Part -4

5K 315 17
                                    

>Unicode pro<💕

မင်းကြီးဝမ်ရိပေါ်ဆိုသည်မှာ ညီလာခံမှပြန်လာလျှင်  စာကြည့်ဆောင်သို့ သွားနေကျဖြစ်သည်။

"ဖမ်းမိထားတဲ့တရားခံ အခြေအနေဘယ်လိုရှိလဲ"

စာကြည့်ဆောင်တွင် ရောက်နှင့်နေသော သူမှာမင်းကြီးအား အရိုအသေပေးလိုက်ပြီး

"လုပ်ကြံသူကိုဖမ်းမိပါတယ်၊
အချုပ်ထဲမှာထည့်ထားပြီး မေးမြန်းနေတုန်းပေါ့
ဒါပေမဲ့ သူကတော့ဘာမှဝန်မခံသေးပါဘူး"

"ဘာအငြိုးရှိလို့ခုလိုလုပ်ရတာလဲ၊
မင်းစိတ်ထင် သူကငါ့ရန်သူဖြစ်နိုင်လား"

သူက အလေးအနက် စဥ်းစားကာ

"သေချာတာ တစ်ခုကတော့
မိဖုရားရဲ့ရန်သူမဖြစ်နိုင်ဘူး၊
မိဖုရားကို သူကထိခိုက်အောင်မလုပ်ခဲ့ဘူးလေ"

ရိပေါ်နဲ့စကားပြောနေသူကတော့ ရိပေါ်ရဲ့ နောက်ထပ်ဖွားဖက်တော်တစ်ဦးဖြစ်၏။
၀မ်ရိပေါ်၊ယွီပင်း၊ ထိုသူရယ် သူတို့သုံးယောက်က ညီအစ်ကိုတွေလို ခင်ကြသည်။

ယွီပင်းက အထိန်းတော်ဆိုပေမဲ့ သူများတွေထက်အခွင့်အရေးပိုရသည်၊အခြားအထိန်းတော်တွေလို သင်းကွပ်တာလဲမလုပ်ရသလို ချစ်ဖို့ကောင်းသော သူ့ရုပ်ရည်ကြောင့် မိဖုရားခေါင်ကြီး၏ အချစ်ကိုလဲခံရသူဖြစ်၏။

ထိုတစ်ယောက်ကတော့ မင်းကြီး၀မ်ရိပေါ်ရဲ့လုံခြုံရေးနှင့်ထီးနန်းအား ကာကွယ်ရန်အတွက်တာဝန်ယူထားသည့်သူ။
သူ့၏နာမည်မှာ ကျန်းဖန်ရှင်း ဖြစ်၏။
တော်၀င်ကိုယ်ရံတော်တပ်ဖွဲ့၏ခေါင်းဆောင်၊စစ်ရေးစစ်ရာ မြှားပစ်/လှံပစ်တွင် အလွန်တော်ပါသည်။
စစ်ရေးစစ်ရာကို သူကိုယ်တိုင်က ဝါသနာပါခြင်းဖြစ်လို့ ဘယ်စစ်ပွဲမဆို သူပါလျှင် ရှုံးနိမ့်သည်ဟူ၍ မရှိ။

>>>>>>>>>>

တစ်ဖက်တွင် မြို့ထဲသို့ လျှောက်ပတ်ကြည့်နေသူနှစ်ဦး။
တစ်ဦးမှာ တိတ်ဆိတ်လျှက် ကျန်တစ်ဦးမှာမူ
ပါးစပ်အမြှုပ်ထွက်မတက် ပြောဆိုနေ၏။

"ဝါး.....ဟောက်ရွှမ်း ဒီနေရာကအရမ်းလှတာပဲ
ဘာတွေရောင်းနေတာလဲမသိဘူး
စျေးသည်တွေလဲအများကြီးပဲ
နန်းတော်ထဲမှာဒါမျိုးတွေမရှိဘူးနော်"

&quot;MY LOVE BABE&quot;[ပေါင်ပေ့/ေပါင္ေပ့](Completed)Where stories live. Discover now