"MY LOVE BABE"[ပေါင်ပေ့/ေပါင္...

By Thone_82

108K 5.7K 192

☪️BJYXSZD💖 💚Yizhan Fanfiction❤️ ➖➖➖➖➖ ကားအက်စီးဒင့်တစ်ခုကြောင့် အချိန်မတန်ခင် သေဆုံးခဲ့တဲ့သူ'ဟာ လွန်ခဲ့တဲ့... More

Part -1
Part -2
Part- 3
Part -4
Part-5
🚨Part -6🔞
Part -7
Part -8
⛔️Part -9🌚
Part -10
Part -11
Part -12
Part -13
Part -14
Part -15
Part -16
Part -17
Part -18
Part -19
Part -20
Part -21
Part -22
Part -23
Part -24
Part -26
Part-27
Part -28
Part-29
Part-30 (Final)
New Fic
🐰My Love Babe🦁 [Season-2] (Author Note)

Part -25

1.7K 96 0
By Thone_82

Unicode💕

"ဒုတိယမင်းသား ဝမ်ဟောက်ရွှမ်းက ခိုဖြူ နဲ့ စာပို့လိုက်တာပါ အရှင်မင်းကြီး
အခုတော့ ခံစစ်နဲ့ပဲတိုက်နေရတယ်တဲ့ ပြန်ထိုးစစ်ဆင်ရမလား တဲ့"

"ကိုယ်တော်အခုပဲ ဝမ်တိုင်းပြည်ကိုပြန်မယ်!"

"ဝမ်လေး! ဒီအချိန်ကြီး!"

"မင်းကြီးဝမ်..."

ရိပေါ်ဟာ ရှောင်းကျန့်လက်ကလေးအား ခနဆုပ်ကိုင်ကာ လွှတ်ပေးလိုက်ပြီး ပြန်ရန် ထလိုက်သည်နှင့် ရှောင်းကျန့်က မျက်ရည်အဝဲသား ၊ဘုရင်ကြီးက ရိပေါ်အား ကြည့်ကာ

"ရှောင်းတိုင်းပြည်ကလဲ သားတော်နဲ့မင်းကြီးဝမ် ထိမ်းမြှားကတည်းက တစ်စိတ်တစ်ဝှမ်းတည်း!
ဒါကြောင့် ရှောင်းတိုင်းပြည်ရဲ့ စစ်တပ်ကို ခေါ်သွားပါ၊
ဝမ်စစ်တပ်နဲ့ ရှောင်းစစ်တပ်ပေါင်းပြီးတိုက်ရင် ချင်တိုင်းပြည်ရဲ့အင်အားကို မနိုင်စရာအကြောင်းမရှိဘူး...
နန်းရင်ဝန်!"

"အမိန့်နာခံလျှက်ပါ မင်းကြီး!"

နန်းရင်ဝန်ဟာ အဆောင်အပြင်သို့ထွက်ကာ ရှောင်းစစ်တပ်အား ဆင့်ခေါ်လိုက်သည်။
ဘုရင်ကြီးက ကုတင်ပေါ်မှဆင်းတော့ သူ့အထိန်းတော်က အလိုက်သိစွာ နဂါးဝတ်ရုံအား ဝတ်ပေးလိုက်သည်။

"ဘိုးဘိုး! မြေးတော် တွဲကူပေးမယ်!"

ယွီကျန့်လေးက ဘုရင်ကြီးလက်အားကိုင်ကာ တစ်ဖက်မှ ရပ်ရင်း ၊ရှောင်းကျန့်က တစ်ဖက်မှတွဲထားပေးရသည်။

အဆောင်မှ ထွက်သည်နှင့် အဆောင်ရှေ့တွင် ရပ်နေသော မှူးမတ်များ ၊အထိန်းတော်များ၏ အနောက်တွင် ရပ်လျှက်ရှိသော စစ်သားများ။

........
"ဝမ်လေး!..ငါလဲလိုက်!"

"Babeဒီမှာပဲနေခဲ့နော် မလိုက်ရဘူး၊ ဒီမှာက အန္တရာယ်ကင်းတယ်"

ရှောင်းကျန့်ပါးပြင်အား ခပ်ဖွဖွကိုင်ကာ ဆိုလိုက်သည့်ရိပေါ်၏ မျက်၀န်းအကြည့်များက သူစကားကိုနားထောင်ပေးဖို့တောင်းဆိုနေသယောင်။
သူပါ လိုက်သွားလဲ ဓားသိုင်းမတတ်တာကြောင့် ရိပေါ်အတွက် ၀န်ထုတ်၀န်ပိုးပဲဖြစ်မှာကို စိတ်ပူမိသည်နှင့်...

