HELOT (ကျေးကျွန်)

By Y_outh

211K 9.1K 953

ကြိုပြီး မေတ္တာရပ်ခံချင်တာကတော့ Abuse type တွေ မကြိုက်ရင်, allergic ရှိရင် မဖတ်ပါနဲ့ ။ Incest - သွေးရင်းစပ်ယ... More

Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Ling Aw Marn + Shen Wine Nay La (Who's Top?)
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Characters

Chapter - 37

2.4K 139 28
By Y_outh

Unicode >>>

အစကတော့ သြမံ စိတ်ထွက်ပေါက် ရလိုရငြား နေရာဒေသ အသစ်တစ်ရပ်ဆီသို့ သွားလိုခြင်းပင်။ သော်ငြားလည်း ရုတ်တရက်ဆိုသလို ရှန်ဝိုင်း ၏ မျက်နှာက သူ့ခေါင်းထဲပေါ်လာသည်။ သူထွက်သွားပြီး ပြန်လာလို့ ထိုကောင်လေး မရှိတော့လျှင် သူဘာလုပ်ရမည်နည်း။ ရှန်ဝိုင်းနေလသည် သူပိုင်ဆိုင်သည့်လူဖြစ်သည်။ သူ့ဆီကနေ တခြားလူတွေ ဆွဲခေါ်သွားမည်ကို သူမလိုလားချေ။

" ၂စောင်? ဘာလို့ ၂စောင်လဲ? "

" ပြန်မမေးနဲ့ "

နှစ်သစ် ကြောင်သွားသည်။ ထို့နောက် အလန့်တကြားဖြင့်

" မဟုတ်မှ ! မင်းညီအတွက်လား?! Wtf ! မင်းတို့ ဆက်ဆံရေးက ဘယ်တုန်းက ဒီလောက်ထိကောင်းသွားရတာလဲ?? "

သြမံ စုတ်သပ်လိုက်ကာ

" တော်တော်လျှာရှည်တဲ့ကောင်ပဲ။ မဖြတ်ပေးလဲနေ "

" နေပါဦး နေပါဦး။ ငါ့ဘော်ဒါကြီးကို မလုပ်ပေးစရာလား၊ ၂စောင်နော်.. အိုခေ၊ Mandalay ရောက်ရင် အကြောင်းကြားလိုက်။ ငါလာကြိုမယ် "

သြမံ ပြန်ဖြေရမှာတောင် ပျင်းလွန်းနေပြီဖြစ်သည်။ သူ သဘောတူသံ တချက်ပြုလိုက်ပြီး ဖုန်းချလိုက်ကာ ကားစက်နှိုးလိုက်ပြီးနောက် ဆေးရုံသို့ ဦးတည်လိုက်သည်။

ဆေးရုံရောက်သည်နှင့် ရှန်ဝိုင်း အခန်းရှိရာဆီ အလျင်အမြန်သွားပြီး တံခါးပင်ခေါက်မနေတော့ဘဲ ဝင်ချသွားလိုက်၏။ ရှန်ဝိုင်းနေလ သည် ကုတင်ကို ကျောမှီလျက် သက်တောင့်သက်သာအနေအထားဖြင့် ထိုင်နေကာ လက်ထဲတွင်စာအုပ်တစ်အုပ်ကိုင်ထားပြီး စာဖတ်နေပုံရသည်။ သြမံကိုတွေ့တော့ အံ့သြသွားဟန်ဖြင့်

" ကိုကို ဘာလာလုပ်တာလဲ "

" ငါနဲ့လိုက်ခဲ့ "

ပြောပြီး ရှန်ဝိုင်း လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ကာ ကားဆီဆွဲခေါ်သွားတော့သည်။

ရှန်ဝိုင်းသည် လမ်းတလျှောက်လုံး မည်သည့်အမေးစကားမှမဆိုချေ။ သြမံ ဆွဲခေါ်ရာနောက်ကိုသာ ငြိမ်ငြိမ်လေး လိုက်ပါလာသည်။

ရှန်ဝိုင်းကို ကားထဲသွင်းလိုက်ပြီး သူသည်လည်း ကားပေါ်တက်မည်အပြု ဘောင်းဘီအိတ်ကပ်ထဲရှိ Ph က ရုတ်တရက်မြည်လာလေသည်။ ထုတ်ကြည့်လိုက်တော့ သက်နေပိုင်ပင်။

သြမံ မျက်နှာမဲ့လိုက်ပြီး Ph ပိတ်လိုက်တော့သည်။

ထို့နောက် ကားမောင်းသူနေရာ ဝင်ထိုင်လိုက်ကာ ရှန်ဝိုင်း ကိုလှည့်ကြည့်သည်။ ရှန်ဝိုင်းသည် သူ့ကိုအူကြောင်ကြောင်ပုံစံဖြင့် ပြန်ကြည့်နေပြီး ပြုံးပြလာသည်။

