Unicode💕
ညနေပိုင်းတွင် မယ်တော်ကြီးနှင့် ခလေး၎ယောက်က ဝမ်တိုင်းပြည်သို့ ပြန်ကြမည်ဖြစ်သည်။
ပြန်ခါနီး နန်းတော်တံခါးမကြီးအဝတွင် ရှောင်ကျန့်က ခလေး၎ယောက်အား ကြည့်ကာ ငိုမဲ့မဲ့။
ဝမ်ရိပေါ်နှင့် ရှောင်းကျန့်က ရှောင်းတိုင်းပြည်တွင် ၁ပတ်ခန့်နေရအုံးမည်ဖြစ်သည်။
"ပါ့ပါးပေါင်ပေ့နဲ့ ခမည်းတော် တာ့တာ"
"ဦးလေးတော်တို့ တာ့တာ!"
"ခမည်းတော်နဲ့ပါးပါး ကျမ်းမာရေးဂရုစိုက်အုံးနော်.."
"အဟမ်း! အားကျန့်နဲ့ မင်းကြီး သားသွားတော့မယ် "
ယွစိန်ပေါက်လေး၂ယောက်ဟာ ဝေါယာဉ်ထဲသို့ အပြိုင်အဆိုင် ပြေးတက်သွားကြပြီး ယွီကျန့်နှင့် လုဟန်ကတော့ အေးဆေးစွာ တက်သွားကြသည်။
"စိတ်ချမယ်နော်မျန်မျန့်!"
"စိတ်ချပါ ကျန့်လေးရယ် ၊မျန်မျန့်နဲ့ ခလေးအကုန်လုံးက ရင်းနှီးပြီးသားပါ သေချာဂရုစိုက်လိုက်ပါ့မယ်"
"အင်း ယွီကျန့်လေးကို ဆေးပုံမှန်တိုက်ပေးနော်၊ ချင်းချင်းနဲ့ ရွှမ်းရွှမ်းကိုလဲ နန်းပြင်မထွက်စေနဲ့အုံး ၊ လုဟန်လေးကိုလဲ သေချာ ဂရုစိုက်ပေးနော်"
"ဘာမှမပူနဲ့ ရှောင်ကောကော ဝမ်ချင်ရှိတယ်နော်"
ဖန်တစ်ရာတေအောင် ထပ်ခါထပ်ခါမှာကြားနေသော ရှောင်ကျန့်အား ဝမ်ချင်ကပါ ထပ်ပြီးပြောပေပးလိုက်ရသည်။
ရှောင်းကျန့်ပုံစံဟာ မသိလျှင် သူနှင့် သူ့ခလေးတွေကို တစ်သက်လုံးခွဲထားမှာ ကျနေတာပဲ။
"ဂရုစိုက်ပြီးးပြန်ပါ မယ်တော်"
"လမ်းခရီး ဂရုစိုက်ပြန်ပါနော် မယ်မယ်"
ရိပေါ်နှင့် ရှောင်ကျန့်က မယ်တော်ကြီးအား အရိုအပေးလိုက်တော့ မယ်တော်ကြီးကပြုံးလျှက်
"ဟုတ်ပါပြီ သားတော်နဲ့ရှောင်းအာလေးလဲ ကျန်းမာရေးဂရုစိုက်ကြနော်
တစ်ပတ်ပြည့်ပြီး ဝမ်တိုင်းပြည်ပြန်ရောက်လို့မှ ပိန်ကျသွားရင် စိတ်ဆိုးမှာ"
"ဟီး မပိန်စေရပါဘူး"
မယ်တော်ကြီးက ပြုံး၍ ခေါင်းငြိမ့်ကာ အခြားဝေါယာဉ်တစ်ခုပေါ်သို့ သူမ၏ အထိန်းတော်ကြီး ၊ဝမ်ချင်နှင့်အတူ ဝင်သွားတော့သည်။
"ကဲ! ဒါဆိုသွားကြတာပေါ့ ဟိုကို မိုးမချုပ်ခင်အရောက်ပြန်ရမယ်
သွားပြီနော် အစ်ကိုတော်နဲ့ ဟိုအစားပုတ်ကာလနဂါးလေး"
"ဟောက်ရွှမ်း! မင်းနော်"
မြင်းပေါ်တက်ပြီးမှ ဟောက်ရွှမ်းက ရှောင်းကျန့်အား စိတ်မဆိုးဆိုးအောင် စကာ ထွက်သွားတော့သည်။
"အီးဟီး..ငါပြန်လိုက်သွားချင်တယ် အူဝါး...ဗြဲ.."