"အင်းပါ
ဘာမှအထိအခိုက်မရှိဘဲ
ဘေးကင်းကင်းနဲ့ပြန်လာခဲ့ပေး"

"ကိုယ်သေချာပေါက်ပြန်လာခဲ့မှာ စိတ်ချ"

"ခမည်းတော်" "ခမည်းတော်ဝမ်လေး" "ဦးဦးရိပေါ်"

ခလေးသုံးယောက်လုံးအား ပြုံးပြကာ ရိပေါ်က ခလေးတစ်ယောက်စီတိုင်းအား ဖက်လျှက်

"ခမည်းတော်ရဲ့ အားဆေးလေးတွေ!"

"လာပါအုံး Babe!"

ရိပေါ်က ရှောင်းကျန့်အား ရင်ခွင်ထဲထည့်ကာ တင်းကြပ်စွာ ဖက်ထားလိုက်သည်။
ရှောင်းကျန့်ကလဲ ထပ်တူထပ်မျှ။

"ကံကောင်းကြပါစေ! ရှောင်းရဲမက်တို့ ချင်တိုင်းပြည်ကို ရအောင်တိုက်လာခဲ့ပါ!"

စစ်သည်ရဲမက်များ -"အမိန့်တော်ကို နာခံလျှက်ပါ မင်းကြီး!"

အောင်နိုင်မယ်လို့ ငါယုံကြည်ပါတယ်! ဝမ်လေး,

မြင်းနှင့် ထွက်ခွာသွားသော ရိပေါ်အား မြင်ကွင်းမှပျောက်သည်အထိ ငေးကြည့်နေမိသည်။

"ကျန့်လေး... အပြင်မှာအေးတယ် အဆောင်ပြန်ရအောင်နော်!"

မျန်မျန့်လာခေါ်မှ ရှောင်းကျန့်စိတ်ဟာ လက်ရှိအချိန်သို့ ပြန်ရောက်လာခဲ့သည်။
ဘုရင်ကြီးကတော့ ဘယ်အချိန်ကတည်းက အထဲပြန်ဝင်သွားသလဲမသိ။

"အင်း... ချင်းချင်းတို့ရော အိပ်သွားကြပြီလား!"

"ဟုပ် ၊ သုံးယောက်စလုံး ကျန့်လေးအဆောင်မှာပဲ လာအိပ်ကြတယ်
အဆောင်ကကျယ်တော့ အဆင်ပြေပါတယ် "

"အင်း..ခမည်းတော်အခြေအနေကရော"

"သက်သာသွားပြီဆိုပေမဲ့ နဲနဲတော့!"

ရှောင်းကျန့်မှာ တိုင်းပြည်အခြေအနေမကောင်းတာကြောင့် ညတွင်းချင်း ပြန်သွားရသည့်ရိပေါ်အား စိတ်မချသည်က တစ်ကြောင်း၊ ကျန်းမာရေးမကောင်းသည့် ဖခင်အခြေအနေကိုစိတ်ပူတာကတစ်ကြောင်း ဖြစ်နေရသည်။

.....
တိုင်းပြည်နှစ်ပြည်ကြား နယ်စပ်လမ်းမကြီးထက် မြင်း၊ခြေလျင်ဖြင့် အလျင်အမြန် သွားနေသော စစ်တပ်ကြီး။
အပြည့်အဝ မပြည့်သေးသည့် လမင်းကြီးကလဲ ထိုသူတို့အား သွားရလာရ လွယ်ကူစေရန် အလင်းရောင်များ ဖြန့်ကျဲပေးနေသလို။

"မင်းကြီး! စာပို့ခို!"

'ဖျက် ဖျက်!'

အရှေ့မှ တဖျက်ဖျက် ပျံသန်းလာသည့် အဖြူရောင်ခိုကလေးသည် ရိပေါ်၏ ပုခုံးထက်တွင် နားလိုက်သည်။
ရိပေါ်က ခိုလေး၏ ခြေထောက်မှ စာလိပ်ကလေးအားဖြုတ်ကာ အကြောင်းကြားစာပြန်ရေးပြီး လွတ်ပေးလိုက်သည်။
ထိုခိုဖြူကလေးဟာ အလျင်အမြန်ပင် ဝမ်တိုင်းပြည်သို့ ပြန်လည် ပျံသန်းသွားသည်။

(ဟို...သိတယ်မို့လား ၊ခိုခြေထောက်မှာ ကြိုးသေးသေးလေး စည်းပီး စာလိတ်အသေးလေး ထည့်ပေးလိုက်တာလေ၊ အဲ့ခိုမျိုးတွေက လူစကားနားလည်တယ်တဲ့၊ သခင်က စာထည့်ပီး သွားခိုင်းတဲ့နေရာ အကုန်သွားကြတယ်လို့ပြောတယ်🐖)

စာထဲတွင်...

