည်း သူမ၏အပြုံးကတော့ ဖုံးဖိလို့မရအောင်ပေါ်လွင်နေသဖြင့် ဂျောင်ကုနှင့်ထယ်ယောင်းတို့ရှေ့မှ အလျင်မြန်ပြေးထွက်လာခြင်းဖြစ်သည် ။

“ ယူလေး! ”

ဟီယူတစ်ယောက် စိတ်ငြိမ်စေမည့်နေရာတစ်နေရာရှာနေတုန်း သူမအားခေါ်သည့်အသံကိုကြားလိုက်ရတာကြောင့် အသံကြားရာသို့လှည့်ကြည့်လိုက်သည် ။

“ မမ ”

ဟီယူ “ မမ ” ဟုအမြဲခေါ်ဆိုနေသည့် ယွန်းဟာယောင်းသည် ဟီယူ့အနားသို့အမြန်ရောက်လာပြီး သူမ၏အပေါ်ခြုံထည်အား ဟီယူ၏ပခုံးပေါ်သို့ ခြုံလွှမ်းပေးလိုက်သည် ။

အရပ် 180 cm ရှည်ပြီး အမျိုးသမီးဝတ် suit တို့ကိုသာဝတ်တတ်သည့် ယွန်းဟာယောင်း၏ အပေါ်ခြုံထည်က မွန်ဟီယူကဲ့သို့ ခပ်သေးသေးအိုမီဂါအတွက် ခန္ဓာကိုယ်တစ်ခုလုံးဖုံးအုပ်သွားစေရန်လုံလောက်သည် ။

“ ယူလေး...တဖြည်းဖြည်းနဲ့ အေးလာပြီ...သွားချင်တဲ့နေရာကိုလည်း လိုက်ပို့ပြီးပြီမလား အခုပြန်ကြရအောင်နော် ကလေး ”

ဟီယူက အောက်နှုတ်ခမ်းလေးအားကိုက်လိုက်ကာ အိမ်ပြန်ရန်ငြင်းဆိုချင်ပါသော်လည်း နာခံမှုရှိစွာဖြင့် ခေါင်းငြိမ့်လိုက်သည် ။

“ အွန်း ”

ထို့နောက်တော့ ယွန်ယာယောင်းသည် ဟီယူ၏လက်ကိုကိုင်ဆွဲကာ မွေးနေ့ပွဲမှ ထွက်သွားလေသည် ။ ထယ်ဟီးလေးနှင့်အချိန်ဖြုန်းပေးနေသည့် ဟီဂျင်ကတော့ အမျိုးသမီးတစ်ယောက်နှင့်အတူ မွေးနေ့ပွဲမှထွက်သွားသည့် ဟီယူ၏နောက်ကျောလေးကိုသာမြင်လိုက်ရသည် ။

“ အယ်...ဟီယူရောက်လာတာတောင် မသိလိုက်ပါလား ”

“ ဘယ်သူလဲဟင် ”

ထယ်ဟီးက သိချင်စိတ်အပြည့်နှင့်မေးလာတာကြောင့် ဟီဂျင်လည်း ဖုန်းကွယ်မှုမရှိဘဲ အမှန်အတိုင်းဖြေလိုက်သည် ။

“ အတန်းဖော်တစ်ယောက်ပါ...မွန်ဟီယူတဲ့...ထယ်ယောင်း နဲ့ ဂျောင်ကု ပြိုင်လိုက်နေတဲ့ အိုမီဂါလေးဆိုရင်လည်း မမှားဘူး ”

ထိုစကားကြားတော့ ထယ်ဟီးက နှာခေါင်းရှုံ့လိုက်ကာ

“ ဟွန့်! ကိုကြီးတို့နှစ်ယောက်က အမြဲတမ်းတူညီတဲ့ အိုမီဂါလေးတွေကိုပြိုင်လိုက်တယ် ... ပြီးတော့ တစ်ယောက်မှလည်းရကြတာမဟုတ်ဘူး...ကြာရင် သူတို့အချင်းချင်းပဲပြန်ရကြတော့မလားတောင်မသိဘူး ”

ထယ်ဟီးဆီမှ ဟီယူနှင့်ဆင်တူသည့် စကားထွက်လာတာကြောင့် ဟီဂျင်တစ်ချက်ရယ်လိုက်ကာ ထယ်ဟီးစကားကိုခပ်တိုးတိုးထောက်ခံပေးလိုက်သည် ။

“ အမ်း...ဖြစ်နိုင်ပါတယ် ”

ထိုစဉ်တွင် ထယ်ယောင်း နှင့် ဂျောင်ကုကတော့ ကိုယ်တွယ်ကအနည်းငယ်ခက်သည့် အမျိုးသမီးငယ်တစ်ယောက်နှင့် ကြုံနေရသည် ။

“ ခဏနေ...စုံတွဲကရတဲ့အချိန်ကိုရောက်လာတော့မှာ...ပါတနာမရှိသေးရင် အာရွန်းနဲ့တွဲလို့ရတယ်နော် ကိုကိုဂျောင်ကု ”

“ မလိုဘူး...ငါ က,မှာမဟုတ်ဘူး ”

အာရွန်းဟုခေါ်သည့် အမျိုးသမီးငယ်၏ မျက်နှာက ဂျောင်ကုစကားကြောင့် ဝမ်းနည်းနေပုံပေါက်သွားကာ ချွဲပစ်၍သနားဖွယ်ကောင်းသည့် လေသံနှင့် ‌ပြန်ပြောလာသည် ။

“ မွေးနေ့ရှင်က ဒီလိုနေ့မျိုးမှာ မကလို့ဖြစ်မလား...အာရွန်းက ကိုကိုဂျောင်ကုကို လူအများပြောစရာမဖြစ်အောင် စေတနာနဲ့ပြောနေတာပါ...တခြားမရှိပါဘူး ”

