Unicode💕
"သားငယ်! သား..."
"မား! ....တကယ် မားဟုတ်တယ်မို့လား"
ခါတိုင်းအိမ်မက်ထဲကလိုပင် မြူတွေဆိုင်းနေသည့်နေရာတစ်ခုတွင် ရပ်နေသော ရှောင်းကျန့်၏ မား။
"ဟုတ်တာပေါ့သားရဲ့!"
"မားပြောတော့သားဆီလာမယ်ဆို !
ဘာလို့မလာတာလဲဟင် မား"
ထိုအချိန်တွင် ရုတ်တရက် မားအဖြစ်မှ သမီးချင်းရှောင်းအဖြစ်သို့ပြောင်းသွားကာ ရှောင်းကျန့်အားပြုံးပြလာသည်။
"သားငယ်!"
"ဟင်! ချင်းချင်းက ဘယ်လိုလုပ်"
"သားငယ်ဆီကို မားက ရောက်လာခဲ့ပြီလေ"
ချင်းရှောင်းလေးမှာ ရှောင်းကျန့်မားအသံနှင့်ပြောလေရာ အံ့သြလွန်း၍ နောက်သို့ပင် ခြေတစ်လှမ်းဆုတ်သွားရသည်။
"ဒါ...ဒါဆို ပါးရော!"
ထိုအခါ ချင်းချင်းလေးက ခေါင်းခါလျှက်
"သားရဲ့ပါးက မားနဲ့အတူလာတာမဟုတ်ဘူး၊
မားကအရင်လာတာ
မား ဒီရောက်လို့ တစ်လလောက်ကျမှ
သူကလိုက်လာတာလေ
ဒါပေမဲ့ သူဒီတိုင်းပြည်ထဲမှာပဲရှိတယ်"
ပြောပြီးသည်နှင့် ချင်းချင်းလေးက ပြုံးကာထွက်သွားလေသည်။
ရှောင်းကျန့်မှာတော ထိုနေရာတွင်သာ ပါးစပ်အဟောင်းသားဖြင့် တောင့်တောင့်ကြီးရပ်ကျန်ခဲ့တော့သည်။
သူနိုးလာတော့ ကုတင်ပေါ်မှာ သူ့အား ခြေရော လက်ပါ ခွဖတ်ထားကာ အိပ်မောကျနေသည့် ရိပေါ်။
သူကတော့ ၀မ်ရိပေါ်ရင်ခွင်ထဲတွင်။
"ရိပေါ်! ဝမ်လေးရေ!"
ငုတ်တုပ်ထိုင်ကာ အိပ်ပျော်နေသူအား ပုခုံးလှုပ်နှိုးရသည်။
"အင်း Babe.. ပြော"
အိပ်ချင်မူးတူးအသံဖြင့် ပြောလာကာ မျက်လုံးကတော့ ပွင့်တစ်ချက်၊မပွင့်တစ်ချက်။
"ငါ အိမ်မက်ထဲမှာ မားကိုတွေ့ခဲ့တယ်!"
ပြောလိုက်တော့မှ ငေါက်ခနဲ ကျုံးထကာ မျက်လုံးအပြူးသားဖြင့်။
"ဟမ်! အဲ့လိုအိမ်မက်တွေ မမက်တော့တာ သားနဲ့သမီးကို မွေးပြီးကတည်းကမို့လား"
"အင်း! ငါပြောပြရင် မင်းကယုံမှာလား"
"ကိုယ်က Babeပြောသမျှအကုန်ယုံပြီးသား!"
"မားက ချင်းချင်းတဲ့..."
"ဟင် ဒါဆို!
Babeပါးပါးကရော"
"အိမ်မက်ထဲမှာ ချင်းချင်းပြောတာ
ရှောင်းတိုင်းပြည်ထဲမှာပဲရှိတယ်တဲ့"
"ဒါဆိုရင် သားယွီလေးက ဘယ်သူများပါလိမ့်"
ခမည်းတော် များလား,
"မသိဘူးလေ..