" ကိုကို ဘာဖြစ်လို့လဲ? "

သြမံ ပြန်မဖြေသေးပဲ ရှန်ဝိုင်း မျက်နှာကို လှမ်းကိုင်လိုက်သည်။ ရှန်ဝိုင်းရဲ့အပြုံးမှာ ပိုမိုပီပြင်လာပြီး ပျော်ရွှင်နေပုံပင်။ မျက်လုံးမှိတ်လိုက်ကာ သြမံ လက်ဖဝါးပြင်ထက် မျက်နှာကို အလိုက်သင့်စောင်းငဲ့ရင်း ပွတ်သပ်နေသည်။ သြမံ သူ့ရှေ့ရှိ ခွေးပေါက်လေးကဲ့သို့သော ကောင်လေးကို ကြည့်ရင်း နှလုံးသားကို ငှက်မွှေးဖြင့် လာရောက်ပွတ်သပ်ဆော့ကစား ခံနေရသည့်အလား အသဲယားလာ၏။

သက်နေပိုင် နှင့် ရှန်ဝိုင်းနေလ တွင် ကွာခြားချက်တို့ အများကြီးရှိသည်။ ညီအစ်ကိုအရင်း နှစ်ယောက်အပေါ် သြမံ၏ အမြင်နဲ့ခံစားချက်များသည်လည်း ကွာခြားလွန်းလှသည်။ သက်နေပိုင်သည် သူ့အပေါ် လွှမ်းမိုးမှုရှိပြီး သူ့ဘဝကို ချုပ်ကိုင်လိုသည်။ ရှန်ဝိုင်းနေလ ကဖြင့် အချိန်တိုင်း သူ့အနားတွင် ရှိနေပေးသူပင်။ ကောင်းကောင်းဆိုးဆိုး သည်းခံပြီး အနားတွင်နေပေးကာ သူနှင့် သဟဇာတဖြစ်အောင် ရေလိုက်ငါးလိုက်လည်း နေတတ်သည်။

သက်နေပိုင်သည် လင်းသြမံအဖို့ နေမင်းကြီးဆိုပါက ရှန်ဝိုင်းနေလကမူ သြမံအတွက် အရိပ်ဖြစ်သည်။ သို့ဖြစ်သော်ငြား ထိုလူနှစ်ယောက်လုံးသည် သြမံနှင့်သွေးသားတော်စပ်သည့် ညီအစ်ကိုတွေပင်။

သြမံ သည် အကိုဖြစ်သူအပေါ် ချစ်ခင်နှစ်သက်သည့် သဘောကျမှုများရှိနေပြီး၊ ညီဖြစ်သူအပေါ် ပြင်းပြသည့် စိတ်ဆန္ဒနှင့် လိင်စိတ်တိမ်းညွတ်မှုရှိသည်။ ဤသည်ကို စဥ်းစားမိတော့ သြမံ သူ့ကိုယ်သူ ရွံရှာလာမိသည်။ ရှန်ဝိုင်းနေလ ၏ လူပျိုဘဝကို အလွယ်လေးယူပစ်နိုင်သော်လည်း သူရှေ့ဆက်မတိုးနိုင်ရခြင်းက သူတို့နှစ်ယောက်သည် ညီအစ်ကိုတွေ ဖြစ်နေခြင်းကြောင့်ပင်။ ဘယ်အကြောင်းအရင်းကြောင့်ပဲ ဖြစ်ဖြစ်၊ မည်သည့်အကြောင်းပြချက်ပေးခဲ့ပြီးပဲ ဖြစ်ဖြစ် သူ့လိင်တံကို သူနှင့်တူညီသည့် သွေးများရောနှောစီးဆင်းနေသည့် ညီအစ်ကိုဖြစ်သူ၏ ကိုယ်ထဲ မထိုးသွင်းနိုင်ချေ။ ဒါဟာ စည်းလွတ်ဘောင်လွတ် မိုက်မဲမှုဖြစ်ပြီး လက်ခံနိုင်ရန်ခဲယဥ်းသည်။

သူ့ကန့်သတ်ချက်အရ ညီအကိုနှစ်ယောက်သည် ပွေ့ဖက်နိုင်သည်။ နမ်းရှုံ့နိုင်သည်။ ယုတ်စွအဆုံး တစ်ယောက်အရာကို တစ်ယောက်ကိုင်ကာ အပြန်အလှန် ဆန္ဒဖြေလျှော့နိုင်သည်။ ဤသည်ကား စိတ်ခံစားချက်မပါသည့် သွေးသားလိုအပ်မှုဟု ဖြည့်တွေးပေးနိုင်သည့် ကိစ္စများဖြစ်ပြီး လိင်ဆက်ဆံခြင်းကတော့ မတူညီသည့် တခြားကိစ္စသက်သက်ဖြစ်သည်။