“ ဂျွန်အာရွန်း...မင်းတော်သင့်ပြီထင်တယ်နော်...မင်းကငါနဲ့ အနည်းငယ်သွေးဝေးတဲ့ ညီမငယ်တစ်ယောက်ပါ...ကျေးဇူးပြုပြီး မင်းရဲ့အပြုအမူတွေကို ထိန်းသိမ်းပေးပါလား...ပြီးတော့ ငါ့မှာတွဲကရမဲ့တွဲဖက်ရှိပြီးသား...မင်းစိတ်ပူနေစရာမလိုဘူး ”

ဂျောင်ကုက သူ့ရှေ့ကအိုမီဂါမိန်းကလေးကိုကြည့်ရင်း စိတ်မရှည်တော့တာကြောင့် လေသံမာမာနှင့်ပြောလိုက်သည် ။ ထယ်ယောင်းကတော့ ဘာတစ်ခွန်းမျှဝင်မပြောဘဲ ဂျောင်ကုနှင့်အာရွန်း တို့အားလက်ပိုက်ကြည့်ကာ ဖရဲသီးစားပရိတ်သတ်လုပ်နေသည် ။

(A/N: ဖရဲသီးစားတယ်ဆိုတာ warပွဲကြည့်တာကိုပြောတာပါ)

“ ကိုကိုဂျောင်ကု လျှောက်ပြောနေတာ...ကိုကိုဂျောင်ကုမှာ တွဲဖက်ရှိတယ်ဆိုတာကို ညီမမယုံဘူး ”

“ ဟမ့်! ငါ့တွဲဖက်က မင်းအရှေ့ ၊ ငါ့အနားမှာတင်လေ ”

အာရွန်း : !!!

ဂျောင်ကုဘေး၌ရပ်နေသည့် တစ်ဦးတည်းသော ထယ်ယောင်း : ဟမ်??

ဂျောင်ကုက ဟီယူအားရည်ညွှန်း၍ ပြောလိုက်သော်ငြား ဟီယူကတော့ ပြန်သွားပြီဖြစ်သည် ။ ဂျောင်ကုက ရှေ့မကြည့်နောက်မကြည့်နှင့်ပြောလိုက်တာကြောင့် သူ့နံဘေးတွင်ရှိနေသူမှာ ဟီယူမဟုတ်ဘဲ ထယ်ယောင်းဖြစ်နေကြောင်းကို သတိမထားမိလိုက်ပေ ။ သူသတိထားမိလိုက်ချိန်တွင်တော့ စကားတို့ကလွန်သွားခဲ့ပြီဖြစ်သည် ။

ထို့ကြောင့် ဂျောင်ကုလည်း မထူးဇာတ်ခင်းကာ ထယ်ယောင်း၏ခါးကိုဆွဲဖက်လိုက်ပြီး

“ ဟုတ်...ဟုတ်တယ် ထယ်ယောင်းက ဒီညငါ့ရဲ့တွဲဖက်ပဲ...အဲ့တာဘာဖြစ်လဲ ”

ဂျောင်ကုက ဖြေရှင်းချက်ပေးရင်း ထယ်ယောင်းအား သူ့စကားနောက် ဖော်လိုလိုက်ပေးရန် ထယ်ယောင်း၏ခါးကိုဆွဲညစ်ထားသေးသည် ။

ဂျောင်ကုကအားနှင့် ညစ်ထားတာကြောင့် ထယ်ယောင်းလည်းနာကျင်လာသည် ။ ထို့ကြောင့် ဂျောင်ကု၏ခြေထောက်အား မသိမသာနှင့် တက်နင်းလိုက်ကာ အံကိုကြိတ်၍ မချိုမချဉ်လေးပြုံးလိုက်သည် ။

“ အဟင်းဟင်း ”

“ အိုး...ဒီကလေးနှစ်ယောက်က လက်စသတ်တော့ အတူတူတွဲကဖို့ စဉ်းစားနေကြတာကိုး ”

ပါပါးဂျွန်ရဲ့အသံကြောင့် ထယ်ယောင်းနှင့်ဂျောင်ကုတို့လည်း ခပ်ခွာခွာနေလိုက်ကြပြီး အနည်းငယ်တွန့်ကြေသွားသည့် suit ကိုပြင်နေလိုက်ကြသည် ။

ဒယ်ဒီဂျွန် ၊ ဖေဖေကင်မ် ၊ ပါပါးဂျွန် ၊ မေမေကင်မ် တို့လေးယောက်သည် ထယ်ယောင်းနှင့် ဂျောင်ကုတို့ရှိရာဆီသို့ရောက်လာကြသည် ။ ပါပါးဂျွန်က မျက်နှာပြောင်တိုက်ကာ ဂျောင်ကုနားသို့တွယ်ကပ်နေသည့် အာရွန်းအား အေးစက်စက်အကြည့်နှင့်ကြည့်လိုက်တာကြောင့် အာရွန်းသည် ကြောက်ကြောက်လန့်လန့်နှင့် နောက်သို့ဆုတ်သွားကာ သူမ၏အဖေရှိရာဆီသို့ပြေးသွားသည် ။

“ မင်းတို့နှစ်ယောက်က တကယ်ကြီး တွဲကကြမယ်ပေါ့...ဟုတ်မှလည်းလုပ်ကြဦးနော် ”

‌ဒယ်ဒီဂျွန်က မယုံသလိုကြည့်ရင်းဆိုသည် ။ ပါပါးဂျွန်ကတော့ ပြုံးရင်းဖြင့်သာ

“ အင်း...မင်းတို့တွဲကကြတာလည်း မဆိုးပါဘူး...ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့သဘောမကျတဲ့ သူတွေနဲ့တွဲကရမှာထက် မင်းတို့အချင်းချင်းဆို ပိုအဆင်ပြေတာပေါ့...မဟုတ်ဘူးလား မဒမ်ကင်မ် ”

ပါပါးဂျွန်က မေမေကင်မ်အားစစ်ကူခေါ်လေတော့ မေမေကင်မ်ကလည်းအလိုက်သင့်တုံ့ပြန်သည် ။

“ ဒါပေါ့ ဒါပေါ့...ပြီးတော့ သူတို့ကြားက ကတောက်ကဆလေးတွေလည်း ပြေလည်သွားတာပေါ့ ”

