Part- 3

5.4K 341 7
                                    

Unicode

နောက်တစ်နေ့နံနက်စောစော၌

အဆောင်ပြတင်းပေါက် သစ်ပင်ပေါ်တွင်
အသိုက်ဆောက်လုပ်ကာနေထိုင်သော
ငှက်ဝါလေးများ၏ တကျိကျိအော်သံကြောင့်
အမြဲမိုးစင်စင်လင်းမှ အိပ်ယာထတတ်သော
ရှောင်းကျန့်တစ်ယောက် နိုးထလာခဲ့ပါသည်။

"နိုးလာပြီလား ကျန့်လေး"

အိပ်ဆောင် အပြင်ဘက်ထွက်လာခဲ့တော့
ဖယောင်းတိုင်မီးခွက်ထွန်းနေသည့် မျန်မျန့်မှ မေးလာ၏။

"အင်းမျန်မျန့်....ဘယ်နှစ်နာရီလောက်ရှိပြီိလဲ"

"အစောကြီးရှိပါသေးတယ် အပြင်မှာခုမှအလင်းရောင်သမ်းတုန်း"

"ဩ...မျန်မျန့်က အစောကြီးနိုးနေပါလား"

"အမြဲ စောစောထရလို့ ကျင့်သားရနေပါပြီရှင့်
ရေနွေးလေးသောက်လိုက်ပါဦး"

'ဂွီ'

ကြွေရေခွက်လေးထဲမှ ငှဲ့ပေးထားသော ရေကြည်အား ယူကာမော့သောက်နေစဥ်
လူမနိုးခင် အရင်အသံပေးလေ့ရှိသော ဗိုက်ထဲမှ အသံတစ်ခုကြောင့် မျန်မျန့်ကအလိုက်သိစွာ
ပြုံးလျှက်

"အင်း ဒါဆိုမျက်နှာသစ်ထားလိုက်နော်...
မျန်မျန့် မုန့်အချိုပွဲ သွားယူပေးမယ်"

ရှောင်ကျန့်က မျန်မျန့်အားခေါင်းငြိမ့်ပြရင်း
အတွင်းခန်းထဲ၀င်ကာ မျက်နှာသစ်လေသည်။

ဟွန့်! ဒီမှာသွားတိုက်တံနဲ့သွားတိုက်ဆေးလဲမရှိဘူးရယ်၊ဆားနဲ့ပဲတိုက်ရတယ်။
အော်....ငါလေးဘဝကလဲ မိဖုရားသာပြောတယ် လှောင်အိမ်ထဲကငှက်ကလေးကျနေတာပဲ
အပြင်တောင်မထွက်ရဘူး.....
Waitt!! နေဦး!
ငါအပြင်ထွက်အုံးမှ အထဲမှာနေရတာ မွှန်းကျပ်တယ်,

"ကျန့်လေး လာထိုင်၊
ဒီမှာလေ
တောင်ပိုင်းကအမတ်တစ်ချို့ယူလာပေးတဲ့
စွံပလွံသီးခြောက်နဲ့ စပျစ်သီးခြောက်တွေ၊
သူတို့ကမယ်တော်ကြီးအတွက် ယူလာပေးကြတာ မယ်တော်ကြီးက ရှောင်းအာအတွက် ဆိုပြီး ပို့ပေးလိုက်တာလေ"

"တကယ်....အရသာရှိမဲ့ပုံလေး
မျန်မျန့်လဲစားလေ"

"ရလားဟင်"

"MY LOVE BABE"[ပေါင်ပေ့/ေပါင္ေပ့](Completed)Where stories live. Discover now