ဝမ်လေး! မျက်နှာသစ်ရအောင်!
ခနနေရင် ချင်းချင်းတို့မောင်နှမသုံးယောက်ကို
အခြေအနေသွားကြည့်ကြမယ်"
"အင်း!"
......
တစ်ဖက်တွင်
သဘာဝအတိုင်း ဖြစ်ထွန်းနေသည့် ကျွန်းစုလေးလိုဖြစ်နေသည့် သဲသောင်ပြင်ငယ်လေးပေါ်တွင် ဆော့နေကြသည့် ဝမ်ချင်းရှောင်းနှင့် ဝမ်ကျိရွှမ်း။
ဝမ်ယွီကျန့်လေးကတော့ ထုံးစံအတိုင်း အေးအေးဆေးဆေး ပန်းချီဆွဲနေသည်။
မျန်မျန့်နှင့် မင်းသမီးချင်းရှောင်း၏အထိန်းတော်ကြီးကတော့ အဝေးကနေ ကလေးသုံးယောက်အား စောင့်ကြည့်ပေးနေသည်။
"ဝါး! မင်းသားလေးယွီကျန့် ပန်းချီပညာတိုးတက်လာတာပဲ! တော်လိုက်တာ"
ဘေးနားမှ မှင်သွေးပေးနေသည့် မင်းသားဝမ်ယွီကျန့်၏ အထိန်းတော်ကြီးရှန်က
ဘာအရောင်မှမခြယ်၊ မှင်ရောင်ဖြင့်သာ ဆွဲထားသည့် ချယ်ရီပင်ကြီးနှင့်ရှုခင်းအားကြည့်ကာ ချီးမွှန်းတော့ ယွီကျန့်လေးက ပြုံးရုံသာ ပြုံးပြ၏ ။
ထို သောင်ပြင်ရဲ့ အနီးက ကျောက်တုံးပြားကြီးပေါ်မှာ ထိုင်ကာ ဆွဲနေတာဖြစ်သည်။
ဆွဲနေသည့်ပုံက သောင်ပြင်ရဲ့ဆန့်ကျင်ဘက်က တောအုပ်ဖြစ်ပြီး ချယ်ရီပင် နှစ်ပင်နှင့် ဘေးမဲ့လွှတ်ထားသည့် တိရစ္ဆာန်လေးများပုံ။
ယွီကျန့်က ပန်းချီကားအားဆွဲပြီးသည်နှင့် သူ့ညီမလေး ချင်းရှောင်းနှင့် သူ့ညီတစ်ဝမ်းကွဲ ကျိရွှမ်းအား ငေးကြည့်နေတော့သည်။
"စုပ်တံနဲ့ပန်ချီကား ပြန်သိမ်းပေးပါအုံး အထိန်းတော်ကြီးရှန်"
"ဟုပ်ကဲ့မင်းသားလေး...
မင်းသမီးလေးတို့နဲ့ သွားမဆော့ဘူးလားဟင် "
"မဆော့တော့ပါဘူး"
အထိန်းတော်ကြီးက သူ၏ မင်းသားလေးအားကြည့်ကာ စိတ်မကောင်းရှာ။
မင်းသားလေးယွီကျန့်က မွေးရာပါ မျိုးရိုးလိုက်သည့် နှလုံးရောဂါရှိသည်။ အခြားကလေးတွေလို
ဆော့ကစားဖို့မဖြစ်နိုင် ၊မောပြီးနှလုံးဖောက်မည်စိုးရသည်။
မွေးပြီးတည်းက ခနခနနေမကောင်းဖြစ်ကာ ကျန်းမာရေးခြူခြာလွန်းသည့်ခလေး။
ထူးဆန်းသည်က မင်းကြီးဝမ်ရော၊မိဖုရားရှောင်းမှာပါ နှလုံးရောဂါမရှိ။
မင်းသမီးလေးချင်းရှောင်းကတော့ ဒေါင်ဒေါင်မြည်ပင်။အမြဲပျော်ရွှင်နေသည့်ကောင်မလေး။
အားလုံးက မင်းသားလေးကိုလည်း မင်းသမီးလေးလို ခလေးပီပီပျော်ပျော်ရွှင်ရွှင် ရယ်မောပြီး ဆော့ကစားစေချင်ကြပေမဲ့ ယွီကျန့်လေးက သူ့ခမည်းတော်ငယ်ဘ၀ကလို ခပ်အေးအေးပင်။
"အစ်ကိုတော်ရေ!"
