Part-27

1.6K 104 0
                                    

Unicode💕

"ဝမ်လေးရေ..
ခမည်းတော်ရဲ့ မုတ်ဆိတ်ဖြူ ဘိုးဘိုးကြီး​တွေက​လေ
ငါ့ကို အတင်းအဓမ္မခိုင်း​နေကြတယ်သိလာ့"

ရှောင်ကျန့်က စားပွဲ​ပေါ်တွင် ထိုင်ကာ အစရင်ခံစာဖက်နေသည့် ရိပေါ်၏ ပေါင်ပေါ်တက်ခွကာ ဆူပုတ်ပုတ်ဖြင့် တိုင်ပြောလေသည်။

"မှူးမတ်တွေကလား
မဟုတ်မှ..နန်းတက်ဖို့ကိစ္စလား"

"ဟုတ်တယ်ဆို!
မင်းသိလား နန်းရင်ဝန်ကလေ ငါ့ကို ဘုရင်လုပ်ခိုင်းမို့တဲ့
ငါက မလုပ်ချင်ဘူးလေ
အိုက်ယား!.. အဲ့စာအုပ်ဖယ်ထားစမ်းပါ တကယ်ပဲ
ဒီကိုကြည့်!

ရိ​ပေါ်က သူပြောသမျှ ဂရုစိုက်နားထောင်ရင်း မျက်လုံးကစာအုပ်တွင်သာ ရှိနေသောကြောင့် ရှောင်ကျန့်မှာ ဆူပုတ်စွာ စာအုပ်အားဆောင့်ယူရင်း ရိပေါ်၏ ပါးတစ်ဖက်ဆီအား လက်ကလေးနှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း သူ့မျက်နှာအား ကြည့်စေလိုက်သည်။

"အဟွန်း ဘာဖြစ်လဲ ဘုရင်လုပ်ရမယ်ဆိုလဲ လုပ်လိုက်ပေါ့babeရ"

နှုတ်ခမ်းနှင့် ထိုးတော့မတက် ဆူပုတ်ထားသည့် ယုန်လေးအား စချင်၍ ရိပေါ်က မသိချင်ယောင်ဆောင်ကာ ပြောလိုက်သည်။

"မလုပ်ချင်ပါဘူးဆို!
ဘုရင်လုပ်ရင် ဘယ်ကမှန်းမသိတဲ့စာတွေရောက်လာပီး စာအများကြီးဖတ်ရတယ်လေ ဟုတ်တယ်မို့လား ၊
ပီးတော့ ဓားရေးလဲလေ့ကျင့်ရတယ်၊ မြင်းစီး မြှားပစ် အကုန်ကျွမ်းကျင်ရတယ်
နဂါးဝတ်ရုံ အရှည်ကြီးနဲ့ အလေးကြီးဝတ်ရတယ်
အရေးအကြီးဆုံးအချက်က! ဘုရင်လုပ်ရင် မိဖုရားမြှောက်ရမယ်လေ
ငါက ဘာမိဖုရားမှ မမြှောက်ဘူး မင်းကိုပဲယူမှာလေ
နောက်ပီး ငါ့မှာ ခလေး၃ယောက်လဲ ရှိသေးတာကို..
နော်! ဘုရင်က မင်းဘဲ လုပ်လိုက်လေနော်.. နော်လို့ရိပေါ်!
နှစ်နိုင်ငံပေါင်းပြီး ဘုရင်လုပ်ပေါ့"

ရှောင်ကျန့်က စကားအရှည်ကြီးပြောပြီး မောသွားဟန်ဖြင့် ရိပေါ်၏ ပုခုံးပေါ် မှေးတင်ကာ ခေါင်းလေးမှီထားလိုက်သည်။
ရိပေါ်က ရှောင်ကျန့်ခေါင်းလေးအားဖွဖွလေး ပုတ်ပေးကာ ကျန်လက်တစ်ဖက်သည်လည်း ရှောင်ကျန့် ခါးကို ဖက်ထားလိုက်သည်။

"MY LOVE BABE"[ပေါင်ပေ့/ေပါင္ေပ့](Completed)Donde viven las historias. Descúbrelo ahora