"အစ်ကိုတော် ... မယ်တော်ကြီးကျန်းမာရေးမကောင်းဘူး ၊ကျွန်တော် ဖြတ်လမ်းကနေ ကိုယ်ရံတော်တပ်ဖွဲ့ရဲ့ တပ်သားတစ်ချို့နဲ့ ရှောင်းတိုင်းပြည်ကို လွှတ်လိုက်တယ်....
အခြေအနေက သိပ်မဆိုးတော့ပေမဲ့ တစ်ဖက်တိုင်းပြည်က လူအင်အားများတယ်။ ဖန်ရှင်းနဲ့ကျွန်တော် အတူတိုက်နေရပြီ!

ဖန်ရှင်းပြောတာ .. မိဖုရားရှောင်ဖေး(ရှောင်းကျန့်)ကို လုပ်ကြံတဲ့လူဟာ ချင်တိုင်ပြည်က အိမ်ရှေ့စံပဲ ရိပေါ်! ငါသူ့ကို သတ်လိုက်တာကြောင့် ချင်ဘုရင်က လာတိုက်ခိုက်တာဖြစ်နိုင်တယ် ၊မင်းလာမှ အကြောင်းစုံရှင်းပြမယ် "

စာမှာ ထိုမျှသာ။
ရိပေါ်က စာလေးအား ပြန်လှိတ်နေတုန်း

"မင်းကြီး! ကျွန်တော်တို့ ဖြတ်လမ်းကနေပဲသွားကြရင်ကောင်းမယ်ထင်တယ်
ရဲမက် တစ်ချို့တစ်ဝှက်ကို ဒီကနေ ဝမ်တိုင်းပြည်ကိုဝိုင်းခိုင်းထားလိုက်မယ်
ကျွန်တော်တို့က ဖြတ်လမ်းကနေပဲ နန်းတော်ထဲ ဝင်ကြမယ်!"

"ဟုတ်ပြီ! သွားကြစို့!"

.......

အချိန်ကား...၆နာရီကျော် အရှေ့အရပ်မှ နေလုံးကြီးတောင် ထွက်စပြုနေပြီ။
ရိပေါ်တို့ကတော့ တစ်ညလုံးမအိပ်ပဲ ခရီးနှင်လာခဲ့ကြသည်။

ဝမ်နန်းတော်...

"ချွင်! ချလင်! ချွမ်း! ချလွှမ်း! "

ချင်တိုင်းပြည်မှ စစ်သည်များက နန်းတော် အဝတွင်သာ တိုက်ခိုက်နေတုန်း ရှိနေသေးသည်။
ရိပေါ်က မြင်းပေါ်မှ ဆင်းကာ ဓားဆွဲထုတ်ရင်း အနားရှိ ချင်စစ်သားများအား ဓားနှင့် တချွင်ချွင်တိုက်လိုက်ရသည်။ ပြီးနောက် ဟောက်ရွှမ်းနှင့် ဖန်ရှင်းအား ရှာရသည်။
ရှောင်းတိုင်းပြည်မှ ရဲမက်သည် မြင်းပေါ်မှဆင်းလာကာ...

"မင်းကြီးဝမ်! ရှောင်းစစ်တပ် က တံခါးရှေ့ရောက်နေပါပြီ ၊စတိုက်ဖို့ အမိန့်ပေးလိုက်တော့မလား!"

"ကောင်းပြီ! ဒီလူတွေထဲမှာ ချင်ဘုရင် ဒါမှမဟုတ် စစ်သူကြီး ပါတယ်
တွေ့အောင်ရှာကြ "

"ဟုတ်ကဲ့!"
..
ခနအကြာ ရှောင်းရဲမက်များတောင် မတိုက်ရသေး၊ ချင်ရဲမက်များက တံခါးဝကြီးတွင် အတုံးအရုံး လဲနေကြတော့သည်။

" အကိုတော် ချင်ရဲမက်တော်တော်များများ အညံ့ခံလာတယ်! ချင်ဘုရင်ကတော့ ခုထိလက်မလျော့သေးဘူး!"

ဟောက်ရွှမ်းက သွေးတစက်စက်ကျနေသော ဓားအား ဓားအိမ်ထဲထည့်ကာ
မျက်နှာ ၊လက်နှင့် ၊စစ်ဝတ်ရုံတွင်လည်း သွေးများ ပေကျန်လျှက်။
ဘေးနားတွင် သူ့နည်းတူ ဖန်ရှင်းနှင့် စုန့်လန့်လည်းပဲ ရပ်နေသည်။
ရိပေါ်လဲ ဘာမျှမထူး ။ တစ်ကိုယ်လုံးသွေးတွေချည်း။

"အဟွန်း! ဒီလို တိုင်းပြည်ငယ်လေးက မလောက်လေးမလောက်စားဘုရင်ကများ ၊ဝမ်တိုင်းပြည်ကြီးကို လာတိုက်ရဲသေးတယ်!
ဒါနဲ့ ကျိရန်နဲ့ယွီပင်းရော!"