ကြည့်နေတုန်းမှာ ချင်းချင်းက ဝတ်ရုံစ မကာ ပြေးလာသည်။
"ယွီလေး! နင်ကြည့် ခရုခွံလေးတွေ၊ဂုံးခွံလေးတွေ၊ကမာခွံလေးတွေ အရောင်စုံပဲ၊လှလိုက်တာ"
"အင်း! လှတယ်"
"အဲ့တာ နင် ကူကောက်မပေးချင်ဘူးလား ၊ငါဆွဲကြိုးလုပ်ပေးမယ်လေ ဟီး!"
သိလိုက်ပါပြီ၊ ဒီကောင်မလေး သူ့ခရုခွံလာပြတာ ကြွားရုံသက်သက်မဟုတ်ပဲ ခိုင်းဖို့ကိုး။
"ကောက်ပေးမယ်လေ! "
ထို့နောက် မောင်နှမသုံးယောက်သား အတိုင်အဖောက်ညီစွာ ကွတစ်ကွတစ်ဖြင့် ခရုခွံ၊ကမာခွံ လိုက်ကောက်နေကြသည်။
"ဝါး အများကြီးရလာပြီ! ငါဆွဲကြိုးလုပ်ပေးမယ် သိလာ့ ယွီလေးနဲ့ရွှမ်းရွှမ်း
အဲ့အစား ငါ့ကိုတစ်ခုစီ ပြန်ပေးရမယ်"
"ဟော! မမကြီးကလဲ တစ်ခုခုပေးပြီဆို တန်ကြေးပြန်တောင်းတော့တာပဲ"
ကျိရွှမ်းက သွက်လက်စွာ ပြန်ဖြေလေတော့ ယွီကျန့်လေးက ခပ်ဟဟရယ်ကာ
"ကဲ! ဘာပြန်တောင်းမှာလဲပြော"
"ယွီလေးက ပန်းချီဆွဲတော်တော့ ချင်းချင်းပုံကိုလှလှ..လေးဆွဲပေးရမယ်
ရွှမ်းရွှမ်းက ကျတော့ ငါနဲ့နန်းပြင်အတူခိုးထွက်ပေးရင်ရပြီ အဟီး!"
"လူလည်မလေး!"
မင်းသားနှစ်ယောက်စလုံးက ချင်းချင်းလေးအား ခေါင်းပုတ်ကာ ပြိုင်တူပြောလိုက်ကြ၏။
ပြီးနောက် ခိုးခိုးခစ်ခစ်ရယ်သံလေးများ ထွက်လာတော့လေသည်။
.....
"ဒီလမ်းဟုတ်ရဲ့လားမသိဘူး"
"ကိုယ်ပြောသားပဲ လမ်းပြတစ်ယောက်လောက်ခေါ်လာမယ်ဆိုတာကို
babeကလမ်းသိတယ်ဆိုးပြီး....!"
"ဝမ်ရိပေါ်! အခုငါ့အမှားလို့ပြောနေတာလား !!
မောနေရတဲ့ကြားထဲ..."
သွားလေးဖြီးပြပြီးနောက် ရိပေါ်က အလိုလို ငြိမ်ကုတ်သွား၏။
"ဟဲ....babeအမှားမဟုတ်ပါဘူး ကိုယ့်အမှားပါ
မောရင် ချီသွားမယ် နော် "
"သေချာ ကုန်းပိုးနော်ဝမ်လေး
ငါမတော်တဆပြုတ်ကျသွားမယ်...."
