🚨Part -6🔞

6K 273 16
                                    

>Unicode Pro<💕

"မျန်မျန့်ရေ........!!!"

"ရှင်...လာပြီခလာပြီ"

ရှောင်ကျန့်ရဲ့ငယ်သံပါအောင် အော်ခေါ်မှုကြောင့် အဆောင်အပြင်ဘက်တွင် ညနေခင်း ပန်းပင်ရေလောင်းရင်း အိပ်ငိုက်နေသည့် မျန်မျန့်ဟာ အဆောင်တွင်းသို့
အလန့်တကြား ​ပြေး၀င်လာ၏။

ဤသို့ပင် အရင်နေ့တွေတိုင်းလဲ အချိန်မတော်
ညဥ့်သန်ခေါင်ကြီး မျန်မျန့်အား အော်ခေါ်မှုကြောင့် မိဖုရားအဆောင်မှအစေခံအားလုံး အိပ်ရေးပျက်ရသည်မှာ ပင်ဒါဝက်ဝံ​များဖြစ်တော့မည်။

"ဘာခိုင်းစရာများရှိလို့လဲ ကျန့်လေး ...ဟော ဟဲ"

"ဟီး ဘာမှမရှိပါဘူး
ဟိုလေ မျန်မျန့်စိုက်ထားတဲ့ ပန်းလေ"

မျက်လုံးလေးများ ကလည်ကလည်ဖြင့် ရှောင်းကျန့်တစ်ခုခုအား ကြံစည်နေပြန်ပြီဆိုတာ မျန်မျန့် ရိပ်မိပါ၏။

"အင်း အဲ့ပန်းစိုက်ထားတယ်လေ ကျန့်လေးရဲ့
အဆောင်ရှေ့နားနဲ့ဘေးဘက်တွေမှာ"

"အော် ဟုတ်လား၊အဲ့အပင်တွေရှိသေးလား
စိုက်ချင်လို့"

"မစိုက်ရပါဘူး!!
ဝတ်ရုံတွေညစ်ပတ်ကုန်မယ်
ကျန့်လေးက နိုင်ငံရဲ့မိဖုရားခေါင်တစ်ယောက်
ဒီလိုအလုပ်တွေကိုမလုပ်ရဘူး
ဒါတွေက မျန်မျန့်တို့လိုအ စေခံတွေပဲလုပ်ရမှာ
သက်သက်သာသာနေစမ်းပါ ကျန့်လေးရယ်"

မိဖုရားခေါင်းကြီးသာသိလျှင် ခေါင်းနှင့်ကိုယ် အိုးစားကွဲလိမ့်မည်ဖြစ်သောကြောင့်။

"မျန်မျန့်ကလဲ.....နင်စဉ်းစားကြည့် ကျန့်လေးကမိဖုရားသာပြောတာ ဘာမှလဲမလုပ်ရဘူး
ဒီလိုကြီး စားလိုက်အိပ်လိုက်နဲ့
နေနေတော့ဘယ်ကောင်းမလဲ"

သူ့စကားကို အရေးမစိုက်သလို လုပ်နေသည့် မျန်မျန့်ကြောင့် ၀တ်ရုံစ မ;ကာ ပန်းကိုင်းအား ကောက်ကိုင်လိုက်သည်။

"မိဖုရား အပင်စိုက်မယ်ဆို ကျွန်တော်မျိုးမ တို့ကို အသေသတ်ပြီးမှ စိုက်ပါ"

မျန်မျန့်နှင့် အစေခံများအားလုံးက ရှောင်းကျန့်ရှေ့တွင် ဒူးထောက်လိုက်ကြလေ၏။
ရှောင်းကျန့်ကလဲ စကားမပြော
အစေခံများကလဲ ဒူးထောက်ရက်သားကြီးနှင့်မို့ နောက်ဆုံး မနေနိုင်သည့် ရှောင်းကျန့်ကပဲ

&quot;MY LOVE BABE&quot;[ပေါင်ပေ့/ေပါင္ေပ့](Completed)Where stories live. Discover now