"အားပင်းနဲ့ အစ်ကိုကျိရန်က မယ်တော်ကြီးနဲ့အတူ ထည့်လိုက်တယ်"

ယွီပင်းနာမည်ထည့်ပြောကာမှ ပါးစပ်ဟ လာသော ဖန်ရှင်းပါလေ။

"မင်းကြီး! ချင်ဘုရင်အညံ့ခံလာပါပြီ ခေါင်းဖြတ်ကွပ်မျက်လိုက်ရမလား ဒါမှမဟုတ်!"

ရှောင်းအမတ်ချုပ်ဟာ ရိပေါ်ဆီ ချင်ဘုရင်ဆိုသူ ရိပေါ်၏ ကိုယ်တစ်ပိုင်းလောက်သာရှိသည့် ကောင်လေးအားခေါ်လာသည်။
ထိုသူက ခေသူမဟုတ် ၊အညံ့သာခံသည် မျက်နှာထားကတော့ တည်လို့။

ရိပေါ်ကရယ်လျှက်

"အဟွန်း.. ငါကိုယ်တော် အံ့သြမိတယ်! မောင်မင်းတို့လို တိုင်းပြည်ငယ်လေးက ဘာကြောင့်များ ဝမ်တိုင်းပြည်ကြီးကို လာတိုက်ရဲလောက်အောင် သတ္တိရှိသွားရတာလဲ ဟမ့်!"

ထိုသို့ပြောလိုက်တော့ ချင်ဘုရင်ဟာ အံကြိတ်ကာ လက်သီးဆုပ်လျှက်!

"ငါ့ ညီတော်အတွက် ပြန်လက်စားချေတာ! "

"ဟက်! မင်းညီတော် အိမ်ရှေ့စံက မင်းသားတစ်ပါးဖြစ်ပြီး အရှက်တရားမရှိချက် ၊
ဝမ်မင်းကြီးရဲ့ မိဖုရားကိုတောင် လိုချင်နေတာ၊ သေတာတောင်နဲသေးတယ်
မိဖုရားက သူ့ကိုလက်မခံတော့ မစားရတဲ့အမဲ သဲနဲ့ပတ် ဆိုသလို မိဖုရားကို လုပ်ကြံချင်သေးတယ် ။

တော်ဝင်မျိုးရိုးဖြစ်ပြီး အဲ့ဒီ့လောက် အောက်တန်းကျတာတော့ရတယ်ပေါ့ ၊ အခုကဘာလဲ! ကိုယ့်ညီအမှားကျတော့မမြင်ဘဲ သူများတိုင်းပြည်ကို မရှိမဲ့ရှိမဲ့ စ်တပ်ကလေးနဲ့ လာတိုက်တယ်ပေါ့လေ
မင်းမှတ်ထားပါ! မင်းတို့တိုင်းပြည် အခုထိရှိနေရသေးတာ အရင်ဝမ်မင်းကြီးကြောင့်ဆိုတာပဲ"

ဟောက်ရွှမ်းက ပက်ခနဲ ပြန်ပြောတော့ ထိုလူက ဘာစကားသံမှ ထွက်မလာတော့ပေ။
ဟုတ်သည် ၊ချင်တိုင်းပြည်မှ ယခုလာတိုက်သောဘုရင်၏ အဘိုးသည် အရင်မင်းကြီးဝမ်(ရိပေါ်၏ ခမည်းတော်) သည် သွေးသောက်ညီအကိုဖြစ်သည်။

>>>>>>>>>
<<<<<<<<<
TBC

....

Zawgyi💕

"ဒုတိယမင္းသား ဝမ္ေဟာက္ရႊမ္းက ခိုျဖဴ နဲ႔ စာပို႔လိုက္တာပါ အရွင္မင္းႀကီး
အခုေတာ့ ခံစစ္နဲ႔ပဲတိုက္ေနရတယ္တဲ့ ျပန္ထိုးစစ္ဆင္ရမလား တဲ့"

"ကိုယ္ေတာ္အခုပဲ ဝမ္တိုင္းျပည္ကိုျပန္မယ္!"

"ဝမ္ေလး! ဒီအခ်ိန္ႀကီး!"

"မင္းႀကီးဝမ္..."