“ ဟားဟားဟားဟား...ဒီကလေးတွေ တကယ်ပါပဲကွာ...ဒီလောက်ကြီးနေတာတောင် ရန်ဖြစ်နေကြသေးတယ်...ဒီညတော့ ငြိမ်းချမ်းရေးယူတဲ့သဘောအနေနဲ့ တွဲကကြပေါ့ကွာ ”

ဖေဖေကင်မ်ကပါ ဝင်ပြောလာပြီဖြစ်တာကြောင့် ထယ်ယောင်း နှင့် ဂျောင်ကုတို့မှာ ငြင်းဖို့အခွင့်မသာတော့ပါချေ ။ ထို့ကြောင့် တွဲကကြပါမည်ဟုသာ ပြောလိုက်ရတော့သည် ။

မီးရောင်များထိန်ငြီးနေသည့် တောင်ပေါ်ဗီလာ၏ ကွင်းပြင်ကျယ်ကြီးတစ်ခုတွင် အယ်လ်ဖာအမျိုးသားနှစ်ယောက်သည် အပြုံးတစ်စက်မှမရှိသည့် မျက်နှာထားနှင့် တစ်ယောက်လက်တစ်ယောက်ကိုင်ကာ ကနေကြသည် ။

‌ဂျောင်ကုမျက်နှာကစူပုပ်နေသည် ။ ထယ်ယောင်းကတော့ ပို၍ပင်ဆိုးသေးသည် ။ ရှစ်ခေါက်ချိုးမျက်နှာနှင့် ဂျောင်ကုအားစိုက်ကြည့်နေပုံမှာ မကြာခင်မှာပဲ ဂျောင်ကုအားခုန်အုပ်တော့မည့် ကျားလို ။ အဘယ်ကြောင့်ဆိုသော် ထယ်ယောင်းသည် လူကြီးတို့၏အပြောတို့အောက်တွင် ထယ်‌ယောင်းသည် အမျိုးသမီးနေရာမှနေ၍ ကနေရခြင်းကြောင့်ဖြစ်သည် ။ ဂျောင်ကုကတော့ မွေးနေ့ရှင်ဖြစ်သည့်အပြင် ထယ်ယောင်းထက်လည်း သုံးလကျော်ကြီးတာကြောင့် အမျိုးသားနေရာကနေ ကရမယ်တဲ့လေ ။

ဂျောင်ကု၏ ဘယ်ဘက်လက်က ထယ်ယောင်း၏ခါးပေါ်တွင်ရှိနေကာ ထယ်ယောင်း၏ ဘယ်လက်ကတော့ ဂျောင်ကု၏ပခုံးတစ်ဖက်ပေါ်တွင်တင်ထားရသည် ။ သူတို့၏ညာဖက်လက်ကတော့ အချင်းချင်းဆုပ်ကိုင်ထားရပြီး ဘယ်ညာခြေလှမ်း လှမ်းကာ classic သံစဉ်တစ်ပုဒ်နှင့် ကနေရသည် ။

“ ငါမင်းကို မုန်းလိုက်တာ ဂျောင်ကု ”

ထယ်ယောင်းက ဂျောင်ကုတစ်ယောက်တည်းကြားအောင်ပြောလိုက်ခြင်းဖြစ်သည် ။

“ ငါလည်းမင်းကို သောက်ရမ်းမုန်းတာ ထယ်ယောင်း...ငါ့အတွက်ဆိုပြီး Twinkle twinkle little star ကိုတီးပြကတည်းက မင်းကို သောက်ရမ်းမုန်းသွားတာ ”

“ အေး...ငါ့ထက်နည်းနည်းလေးကြီးတာကိုများ အမျိုးသားနေရာကို မင်း က,ရကတည်းက မင်းကိုအရင်ကထက်ပိုမုန်းသွားတာ ”

ဂျောင်ကုက နှာမှုတ်လိုက်ကာ

“ ဟွန့်...ငါတို့နှစ်ယောက်က ကြေကြေပဲ ”

“ မင်းကအရူးပဲ...မင်းနားကိုအတင်းလိုက်ကပ်နေတဲ့ မိန်းကလေး‌ကိုတောင် မခွာချနိုင်ဘူး ”

“ အဲ့တာ မင်းသောက်ကြောင်းမဟုတ်ဘူး ”

“ အင်းလေ...ငါ့သောက်ကြောင်းမဟုတ်တာကို မင်းက ယီးမလို့ ငါ့ခါးကိုလာဖက်ပြီးမင်းရဲ့တွဲဖက်ပါလို့ ပြောရလား ”

“ ငါကလည်း တကယ်ဆိုမလုပ်ချင်ပါဘူးနော်...အသေးလေးကိုရည်ညွှန်းတာကို သူမကမရှိတော့ဘဲ မင်းတစ်ယောက်ထဲရှိနေလို့လေ ... မင်းက သောက်ရမ်း သဘောထားသေးသိမ်တာပဲ ”

“ အင်း...မင်းမလို့ကို သဘောထားသေးသိမ်တာ ရှင်းပြီလား ”

ခြေလှမ်းမှန်မှန်ဖြင့် ကနေကြသော်လည်း တစ်ယောက်နှင့်တစ်ယောက်မှာ စကားနိုင်လုရင်းတွတ်ထိုးနေကြဆဲ ။ ဖိုးဖိုးဂျွန်ကတော့ မြေးနှစ်ယောက် ကနေသည်အားကြည့်ရင်း သဘောကျ၍မဆုံး ။

“ အိုးဟိုးဟိုး...ဒီကလေးနှစ်ယောက် ဒီလိုပြန်ပြီးသင့်မြတ်နေကြတာမြင်တော့ ကောင်းလိုက်တာ...အိမ်း...သူတို့တွေ အိမ်ထောင်ကြပြီး ကိုယ်ပိုင်မိသားစုလေးတွေရသွားသည်အထိ ဒီလိုလေးပဲဖြစ်နေကြရင် ကောင်းမယ် ”

