Part-29

1.7K 92 1
                                    

Unicode💕

ညနေပိုင်းတွင် မယ်တော်ကြီးနှင့် ခလေး၎ယောက်က ဝမ်တိုင်းပြည်သို့ ပြန်ကြမည်ဖြစ်သည်။
ပြန်ခါနီး နန်းတော်တံခါးမကြီးအဝတွင် ရှောင်ကျန့်က ခလေး၎ယောက်အား ကြည့်ကာ ငိုမဲ့မဲ့။
ဝမ်ရိပေါ်နှင့် ရှောင်းကျန့်က ရှောင်းတိုင်းပြည်တွင် ၁ပတ်ခန့်နေရအုံးမည်ဖြစ်သည်။

"ပါ့ပါးပေါင်ပေ့နဲ့ ခမည်းတော် တာ့တာ"

"ဦးလေးတော်တို့ တာ့တာ!"

"ခမည်းတော်နဲ့ပါးပါး ကျမ်းမာရေးဂရုစိုက်အုံးနော်.."

"အဟမ်း! အားကျန့်နဲ့ မင်းကြီး သားသွားတော့မယ် "

ယွစိန်ပေါက်လေး၂ယောက်ဟာ ဝေါယာဉ်ထဲသို့ အပြိုင်အဆိုင် ပြေးတက်သွားကြပြီး ယွီကျန့်နှင့် လုဟန်ကတော့ အေးဆေးစွာ တက်သွားကြသည်။

"စိတ်ချမယ်နော်မျန်မျန့်!"

"စိတ်ချပါ ကျန့်လေးရယ် ၊မျန်မျန့်နဲ့ ခလေးအကုန်လုံးက ရင်းနှီးပြီးသားပါ သေချာဂရုစိုက်လိုက်ပါ့မယ်"

"အင်း ယွီကျန့်လေးကို ဆေးပုံမှန်တိုက်ပေးနော်၊ ချင်းချင်းနဲ့ ရွှမ်းရွှမ်းကိုလဲ နန်းပြင်မထွက်စေနဲ့အုံး ၊ လုဟန်လေးကိုလဲ သေချာ ဂရုစိုက်ပေးနော်"

"ဘာမှမပူနဲ့ ရှောင်ကောကော ဝမ်ချင်ရှိတယ်နော်"

ဖန်တစ်ရာတေအောင် ထပ်ခါထပ်ခါမှာကြားနေသော ရှောင်ကျန့်အား ဝမ်ချင်ကပါ ထပ်ပြီးပြောပေပးလိုက်ရသည်။
ရှောင်းကျန့်ပုံစံဟာ မသိလျှင် သူနှင့် သူ့ခလေးတွေကို တစ်သက်လုံးခွဲထားမှာ ကျနေတာပဲ။

"ဂရုစိုက်ပြီးးပြန်ပါ မယ်တော်"

"လမ်းခရီး ဂရုစိုက်ပြန်ပါနော် မယ်မယ်"

ရိပေါ်နှင့် ရှောင်ကျန့်က မယ်တော်ကြီးအား အရိုအပေးလိုက်တော့ မယ်တော်ကြီးကပြုံးလျှက်

"ဟုတ်ပါပြီ သားတော်နဲ့ရှောင်းအာလေးလဲ ကျန်းမာရေးဂရုစိုက်ကြနော်
တစ်ပတ်ပြည့်ပြီး ဝမ်တိုင်းပြည်ပြန်ရောက်လို့မှ ပိန်ကျသွားရင် စိတ်ဆိုးမှာ"

"ဟီး မပိန်စေရပါဘူး"

မယ်တော်ကြီးက ပြုံး၍ ခေါင်းငြိမ့်ကာ အခြားဝေါယာဉ်တစ်ခုပေါ်သို့ သူမ၏ အထိန်းတော်ကြီး ၊ဝမ်ချင်နှင့်အတူ ဝင်သွားတော့သည်။

"MY LOVE BABE"[ပေါင်ပေ့/ေပါင္ေပ့](Completed)Where stories live. Discover now