"မကျစေရပါဘူးဗျာ၊ ကိုယ်ချီရင် babeကိုယ်လေး ဘယ်တုန်းကပြုတ်ကျဖူးလို့လဲ ဟား ဟား"
ဒါသူ့ကို လူကောင်သေးသည်ဟု တစ်ဖက်လှည့်ပြောလိုက်ခြင်း။
"မရီနဲ့ !"
ရိပေါ်က မျက်လုံးတွေမှိတ်ကျသွားသည်အထိရယ်တော့ ကိုယ်ပေါ်က အကောင်ပေါက်လေးက တဘုန်းဘုန်းထုရိုက်လေတော့သည်။
"ဟေ့! သေချာဖက်ထားနော်
ရိုက်နေရင်လွှတ်ချလိုက်မှာ"
"ဟင့်အင်း! မလွှတ်ချနဲ့!"
"ဟား! ဟား!"
"မရီပါနဲ့ဆိုကာမှ! အင့်ဟယ်!"
ကိုယ်ပေါ်မှ တစ်ယောက်က ရိပေါ်ခေါင်းအားထုလိုက် နှာရွက်အား ကုန်းကိုက်လိုက်ဖြင့် အလုပ်ရှုပ်နေတော့သည်။
ရှောင်ကျန့်အားကုန်းပိုးကာ စကားတပြောပြောနှင့် လမ်းလျှောက်သွားပြီးနောက် တစ်နေရာအရောက်တွင် ရိပေါ်က ဆက်မသွားတော့။
"Babe! ရှေ့မှာလမ်းမရှိတော့ဘူးရယ်
တံခါးစောင့်ပြောတာ တန်းတန်းသွားပြီး ဘယ်ကွေ့၊ဆက်သွားပြီး လမ်းဆုံးရင် ဘယ်ဘက်ကိုထပ်ကွေ့လိုက်ရင်ရောက်ပြီဆို!"
"ဟမ်.....ဝမ်လေး!
မင်းကွေ့လာတာ ဘယ်ဘက်လား ညာဘက်လား!"
"သွားပြီ! ကိုယ်က ညာဘက်ချည်းကွေ့လာတာ"
ရိပေါ်စကားအဆုံး ရှောင်းကျန့်က ကိုယ်ပေါ်မှ ခုန်ဆင်း၏။
"အခုဘယ်လိုလုပ်ကြမလဲ!
ဘယ်မှန်း ညာမှန်းတောင်မသိဘဲ
ဘုရင်လုပ်နေသေးတယ် အရူးရဲ့!!
ဘယ်လိုလုပ်မလဲ မိုးချုပ်တော့မယ် ၊
အဲ့တာမင်းကြောင့်!"
"ဟုတ်တယ် ဟုတ်တယ်!
အဲ့တာကိုယ့်ကြောင့်နော် ကိုယ့်ကြောင့်..."
နေဝင်သွားတာကြောင့် ရိပေါ်တို့လဲ ထိုနေရာနှင့်နီးသည့် ကျောက်ဆောင်တစ်ခုအောက်တွင် ဝင်နေကြတော့သည်။
"အီး.. အဟီး..အဟင့် !
ဟင့် ! မားရေ! အဟင့်ဟင့်!"
ရိပေါ်ရင်ခွင်ထဲမှတစ်ယောက်က ခေါင်းမော့ကာ မျက်နှာအား လက်ဖြင့် လာစမ်း၏။
"ဝမ်လေးရေ့! မင်းကြားတယ်မို့လား!
ခလေးငိုသံလားမသိဘူး...
ညကြီးမိုးချုပ် ခလေးသရဲများလား
ငါကြောက်လိုက်တာ!
သွားကြည့်ကြမယ်လေ...."