သက်နေပိုင် အား နောက်ပေါက်ကို ဖွင့်ပေးရန် ရိုင်းစိုင်းစွာ ပြောဆိုခဲ့သော်ငြား တကယ်တမ်းပေးလာမည်ဆိုပါက သူလက်ခံမည် မဟုတ်ပေ။ အရင်က ဘယ်လိုပဲ စိတ်ရှိခဲ့ပါစေ။ ယခု သူတို့သည် ညီအစ်ကိုများဖြစ်သည်။ ဒါ့အပြင် သက်နေပိုင်အပေါ် ဩမံ၏ ခံစားချက်သည်လည်း ရိုးစင်းသည်။ သူသဘောကျသည့်လူက သူ့ကိုပြန်သဘောကျတာ လိုချင်ခဲ့ပြီး ထိုလူ့မျက်လုံးထဲ သူတစ်ယောက်တည်းကိုသာ မြင်စေချင်ခဲ့ရုံတင်။

သြမံ သည် သူ့ကိုယ်သူ လူကောင်းလို့တော့ မထင်ချေ။ သူသည် ယုတ်မာ ရိုင်းစိုင်းကာ မလုပ်ရဲသည့်အရာမရှိသည့်သူ ဖြစ်သည်။ သို့ပေသည့် သွေးရင်းစပ်ယှက်မှု ကိုတော့ သူလက်သင့်မခံနိုင်ချေ။ ရှန်ဝိုင်းနေလ အပေါ် မည်မျှပင် တပ်မက်သိမ်းပိုက်လိုစိတ် ပြင်းပြပါစေ၊ ညီအစ်ကိို ဆိုသည့်အချက်ကို ထောက်ရှုရာ အနည်းဆုံးတော့ သူ့ကိုယ်သူ ထိန်းနိုင်သေးသည်။ သူတောင် ငြင်းပယ်လိုသည့် အခြင်းအရာကို ရှန်ဝိုင်းနေလ ကတော့ဖြင့် သူ့ကိုယ်ထဲဝင်ချင်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့သည်။ ဘယ်လိုတောင် တွေးရဲလိုက်သလဲ! ထိုလူ့ခေါင်းထဲ ဘာတွေရှိနေမလဲ သူအရမ်းဖွင့်ကြည့်ချင်သည်။

သြမံ ရှန်ဝိုင်းရဲ့ ထူထဲနက်မှောင်လှသည့် မျက်ခုံးတစ်ဖက်ကို လက်ညှိုးဖြင့် ပွတ်သပ်လိုက်ကာ

" ငါ့နောက် လိုက်မလား? "

ရှန်ဝိုင်း မျက်လုံးလေး ပေကလက် ပေကလက်ဖြင့်

" ဘယ်ကိုလဲဟင်? "

" ဘယ်ဖြစ်ဖြစ် "

ရှန်ဝိုင်း သူ့မျက်ခုံးပေါ် ပြေးလွှားကျီစယ်နေသည့် သြမံရဲ့လက်ညှိုးကို ဆွဲယူကာ လျှာထုတ်ပြီး လျက်လိုက်သည်။ ထို့နောက် ပါးစပ်ထဲထည့်၍ သွားဖြင့် ခပ်ဖွဖွကိုက်ကာ အကိုဖြစ်သူ၏ လက်ချောင်းသွယ်သွယ်လေးကို လျှာနှင့်ရစ်ပတ် စုပ်ယူလိုက်သည်။ ရေခဲမုန့်ကို အရသာခံ၍ ဖြည်းဖြည်းချင်း သုံးဆောင်လိုသည့် မူလတန်းကလေးလေးကဲ့သို့ပင်။ စိတ်ကျေနပ်တဲ့အထိ ကိုက်လိုက် စုပ်လိုက် လုပ်နေပြီးမှ

" ကိုကို ဘယ်သွားသွားလိုက်မယ်။ ကိုကို ရှိရင်ရပြီ "

..........