ဖိုးဖိုးဂျွန်၏ နံဘေးနားတွင် ထယ်ဟီးလေးနှင့်အတူရှိနေသည့် ဟီဂျင်ကတော့ ဖိုးဖိုးဂျွန်စကားကြားပြီး မျက်ခုံးကခပ်လှုပ်လှုပ်ရယ် ။

‘ ဘာလားဟ...တစ်လောကလုံးက သူတို့နှစ်‌ယောက်ကို ဆွဲစိစေချင်နေကြတာလား ’

တီလုံးသံစဉ်ပြီးဆုံးသွားသည့်နောက်တွင် ထယ်ယောင်းနှင့် ဂျောင်ကုတို့သည် လူချင်းခွဲလိုက်ကြပြီး မွေးနေ့ပွဲလာဧည့်သည်များကို ဦးညွှတ်ကာ ကွင်းပြင်မှထွက်သွားကြသည် ။

သူတို့နှစ်ဦးထွက်သွားသည်နှင့် သံစဉ်တို့က တစ်ဖန်ပြန်စပြီး ဧည့်သည်တို့က ကိုယ့်တွဲဖက်နှင့်ကိုယ် ကကြလေသည် ။

ထယ်ယောင်း နှင့် ဂျောင်ကုတို့ကတော့ မွေးနေ့ပွဲပြီးသည်အထိ နောက်တစ်ခါထပ်၍ မျက်နှာချင်းပင်မဆိုင်ကြတော့ချေ ။



ပြဇာတ်ငယ်လေး :

မတွဲကြခင် :

ထယ်ယောင်း : ကိုကို!

ဂျောင်ကု : ကြက်သီးထဖို့ကောင်းအောင် ငါ့ကိုအဲ့လိုမခေါ်နဲ့စမ်း

ထယ်ယောင်း : ငါမင်းကို မုန်းလိုက်တာ

ဂျောင်ကု : ငါက ပိုတောင်မုန်းသေးတယ်

တရားဝင်စတွဲကြပြီးနောက် :

ဂျောင်ကု : အခုကစပြီး ကိုယ့်ကို ကိုကိုလို့ခေါ်

ထယ်ယောင်း : အွန်း...ကိုကို~

ဂျောင်ကု : ကိုယ့်ကို မုန်းလား

ထယ်ယောင်း : မုန်းတယ် တအားကိုပဲ...နှလုံးသားကိုခိုးပြီးပြန်မပေးလို့ ><

----------------------------
Plz! Vote, Feedback and follow me 🎐

A:N/ အားးးးးး ဒီအပိုင်းရေးပြီး အူတွေယားလိုက်တာ... ဆူး‌ဆူးလည်း အမုန်းခံချင်လို့ 😭










(Zawgyi)

“ ငါမင္းကိုမုန္းလိုက္တာ ကင္မ္ထယ္ေယာင္း ”

‌ဆူညံေနသည့္ လက္ခုပ္သံမ်ားၾကားတြင္ ေဂ်ာင္ကုသည္ ထယ္ေယာင္းအား စူးစိုက္ၾကည့္ေနရင္း ခပ္တိုးတိုးဆိုလိုက္သည္ ။ ထယ္ေယာင္းကေတာ့ ေဂ်ာင္ကုအား မ်က္ခုံးတစ္ဖက္ပင့္ျပလိုက္ရင္း စင္‌ေပၚမွဆင္းလာသည္ ။

“ ဝါး...ထယ္ေယာင္း နင္ကအရမ္းေတာ္တာပဲ... piano တီးတတ္တာ ငါေတာင္မသိခဲ့ဘူး ”

ဟီယူက စင္ေပၚမွဆင္းလာသည့္ ထယ္ေယာင္း၏ လက္ေမာင္းအက်ႌစကိုဆြဲရင္းႏွင့္ ဆိုသည္ ။

“ အမ္း...ဒါကလြယ္ကူ႐ိုး႐ွင္းတဲ့ တီးလုံးေလးတစ္ခုဆိုေပမဲ့လို႔...ေဂ်ာင္ကုအတြက္ လက္ေဆာင္ေပးတာပါ ”

ထယ္ေယာင္းက ဟီယူ၏စကားကိုျပန္ေျဖရင္း ေဂ်ာင္ကုအား ေခါင္းေစာင္း၍ ၾကည့္လိုက္ကာ မ်က္လုံးဝိုင္းေလးႏွင့္

“ သေဘာက်တယ္မလား ကိုကို ”

“ ယီး! ေသာက္ခြက္လာမေျပာင္နဲ႔ ထယ္ေယာင္း ”

“ အို႔...ကိုကိုက အခုေတာ့ ေယာင္းကို ဆဲၿပီေပါ့ေလ ”

ထယ္ေယာင္း၏ “ ကိုကို ” ဟူသည့္ အေခၚအေဝၚတြင္ ေဂ်ာင္ကုၾကက္သီးမ်ားပင္ ထလာသည္ ။ ထယ္ေယာင္းက ေဂ်ာင္ကုထက္ငယ္သည္ဆိုေသာ္ျငား သုံးလေက်ာ္ ေလးလေလာက္သာေလ ။

“ အစ္...အစ္ ”

ဟီယူသည္ သူမေ႐ွ႕တြင္႐ွိေနသည့္ ႏွစ္ေယာက္အားၾကည့္ရင္း ဂြၽတ္ထိုးလာတာေၾကာင့္ ေတာင္းပန္စကားဆိုရင္း ထိုေနရာမွထြက္ေျပးလာလိုက္သည္ ။

“ ေဆာရီး...ငါ ဂြၽတ္ထိုးလာလို႔...ေရသြားေသာက္လိုက္ဦးမယ္ ”