သရဲလဲကြောက်သေးသည်။ သွား၍လည်း ကြည့်ချင်သေးသည့်လူက ရှောင်ကျန့်အပြင် နှစ်ယောက်မရှိ။
"ကိုယ်ရှိတယ်နော်! မကြောက်နဲ့ ၊သာမန်ကလေးငိုသံပါပဲ သွားကြည့်ရအောင်"
"တကယ်လို့ အဲ့သရဲလေး
ငါ့ကိုစားသွားရင်မင်းကြောင့်နော်"
"အင်းပါ အင်းပါ!"
နှစ်ယောက်သား လက်တွဲကာ ငိုသံကြားရာဆီ သွားကြည့်ကြသည်။
...
"မားရေ အူဝါး! အဟီး ဟင့်!..ဟင့်"
ခလေးငိုသံက ပိုကျယ်လာသည်နှင့်အမျှ ရှောင်ကျန့်ရင်ထဲမှာလဲ အမည်မသိသည့်ခံစားချက်တစ်ခု ဖြစ်လာရသည်။
ကိုယ်တိုင်ကလည်း အမြွှာနှစ်ယောက်ကို ဝမ်းနဲ့လွယ်ပြီးမွေးထားရတာကြောင့် ခလေးငိုသံကြားလျှင် ရင်မှာနာကျင်ရသည်။
<<<<<<<
>>>>>>
ဒီနေရာမှာ မရှင်းတာလေးရှိမလားလို့😁
ရိပေါ် + ရှောင်ကျန့် =သားနဲ့သမီးကယွီကျန့်နဲ့ချင်းချင်း
ဟောက်ရွှမ်း + ကျိရန် =သားကျိရွှမ်း
ကျိုးချန် + ဝမ်ချင် =မရှိ
ယွီကျန့်က ချင်းချင်းထက် ၁မိနစ်နဲ့ ၇စက္ကန့်ကြီးပါတယ်။
အမြွှာနှစ်ယောက် ၅လသားအရွယ်လောက်ရောက်မှ ကျိရန်က ကိုယ်ဝန်ရ၊
နောက် အမြွှာနစ်ယောက် ၁နှစ်ကျော်လောက်မှ ၀မ်ကျိရွှမ်းလေးကို မွေးတာပါ။
မင်းကြီးဝမ်ရိပေါ်၏ အထိန်းတော် -ယွီပင်း
မိဖုရားရှောင်းကျန့်အထိန်းတော် -မျန်မျန့်
မင်းသမီးချင်းရှောင်းအထိန်းတော် -ချူးယွဲ့
မင်းသားယွီကျန့်အထိန်းတော် -ရှန်ဟိုင်
(အထိန်းတော်ဆိုတာ ကုန်းကုန်းကိုပြောတာပေါ့နော်
အဲ့ ကုန်းကုန်း ဆိုတာကြီးက ရေးရမှာ နဲနဲရိုင်းသလိုကြီးဖြစ်နေမှာစိုးလို့🤣)
....
Zawgyi💕
"သားငယ္! သား..."
"မား! ....တကယ္ မားဟုတ္တယ္မို႔လား"
ခါတိုင္းအိမ္မက္ထဲကလိုပင္ ျမဴေတြဆိုင္းေနသၫ့္ေနရာတစ္ခုတြင္ ရပ္ေနေသာ ေရွာင္းက်န႔္၏ မား။
"ဟုတ္တာေပါ့သားရဲ့!"
"မားေျပာေတာ့သားဆီလာမယ္ဆို !
ဘာလို႔မလာတာလဲဟင္ မား"
ထိုအခ်ိန္တြင္ ရုတ္တရက္ မားအျဖစ္မွ သမီးခ်င္းေရွာင္းအျဖစ္သို႔ေျပာင္းသြားကာ ေရွာင္းက်န႔္အားၿပံဳးျပလာသည္။
"သားငယ္!"