သြမံ ထွက်သွားသည်နှင့် သက်နေပိုင် တောက် တချက်ပြင်းထန်စွာ ခေါက်လိုက်၏။ သူ့ပုံစံမှာ အလျှံငြီးငြီးတောက်လောင်နေသည့် မီးတောက်အလား ပေါက်ကွဲထွက်နေသည်ပင်။ ထို့နောက် မျက်စိရှေ့မြင်သည့် အရာတစ်ခုကိုကောက်ယူကာ နံရံထက်ရှိ အတော်အတန်ကြီးမားသော နံရံကပ် TV ကို ပစ်ပေါက်လိုက်တော့သည်။

Screen သည် ခွမ်း အသံနှင့်အတူ ကွဲကြေသွားရကာ ဖန်ကွဲစများ ကျဆင်းလာလေသည်။ ယင်း TV သည် သြမံ ဂိမ်းဆော့လျှင် ပိုအဆင်ပြေပြီး စိတ်ကျေနပ်စေရန်အတွက် သူကိုယ်တိုင်ရွေးချယ်ဝယ်ယူခဲ့ပေးခြင်းဖြစ်သည်။

နေပိုင့် မျက်ခုံးများသည် တွန့်ကွေးနေပြီး ဖုန်းထုတ်ကာ အလွတ်ရနေသည့် နံပါတ်စိမ်းတစ်ခုကို နှိပ်လိုက်သည်။

ဖုန်းသည် ချက်ချင်းမဝင်။ ၃ခါ ခေါ်ပြီးသည်အထိ တဖက်က ဖုန်းမကိုင်ချေ။ ဒီတစ်ကြိမ်မှ မဝင်လျှင် နေပိုင် ဖုန်းကို ရိုက်ခွဲမိတော့မည်။ ကံကောင်းထောက်မစွာပင် ဖုန်းသည် ၄ကြိမ်မြောက်ခေါ်ဆိုမှုတွင်တော့ ဝင်သွားလေသည်။

တဖက်မှ ပျင်းတိပျင်းယွဲ့အသံ ထွက်ပေါ်လာ၏။

" ဘာကိစ္စလဲ "

နေပိုင့် မျက်လုံးများသည် အေးစက်နေကာ သာမန်အချိန်၌ မြင်တွေ့ရတတ်သည့် နွေးထွေးမှုတို့မှာ အစအနပင် ရှာမရတော့ချေ။

" မထင်ထား​တာတွေ ဖြစ်သွားတယ် "

" ဘယ်လို? "

နေပိုင် တောင့်တောင့်ကြီး ပြုံးလိုက်၏။

" ​ဒါပေမယ့်.. ပိုလွယ်ကူသွားပြီ ထင်တာပဲ "

တဖက်ကလူ စိတ်မရှည်တော့ချေ။

" ငါ့ကို ရှင်းအောင်ပြော "

" မင်းလုပ်ပေးရမှာ တစ်ခုပဲရှိတယ် "

" ဘာလဲ? "

" ငါ့ကြောင်လေး ထွက်ပြေးသွားပြီ "

တဖက်ဖုန်းထဲရှိလူသည် နှာမှုတ်လိုက်ကာ

" မင်းကြောင်ပျောက်တာ ငါနဲ့ဘာဆိုင်လဲ? ငါက တိရစ္ဆာန်ကယ်ဆယ်ရေးလဲ မဟုတ်ဘူး "

နေပိုင် ချက်ချင်းပြန်မဖြေသေးဘဲ ပြတင်းပေါက်အပြင်ကို လှမ်းကြည့်လိုက်သည်။ ပတ်ဝန်းကျင်သည် မှောင်နေပြီဖြစ်ကာ လပင်ထွက်တော့မည်။

မိနစ်ဝက်မျှကြာပြီးသည့်နောက်တွင်တော့ သက်နေပိုင် တစ်လုံးချင်းပြောလာလေသည်။

" သူ့ကို ငါ့ဆီ ပြန်ခေါ်ခဲ့ပေး "

TBC

••••••••

Zawgyi >>>

အစကေတာ့ ၾသမံ စိတ္ထြက္ေပါက္ ရလိုရျငား ေနရာေဒသ အသစ္တစ္ရပ္ဆီသို႔ သြားလိုျခင္းပင္။ ေသာ္ျငားလည္း ႐ုတ္တရက္ဆိုသလို ရွန္ဝိုင္း ၏ မ်က္ႏွာက သူ႕ေခါင္းထဲေပၚလာသည္။ သူထြက္သြားၿပီး ျပန္လာလို႔ ထိုေကာင္ေလး မရွိေတာ့လွ်င္ သူဘာလုပ္ရမည္နည္း။ ရွန္ဝိုင္းေနလသည္ သူပိုင္ဆိုင္သည့္လူျဖစ္သည္။ သူ႕ဆီကေန တျခားလူေတြ ဆြဲေခၚသြားမည္ကို သူမလိုလားေခ်။

" ၂ေစာင္? ဘာလို႔ ၂ေစာင္လဲ? "

" ျပန္မေမးနဲ႕ "

ႏွစ္သစ္ ေၾကာင္သြားသည္။ ထို႔ေနာက္ အလန့္တၾကားျဖင့္

" မဟုတ္မွ ! မင္းညီအတြက္လား?! Wtf ! မင္းတို႔ ဆက္ဆံေရးက ဘယ္တုန္းက ဒီေလာက္ထိေကာင္းသြားရတာလဲ?? "

