Part -28

1.6K 93 2
                                    

Unicode💕

အခမ်းအနား ပြီးဆုံးသည့်နောက်တွင် ကြွရောက်လာသည့် မိတ်နိုင်ငံများမှ ဘုရင်(သို့)ကိုယ်စားလှယ်များအား ရိပေါ်က ရှောင်ကျန့်နှင့် မိတ်ဆက်ပေးကာ ဒိုင်ခံဧည့်ခံရ၏။

မယ်တော်ကြီးက ကျမ်းမာရေးသိပ်မကောင်းတာကြောင့် အဆောင်သို့ပြန်နားတော့ ဟောက်ရွှမ်းက လိုက်ပို့ပေးလိုက်သည်။
အနားတွင် ရှိနေသေးသည်ကဝမ်ချင်၊မျန်မျန့်၊ကလေး၎ယောက်နှင့် အထိန်းတော်များသာ။

"ပါ့ပါးဘေဘီ! "

အသံကြားရုံဖြင့် လှည့်ကြည့်စရာမလိုလောက်အောင် သိနေသည်။
စွာကျယ်ပြီး စက်စလူးထလွန်းသူ ဆိုလျှင် ချင်းချင်းတစ်ဦးတည်းသာရှိလိမ့်မည်။

"ချင်းချင်းလေး!"

"ပါ့ပါးအတွက် !ပီးတော့ ခမည်းတော်အတွက်"

မင်းသမီးလေးဝမ်ချင်းရှောင်းက ရှောင်ကျန့်ရှေ့ရောက်လာကာ ရေမွှေးနှင်းဆီပန်းစည်းလေးအား လက်နှစ်ဖက်ဖြင့် ပေးတော့ ရှောင်ကျန့်ကလဲ ပြုံးကာ ယူလိုက်သည်။ ပီးနောက် ရိပေါ်အား အဖြူရောင်ကျူးလစ်ပန်းစည်းအား ပေးပြန်၏။
ချင်းချင်း၏ နောက်တွင် ဝမ်ယွီကျန့် ၊ဝမ်ကျိရွှမ်း ၊မျန်မျန့်နှင့်အတူ ရှောင်းလုဟန်(ရှောင်းကျန့်ပါးပါး)လေးလည်း ရောက်လာသည်။

"ကျေးဇူးနော် ပါးပါးရဲ့ချင်းချင်းလေး"

"ပန်းက ချင်းချင်းကိုယ်တိုင် မနေ့ကတစ်နေ့လုံး ပန်းစည်းစည်းနည်သင်ပီး ပန်းစည်းစည်းထားတာနော်
အရမ်း..ခက်တာ"

ချင်းချင်းက သူ့ကိုယ်သူ ဆရာမကြီးလို လက်ပိုက်၍ ခေါင်းမော့ ရင်ကော့ကာပြောလာတော့ အကုန်လုံးက ချစ်စနိုးအကြည့်ဖြင့် ကြည့်ကြသည်။

"အဟွန်း! ချင်းချင်းကတော်လိုက်တာ"

"ဒါပေါ့ ပါ့ပါးဘေဘီနဲ့ ခမည်းတော်ဝမ်လေး ရဲ့သမီးပဲ.. ဟီး"

ရိပေါ်က ချင်းချင်း၏ ပါးဖောင်းဖောင်းလေးအား ဖျစ်ကာ ပြောလိုက်တော့ ချင်းချင်းမျက်နှာဟာ ပျားရည်အိုးလိုက် မှောက်ကျထားသည့်ပုံပမာ။

"ခမည်းတော်နဲ့ ပါးပါးအတွက်၊သားတော်ရဲ့ မင်္ဂလာလက်ဖွဲ့"

ဝမ်ယွီကျန့်လေးက အရှေ့သို့ထွက်လာပြီး လှိပ်ထားသည့် ပန်းချီကားလေးအား ရိပေါ်ထံ ကမ်းပေးလာသည်။
ပန်းချီကားလှိပ်အား ဖွင့်ကြည့်လိုက်တော့ ရိပေါ်နှင့် ရှောင်ကျန့်ပုံတူ ခဲပန်းချီ။

"MY LOVE BABE"[ပေါင်ပေ့/ေပါင္ေပ့](Completed)حيث تعيش القصص. اكتشف الآن