"ဟင္! ခ်င္းခ်င္းက ဘယ္လိုလုပ္"
"သားငယ္ဆီကို မားကေရာက္လာခဲ့ၿပီေလ"
ခ်င္းေရွာင္းေလးမွာ ေရွာင္းက်န႔္မားအသံႏွင့္ေျပာေလရာ အံ့ၾသလြန္း၍ ေနာက္သို႔ပင္ ေျခတစ္လွမ္းဆုတ္သြားရသည္။
"ဒါ...ဒါဆို ပါးေရာ!"
ထိုအခါ ခ်င္းခ်င္းေလးက ေခါင္းခါလ်ွက္
"သားရဲ့ပါးက မားနဲ႔အတူလာတာမဟုတ္ဘူး၊
မားကအရင္လာတာ
မား ဒီေရာက္လို႔ တစ္လေလာက္က်မွ
သူကလိုက္လာတာေလ
ဒါေပမဲ့ သူဒီတိုင္းျပည္ထဲမွာပဲရိွတယ္"
ေျပာၿပီးသည္ႏွင့္ ခ်င္းခ်င္းေလးက ၿပံဳးကာထြက္သြားေလသည္။
ေရွာင္းက်န႔္မွာေတာ ထိုေနရာတြင္သာ ပါးစပ္အေဟာင္းသားျဖင့္ ေတာင့္ေတာင့္ႀကီးရပ္က်န္ခဲ့ေတာ့သည္။
သူႏိုးလာေတာ့ ကုတင္ေပၚမွာ သူ႔အား ေျခေရာ လက္ပါ ခြဖတ္ထားကာ အိပ္ေမာက်ေနသၫ့္ ရိေပၚ။
သူကေတာ့ ၀မ္ရိေပၚရင္ခြင္ထဲတြင္။
"ရိေပၚ! ဝမ္ေလးေရ!"
ငုတ္တုပ္ထိုင္ကာ အိပ္ေပ်ာ္ေနသူအား ပုခံုးလႈပ္ႏိႈးရသည္။
"အင္း Babe.. ေျပာ"
အိပ္ခ်င္မူးတူးအသံျဖင့္ ေျပာလာကာ မ်က္လံုးကေတာ့ ပြင့္တစ္ခ်က္၊မပြင့္တစ္ခ်က္။
"ငါ အိမ္မက္ထဲမွာ မားကိုေတြ့ခဲ့တယ္!"
ေျပာလိုက္ေတာ့မွ ေငါက္ခနဲ က်ံဳးထကာ မ်က္လံုးအျပဴးသားျဖင့္။
"ဟမ္! အဲ့လိုအိမ္မက္ေတြ မမက္ေတာ့တာ သားနဲ႔သမီးကို ေမြးၿပီးကတည္းကမို႔လား"
"အင္း! ငါေျပာျပရင္ မင္းကယံုမွာလား"
"ကိုယ္က Babeေျပာသမ်ွအကုန္ယံုၿပီးသား!"
"မားက ခ်င္းခ်င္းတဲ့..."
"ဟင္ ဒါဆို!
Babeပါးပါးကေရာ"
"အိမ္မက္ထဲမွာ ခ်င္းခ်င္းေျပာတာ
ေရွာင္းတိုင္းျပည္ထဲမွာပဲရိွတယ္တဲ့"
"ဒါဆိုရင္ သားယြီေလးက ဘယ္သူမ်ားပါလိမ့္"
ခမည္းေတာ္ မ်ားလား,
"မသိဘူးေလ..
ဝမ္ေလး! မ်က္ႏွာသစ္ရေအာင္!
ခနေနရင္ ခ်င္းခ်င္းတို႔ေမာင္ႏွမသံုးေယာက္ကို
အေျခအေနသြားၾကၫ့္ၾကမယ္"
"အင္း!"
......