ယခုခ်ိန္တြင္ သူမစိတ္ထဲတြင္ ျဖစ္ေနသည့္ ထိတ္လန္႔အံ့ဩမႈမ်ားအား သူမတစ္ေယာက္ထဲသာလွ်င္သိသည္ ။ ဂြၽတ္ထိုးေနေသာ္လည္း သူမ၏အျပဳံးကေတာ့ ဖုံးဖိလို႔မရေအာင္ေပၚလြင္ေနသျဖင့္ ေဂ်ာင္ကုႏွင့္ထယ္ေယာင္းတို႔ေ႐ွ႕မွ အလ်င္ျမန္ေျပးထြက္လာျခင္းျဖစ္သည္ ။

“ ယူေလး! ”

ဟီယူတစ္ေယာက္ စိတ္ၿငိမ္ေစမည့္ေနရာတစ္ေနရာ႐ွာေနတုန္း သူမအားေခၚသည့္အသံကိုၾကားလိုက္ရတာေၾကာင့္ အသံၾကားရာသို႔လွည့္ၾကည့္လိုက္သည္ ။

“ မမ ”

ဟီယူ “ မမ ” ဟုအၿမဲေခၚဆိုေနသည့္ ယြန္းဟာေယာင္းသည္ ဟီယူ႕အနားသို႔အျမန္ေရာက္လာၿပီး သူမ၏အေပၚျခဳံထည္အား ဟီယူ၏ပခုံးေပၚသို႔ ျခဳံလႊမ္းေပးလိုက္သည္ ။

အရပ္ 180 cm ႐ွည္ၿပီး အမ်ိဳးသမီးဝတ္ suit တို႔ကိုသာဝတ္တတ္သည့္ ယြန္းဟာေယာင္း၏ အေပၚျခဳံထည္က မြန္ဟီယူကဲ့သို႔ ခပ္ေသးေသးအိုမီဂါအတြက္ ခႏၶာကိုယ္တစ္ခုလုံးဖုံးအုပ္သြားေစရန္လုံေလာက္သည္ ။

“ ယူေလး...တျဖည္းျဖည္းနဲ႔ ေအးလာၿပီ...သြားခ်င္တဲ့ေနရာကိုလည္း လိုက္ပို႔ၿပီးၿပီမလား အခုျပန္ၾကရေအာင္ေနာ္ ကေလး ”

ဟီယူက ေအာက္ႏႈတ္ခမ္းေလးအားကိုက္လိုက္ကာ အိမ္ျပန္ရန္ျငင္းဆိုခ်င္ပါေသာ္လည္း နာခံမႈ႐ွိစြာျဖင့္ ေခါင္းၿငိမ့္လိုက္သည္ ။

“ အြန္း ”

ထို႔ေနာက္ေတာ့ ယြန္ယာေယာင္းသည္ ဟီယူ၏လက္ကိုကိုင္ဆြဲကာ ေမြးေန႔ပြဲမွ ထြက္သြားေလသည္ ။ ထယ္ဟီးေလးႏွင့္အခ်ိန္ျဖဳန္းေပးေနသည့္ ဟီဂ်င္ကေတာ့ အမ်ိဳးသမီးတစ္ေယာက္ႏွင့္အတူ ေမြးေန႔ပြဲမွထြက္သြားသည့္ ဟီယူ၏ေနာက္ေက်ာေလးကိုသာျမင္လိုက္ရသည္ ။

“ အယ္...ဟီယူေရာက္လာတာေတာင္ မသိလိုက္ပါလား ”

“ ဘယ္သူလဲဟင္ ”

ထယ္ဟီးက သိခ်င္စိတ္အျပည့္ႏွင့္ေမးလာတာေၾကာင့္ ဟီဂ်င္လည္း ဖုန္းကြယ္မႈမ႐ွိဘဲ အမွန္အတိုင္းေျဖလိုက္သည္ ။

“ အတန္းေဖာ္တစ္ေယာက္ပါ...မြန္ဟီယူတဲ့...ထယ္ေယာင္း နဲ႔ ေဂ်ာင္ကု ၿပိဳင္လိုက္ေနတဲ့ အိုမီဂါေလးဆိုရင္လည္း မမွားဘူး ”

ထိုစကားၾကားေတာ့ ထယ္ဟီးက ႏွာေခါင္း႐ႈံ႕လိုက္ကာ

“ ဟြန္႔! ကိုႀကီးတို႔ႏွစ္ေယာက္က အၿမဲတမ္းတူညီတဲ့ အိုမီဂါေလးေတြကိုၿပိဳင္လိုက္တယ္ ... ၿပီးေတာ့ တစ္ေယာက္မွလည္းရၾကတာမဟုတ္ဘူး...ၾကာရင္ သူတို႔အခ်င္းခ်င္းပဲျပန္ရၾကေတာ့မလားေတာင္မသိဘူး ”

ထယ္ဟီးဆီမွ ဟီယူႏွင့္ဆင္တူသည့္ စကားထြက္လာတာေၾကာင့္ ဟီဂ်င္တစ္ခ်က္ရယ္လိုက္ကာ ထယ္ဟီးစကားကိုခပ္တိုးတိုးေထာက္ခံေပးလိုက္သည္ ။

“ အမ္း...ျဖစ္ႏိုင္ပါတယ္ ”

ထိုစဥ္တြင္ ထယ္ေယာင္း ႏွင့္ ေဂ်ာင္ကုကေတာ့ ကိုယ္တြယ္ကအနည္းငယ္ခက္သည့္ အမ်ိဳးသမီးငယ္တစ္ေယာက္ႏွင့္ ၾကဳံေနရသည္ ။

“ ခဏေန...စုံတြဲကရတဲ့အခ်ိန္ကိုေရာက္လာေတာ့မွာ...ပါတနာမ႐ွိေသးရင္ အာ႐ြန္းနဲ႔တြဲလို႔ရတယ္ေနာ္ ကိုကိုေဂ်ာင္ကု ”

“ မလိုဘူး...ငါ က,မွာမဟုတ္ဘူး ”

အာ႐ြန္းဟုေခၚသည့္ အမ်ိဳးသမီးငယ္၏ မ်က္ႏွာက ေဂ်ာင္ကုစကားေၾကာင့္ ဝမ္းနည္းေနပုံေပါက္သြားကာ ခြၽဲပစ္၍သနားဖြယ္ေကာင္းသည့္ ေလသံႏွင့္ ‌ျပန္ေျပာလာသည္ ။

