Part -26

1.7K 121 22
                                    

Unicode💕

"ဒါ..ဒါပေမဲ့! မင်းတို့ အဲ့ဒီလောက်ထိ မရက်စက်သင့်ဘူးမို့လား၊ သတ်ပစ်ရအောင်အထိ သူက ဘာအမှားလုပ်ထားလို့လဲ!"

ထိုသူက ယခုချိန်ထိ သူ့ညီတော်အတွက် ဒေါသမပြေသေးပေ။ သာမာန်လူတစ်ယောက်ဟာ မင်းကြီးဝမ်ရိပေါ်အား ၁မိနစ်ပင် ပြည့်အောင်မျက်လုံးချင်းမဆိုင်ရဲသော်လည်း ထိုဘုရင်ကတော့ ရိပေါ်အား စူးရှသည့်အကြည့်များဖြင့် ကြည့်လျှက်။

"အမှားလား! အဲ့ဒီအမှားကို သိပ်သိချင်နေတယ်ပေါ့၊ တကယ်လို့ သိပြီးသွားရင်
ငါကိုယ်တော် မောင်မင်းတို့ တစ်တိုင်းပြည်လုံးကို အပိုင်သိမ်းပစ်မယ်!ရလား
.
လူတစ်ယောက်က ကိုယ်တော် အသက် ၁၉နှစ်တုန်းက နန်းတွင်းမှာ ကိုယ်တော့်ကို လုပ်ကြံဖူးတယ်! လူနည်းစုပဲဒါကိုသိကြတာ ..
ကိုယ်တော့်ခမည်းတော်ကို သေရည်ထဲ အိပ်ဆေးခတ်ပြီး လုပ်ကြံဖူးသေးတယ်"

ထိုသူက နားမလည်သလို မျက်ဝန်းများဖြင့်ကြည့်နေတုန်း ရိပေါ်က ထိုသူ့နား နားကပ်ကာ

"အဲ့ဒီ့လူက ..ဘယ်သူလဲ သိလား! ဟမ့်!"

ထို့နောက် ရိပေါ်က ကိုယ်ကိုပြန်မတ်လိုက်ကာ

"အဲ့ဒီ့လူက ခမည်းတော်ရဲ့ သွေးသောက်ညီအစ်ကို ချင်လင်းရှန်းရဲ့သား!
ချင်တိုင်းပြည်ရဲ့ ဘုရင်ဟောင်း! ချင်လီယွဲ့
နောက်ပြီးတော့ ဟောဒီက ချင်ဘုရင်ရဲ့ခမည်းတော်ပဲ!
.
သူက ဘာလို့ ဝမ်တိုင်းပြည်ရဲ့ ဘုရင်နဲ့ အသက်၁၉နစ်တောင်မပြည့်သေးတဲ့အိမ်ရှေ့စံလေးကို လုပ်ကြံလဲဆိုတာ သိလား!
သူ့ဖခင်!
ခမည်းတော်ရဲ့သွေးသောက်ညီအစ်ကို ချင်လင်းရှန်းက ခိုင်းလို့!

ဒါပေမဲ့ ကိုယ်တော့်ခမည်းတော်က သူ့ညီမို့ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်အဖြစ် ဘာမှမလုပ်ဘဲထားခဲ့တာ ။ ၁
ဒါပေမဲ့ ကိုယ်တော့်မိဖုရားကို ထပ်ပြီး ပစ်မှားကာလုပ်ကြံလို့ သူ့ကိုသတ်ပစ်လိုက်တယ် အခု ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ သိပြီလား

ဘာလို့ အဲ့ဒီ ချင်ဘုရင်ဟောင်းက အဲ့ဒီလိုလုပ်ခိုင်းတာလဲဆိုတာရော..သိချင်သေးလား...
ဝမ်တိုင်းပြည်ကြီးက ချင်တိုင်းပြည်ထက် ပိုတိုးတက်ပြီး ပိုကြယ်ဝန်းလို့ပဲ
ပီးတော့ ဝမ်တိုင်းပြည်မှာ မှူးမတ်က စလို့ လက်အောက်ငယ်သားတွေအားလုံးဟာ လာဘ်မစားဘူး၊နိုင်ငံ့ဘဏ္ဍာငွေကိုအလွဲသုံးစားမလုပ်ဘူး ၊ ပြည်သူတွေဆီကနေ 'အခွန်ငွေ'အဆမတန် မကောက်ဘူး! ပြည်သူတွေကို အတင်းအဓမ္မ မရိုက်နှက်ဘူး

"MY LOVE BABE"[ပေါင်ပေ့/ေပါင္ေပ့](Completed)Where stories live. Discover now