Part -10

3.8K 201 8
                                    

>Unicode Pro<💕

"သား...သားငယ်.."

အဝေးတစ်နေရာမှ တစ်စုံတစ်ယောက်၏ ခေါ်သံခပ်တိုးတိုးဟာ ရှောင်းကျန့် နားစည်သို့ ပျံ့လွှင့်လာခဲ့၏။

ရုတ်တရက် တစ်စုံတစ်ခုအား မှတ်မိသွားသည့်နှယ်လဲနေရာမှ ထထိုင်လိုက်ကာ

"မား!!မားလားဟင်!"

ရှောင်းကျန့်၏ အသံဟာ လှိုက်ခေါင်းတစ်ခုထဲတွင် စကားပြောနေသူလိုပင်။ စကားတစ်ခွန်းပြောသည်နှင့် နောက်ဆက်တွဲ ပဲ့တင်သံများသာ ထပ်ခါထပ်ခါကြားနေရသည်။

"အားကျန့် ..သားကျန့်လေး"

မနီးမဝေးတွင်ရှိသည်ဟု ထင်ရလောက်သည့် ယောကျ်ားတစ်ဦး၏ အသံအား ကြားရပြန်၏။

"ပါး..ပါး!!!မားနဲ့ပါး.....ဘယ်မှာလဲ"

"သားငယ်"

"အားကျန့်........"

'မြင်သာမြင် မကြင်ရ' ဟူသည့်စကားပုံလို။
ရှောင်းကျန့်မှာတော့ အသံသာ ကြားရပြီး ရုပ်အား ပုံဖော်၍ပင်မရ။

"ပါးနဲ့မား....ဘယ်မှာလဲ ထွက်လာခဲ့ပါ
သားဆီလာခဲ့ပါနော်...ဟင့်"

အခု သူဘယ်ရောက်နေမှန်း တကယ်မသိပါ။
မြက်ခင်းပြင်တစ်ခု....မြူ တွေရှိတဲ့မြက်ခင်းတစ်ခုပဲ!ပြီးတော့ အရမ်းလဲ မှောင်သည်။

မားနဲ့ပါးအသံလဲကြားနေရ၏။ သို့ပေမဲ့..အရိပ်သေးသေးရေးရေးကလေးပင် မတွေ့ရချေ။
အစအဆုံးမရှိတဲ့ ကန္တာရထဲရောက်နေသလိုပင်။
ရှောင်ကျန့်တစ်ယောက်  အချိန်အတော်ကြာအောင်မားနှင့်ပါးကို အော်ခေါ်နေပေမဲ့ ပြန်ပြောသံမကြားတာကြောင့် မြက်ခင်းပေါ် ထိုင်ချလိုက်ကာ တရှုံ့ ရှုံ့ ငိုနေတော့သည်။

"အားကျန့်လေး ..ပါး..သားဆီလာခဲ့ပါ့မယ်
သေချာပေါက်လာခဲ့မယ်....."

ပါးပါး၏ အသံဟာ သေချာာပေါက် မိုးမြင့်တစ်နေရာမှ ထွက်ပေါ်လာပါသည်။

"သားငယ်....မငိုရဘူးလေ.....သားကယောက်ျားမဟုတ်ဘူးလား
တိတ်တော့နော်...မားနဲ့မင်းပါးပါး...သားဆီသေချာပေါက်လာခဲ့မှာ"

ရှောင်းကျန့် ညီညာပြန့်ပြူးနေသော မြေပြင်ပေါ်တွင် ပြေးလွှာကာ လိုက်ရှာနေမိ၏။
ပါးစပ်မှလဲ မိမိ ချစ်ရသူနှစ်ဦး၏ နာမည်အား အော်ခေါ်လျှက်။
.

&quot;MY LOVE BABE&quot;[ပေါင်ပေ့/ေပါင္ေပ့](Completed)Where stories live. Discover now