ရိေပၚဟာ ေရွာင္းက်န႔္လက္ကေလးအား ခနဆုပ္ကိုင္ကာ လႊတ္ေပးလိုက္ၿပီး ျပန္ရန္ ထလိုက္သည္ႏွင့္ ေရွာင္းက်န႔္က မ်က္ရည္အဝဲသား ၊ဘုရင္ႀကီးက ရိေပၚအား ၾကၫ့္ကာ

"ေရွာင္းတိုင္းျပည္ကလဲ သားေတာ္နဲ႔မင္းႀကီးဝမ္ ထိမ္းျမႇားကတည္းက တစ္စိတ္တစ္ဝွမ္းတည္း!
ဒါေၾကာင့္ ေရွာင္းတိုင္းျပည္ရဲ့ စစ္တပ္ကို ေခၚသြားပါ၊
ဝမ္စစ္တပ္နဲ႔ ေရွာင္းစစ္တပ္ေပါင္းၿပီးတိုက္ရင္ ခ်င္တိုင္းျပည္ရဲ့အင္အားကို မႏိုင္စရာအေၾကာင္းမရိွဘူး...
နန္းရင္ဝန္!"

"အမိန႔္နာခံလ်ွက္ပါ မင္းႀကီး!"

နန္းရင္ဝန္ဟာ အေဆာင္အျပင္သို႔ထြက္ကာ ေရွာင္းစစ္တပ္အား ဆင့္ေခၚလိုက္သည္။
ဘုရင္ႀကီးက ကုတင္ေပၚမွဆင္းေတာ့ သူ႔အထိန္းေတာ္က အလိုက္သိစြာ နဂါးဝတ္ရံုအား ဝတ္ေပးလိုက္သည္။

"ဘိုးဘိုး! ေျမးေတာ္ တြဲကူေပးမယ္!"

ယြီက်န႔္ေလးက ဘုရင္ႀကီးလက္အားကိုင္ကာ တစ္ဖက္မွ ရပ္ရင္း ၊ေရွာင္းက်န႔္က တစ္ဖက္မွတြဲထားေပးရသည္။

အေဆာင္မွ ထြက္သည္ႏွင့္ အေဆာင္ေရ႔ွတြင္ ရပ္ေနေသာ မွဴးမတ္မ်ား ၊အထိန္းေတာ္မ်ား၏ အေနာက္တြင္ ရပ္လ်ွက္ရိွေသာ စစ္သားမ်ား။

........
"ဝမ္ေလး!..ငါလဲလိုက္!"

"Babeဒီမွာပဲေနခဲ့ေနာ္ မလိုက္ရဘူး၊ ဒီမွာက အႏၲရာယ္ကင္းတယ္"

ေရွာင္းက်န္႔ပါးျပင္အား ခပ္ဖြဖြကိုင္ကာ ဆိုလိုက္သည့္ရိေပၚ၏ မ်က္၀န္းအၾကည့္မ်ားက သူစကားကိုနားေထာင္ေပးဖို႔ေတာင္းဆိုေနသေယာင္။
သူပါ လိုက္သြားလဲ ဓားသိုင္းမတတ္တာေၾကာင့္ ရိေပၚအတြက္ ၀န္ထုတ္၀န္ပိုးပဲျဖစ္မွာကို စိတ္ပူမိသည္ႏွင့္...

"အင္းပါ
ဘာမွအထိအခိုက္မရိွဘဲ
ေဘးကင္းကင္းနဲ႔ျပန္လာခဲ့ေပး"

"ကိုယ္ေသခ်ာေပါက္ျပန္လာခဲ့မွာ စိတ္ခ်"

"ခမည္းေတာ္" "ခမည္းေတာ္ဝမ္ေလး" "ဦးဦးရိေပၚ"

ခေလးသံုးေယာက္လံုးအား ၿပံဳးျပကာ ရိေပၚက ခေလးတစ္ေယာက္စီတိုင္းအား ဖက္လ်ွက္

"ခမည္းေတာ္ရဲ့ အားေဆးေလးေတြ!"

"လာပါအံုး Babe!"

ရိေပၚက ေရွာင္းက်န႔္အား ရင္ခြင္ထဲထၫ့္ကာ တင္းၾကပ္စြာ ဖက္ထားလိုက္သည္။
ေရွာင္းက်န္႔ကလဲ ထပ္တူထပ္မ်ွ။

"ကံေကာင္းၾကပါေစ! ေရွာင္းရဲမက္တို႔ ခ်င္တိုင္းျပည္ကို ရေအာင္တိုက္လာခဲ့ပါ!"

စစ္သည္ရဲမက္မ်ား -"အမိန႔္ေတာ္ကို နာခံလ်ွက္ပါ မင္းႀကီး!"