တစ္ဖက္တြင္
သဘာဝအတိုင္း ျဖစ္ထြန္းေနသၫ့္ ကြၽန္းစုေလးလိုျဖစ္ေနသၫ့္ သဲေသာင္ျပင္ငယ္ေလးေပၚတြင္ ေဆာ့ေနၾကသၫ့္ ဝမ္ခ်င္းေရွာင္းႏွင့္ ဝမ္က်ိရႊမ္း။
ဝမ္ယြီက်န႔္ေလးကေတာ့ ထံုးစံအတိုင္း ေအးေအးေဆးေဆး ပန္းခ်ီဆြဲေနသည္။
မ်န္မ်န႔္ႏွင့္ မင္းသမီးခ်င္းေရွာင္း၏အထိန္းေတာ္ႀကီးကေတာ့ အေဝးကေန ကေလးသံုးေယာက္အား ေစာင့္ၾကၫ့္ေပးေနသည္။
"ဝါး! မင္းသားေလးယြီက်န႔္ ပန္းခ်ီပညာတိုးတက္လာတာပဲ! ေတာ္လိုက္တာ"
ေဘးနားမွ မွင္ေသြးေပးေနသၫ့္ မင္းသားဝမ္ယြီက်န႔္၏ အထိန္းေတာ္ႀကီးရွန္က
ဘာအေရာင္မွမျခယ္၊ မွင္ေရာင္ျဖင့္သာ ဆြဲထားသၫ့္ ခ်ယ္ရီပင္ႀကီးႏွင့္ရႈခင္းအားၾကၫ့္ကာ ခ်ီးမႊန္းေတာ့ ယြီက်န႔္ေလးက ၿပံဳးရံုသာ ၿပံဳးျပ၏ ။
ထို ေသာင္ျပင္ရဲ့ အနီးက ေက်ာက္တံုးျပားႀကီးေပၚမွာ ထိုင္ကာ ဆြဲေနတာျဖစ္သည္။
ဆြဲေနသၫ့္ပံုက ေသာင္ျပင္ရဲ့ဆန႔္က်င္ဘက္က ေတာအုပ္ျဖစ္ၿပီး ခ်ယ္ရီပင္ ႏွစ္ပင္ႏွင့္ ေဘးမဲ့လႊတ္ထားသၫ့္ တိရစၧာန္ေလးမ်ားပံု။
ယြီက်န႔္က ပန္းခ်ီကားအားဆြဲၿပီးသည္ႏွင့္ သူ႔ညီမေလး ခ်င္းေရွာင္းႏွင့္ သူ႔ညီတစ္ဝမ္းကြဲ က်ိရႊမ္းအား ေငးၾကၫ့္ေနေတာ့သည္။
"စုပ္တံနဲ႔ပန္ခ်ီကား ျပန္သိမ္းေပးပါအံုး အထိန္းေတာ္ႀကီးရွန္"
"ဟုပ္ကဲ့မင္းသားေလး...
မင္းသမီးေလးတို႔နဲ႔ သြားမေဆာ့ဘူးလားဟင္ "
"မေဆာ့ေတာ့ပါဘူး"
အထိန္းေတာ္ႀကီးက သူ၏ မင္းသားေလးအားၾကၫ့္ကာ စိတ္မေကာင္းရွာ။
မင္းသားေလးယြီက်န႔္က ေမြးရာပါ မ်ိဳးရိုးလိုက္သၫ့္ ႏွလံုးေရာဂါရိွသည္။ အျခားကေလးေတြလို
ေဆာ့ကစားဖို႔မျဖစ္ႏိုင္ ၊ေမာၿပီးႏွလံုးေဖာက္မည္စိုးရသည္။
ေမြးၿပီးတည္းက ခနခနေနမေကာင္းျဖစ္ကာ က်န္းမာေရးျခဴျခာလြန္းသၫ့္ခေလး။
ထူးဆန္းသည္က မင္းႀကီးဝမ္ေရာ၊မိဖုရားေရွာင္းမွာပါ ႏွလံုးေရာဂါမရိွ။
မင္းသမီးေလးခ်င္းေရွာင္းကေတာ့ ေဒါင္ေဒါင္ျမည္ပင္။အၿမဲေပ်ာ္ရႊင္ေနသၫ့္ေကာင္မေလး။
အားလံုးက မင္းသားေလးကိုလည္း မင္းသမီးေလးလို ခေလးပီပီေပ်ာ္ေပ်ာ္ရႊင္ရႊင္ ရယ္ေမာၿပီး ေဆာ့ကစားေစခ်င္ၾကေပမဲ့ ယြီက်န္႔ေလးက သူ႔ခမည္းေတာ္ငယ္ဘ၀ကလို ခပ္ေအးေအးပင္။
"အစ္ကိုေတာ္ေရ!"