ၾသမံ စုတ္သပ္လိုက္ကာ

" ေတာ္ေတာ္လွ်ာရွည္တဲ့ေကာင္ပဲ။ မျဖတ္ေပးလဲေန "

" ေနပါဦး ေနပါဦး။ ငါ့ေဘာ္ဒါႀကီးကို မလုပ္ေပးစရာလား၊ ၂ေစာင္ေနာ္.. အိုေခ၊ Mandalay ေရာက္ရင္ အေၾကာင္းၾကားလိုက္။ ငါလာႀကိဳမယ္ "

ၾသမံ ျပန္ေျဖရမွာေတာင္ ပ်င္းလြန္းေနၿပီျဖစ္သည္။ သူ သေဘာတူသံ တခ်က္ျပဳလိုက္ၿပီး ဖုန္းခ်လိဳက္ကာ ကားစက္ႏွိုးလိုက္ၿပီးေနာက္ ေဆး႐ုံသို႔ ဦးတည္လိုက္သည္။

ေဆး႐ုံေရာက္သည္ႏွင့္ ရွန္ဝိုင္း အခန္းရွိရာဆီ အလ်င္အျမန္သြားၿပီး တံခါးပင္ေခါက္မေနေတာ့ဘဲ ဝင္ခ်သြားလိုက္၏။ ရွန္ဝိုင္းေနလ သည္ ကုတင္ကို ေက်ာမွီလ်က္ သက္ေတာင့္သက္သာအေနအထားျဖင့္ ထိုင္ေနကာ လက္ထဲတြင္စာအုပ္တစ္အုပ္ကိုင္ထားၿပီး စာဖတ္ေနပုံရသည္။ ၾသမံကိုေတြ႕ေတာ့ အံ့ၾသသြားဟန္ျဖင့္

" ကိုကို ဘာလာလုပ္တာလဲ "

" ငါနဲ႕လိုက္ခဲ့ "

ေျပာၿပီး ရွန္ဝိုင္း လက္ေကာက္ဝတ္ကို ဆုပ္ကိုင္လိုက္ကာ ကားဆီဆြဲေခၚသြားေတာ့သည္။

ရွန္ဝိုင္းသည္ လမ္းတေလွ်ာက္လုံး မည္သည့္အေမးစကားမွမဆိုေခ်။ ၾသမံ ဆြဲေခၚရာေနာက္ကိုသာ ၿငိမ္ၿငိမ္ေလး လိုက္ပါလာသည္။

ရွန္ဝိုင္းကို ကားထဲသြင္းလိုက္ၿပီး သူသည္လည္း ကားေပၚတက္မည္အျပဳ ေဘာင္းဘီအိတ္ကပ္ထဲရွိ Ph က ႐ုတ္တရက္ျမည္လာေလသည္။ ထုတ္ၾကည့္လိုက္ေတာ့ သက္ေနပိုင္ပင္။

ၾသမံ မ်က္ႏွာမဲ့လိုက္ၿပီး Ph ပိတ္လိုက္ေတာ့သည္။

ထို႔ေနာက္ ကားေမာင္းသူေနရာ ဝင္ထိုင္လိုက္ကာ ရွန္ဝိုင္း ကိုလွည့္ၾကည့္သည္။ ရွန္ဝိုင္းသည္ သူ႕ကိုအူေၾကာင္ေၾကာင္ပုံစံျဖင့္ ျပန္ၾကည့္ေနၿပီး ၿပဳံးျပလာသည္။

" ကိုကို ဘာျဖစ္လို႔လဲ? "

ၾသမံ ျပန္မေျဖေသးပဲ ရွန္ဝိုင္း မ်က္ႏွာကို လွမ္းကိုင္လိုက္သည္။ ရွန္ဝိုင္းရဲ႕အၿပဳံးမွာ ပိုမိုပီျပင္လာၿပီး ေပ်ာ္႐ႊင္ေနပုံပင္။ မ်က္လုံးမွိတ္လိုက္ကာ ၾသမံ လက္ဖဝါးျပင္ထက္ မ်က္ႏွာကို အလိုက္သင့္ေစာင္းငဲ့ရင္း ပြတ္သပ္ေနသည္။ ၾသမံ သူ႕ေရွ႕ရွိ ေခြးေပါက္ေလးကဲ့သို႔ေသာ ေကာင္ေလးကို ၾကည့္ရင္း ႏွလုံးသားကို ငွက္ေမႊးျဖင့္ လာေရာက္ပြတ္သပ္ေဆာ့ကစား ခံေနရသည့္အလား အသဲယားလာ၏။

