Part -14

2.7K 167 4
                                    

Unicode💕

8 Months Later
----------------------

အချိန်တွေကကုန်တာမြန်လွန်းပါသည်။

ဘာလိုလိုနဲ့ ရှောင်ကျန့်ရဲ့ဗိုက်ဗိုက်လေးတောင်အတော်ထွက်နေပြီလေ။

"Babe...မထနဲ့!"

"Babe....ကိုယ်လုပ်ပေးမယ် ထိုင်နေ!"

"Babe.....လမ်းမလျှောက်နဲ့ကိုယ်ချီသွားမယ်!"

"Babe.~×&%#×%$÷-';:!#~°'=:{~_÷°*$#"

ရှောင်ကျန့် မွေးခါနီးဖြစ်တာကြောင့်
ရိပေါ်မှာ ဖင်တစ်ကြွကြွနှင့်၊
ညီလာခံလဲမတက်၊ဓားရေးလဲမလေ့ကျင့်၊
တိုင်းပြည်ကိစ္စအဝဝ လဲမလုပ်နိုင်ဘဲ နေ့နေ့ ညည
ရှောင်ကျန့်ဘေးမှာသာ မျှော့တစ်ကောင်လိုကပ်တွယ်နေတော့သည်။

"babeရယ် သက်တောင့်သက်သာ ထိုင်နေပါ
babeလုပ်ချင်တာအကုန်
ကိုယ်လုပ်ပေးမှာမို့ မထနဲ့..."

"ဝမ်ရိပေါ်!"

"ဗျာ! babeလေး"

"ငါဒေါသထွက်နေတာနော် ဝမ်ရိပေါ်!!
မင်းကလေ.....
ငါ နဲနဲပါးပါး လမ်းလျှောက်ပါရစေ....
ဒီလိုကြီး အိပ်လိုက်စားလိုက် လုပ်နေရင်
မကြာခင် ငါ လူဘဝကနေ
ဝက်ဘဝရောက်ရတော့နော်!"

"Babeလေးသာ ကျူးလေးဆို
ဝဝတုတ်တုတ်လေးနဲ့ချစ်ဖို့ကောင်းမှာ"

"ဂါးးးးး...ဝမ်ရိပေါ်.....
ငါ့ဘာသာလမ်းလျှောက်ပါရစေကွာ
မချီစမ်းနဲ့!
ဒီအတိုင်းဆိုမကြာခင် ချိ့နှဲ့ပြီးသေသွားလိမ့်မယ်"

"ဟာ!Babeကလဲ မပြောကောင်းမဆိုကောင်း
ကိုယ်က Babeလမ်းလျှောက်ရင်
ခြေညောင်းပြီး ခြေထောက်တွေ ကိုက်ခဲစိုးလို့ ချီပေးတာကို "

"ရိပေါ်ရယ် နင်ကလဲနင်ပဲနော်
တအားစိုးရိမ်လွန်းတာပဲ
ရှောင်ကောကောက မွေးခါနီးဆိုပေမဲ့
ကျန်းမာရေးအရ နဲနဲပါးပါးလမ်လျှောက်ရမယ်လေ"

သမားတော်ဝမ်ချင်က အခန်းထောင့်မှာ ဆေးစာအုပ်ဖတ်ရင်း လှမ်းပြောလာ၏။

သူမက သမားတော်ကျိုးချန်ရဲ့သူငယ်ချင်း၊
ဆေးပညာအလွန်တော်သည့် မိန်းခလေးတစ်ယောက်၊ ရိပေါ် မရှိသည့်အချိန်တွင် ရှောင်ကျန့်အား စောင့်ရှောက်ပေးရန် တာဝန်ပေးထားသည်။
သူမက ရိပေါ်နဲ့အနည်းငယ်ရင်းနှီးသည့်မိန်းခလေးသူငယ်ချင်းတစ်ယောက်ပါ။

"MY LOVE BABE"[ပေါင်ပေ့/ေပါင္ေပ့](Completed)Where stories live. Discover now