Part -16

2.5K 148 1
                                    

Unicode

ဝမ်ချင်က အထိန်းတော်၊အစေခံများအား ခေါ်ကာ အဆောင်အပြင်သို့ ပြုံးစိစိဖြင့် ထွက်သွားလေသည်။
ဒါဟာ ဖြစ်နေကျမို့ ဝမ်ချင်တို့က ရိုးနေပါပြီ။

သေချာပြီ ရှောင်ကျန့်စိတ်ကောက်သွားပြီဆိုရင် ချော့ဖို့ နှစ်နည်းပဲရှိသည်။
ပတမတစ်နည်း ..ရိပေါ်က သေချာပေါက် အာပေါက်မတက်ချော့ရလိမ့်မည်။
နောက်တစ်နည်းကတော့ ရှောင်ကျန့် အလိုကိုလိုက်လုပ်ပေးရလိမ့်မည်။

"Babe!ပြန်လာထိုင်....ကိုယ်ပြောနေတယ်နော်"

"မလာဘူး...အကုန်ပြန်ယူသွားခိုင်းလိုက် မစားတော့ဘူး ဘာမှ!
အင့်...ဘာလုပ်!...ချပေး"

ခြေဆောင့်ကာ အိပ်ခန်းထဲဝင်သွားသည့် ယုန်ဗိုက်ပူလေးအား ရိပေါ်က အနောက်မှ မင်းသမီးပွေ့ချီနည်း ဖြင့် ချီကာ အပြင်သို့ပြန်ခေါ်လာပါ၏။

"အင်း...ညကျရင် ချပေးမယ်"

"ဝမ် ရိ ပေါ်...အောက်ချပေးလို့ပြောနေတယ်နော်!
မင်း! မယ်မယ်နဲ့တိုင်ပြောမယ် ချပေးဆို!"

"ညကျရင် အများကြီးချပေးမယ်ဆို"

"ငါပြောတာအဲ့လိုမဟုတ်ဘူး! ငါကကိုယ်ဝန်ကြီးနဲ့ကို ၊အောက်ဆင်းမယ် အောက်ကိုချပေးပါဆိုကာမှ
အီး..ဟီးး! ဟင့်!..."

"အာ! မငိုနဲ့လေ babeကလဲ ချပေးမယ်အောက်ကို"

အာပြဲကြီးငိုနေတဲ့ယုန်ဗိုက်ပူကိုအောက်ချပေးလိုက်တော့ ဗိုက်ကလေး မ ကာ ပြန်ထွက်သွားပါ၏။

ရိပေါ်လဲ အနောက်မှလက်ပိုက်ကာ လိုက်ကြည့်တော့ ထမင်းစားပွဲမှာ အကျအနပြန်ထိုင်ကာ ပလုပ်ပလောင်းစားနေပါတော့သည်။

ခနကြာတော့ သူ့ကိုမျက်နှာငယ်လေးဖြင့် ပြန်လှည့်ကြည့်လာ၏။
ရိပေါ်က လက်ပိုက်လျှက် 'ဘာလဲ' ဆိုသည့်အကြည့်နှင့် မျက်ခုံးတစ်ဖက်တွန့်ပြလိုက်တော့

"ဟို...ဝမ်လေး~~~~"

အိမ်း! စလာပါပြီ ၊ရှောင်းကျန့်တို့များ တစ်ခုခုလိုချင်တာရှိရင် ရိပေါ်ရေ...ဝမ်လေးရေ.. နဲ့ ချွဲနွဲ့ပြီး ပူဆာတတ်သည်။
ဒီကလဲ အဲ့ဒီစကါးလုံးတွေမှာ အမြဲကျရှုံးနေရတော့တာ။
ခုလဲ ဘာပူဆာအုံးမလို့လဲမသိဘူး?။

"MY LOVE BABE"[ပေါင်ပေ့/ေပါင္ေပ့](Completed)Dove le storie prendono vita. Scoprilo ora