Part -15

2.7K 158 2
                                    

Unicode💕

"ရိပေါ်......"

"ဗျာ..babe"

ဆောင်းရာသီကုန်စမို့ ယုန်ဗိုက်ပူလေးက ပူအိုက်တယ်ပြောတာကြောင့် ၀မ်ရိပေါ် ကိုယ်တိုင်ရေချိုးပေးကာ ဗိုက်ဗိုက်လေးအတွက် သက်တောင့်သက်သာရှိစေမည့် အကျီအပွ လေးအား ဝတ်ဆင်ပေးထားပါ၏။

အခုလဲ ဘာဂျီကျပြီး ထပ်ခိုင်းအုံးမလဲမသိ။
သူတစ်ခုခုလိုချင်တာ၊ဖြစ်ချင်တာ ရှိရင် ရိပေါ်ရေ....ဝမ်လေးရေ...ဆိုပြီး ချွဲကာ လိုချင်တာကို မရရအောင်ပူဆာတတ်သည်။

သူစိတ်တိုနေရင်ဖြင့် ဝမ်ရိပေါ်!...ဟု အော်ငေါက်ပီး ဘေးနားတွေ့သမျှ ပစ္စည်းဖြင့်ကောက်ပေါက်တတ်တာမို့ ၀မ်ရိပေါ်မှာ အမြီးလေးကုတ်နေအောင် ကြောက်ရသည်။

1 :00 p.m
-----------------

" ပန်းသီးစားချင်တယ်"

"အင်း...

ရိပေါ်က အခန်းရှေ့ ဧည့်ခန်း စားပွဲပေါ်မှာတင်ထားတဲ့ ပန်းသီးတွေယူကာ

ဒီမှာ babe"

"ဓားနဲ့စိတ်ပေး"

"အင်းbabeလေး
.
မျန်မျန့်ရေ!"

"ခဏ! ရိပေါ်...
မျန်မျန့်ကို မခေါ်နဲ့တော့
မင်းကိုယ်တိုင်လုပ်ပေးတာကိုစားချင်တာ"

"ဟုတ်ပြီ...ဒါဆို ကိုယ် ပန်းသီးသွားခွဲလိုက်အုံးမယ်
ဘယ်မှထမသွားနဲ့နော် အဲ့တိုင်းထိုင်နေ
မပေါ့မပါးကြီးနဲ့"

ရိပေါ်က စားဖိုဆောင်ထဲဝင်ကာ ပန်းသီကို ရေဆေးပြီးလျှင် ဓားနဲ့ အစိတ်သေးသေးလေးများ ရအောင်စိတ်ကာ ပန်ကန်ပြားထဲ ထည့်လိုက်သည်။

"babeရေ...
ဒီမှာ..."

"အခွံမစားချင်ဘူး
အခွံပါ ခွာပေးလေ"

"အမ်...အခွံခွာရအုံးမှာလား ဒီတိုင်းစားလို့ရပါတယ်"

"ဝမ် ရိ ပေါ်! မင်းက ဒါလေးတောင် လုပ်မပေးချင်ဘူးလား!"

"ဟာ...အဲ့လိုမဟုတ်ဘူးလေ babeရဲ့
အင်းအင်း ကိုယ်သွားအခွံခွာပေးမယ်နော်...ဟင်းး"

"အဲ့တာက ဘာဖြစ်တာလဲ!
ဘာလို့သက်ပြင်းတွေချနေတာလဲ
စိတ်မရှည်ဘူးလား ဒါဆိုလဲမလုပ်နဲ့တော့၊
ထွက်သွား အခန်းထဲက!"

"MY LOVE BABE"[ပေါင်ပေ့/ေပါင္ေပ့](Completed)Where stories live. Discover now