သက္ေနပိုင္ ႏွင့္ ရွန္ဝိုင္းေနလ တြင္ ကြာျခားခ်က္တို႔ အမ်ားႀကီးရွိသည္။ ညီအစ္ကိုအရင္း ႏွစ္ေယာက္အေပၚ ၾသမံ၏ အျမင္နဲ႕ခံစားခ်က္မ်ားသည္လည္း ကြာျခားလြန္းလွသည္။ သက္ေနပိုင္သည္ သူ႕အေပၚ လႊမ္းမိုးမႈရွိၿပီး သူ႕ဘဝကို ခ်ဳပ္ကိုင္လိုသည္။ ရွန္ဝိုင္းေနလ ကျဖင့္ အခ်ိန္တိုင္း သူ႕အနားတြင္ ရွိေနေပးသူပင္။ ေကာင္းေကာင္းဆိုးဆိုး သည္းခံၿပီး အနားတြင္ေနေပးကာ သူႏွင့္ သဟဇာတျဖစ္ေအာင္ ေရလိုက္ငါးလိုက္လည္း ေနတတ္သည္။

သက္ေနပိုင္သည္ လင္းၾသမံအဖို႔ ေနမင္းႀကီးဆိုပါက ရွန္ဝိုင္းေနလကမူ ၾသမံအတြက္ အရိပ္ျဖစ္သည္။ သို႔ျဖစ္ေသာ္ျငား ထိုလူႏွစ္ေယာက္လုံးသည္ ၾသမံႏွင့္ေသြးသားေတာ္စပ္သည့္ ညီအစ္ကိုေတြပင္။

ၾသမံ သည္ အကိုျဖစ္သူအေပၚ ခ်စ္ခင္ႏွစ္သက္သည့္ သေဘာက်မႈမ်ားရွိေနၿပီး၊ ညီျဖစ္သူအေပၚ ျပင္းျပသည့္ စိတ္ဆႏၵႏွင့္ လိင္စိတ္တိမ္းၫြတ္မႈရွိသည္။ ဤသည္ကို စဥ္းစားမိေတာ့ ၾသမံ သူ႕ကိုယ္သူ ႐ြံရွာလာမိသည္။ ရွန္ဝိုင္းေနလ ၏ လူပ်ိဳဘဝကို အလြယ္ေလးယူပစ္နိုင္ေသာ္လည္း သူေရွ႕ဆက္မတိုးနိုင္ရျခင္းက သူတို႔ႏွစ္ေယာက္သည္ ညီအစ္ကိုေတြ ျဖစ္ေနျခင္းေၾကာင့္ပင္။ ဘယ္အေၾကာင္းအရင္းေၾကာင့္ပဲ ျဖစ္ျဖစ္၊ မည္သည့္အေၾကာင္းျပခ်က္ေပးခဲ့ၿပီးပဲ ျဖစ္ျဖစ္ သူ႕လိင္တံကို သူႏွင့္တူညီသည့္ ေသြးမ်ားေရာႏွောစီးဆင္းေနသည့္ ညီအစ္ကိုျဖစ္သူ၏ ကိုယ္ထဲ မထိုးသြင္းနိုင္ေခ်။ ဒါဟာ စည္းလြတ္ေဘာင္လြတ္ မိုက္မဲမႈျဖစ္ၿပီး လက္ခံနိုင္ရန္ခဲယဥ္းသည္။

သူ႕ကန့္သတ္ခ်က္အရ ညီအကိုႏွစ္ေယာက္သည္ ေပြ႕ဖက္နိုင္သည္။ နမ္းရႈံ႕နိုင္သည္။ ယုတ္စြအဆုံး တစ္ေယာက္အရာကို တစ္ေယာက္ကိုင္ကာ အျပန္အလွန္ ဆႏၵေျဖေလွ်ာ့နိုင္သည္။ ဤသည္ကား စိတ္ခံစားခ်က္မပါသည့္ ေသြးသားလိုအပ္မႈဟု ျဖည့္ေတြးေပးနိုင္သည့္ ကိစၥမ်ားျဖစ္ၿပီး လိင္ဆက္ဆံျခင္းကေတာ့ မတူညီသည့္ တျခားကိစၥသက္သက္ျဖစ္သည္။