ထွက်ခွာသွားသော ဝေါယာဉ်နှစ်ခုအပါအဝင် မြင်းများနှင့် အထိန်းတော်၊ရဲမက်များအားကြည့်ကာ ရှောင်းကျန့်က ထငိုတော့သည်။
ထိုညနေတွင် ရှောင်းကျန့်အား ရိပေါ်က အငိုတိတ်စေရန် အာပေါက်မတက် ချော့လိုက်ရသည်။
6:21minutes...
ရှောင်းကျန့်က ထိုင်ခုံတွင် မှေးထောက်ကာ မင်္ဂလာလက်ဖွဲ့များအားကြည့်နေသည်။ရိပေါ်ကတော့ ဖယောင်းတိုင်မီးအိမ်ဖြင့် စာရွက်စာတမ်းများအား ကြည့်ရှုနေသည်။
ခနအကြာတွင် ရှောင်းကျန့်က ရိပေါ်အနားရောက်လာကာ စာရွက်အားကိုင်ထားသော ရိပေါ်လက်ကို ဇွတ်ခနဲ ဆွဲယူပြီး သူ့လက်နှင့် တိုင်းကြည့်သည်။
"ဟင်.. ဘာဖြစ်လို့လဲbabe.."
"အော်! ဘာမှမဟုတ်ပါဘူး လက်ပတ်ကို ချွတ်ထားလားလို့"
"ဟင့်အင်း မချွတ်ပါဘူး! ရွှမ်းအယ်(ကျိရွှမ်း)ဝတ်ပေးထားတဲ့အတိုင်းပဲ မချွတ်ဘူး"
"အင်း"
ရိပေါ်ပြောလိုက်တော့ ရှောင်းကျန့်က လိုချင်သည့်ပစ္စည်းရသွားသည့် ခလေးတစ်ဦးနှယ် ကျေနပ်သွားကာ သူ့နေရာသူ သွားပြန်ထိုင်သည်။
"ဝမ်လေး!"
"ဟင်! ဘာဖြစ်လို့လဲ Babe"
ရိပေါ် စာကို အာရုံစိုက်ကာဖတ်နေစဉ် ချစ်ရသူလေး၏ အသံက နားထဲသို့ စူးခနဲရောက်ရှိလာသည်။
"အဆောင်နောက်က ဝါးတောမှာ ဒီယုန်လေးတွေ မွေးထားချင်လို့!"
"ရတယ်လေ Babe.. ကိုယ်တို့် မနက်ဖြန်ကျ ဝါးတောထဲမှာ သွားလွှတ်ကြမယ်"
လက်ထဲတွင် ဝမ်ချင် လက်ဖွဲ့ပေးခဲ့သည့် ယုန်လေးနှစ်ကောင်အား ချီလျှက်သား။ ရိပေါ်က ' မနက်ဖြန်ကျ ' ဟု ပြောလိုက်တော့ ပြုံးသွားကာ
"ဟီး.. ဒါဆို ငါသွားအိပ်တော့မယ်."
"ကိုယ်လဲ ဖတ်လို့ပြီးတော့မယ် အိပ်နှင့်"
"ဟွန့်!"
စာကိုသာ မြန်မြန်ဖတ်နေသောရိပေါ်အားကြည့်ကာ ရှောင်းကျန့်နှုတ်ခမ်းက တစ်တောင်လောက် ဆူထွက်သွားတော့သည်။
"ဟိုလေ.."
မအိပ်သေးဘဲ ထိုနေရာတွင်သာရပ်နေသောရှောင်းကျန့်၏ မျက်နှာက မအီမသာဖြစ်နေ၍ ရိပေါ်က မော့ကြည့်ကာ
"ဟင်.. ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"
"အင်း!