ေအာင္ႏိုင္မယ္လို႔ ငါယံုၾကည္ပါတယ္! ဝမ္ေလး,

ျမင္းႏွင့္ ထြက္ခြာသြားေသာ ရိေပၚအား ျမင္ကြင္းမွေပ်ာက္သည္အထိ ေငးၾကၫ့္ေနမိသည္။

"က်န႔္ေလး... အျပင္မွာေအးတယ္ အေဆာင္ျပန္ရေအာင္ေနာ္!"

မ်န္မ်န႔္လာေခၚမွ ေရွာင္းက်န႔္စိတ္ဟာ လက္ရိွအခ်ိန္သို႔ ျပန္ေရာက္လာခဲ့သည္။
ဘုရင္ႀကီးကေတာ့ ဘယ္အခ်ိန္ကတည္းက အထဲျပန္ဝင္သြားသလဲမသိ။

"အင္း... ခ်င္းခ်င္းတို႔ေရာ အိပ္သြားၾကၿပီလား!"

"ဟုပ္ ၊ သံုးေယာက္စလံုး က်န႔္ေလးအေဆာင္မွာပဲ လာအိပ္ၾကတယ္
အေဆာင္ကက်ယ္ေတာ့ အဆင္ေျပပါတယ္ "

"အင္း..ခမည္းေတာ္အေျခအေနကေရာ"

"သက္သာသြားၿပီဆိုေပမဲ့ နဲနဲေတာ့!"

ေရွာင္းက်န႔္မွာ တိုင္းျပည္အေျခအေနမေကာင္းတာေၾကာင့္ ညတြင္းခ်င္း ျပန္သြားရသၫ့္ရိေပၚအား စိတ္မခ်သည္က တစ္ေၾကာင္း၊ က်န္းမာေရးမေကာင္းသၫ့္ ဖခင္အေျခအေနကိုစိတ္ပူတာကတစ္ေၾကာင္း ျဖစ္ေနရသည္။

.....
တိုင္းျပည္ႏွစ္ျပည္ၾကား နယ္စပ္လမ္းမႀကီးထက္ ျမင္း၊ေျခလ်င္ျဖင့္ အလ်င္အျမန္ သြားေနေသာ စစ္တပ္ႀကီး။
အျပၫ့္အဝ မျပၫ့္ေသးသၫ့္ လမင္းႀကီးကလဲ ထိုသူတို႔အား သြားရလာရ လြယ္ကူေစရန္ အလင္းေရာင္မ်ား ျဖန႔္က်ဲေပးေနသလို။

"မင္းႀကီး! စာပို႔ခို!"

'ဖ်က္ ဖ်က္!'

အေရ႔ွမွ တဖ်က္ဖ်က္ ပ်ံသန္းလာသၫ့္ အျဖဴေရာင္ခိုကေလးသည္ ရိေပၚ၏ ပုခံုးထက္တြင္ နားလိုက္သည္။
ရိေပၚက ခိုေလး၏ ေျခေထာက္မွ စာလိပ္ကေလးအားျဖဳတ္ကာ အေၾကာင္းၾကားစာျပန္ေရးၿပီး လြတ္ေပးလိုက္သည္။
ထိုခိုျဖဴကေလးဟာ အလ်င္အျမန္ပင္ ဝမ္တိုင္းျပည္သို႔ ျပန္လည္ ပ်ံသန္းသြားသည္။

(ဟို...သိတယ္မို႔လား ၊ခိုေျခေထာက္မွာ ႀကိဳးေသးေသးေလး စည္းပီး စာလိတ္အေသးေလး ထၫ့္ေပးလိုက္တာေလ၊ အဲ့ခိုမ်ိဳးေတြက လူစကားနားလည္တယ္တဲ့၊ သခင္က စာထၫ့္ပီး သြားခိုင္းတဲ့ေနရာ အကုန္သြားၾကတယ္လို႔ေျပာတယ္🐖)

စာထဲတြင္...

"အစ္ကိုေတာ္ ... မယ္ေတာ္ႀကီးက်န္းမာေရးမေကာင္းဘူး ၊ကြၽန္ေတာ္ ျဖတ္လမ္းကေန ကိုယ္ရံေတာ္တပ္ဖြဲ႔ရဲ့ တပ္သားတစ္ခ်ိဳ႕နဲ႔ ေရွာင္းတိုင္းျပည္ကို လႊတ္လိုက္တယ္....
အေျခအေနက သိပ္မဆိုးေတာ့ေပမဲ့ တစ္ဖက္တိုင္းျပည္က လူအင္အားမ်ားတယ္။ ဖန္ရွင္းနဲ႔ကြၽန္ေတာ္ အတူတိုက္ေနရၿပီ!