သက္ေနပိုင္ အား ေနာက္ေပါက္ကို ဖြင့္ေပးရန္ ရိုင္းစိုင္းစြာ ေျပာဆိုခဲ့ေသာ္ျငား တကယ္တမ္းေပးလာမည္ဆိုပါက သူလက္ခံမည္ မဟုတ္ေပ။ အရင္က ဘယ္လိုပဲ စိတ္ရွိခဲ့ပါေစ။ ယခု သူတို႔သည္ ညီအစ္ကိုမ်ားျဖစ္သည္။ ဒါ့အျပင္ သက္ေနပိုင္အေပၚ ဩမံ၏ ခံစားခ်က္သည္လည္း ရိုးစင္းသည္။ သူသေဘာက်သည့္လူက သူ႕ကိုျပန္သေဘာက်တာ လိုခ်င္ခဲ့ၿပီး ထိုလူ႕မ်က္လုံးထဲ သူတစ္ေယာက္တည္းကိုသာ ျမင္ေစခ်င္ခဲ့႐ုံတင္။

ၾသမံ သည္ သူ႕ကိုယ္သူ လူေကာင္းလို႔ေတာ့ မထင္ေခ်။ သူသည္ ယုတ္မာ ရိုင္းစိုင္းကာ မလုပ္ရဲသည့္အရာမရွိသည့္သူ ျဖစ္သည္။ သို႔ေပသည့္ ေသြးရင္းစပ္ယွက္မႈ ကိုေတာ့ သူလက္သင့္မခံနိုင္ေခ်။ ရွန္ဝိုင္းေနလ အေပၚ မည္မွ်ပင္ တပ္မက္သိမ္းပိုက္လိုစိတ္ ျပင္းျပပါေစ၊ ညီအစ္ကိို ဆိုသည့္အခ်က္ကို ေထာက္ရႈရာ အနည္းဆုံးေတာ့ သူ႕ကိုယ္သူ ထိန္းနိုင္ေသးသည္။ သူေတာင္ ျငင္းပယ္လိုသည့္ အျခင္းအရာကို ရွန္ဝိုင္းေနလ ကေတာ့ျဖင့္ သူ႕ကိုယ္ထဲဝင္ခ်င္ေၾကာင္း ပြင့္ပြင့္လင္းလင္း ထုတ္ေျပာခဲ့သည္။ ဘယ္လိုေတာင္ ေတြးရဲလိုက္သလဲ! ထိုလူ႕ေခါင္းထဲ ဘာေတြရွိေနမလဲ သူအရမ္းဖြင့္ၾကည့္ခ်င္သည္။

ၾသမံ ရွန္ဝိုင္းရဲ႕ ထူထဲနက္ေမွာင္လွသည့္ မ်က္ခုံးတစ္ဖက္ကို လက္ညွိုးျဖင့္ ပြတ္သပ္လိုက္ကာ

" ငါ့ေနာက္ လိုက္မလား? "

ရွန္ဝိုင္း မ်က္လုံးေလး ေပကလက္ ေပကလက္ျဖင့္

" ဘယ္ကိုလဲဟင္? "

" ဘယ္ျဖစ္ျဖစ္ "

ရွန္ဝိုင္း သူ႕မ်က္ခုံးေပၚ ေျပးလႊားက်ီစယ္ေနသည့္ ၾသမံရဲ႕လက္ညွိုးကို ဆြဲယူကာ လွ်ာထုတ္ၿပီး လ်က္လိုက္သည္။ ထို႔ေနာက္ ပါးစပ္ထဲထည့္၍ သြားျဖင့္ ခပ္ဖြဖြကိုက္ကာ အကိုျဖစ္သူ၏ လက္ေခ်ာင္းသြယ္သြယ္ေလးကို လွ်ာႏွင့္ရစ္ပတ္ စုပ္ယူလိုက္သည္။ ေရခဲမုန့္ကို အရသာခံ၍ ျဖည္းျဖည္းခ်င္း သုံးေဆာင္လိုသည့္ မူလတန္းကေလးေလးကဲ့သို႔ပင္။ စိတ္ေက်နပ္တဲ့အထိ ကိုက္လိုက္ စုပ္လိုက္ လုပ္ေနၿပီးမွ

" ကိုကို ဘယ္သြားသြားလိုက္မယ္။ ကိုကို ရွိရင္ရၿပီ "

..........

ၾသမံ ထြက္သြားသည္ႏွင့္ သက္ေနပိုင္ ေတာက္ တခ်က္ျပင္းထန္စြာ ေခါက္လိုက္၏။ သူ႕ပုံစံမွာ အလွ်ံၿငီးၿငီးေတာက္ေလာင္ေနသည့္ မီးေတာက္အလား ေပါက္ကြဲထြက္ေနသည္ပင္။ ထို႔ေနာက္ မ်က္စိေရွ႕ျမင္သည့္ အရာတစ္ခုကိုေကာက္ယူကာ နံရံထက္ရွိ အေတာ္အတန္ႀကီးမားေသာ နံရံကပ္ TV ကို ပစ္ေပါက္လိုက္ေတာ့သည္။

