Part-30 (Final)

4.5K 158 3
                                    

Unicode

"အား! နောက်ဆုံးတော့ ငါ ဝမ်တိုင်းပြည်ကိုပြန်ရတော့မှာပါလား"

ယနေ့သည် ရှောင်းတိုင်းပြည်တွင် နေထိုင်ချိန် တစ်ပတ်ပြည့်သည့်နေ့ဖြစ်၍ ရှောင်ကျန့်တစ်ယောက် အလွန်အမင်း ပျော်ရွှင်နေသည်မှာ ထခုန်မတက် ဖြစ်သည်။
မိမိ ဇာတိချက်ကြွေ မွေးရပ်မြေမှ ထွက်ခွာရမည်ကို ပျော်နေပုံထောက်လျှင် ရှောင်းကျန့်ဟာ အလွန့်အလွန် မွေးရပ်မြေအား ချစ်သည့် ကောင်လေးတစ်ယောက်ဖြစ်လိမ့်မည်။

"Babe.. အခုပဲပြန်တော့မလို့လား"

ရိပေါ်၏ နဂါးဝတ်ရုံအား ရှောင်းကျန့်က ကိုယ်တိုင်ဝတ်ပေးရနေစဉ် ဖြစ်၏။

ဘုရင့် အဆောင်အယောင်များအား အထိန်းတော်နှင့် အပျိုတော်များက ဝတ်ဆင်ပေးလေ့ရှိသော်လည်း
ရိပေါ်ကတော့ သူ့ပစ္စည်းများနှင့် သူ့ခန္ဓာကိုယ်အား  မည်သူမျှ ထိကိုင်သည်ကို မကြိုက်ပေ။
ရှောင်ကျန့်မှလွဲ၍ပေါ့။

သည်တစ်ပတ်အတွင်း ရိပေါ်ကသာ နိုင်ငံရေး၊ပြည်တွင်းရေးကိစ္စ အဝဝကို တစ်ယောက်တည်း ကျုံးသိမ်းလုပ်ရပြီး ရှောင်းကျန့်လေးကိုတော့ စားလိုက်အိပ်လိုက်ဖြင့်သာ အချိန်ကို ကုန်ဆုံးစေသည်။

ရိပေါ်က သူ့ချစ်ရသူ ရင်နှင့်သဲခြာ အသဲအသက်လေးအား ဘာတစ်ခုမျှမခိုင်းပေ။
ထို့အပြင် သူ့ ချစ်ရသူလေး ပျင်းနေလျှင်တောင် အဖော်လုပ်ပေးကာ မို့တွင်းအနှံ့ ရုပ်ဖျက်ကာ အတူတူလျှောက်လည်ပေးတတ်သည်။

အထုတ်အပိုးများနှင့် သူနှစ်သက်သော စားစရာ၊ပစ္စည်းများအား သေတ္တာထဲသို့ ထိုးကျိတ်ထည့်နေပုံထောက်လျှင် ရှောင်ကျန့် ဒီမနက်ပဲ ဝမ်တိုင်းပြည်ကို ပြန်တော့မည်ဆိုတာ ခန့်မှန်းစရာပင်မလို။

"ဟုတ်တယ်လေ ဝမ်လေးရဲ့
မနေ့ကပဲ တစ်ပတ်ပြည့်သွားပြီလေ၊အခုမပြန်လို့ မင်းက ဘယ်ချိန်မှ ပြန်ချင်တာလဲ"

"ဟုတ်ပါပြီ! ဒါဆိုလဲ ပြန်ကြတာပေါ့!
ကိုယ် အမတ်မင်းတွေကို အရေးကြီးတာလေးတစ်ချို့မှာထားခဲ့ရအုံးမယ်
ဒီမနက် ညီလာခံတက်ပြီးရင် ပြန်ကြမယ်နော်.."

"အင်း! ညီလာခံတက်ရင် လိုရင်းတိုရှင်းပဲပြောခဲ့နော် အရမ်းမကြာစေနဲ့အုံး"

"MY LOVE BABE"[ပေါင်ပေ့/ေပါင္ေပ့](Completed)Where stories live. Discover now