ဖန္ရွင္းေျပာတာ .. မိဖုရားေရွာင္ေဖး(ေရွာင္းက်န႔္)ကို လုပ္ႀကံတဲ့လူဟာ ခ်င္တိုင္ျပည္က အိမ္ေရ႔ွစံပဲ ရိေပၚ! ငါသူ႔ကို သတ္လိုက္တာေၾကာင့္ ခ်င္ဘုရင္က လာတိုက္ခိုက္တာျဖစ္ႏိုင္တယ္ ၊မင္းလာမွ အေၾကာင္းစံုရွင္းျပမယ္ "

စာမွာ ထိုမ်ွသာ။
ရိေပၚက စာေလးအား ျပန္လိွတ္ေနတုန္း

"မင္းႀကီး! ကြၽန္ေတာ္တို႔ ျဖတ္လမ္းကေနပဲသြားၾကရင္ေကာင္းမယ္ထင္တယ္
ရဲမက္ တစ္ခ်ိဳ႕တစ္ဝွက္ကို ဒီကေန ဝမ္တိုင္းျပည္ကိုဝိုင္းခိုင္းထားလိုက္မယ္
ကြၽန္ေတာ္တို႔က ျဖတ္လမ္းကေနပဲ နန္းေတာ္ထဲ ဝင္ၾကမယ္!"

"ဟုတ္ၿပီ! သြားၾကစို႔!"

.......

အခ်ိန္ကား...၆နာရီေက်ာ္ အေရ႔ွအရပ္မွ ေနလံုးႀကီးေတာင္ ထြက္စျပဳေနၿပီ။
ရိေပၚတို႔ကေတာ့ တစ္ညလံုးမအိပ္ပဲ ခရီးႏွင္လာခဲ့ၾကသည္။

ဝမ္နန္းေတာ္...

"ခြၽင္! ခ်လင္! ခြၽမ္း! ခ်လႊမ္း! "

ခ်င္တိုင္းျပည္မွ စစ္သည္မ်ားက နန္းေတာ္ အဝတြင္သာ တိုက္ခိုက္ေနတုန္း ရိွေနေသးသည္။
ရိေပၚက ျမင္းေပၚမွ ဆင္းကာ ဓားဆြဲထုတ္ရင္း အနားရိွ ခ်င္စစ္သားမ်ားအား ဓားႏွင့္ တခြၽင္ခြၽင္တိုက္လိုက္ရသည္။ ၿပီးေနာက္ ေဟာက္ရႊမ္းႏွင့္ ဖန္ရွင္းအား ရွာရသည္။
ေရွာင္းတိုင္းျပည္မွ ရဲမက္သည္ ျမင္းေပၚမွဆင္းလာကာ...

"မင္းႀကီးဝမ္! ေရွာင္းစစ္တပ္ က တံခါးေရ႔ွေရာက္ေနပါၿပီ ၊စတိုက္ဖို႔ အမိန႔္ေပးလိုက္ေတာ့မလား!"

"ေကာင္းၿပီ! ဒီလူေတြထဲမွာ ခ်င္ဘုရင္ ဒါမွမဟုတ္ စစ္သူႀကီး ပါတယ္
ေတြ့ေအာင္ရွာၾက "

"ဟုတ္ကဲ့!"
..
ခနအၾကာ ေရွာင္းရဲမက္မ်ားေတာင္ မတိုက္ရေသး၊ ခ်င္ရဲမက္မ်ားက တံခါးဝႀကီးတြင္ အတံုးအရံုး လဲေနၾကေတာ့သည္။

" အကိုေတာ္ ခ်င္ရဲမက္ေတာ္ေတာ္မ်ားမ်ား အညံ့ခံလာတယ္! ခ်င္ဘုရင္ကေတာ့ ခုထိလက္မေလ်ာ့ေသးဘူး!"

ေဟာက္ရႊမ္းက ေသြးတစက္စက္က်ေနေသာ ဓားအား ဓားအိမ္ထဲထၫ့္ကာ
မ်က္ႏွာ ၊လက္ႏွင့္ ၊စစ္ဝတ္ရံုတြင္လည္း ေသြးမ်ား ေပက်န္လ်ွက္။
ေဘးနားတြင္ သူ႔နည္းတူ ဖန္ရွင္းႏွင့္ စုန႔္လန႔္လည္းပဲ ရပ္ေနသည္။
ရိေပၚလဲ ဘာမ်ွမထူး ။ တစ္ကိုယ္လံုးေသြးေတြခ်ည္း။

"အဟြန္း! ဒီလို တိုင္းျပည္ငယ္ေလးက မေလာက္ေလးမေလာက္စားဘုရင္ကမ်ား ၊ဝမ္တိုင္းျပည္ႀကီးကို လာတိုက္ရဲေသးတယ္!
ဒါနဲ႔ က်ိရန္နဲ႔ယြီပင္းေရာ!"