“ ေမြးေန႔႐ွင္က ဒီလိုေန႔မ်ိဳးမွာ မကလို႔ျဖစ္မလား...အာ႐ြန္းက ကိုကိုေဂ်ာင္ကုကို လူအမ်ားေျပာစရာမျဖစ္ေအာင္ ေစတနာနဲ႔ေျပာေနတာပါ...တျခားမ႐ွိပါဘူး ”

“ ဂြၽန္အာ႐ြန္း...မင္းေတာ္သင့္ၿပီထင္တယ္ေနာ္...မင္းကငါနဲ႔ အနည္းငယ္ေသြးေဝးတဲ့ ညီမငယ္တစ္ေယာက္ပါ...ေက်းဇူးျပဳၿပီး မင္းရဲ႕အျပဳအမူေတြကို ထိန္းသိမ္းေပးပါလား...ၿပီးေတာ့ ငါ့မွာတြဲကရမဲ့တြဲဖက္႐ွိၿပီးသား...မင္းစိတ္ပူေနစရာမလိုဘူး ”

ေဂ်ာင္ကုက သူ႕ေ႐ွ႕ကအိုမီဂါမိန္းကေလးကိုၾကည့္ရင္း စိတ္မ႐ွည္ေတာ့တာေၾကာင့္ ေလသံမာမာႏွင့္ေျပာလိုက္သည္ ။ ထယ္ေယာင္းကေတာ့ ဘာတစ္ခြန္းမွ်ဝင္မေျပာဘဲ ေဂ်ာင္ကုႏွင့္အာ႐ြန္း တို႔အားလက္ပိုက္ၾကည့္ကာ ဖရဲသီးစားပရိတ္သတ္လုပ္ေနသည္ ။

(A/N: ဖရဲသီးစားတယ္ဆိုတာ warပြဲၾကည့္တာကိုေျပာတာပါ)

“ ကိုကိုေဂ်ာင္ကု ေလွ်ာက္ေျပာေနတာ...ကိုကိုေဂ်ာင္ကုမွာ တြဲဖက္႐ွိတယ္ဆိုတာကို ညီမမယုံဘူး ”

“ ဟမ့္! ငါ့တြဲဖက္က မင္းအေ႐ွ႕ ၊ ငါ့အနားမွာတင္ေလ ”

အာ႐ြန္း : !!!

ေဂ်ာင္ကုေဘး၌ရပ္ေနသည့္ တစ္ဦးတည္းေသာ ထယ္ေယာင္း : ဟမ္??

ေဂ်ာင္ကုက ဟီယူအားရည္ၫႊန္း၍ ေျပာလိုက္ေသာ္ျငား ဟီယူကေတာ့ ျပန္သြားၿပီျဖစ္သည္ ။ ေဂ်ာင္ကုက ေ႐ွ႕မၾကည့္ေနာက္မၾကည့္ႏွင့္ေျပာလိုက္တာေၾကာင့္ သူ႕နံေဘးတြင္႐ွိေနသူမွာ ဟီယူမဟုတ္ဘဲ ထယ္ေယာင္းျဖစ္ေနေၾကာင္းကို သတိမထားမိလိုက္ေပ ။ သူသတိထားမိလိုက္ခ်ိန္တြင္ေတာ့ စကားတို႔ကလြန္သြားခဲ့ၿပီျဖစ္သည္ ။

ထို႔ေၾကာင့္ ေဂ်ာင္ကုလည္း မထူးဇာတ္ခင္းကာ ထယ္ေယာင္း၏ခါးကိုဆြဲဖက္လိုက္ၿပီး

“ ဟုတ္...ဟုတ္တယ္ ထယ္ေယာင္းက ဒီညငါ့ရဲ႕တြဲဖက္ပဲ...အဲ့တာဘာျဖစ္လဲ ”

ေဂ်ာင္ကုက ေျဖ႐ွင္းခ်က္ေပးရင္း ထယ္ေယာင္းအား သူ႕စကားေနာက္ ေဖာ္လိုလိုက္ေပးရန္ ထယ္ေယာင္း၏ခါးကိုဆြဲညစ္ထားေသးသည္ ။

ေဂ်ာင္ကုကအားႏွင့္ ညစ္ထားတာေၾကာင့္ ထယ္ေယာင္းလည္းနာက်င္လာသည္ ။ ထို႔ေၾကာင့္ ေဂ်ာင္ကု၏ေျခေထာက္အား မသိမသာႏွင့္ တက္နင္းလိုက္ကာ အံကိုႀကိတ္၍ မခ်ိဳမခ်ဥ္ေလးျပဳံးလိုက္သည္ ။

“ အဟင္းဟင္း ”

“ အိုး...ဒီကေလးႏွစ္ေယာက္က လက္စသတ္ေတာ့ အတူတူတြဲကဖို႔ စဥ္းစားေနၾကတာကိုး ”

ပါပါးဂြၽန္ရဲ႕အသံေၾကာင့္ ထယ္ေယာင္းႏွင့္ေဂ်ာင္ကုတို႔လည္း ခပ္ခြာခြာေနလိုက္ၾကၿပီး အနည္းငယ္တြန္႔ေၾကသြားသည့္ suit ကိုျပင္ေနလိုက္ၾကသည္ ။

ဒယ္ဒီဂြၽန္ ၊ ေဖေဖကင္မ္ ၊ ပါပါးဂြၽန္ ၊ ေမေမကင္မ္ တို႔ေလးေယာက္သည္ ထယ္ေယာင္းႏွင့္ ေဂ်ာင္ကုတို႔႐ွိရာဆီသို႔ေရာက္လာၾကသည္ ။ ပါပါးဂြၽန္က မ်က္ႏွာေျပာင္တိုက္ကာ ေဂ်ာင္ကုနားသို႔တြယ္ကပ္ေနသည့္ အာ႐ြန္းအား ေအးစက္စက္အၾကည့္ႏွင့္ၾကည့္လိုက္တာေၾကာင့္ အာ႐ြန္းသည္ ေၾကာက္ေၾကာက္လန္႔လန္႔ႏွင့္ ေနာက္သို႔ဆုတ္သြားကာ သူမ၏အေဖ႐ွိရာဆီသို႔ေျပးသြားသည္ ။