အဲ့တာကြောင့်မို့ မင်းနဲ့အတူ ကြယ်ကြည့်ချင်တယ်"
"ဟုတ်ပြီ! လာ!"
နေမကောင်းတာနှင့် ကြယ်ကြည့်ချင်တာ ဘာမှမဆိုင်လှပေမဲ့ ရိပေါ်က ရှောင်းကျန့် အား ပြတင်းပေါက်ရှိ ခုံတန်းလေးသို့ ပွေ့ချီသွားသည်။
ကောင်းကင်ယံတွင် မိုးသားတိမ်လိပ်တို့ကင်းစင်ကြောင်း သက်သေအနေနှင့် ကြယ်လေးများက တစ်ဖျက်ဖျက် တောက်ပနေကြ၏။
ထို့အတူ လမင်းကြီးဟာ လုံးဝ ဝလုံးပုံသဏ္ဍာန် မဝိုင်းသေးသော်လည်း လပြည့်ခါနီးဖြစ်၍ သူ၏ အလင်းရောင်ဟာ ကမ္ဘာမြေတစ်ခွင်သို့ ပျံ့နှံ့စွာ ကျရောက်လျှက်ရှိသည်။
ထို့အတူ အဆောင် ပြတင်းပေါက်နားရှိ လူသားနှစ်ဦးထံပါ အလင်းရောင် ကျရောက်လာ၏။
ရိပေါ်က ရှောင်းကျန့်အား ခုံပေါ်ထိုင်စေကာ သူလည်းပဲ ရှောင်ကျန့်ဘေးတွင်ဝင်ထိုင်ကာ ရှောင်းကျန့်နှဖူးပေါ်လက်တင်၍ ကိုယ်ပူချိန်စမ်းသပ်လိုက်သည်။
"ကိုယ်မပူပါဘူး...ဘာဖြစ်လို့လဲbabe"
ရိပေါ်ပုခုံးပေါ် ခေါင်းတင်ကာ မှီနေသော ရှောင်းကျန့်အား ရိပေါ်က ရင်ခွင်ထဲထည့်လိုက်ကာ မေးလိုက်သည်။
"အင်း! ငါကလေ မင်းကိုသိပ်ချစ်တာ"
"ကိုယ်က babeကို ပိုပြီးချစ်ပါတယ်"
အမေးနှင့် အဖြေက မသက်ဆိုင်လှပေမဲ့ ရှောင်ကျန့်အပြောအား သန်ယောင်လိုက်ကာ ရိပေါ်က ပြန်ဖြေပေးသည်။
"ဟင့်အင်း! ငါက မင်းငါ့ကိုချစ်တာထက် ပိုပြီး ပိုပြီး ချစ်တာ
မင်းထက် အများကြီးချစ်တာ"
"အဟွန်း!.. ဒါဆို babeက ကိုယ့်ကို အများကြီးချစ်တယ်ပေါ့"
"အင်း! "
ရှောင်းကျန့်က ရိပေါ်အား ကြည့်ကာ အလှပဆုံးပြုံးပြလိုက်တော့ ရိပေါ်က ရှောင်းကျန့် ပါးမိုမို့လေးအားကိုင်ကာ ဆံနွယ်တို့အား သပ်တင်ပေးရင်း..
"ချစ်ဖို့ကောင်းလိုက်တာ ကိုယ့်ကိုနမ်းပါအုံး"
"မွ! ပြွတ်စ် ပြွစ်! "
ရှောင်းကျန့်က ရိပေါ်ပါးအား လက်သေးသေးလေးများဖြင့် အုပ်ကိုင်ကာ နှဖူးပြင်သို့ အနမ်းပေးလိုက်ပြီး ရိပေါ်မျက်နှာတစ်ပြင်လုံးအား အနမ်းမိုးများရွာသွန်းလေတော့သည်။
နောက်ဆုံးတွင် ရိပေါ်နှုတ်ခမ်းနှင့် ရှောင်ကျန့်နှုတ်ခမ်းတို့ ဂဟေဆပ်သလို တစ်ထပ်တည်းကျလျှက် မျက်လုံးအစုံအား မှိတ်ကာ မိနစ်အနည်းငယ် နမ်းရှိုက်လိုက်တော့....
