Part -25

1.7K 96 0
                                    

Unicode💕

"ဒုတိယမင်းသား ဝမ်ဟောက်ရွှမ်းက ခိုဖြူ နဲ့ စာပို့လိုက်တာပါ အရှင်မင်းကြီး
အခုတော့ ခံစစ်နဲ့ပဲတိုက်နေရတယ်တဲ့ ပြန်ထိုးစစ်ဆင်ရမလား တဲ့"

"ကိုယ်တော်အခုပဲ ဝမ်တိုင်းပြည်ကိုပြန်မယ်!"

"ဝမ်လေး! ဒီအချိန်ကြီး!"

"မင်းကြီးဝမ်..."

ရိပေါ်ဟာ ရှောင်းကျန့်လက်ကလေးအား ခနဆုပ်ကိုင်ကာ လွှတ်ပေးလိုက်ပြီး ပြန်ရန် ထလိုက်သည်နှင့် ရှောင်းကျန့်က မျက်ရည်အဝဲသား ၊ဘုရင်ကြီးက ရိပေါ်အား ကြည့်ကာ

"ရှောင်းတိုင်းပြည်ကလဲ သားတော်နဲ့မင်းကြီးဝမ် ထိမ်းမြှားကတည်းက တစ်စိတ်တစ်ဝှမ်းတည်း!
ဒါကြောင့် ရှောင်းတိုင်းပြည်ရဲ့ စစ်တပ်ကို ခေါ်သွားပါ၊
ဝမ်စစ်တပ်နဲ့ ရှောင်းစစ်တပ်ပေါင်းပြီးတိုက်ရင် ချင်တိုင်းပြည်ရဲ့အင်အားကို မနိုင်စရာအကြောင်းမရှိဘူး...
နန်းရင်ဝန်!"

"အမိန့်နာခံလျှက်ပါ မင်းကြီး!"

နန်းရင်ဝန်ဟာ အဆောင်အပြင်သို့ထွက်ကာ ရှောင်းစစ်တပ်အား ဆင့်ခေါ်လိုက်သည်။
ဘုရင်ကြီးက ကုတင်ပေါ်မှဆင်းတော့ သူ့အထိန်းတော်က အလိုက်သိစွာ နဂါးဝတ်ရုံအား ဝတ်ပေးလိုက်သည်။

"ဘိုးဘိုး! မြေးတော် တွဲကူပေးမယ်!"

ယွီကျန့်လေးက ဘုရင်ကြီးလက်အားကိုင်ကာ တစ်ဖက်မှ ရပ်ရင်း ၊ရှောင်းကျန့်က တစ်ဖက်မှတွဲထားပေးရသည်။

အဆောင်မှ ထွက်သည်နှင့် အဆောင်ရှေ့တွင် ရပ်နေသော မှူးမတ်များ ၊အထိန်းတော်များ၏ အနောက်တွင် ရပ်လျှက်ရှိသော စစ်သားများ။

........
"ဝမ်လေး!..ငါလဲလိုက်!"

"Babeဒီမှာပဲနေခဲ့နော် မလိုက်ရဘူး၊ ဒီမှာက အန္တရာယ်ကင်းတယ်"

ရှောင်းကျန့်ပါးပြင်အား ခပ်ဖွဖွကိုင်ကာ ဆိုလိုက်သည့်ရိပေါ်၏ မျက်၀န်းအကြည့်များက သူစကားကိုနားထောင်ပေးဖို့တောင်းဆိုနေသယောင်။
သူပါ လိုက်သွားလဲ ဓားသိုင်းမတတ်တာကြောင့် ရိပေါ်အတွက် ၀န်ထုတ်၀န်ပိုးပဲဖြစ်မှာကို စိတ်ပူမိသည်နှင့်...

"MY LOVE BABE"[ပေါင်ပေ့/ေပါင္ေပ့](Completed)Onde histórias criam vida. Descubra agora