Part -21

1.9K 106 0
                                    

Unicode💕

"ရှောင်းနန်းတော်သို့ရောက်သည်နှင့်
နန်းရင်ပြင်တွင် ဝမ်တိုင်းပြည်မှ မင်းကြီးဝမ်ရိပေါ်နှင့်မိဖုရားကြီးရှောင်းရှောင်ဖန်း(ရှောင်ကျန့်)တို့အား စောင့်ကြိုနေသည့် မူးမတ်များ၊ရဲမက်များ ၊အစေခံ အမှုထမ်း၊အပျိုတော်များနှင့်တကွ
ရှောင်းတိုင်းပြည်၏ ဘုရင်ကြီး ရှောင်းရှောင်ဖန်းက ပြုံးရွှင်စွာ။

"ကြိုဆိုပါတယ်ကွာ! သားတော်နဲ့မင်းကြီးဝမ် ၊
ပြီးတော့ ဘိုးဘိုးမြေးလေးတို့"

ရိပေါ်နှင့် ရှောင်ကျန့်ဟာ ဘုရင်ကြီးရှောင်းအား ကန်တော့ သည့်အခါ မင်းသားလေးနှစ်ပါးနှင့်မင်းသမီးလေးကပါ သူတို့ဘိုးဘိုးအား ကန်တော့ကြသည်။

"မင်းကြီးရှောင်း ကျန်းမာပါရဲ့လား"

"နေကောင်းရဲ့လား ခမည်းတော်၊ သားတော် ခလေးနှစ်ယောက်နဲ့ အလုပ်များနေလို့ ခမည်းတော်ကို လာမတွေ့နိုင်တာ ခွင့်လွှတ်ပေးပါ"

"ထကြပါကွာ! ဒီအဘိုးကြီးက ရေချိုးမှားလို့ အအေးမိသွားတာပါ
သားတော်နဲ့မင်းကြီးကို စိတ်ပူစေမိပြီ"

"ကျွန်တော်တို့တိုင်းပြည်က ဆေးဖက်ဝင် ဆေးဝါးတွေ မင်းကြီးအတွက် လက်ဆောင်ယူလာပေးပါတယ်၊ လက်ခံပေးဖို့မျှော်လင့်ပါတယ်"

ရိပေါ်က ပြောလိုက်တော့ ဘုရင်ကြီးက ပြုံးကာခေါင်းငြိမ့်လေသည်။

"ဘိုးဘိုး ချင်းချင်းကိုသတိရဘူးလား"

"ချင်းအာ....အိုက်ရိုး လာပါအုံး ဘိုးဘိုးဆီ
ဘိုးဘိုးက ဒီမြေးလေကို သိပ်သတိရတာပေါ့ကွ"

ဘုရင်ကြီးဟာ အသက်၇၀ကျော်နေပြီဖြစ်ရာ ဇရာအတိုင်း ဆံဖြူ သွားကျိုးကာ
မျက်လုံးများက အနည်းငယ် မှေးနေသည်။
သို့ပေမဲ့ ဘုန်းတန်ခိုးကြီးစွာ သန်တုန်းမြန်တုန်း ၊ခါးပင်မကိုင်းသေး။
သမီးတော်ကိုတောင် ချီနိုင်တုန်းပင်။

"ကဲ! အချိန်လဲမစောတော့ဘူး၊ ခရီးလမ်းမှာ ပင်ပန်းလာကြရော့ပေါ့ ၊အနားယူကြအုံးကွယ် ၊အဆောင်တော်တွေပြင်ပေးထားတယ်"

"ဟုတ်ကဲ့!ခမည်းတော်"

....

ဘုရင်ကြီးရှောင်းက ရှောင်ကျန့်မီးဖွားပြီးစ ကာလတုန်းကလည်းပဲ ခနခန ဝမ်တိုင်းပြည်သို့ အလည်လာဖူးသည်။
ရှောင်ကျန့်ကသာ လာမည်လာမည်နှင့် မလာဖြစ်။

"MY LOVE BABE"[ပေါင်ပေ့/ေပါင္ေပ့](Completed)Where stories live. Discover now