ကောင်းကင်ယံမှ လမင်းကြီးနှင့်ကြယ်ကလေးများဟာ ချစ်သူနှစ်ဦး၏ အနမ်းများအားမြင်၍ ရှက်ကာ တိမ်များအတွင်းသို့ ဝင်ပုန်းချင်ပေမဲ့လဲ ကံမကောင်းစွာ တိမ်တစ်ခုတစ်လေမျှမရှိတော့ ရှက်ရှက်နှင့်ကြည့်နေရရှာတော့သည်။
ခနအကြာတွင် ရိပေါ်က သူ၏ ချစ်ရသူလေးအား ရင်ခွင်ထဲထည့်ကာ ဖက်ထားလိုက်ပြီး
"အေးတယ်.. အိပ်ဆောင်ဝင်ကြရအောင်babe.. အိပ်ချင်ပြီမို့လား"
"အင်း"
လရောင်တို့ ဖြာကျနေသော မျက်နှာနုနုအား ငုံ့မေးလိုက်တော့ အင်းဟုသာဖြေသည်။
ရိပေါ်က ရှောင်းကျန့်အား ကုတင်ဆီသို့ ပြန်လည်ပွေ့ချီသွားပြီး ရင်ခွင်ထဲထည့်ကာ မိမိကိုယ်ကိုရော အိပ်ပျော်နေဟန်ရှိသော ချစ်ရသူလေးကိုပါ စောင်ခြုံပေးပြီး ဖယောက်တိုင်မီးအား မှုတ်လိုက်ပြီး အိပ်ယာဝင်လိုက်တော့သည်။
ရိပေါ်က စောင်ထဲမှ ရှောင်ကျန့်လက်ကလေးအားဆုပ်ကိုင်ကာ လက်မောင်းပေါ် ခေါင်းအုံးစေပြီး
"ကောင်းသောညပါ ချစ်ရတဲ့babeလေး
ကိုယ့်အချစ်က မင်းအချစ်ထက် မပိုရင်တောင်
မင်းထက်မလျော့တဲ့အချစ်တွေ အပြည့်ပါ
ကျေးဇူးအများကြီးတင်ပါတယ်! ကိုယ့်ကို ပိုချစ်ပေးလို့ ပြွတ်စ်"
နဖူးပြင်လေးအား ငုံ့နမ်းပြီး ခနအကြာတွင် ရိပေါ်လည်း အသက်ရှူ သံမှန်မှန်ဖြင့် အိပ်ပျော်သွားတော့ ရင်ခွင်ထဲမှ အကောင်ပေါက်လေးဟာ ပြုံးလျှက်
"ငါကလဲ ဝမ်လေးကို ကျေးဇူးအများကြီးတင်ပါတယ်
ငါဆိုးသမျှသည်းခံပြီး ငါ့ကို လိုအပ်တာထက်ပို ဂရုစိုက်ပေးလို့..
ပြီးတော့ ငါ့ကို အများကြီးချစ်ပေးလို့ ကျေးဇူးတင်ပါတယ်"
ထိုစကားကို ရှောင်းကျန့်စိတ်ထဲ၌သာ ပြောလိုက်ပြီး ချစ်ရသူ၏ ကိုယ်သင်းနံ့များ ပြည့်နေသော ရင်ခွင်ကျယ်ကြီးအား အနမ်းပေးကာ အိပ်ယာဝင်တော့သည်။
>>>>>>>>>
<<<<<<<<<
TBC
...
Zawgyi💕
"ဦးလေးတော်တို့ တာ့တာ!"
"ဟီး မပိန်စေရပါဘူး"
"ဟောက်ရွှမ်း! မင်းနော်"
6:21minutes...
"ဟင်.. ဘာဖြစ်လို့လဲbabe.."
"အင်း"
"ဝမ်လေး!"
"ဟင်! ဘာဖြစ်လို့လဲ Babe"
"ဟွန့်!"
"ဟိုလေ.."
"အင်း!
"ဟုတ်ပြီ! လာ!"
"အင်း! "
"မွ! ပြွတ်စ် ပြွစ်! "
"အင်း"
>>>>>>>>>
<<<<<<<<<
TBC
...