“ မင္းတို႔ႏွစ္ေယာက္က တကယ္ႀကီး တြဲကၾကမယ္ေပါ့...ဟုတ္မွလည္းလုပ္ၾကဦးေနာ္ ”

‌ဒယ္ဒီဂြၽန္က မယုံသလိုၾကည့္ရင္းဆိုသည္ ။ ပါပါးဂြၽန္ကေတာ့ ျပဳံးရင္းျဖင့္သာ

“ အင္း...မင္းတို႔တြဲကၾကတာလည္း မဆိုးပါဘူး...ဘယ္လိုပဲျဖစ္ျဖစ္ မင္းတို႔သေဘာမက်တဲ့ သူေတြနဲ႔တြဲကရမွာထက္ မင္းတို႔အခ်င္းခ်င္းဆို ပိုအဆင္ေျပတာေပါ့...မဟုတ္ဘူးလား မဒမ္ကင္မ္ ”

ပါပါးဂြၽန္က ေမေမကင္မ္အားစစ္ကူေခၚေလေတာ့ ေမေမကင္မ္ကလည္းအလိုက္သင့္တုံ႔ျပန္သည္ ။

“ ဒါေပါ့ ဒါေပါ့...ၿပီးေတာ့ သူတို႔ၾကားက ကေတာက္ကဆေလးေတြလည္း ေျပလည္သြားတာေပါ့ ”

“ ဟားဟားဟားဟား...ဒီကေလးေတြ တကယ္ပါပဲကြာ...ဒီေလာက္ႀကီးေနတာေတာင္ ရန္ျဖစ္ေနၾကေသးတယ္...ဒီညေတာ့ ၿငိမ္းခ်မ္းေရးယူတဲ့သေဘာအေနနဲ႔ တြဲကၾကေပါ့ကြာ ”

ေဖေဖကင္မ္ကပါ ဝင္ေျပာလာၿပီျဖစ္တာေၾကာင့္ ထယ္ေယာင္း ႏွင့္ ေဂ်ာင္ကုတို႔မွာ ျငင္းဖို႔အခြင့္မသာေတာ့ပါေခ် ။ ထို႔ေၾကာင့္ တြဲကၾကပါမည္ဟုသာ ေျပာလိုက္ရေတာ့သည္ ။

မီးေရာင္မ်ားထိန္ၿငီးေနသည့္ ေတာင္ေပၚဗီလာ၏ ကြင္းျပင္က်ယ္ႀကီးတစ္ခုတြင္ အယ္လ္ဖာအမ်ိဳးသားႏွစ္ေယာက္သည္ အျပဳံးတစ္စက္မွမ႐ွိသည့္ မ်က္ႏွာထားႏွင့္ တစ္ေယာက္လက္တစ္ေယာက္ကိုင္ကာ ကေနၾကသည္ ။

‌ေဂ်ာင္ကုမ်က္ႏွာကစူပုပ္ေနသည္ ။ ထယ္ေယာင္းကေတာ့ ပို၍ပင္ဆိုးေသးသည္ ။ ႐ွစ္ေခါက္ခ်ိဳးမ်က္ႏွာႏွင့္ ေဂ်ာင္ကုအားစိုက္ၾကည့္ေနပုံမွာ မၾကာခင္မွာပဲ ေဂ်ာင္ကုအားခုန္အုပ္ေတာ့မည့္ က်ားလို ။ အဘယ္ေၾကာင့္ဆိုေသာ္ ထယ္ေယာင္းသည္ လူႀကီးတို႔၏အေျပာတို႔ေအာက္တြင္ ထယ္‌ေယာင္းသည္ အမ်ိဳးသမီးေနရာမွေန၍ ကေနရျခင္းေၾကာင့္ျဖစ္သည္ ။ ေဂ်ာင္ကုကေတာ့ ေမြးေန႔႐ွင္ျဖစ္သည့္အျပင္ ထယ္ေယာင္းထက္လည္း သုံးလေက်ာ္ႀကီးတာေၾကာင့္ အမ်ိဳးသားေနရာကေန ကရမယ္တဲ့ေလ ။

ေဂ်ာင္ကု၏ ဘယ္ဘက္လက္က ထယ္ေယာင္း၏ခါးေပၚတြင္႐ွိေနကာ ထယ္ေယာင္း၏ ဘယ္လက္ကေတာ့ ေဂ်ာင္ကု၏ပခုံးတစ္ဖက္ေပၚတြင္တင္ထားရသည္ ။ သူတို႔၏ညာဖက္လက္ကေတာ့ အခ်င္းခ်င္းဆုပ္ကိုင္ထားရၿပီး ဘယ္ညာေျခလွမ္း လွမ္းကာ classic သံစဥ္တစ္ပုဒ္ႏွင့္ ကေနရသည္ ။

“ ငါမင္းကို မုန္းလိုက္တာ ေဂ်ာင္ကု ”

ထယ္ေယာင္းက ေဂ်ာင္ကုတစ္ေယာက္တည္းၾကားေအာင္ေျပာလိုက္ျခင္းျဖစ္သည္ ။

“ ငါလည္းမင္းကို ေသာက္ရမ္းမုန္းတာ ထယ္ေယာင္း...ငါ့အတြက္ဆိုၿပီး Twinkle twinkle little star ကိုတီးျပကတည္းက မင္းကို ေသာက္ရမ္းမုန္းသြားတာ ”

“ ေအး...ငါ့ထက္နည္းနည္းေလးႀကီးတာကိုမ်ား အမ်ိဳးသားေနရာကို မင္း က,ရကတည္းက မင္းကိုအရင္ကထက္ပိုမုန္းသြားတာ ”