"အားပင္းနဲ႔ အစ္ကိုက်ိရန္က မယ္ေတာ္ႀကီးနဲ႔အတူ ထၫ့္လိုက္တယ္"

ယြီပင္းနာမည္ထၫ့္ေျပာကာမွ ပါးစပ္ဟ လာေသာ ဖန္ရွင္းပါေလ။

"မင္းႀကီး! ခ်င္ဘုရင္အညံ့ခံလာပါၿပီ ေခါင္းျဖတ္ကြပ္မ်က္လိုက္ရမလား ဒါမွမဟုတ္!"

ေရွာင္းအမတ္ခ်ဳပ္ဟာ ရိေပၚဆီ ခ်င္ဘုရင္ဆိုသူ ရိေပၚ၏ ကိုယ္တစ္ပိုင္းေလာက္သာရိွသၫ့္ ေကာင္ေလးအားေခၚလာသည္။
ထိုသူက ေခသူမဟုတ္ ၊အညံ့သာခံသည္ မ်က္ႏွာထားကေတာ့ တည္လို႔။

ရိေပၚကရယ္လ်ွက္

"အဟြန္း.. ငါကိုယ္ေတာ္ အံ့ၾသမိတယ္! ေမာင္မင္းတို႔လို တိုင္းျပည္ငယ္ေလးက ဘာေၾကာင့္မ်ား ဝမ္တိုင္းျပည္ႀကီးကို လာတိုက္ရဲေလာက္ေအာင္ သတၲိရိွသြားရတာလဲ ဟမ့္!"

ထိုသို႔ေျပာလိုက္ေတာ့ ခ်င္ဘုရင္ဟာ အံႀကိတ္ကာ လက္သီးဆုပ္လ်ွက္!

"ငါ့ ညီေတာ္အတြက္ ျပန္လက္စားေခ်တာ! "

"ဟက္! မင္းညီေတာ္ အိမ္ေရ႔ွစံက မင္းသားတစ္ပါးျဖစ္ၿပီး အရွက္တရားမရိွခ်က္ ၊
ဝမ္မင္းႀကီးရဲ့ မိဖုရားကိုေတာင္ လိုခ်င္ေနတာ၊ ေသတာေတာင္နဲေသးတယ္
မိဖုရားက သူ႔ကိုလက္မခံေတာ့ မစားရတဲ့အမဲ သဲနဲ႔ပတ္ ဆိုသလို မိဖုရားကို လုပ္ႀကံခ်င္ေသးတယ္ ။

ေတာ္ဝင္မ်ိဳးရိုးျဖစ္ၿပီး အဲ့ဒီ့ေလာက္ ေအာက္တန္းက်တာေတာ့ရတယ္ေပါ့ ၊ အခုကဘာလဲ! ကိုယ့္ညီအမွားက်ေတာ့မျမင္ဘဲ သူမ်ားတိုင္းျပည္ကို မရိွမဲ့ရိွမဲ့ စ္တပ္ကေလးနဲ႔ လာတိုက္တယ္ေပါ့ေလ
မင္းမွတ္ထားပါ! မင္းတို႔တိုင္းျပည္ အခုထိရိွေနရေသးတာ အရင္ဝမ္မင္းႀကီးေၾကာင့္ဆိုတာပဲ"

ေဟာက္ရႊမ္းက ပက္ခနဲ ျပန္ေျပာေတာ့ ထိုလူက ဘာစကားသံမွ ထြက္မလာေတာ့ေပ။
ဟုတ္သည္ ၊ခ်င္တိုင္းျပည္မွ ယခုလာတိုက္ေသာဘုရင္၏ အဘိုးသည္ အရင္မင္းႀကီးဝမ္(ရိေပၚ၏ ခမည္းေတာ္) သည္ ေသြးေသာက္ညီအကိုျဖစ္သည္။

>>>>>>>>>
<<<<<<<<<
TBC

Continue Reading

You'll Also Like

276K 48.2K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
59.4K 8K 32
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
373K 25K 35
- အဆုံးအစ မရှိတဲ့ ချစ်ခြင်းတရား မှာ အဆုံးသတ် ဆိုတဲ့ အနားသတ်မျဥ်းမရှိဘူး ။ မောင်နဲ့ စတင်တဲ့ ချစ်ခြင်းမေတ္တာတစ်ခု ဟာ မောင်နဲ့ပဲ အဆုံးသတ်ခဲ့ပါတယ် ။...
70K 17.9K 61
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