Screen သည္ ခြမ္း အသံႏွင့္အတူ ကြဲေၾကသြားရကာ ဖန္ကြဲစမ်ား က်ဆင္းလာေလသည္။ ယင္း TV သည္ ၾသမံ ဂိမ္းေဆာ့လွ်င္ ပိုအဆင္ေျပၿပီး စိတ္ေက်နပ္ေစရန္အတြက္ သူကိုယ္တိုင္ေ႐ြးခ်ယ္ဝယ္ယူခဲ့ေပးျခင္းျဖစ္သည္။

ေနပိုင့္ မ်က္ခုံးမ်ားသည္ တြန့္ေကြးေနၿပီး ဖုန္းထုတ္ကာ အလြတ္ရေနသည့္ နံပါတ္စိမ္းတစ္ခုကို ႏွိပ္လိုက္သည္။

ဖုန္းသည္ ခ်က္ခ်င္းမဝင္။ ၃ခါ ေခၚၿပီးသည္အထိ တဖက္က ဖုန္းမကိုင္ေခ်။ ဒီတစ္ႀကိမ္မွ မဝင္လွ်င္ ေနပိုင္ ဖုန္းကို ရိုက္ခြဲမိေတာ့မည္။ ကံေကာင္းေထာက္မစြာပင္ ဖုန္းသည္ ၄ႀကိမ္ေျမာက္ေခၚဆိုမႈတြင္ေတာ့ ဝင္သြားေလသည္။

တဖက္မွ ပ်င္းတိပ်င္းယြဲ႕အသံ ထြက္ေပၚလာ၏။

" ဘာကိစၥလဲ "

ေနပိုင့္ မ်က္လုံးမ်ားသည္ ေအးစက္ေနကာ သာမန္အခ်ိန္၌ ျမင္ေတြ႕ရတတ္သည့္ ႏြေးေထြးမႈတို႔မွာ အစအနပင္ ရွာမရေတာ့ေခ်။

" မထင္ထားတာေတြ ျဖစ္သြားတယ္ "

" ဘယ္လို? "

ေနပိုင္ ေတာင့္ေတာင့္ႀကီး ၿပဳံးလိုက္၏။

" ဒါေပမယ့္.. ပိုလြယ္ကူသြားၿပီ ထင္တာပဲ "

တဖက္ကလူ စိတ္မရွည္ေတာ့ေခ်။

" ငါ့ကို ရွင္းေအာင္ေျပာ "

" မင္းလုပ္ေပးရမွာ တစ္ခုပဲရွိတယ္ "

" ဘာလဲ? "

" ငါ့ေၾကာင္ေလး ထြက္ေျပးသြားၿပီ "

တဖက္ဖုန္းထဲရွိလူသည္ ႏွာမႈတ္လိုက္ကာ

" မင္းေၾကာင္ေပ်ာက္တာ ငါနဲ႕ဘာဆိုင္လဲ? ငါက တိရစ္ဆာန္ကယ္ဆယ္ေရးလဲ မဟုတ္ဘူး "

ေနပိုင္ ခ်က္ခ်င္းျပန္မေျဖေသးဘဲ ျပတင္းေပါက္အျပင္ကို လွမ္းၾကည့္လိုက္သည္။ ပတ္ဝန္းက်င္သည္ ေမွာင္ေနၿပီျဖစ္ကာ လပင္ထြက္ေတာ့မည္။

မိနစ္ဝက္မွ်ၾကာၿပီးသည့္ေနာက္တြင္ေတာ့ သက္ေနပိုင္ တစ္လုံးခ်င္းေျပာလာေလသည္။

" သူ႕ကို ငါ့ဆီ ျပန္ေခၚခဲ့ေပး "

TBC

••••••••

Continue Reading

You'll Also Like

7.7K 554 17
Bir kız vardı. Bütün acılara göğüs germişti. Yıllarca bir baba hasreti ile büyümüştü. Sevmişti, çok sevmişti. Bir gün babasının mezarındayken gerçek...
2.2M 148K 104
Doctor Handsome & Medical Student
461K 53.2K 122
Unicode သည်းထိတ်ရင်ဖိုဇာတ်လမ်း​တွေကိုနှစ်သက်တဲ့ စာ​ရေးဆရာမရှီရှန်းဟာ ​ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် ​မြောက်များစွာ​သော အဓိကဇာတ်​ဆောင်​တွေကိ...
109K 4.5K 29
မိဘ သဘောတူထားတဲ့ လူကို မယူနိုင်ဘူးလို့ တစ်ထစ်ချ ပြောဆိုထားတဲ့ ကောင်လေးတစ်ယောက် မထင်မှတ်ဘဲ ချစ်မိသွားချိန် လယ်လောက်ထိ ဂျေဝင်ပြီး ဆိုးမလဲဆိုတာ ဖတ် ပေးက...