ေဂ်ာင္ကုက ႏွာမႈတ္လိုက္ကာ

“ ဟြန္႔...ငါတို႔ႏွစ္ေယာက္က ေၾကေၾကပဲ ”

“ မင္းကအ႐ူးပဲ...မင္းနားကိုအတင္းလိုက္ကပ္ေနတဲ့ မိန္းကေလး‌ကိုေတာင္ မခြာခ်ႏိုင္ဘူး ”

“ အဲ့တာ မင္းေသာက္ေၾကာင္းမဟုတ္ဘူး ”

“ အင္းေလ...ငါ့ေသာက္ေၾကာင္းမဟုတ္တာကို မင္းက ယီးမလို႔ ငါ့ခါးကိုလာဖက္ၿပီးမင္းရဲ႕တြဲဖက္ပါလို႔ ေျပာရလား ”

“ ငါကလည္း တကယ္ဆိုမလုပ္ခ်င္ပါဘူးေနာ္...အေသးေလးကိုရည္ၫႊန္းတာကို သူမကမ႐ွိေတာ့ဘဲ မင္းတစ္ေယာက္ထဲ႐ွိေနလို႔ေလ ... မင္းက ေသာက္ရမ္း သေဘာထားေသးသိမ္တာပဲ ”

“ အင္း...မင္းမလို႔ကို သေဘာထားေသးသိမ္တာ ႐ွင္းၿပီလား ”

ေျခလွမ္းမွန္မွန္ျဖင့္ ကေနၾကေသာ္လည္း တစ္ေယာက္ႏွင့္တစ္ေယာက္မွာ စကားႏိုင္လုရင္းတြတ္ထိုးေနၾကဆဲ ။ ဖိုးဖိုးဂြၽန္ကေတာ့ ေျမးႏွစ္ေယာက္ ကေနသည္အားၾကည့္ရင္း သေဘာက်၍မဆုံး ။

“ အိုးဟိုးဟိုး...ဒီကေလးႏွစ္ေယာက္ ဒီလိုျပန္ၿပီးသင့္ျမတ္ေနၾကတာျမင္ေတာ့ ေကာင္းလိုက္တာ...အိမ္း...သူတို႔ေတြ အိမ္ေထာင္ၾကၿပီး ကိုယ္ပိုင္မိသားစုေလးေတြရသြားသည္အထိ ဒီလိုေလးပဲျဖစ္ေနၾကရင္ ေကာင္းမယ္ ”

ဖိုးဖိုးဂြၽန္၏ နံေဘးနားတြင္ ထယ္ဟီးေလးႏွင့္အတူ႐ွိေနသည့္ ဟီဂ်င္ကေတာ့ ဖိုးဖိုးဂြၽန္စကားၾကားၿပီး မ်က္ခုံးကခပ္လႈပ္လႈပ္ရယ္ ။

‘ ဘာလားဟ...တစ္ေလာကလုံးက သူတို႔ႏွစ္‌ေယာက္ကို ဆြဲစိေစခ်င္ေနၾကတာလား ’

တီလုံးသံစဥ္ၿပီးဆုံးသြားသည့္ေနာက္တြင္ ထယ္ေယာင္းႏွင့္ ေဂ်ာင္ကုတို႔သည္ လူခ်င္းခြဲလိုက္ၾကၿပီး ေမြးေန႔ပြဲလာဧည့္သည္မ်ားကို ဦးၫႊတ္ကာ ကြင္းျပင္မွထြက္သြားၾကသည္ ။

သူတို႔ႏွစ္ဦးထြက္သြားသည္ႏွင့္ သံစဥ္တို႔က တစ္ဖန္ျပန္စၿပီး ဧည့္သည္တို႔က ကိုယ့္တြဲဖက္ႏွင့္ကိုယ္ ကၾကေလသည္ ။

ထယ္ေယာင္း ႏွင့္ ေဂ်ာင္ကုတို႔ကေတာ့ ေမြးေန႔ပြဲၿပီးသည္အထိ ေနာက္တစ္ခါထပ္၍ မ်က္ႏွာခ်င္းပင္မဆိုင္ၾကေတာ့ေခ် ။



ျပဇာတ္ငယ္ေလး :

မတြဲၾကခင္ :

ထယ္ေယာင္း : ကိုကို!

ေဂ်ာင္ကု : ၾကက္သီးထဖို႔ေကာင္းေအာင္ ငါ့ကိုအဲ့လိုမေခၚနဲ႔စမ္း

ထယ္ေယာင္း : ငါမင္းကို မုန္းလိုက္တာ

ေဂ်ာင္ကု : ငါက ပိုေတာင္မုန္းေသးတယ္

တရားဝင္စတြဲၾကၿပီးေနာက္ :

ေဂ်ာင္ကု : အခုကစၿပီး ကိုယ့္ကို ကိုကိုလို႔ေခၚ

ထယ္ေယာင္း : အြန္း...ကိုကို~

ေဂ်ာင္ကု : ကိုယ့္ကို မုန္းလား

ထယ္ေယာင္း : မုန္းတယ္ တအားကိုပဲ...ႏွလုံးသားကိုခိုးၿပီးျပန္မေပးလို႔ ><

----------------------------
Plz! Vote, Feedback and follow me 🎐

A:N/ အားးးးးး ဒီအပိုင္းေရးၿပီး အူေတြယား  ဆူး‌ဆူးလည္း အမုန္းခံခ်င္လို႔ 😭

Lanjutkan Membaca

Kamu Akan Menyukai Ini

45.2K 3.1K 72
ဖတ်ကြည့်နော်😉😉
39.1K 5.8K 38
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
110K 18.8K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
1.3M 122K 52
"မောင့်ကို ဘယ်တုန်းကမှလည်းမုန်းမရခဲ့သလို ထပ်ပီးလည်းမချစ်နိုင်တော့ဘူး" Big Drama ... Drama ကြိုက်မှဖတ်ပါ ။ ဘယ်လို ending ပဲဖြစ်ဖြစ်လက်ခံနိုင်တယ်ဆိုမှဖ...