ၾကၫ့္ေနတုန္းမွာ ခ်င္းခ်င္းက ဝတ္ရံုစ မကာ ေျပးလာသည္။
"ယြီေလး! နင္ၾကၫ့္ ခရုခြံေလးေတြ၊ဂံုးခြံေလးေတြ၊ကမာခြံေလးေတြ အေရာင္စံုပဲ၊လွလိုက္တာ"
"အင္း! လွတယ္"
"အဲ့တာ နင္ ကူေကာက္မေပးခ်င္ဘူးလား ၊ငါဆြဲႀကိဳးလုပ္ေပးမယ္ေလ ဟီး!"
သိလိုက္ပါၿပီ၊ ဒီေကာင္မေလး သူ႔ခရုခြံလာျပတာ ႂကြားရံုသက္သက္မဟုတ္ပဲ ခိုင္းဖို႔ကိုး။
"ေကာက္ေပးမယ္ေလ! "
ထို႔ေနာက္ ေမာင္ႏွမသံုးေယာက္သား အတိုင္အေဖာက္ညီစြာ ကြတစ္ကြတစ္ျဖင့္ ခရုခြံ၊ကမာခြံ လိုက္ေကာက္ေနၾကသည္။
"ဝါး အမ်ားႀကီးရလာၿပီ! ငါဆြဲႀကိဳးလုပ္ေပးမယ္ သိလာ့ ယြီေလးနဲ႔ရႊမ္းရႊမ္း
အဲ့အစား ငါ့ကိုတစ္ခုစီ ျပန္ေပးရမယ္"
"ေဟာ! မမႀကီးကလဲ တစ္ခုခုေပးၿပီဆို တန္ေၾကးျပန္ေတာင္းေတာ့တာပဲ"
က်ိရႊမ္းက သြက္လက္စြာ ျပန္ေျဖေလေတာ့ ယြီက်န႔္ေလးက ခပ္ဟဟရယ္ကာ
"ကဲ! ဘာျပန္ေတာင္းမွာလဲေျပာ"
"ယြီေလးက ပန္းခ်ီဆြဲေတာ္ေတာ့ ခ်င္းခ်င္းပံုကိုလွလွ..ေလးဆြဲေပးရမယ္
ရႊမ္းရႊမ္းက က်ေတာ့ ငါနဲ႔နန္းျပင္အတူခိုးထြက္ေပးရင္ရၿပီ အဟီး!"
"လူလည္မေလး!"
မင္းသားႏွစ္ေယာက္စလံုးက ခ်င္းခ်င္းေလးအား ေခါင္းပုတ္ကာ ၿပိဳင္တူေျပာလိုက္ၾက၏။
ၿပီးေနာက္ ခိုးခိုးခစ္ခစ္ရယ္သံေလးမ်ား ထြက္လာေတာ့ေလသည္။
.....
"ဒီလမ္းဟုတ္ရဲ့လားမသိဘူး"
"ကိုယ္ေျပာသားပဲ လမ္းျပတစ္ေယာက္ေလာက္ေခၚလာမယ္ဆိုတာကို
babeကလမ္းသိတယ္ဆိုးၿပီး....!"
"ဝမ္ရိေပၚ! အခုငါ့အမွားလို႔ေျပာေနတာလား !!
ေမာေနရတဲ့ၾကားထဲ..."
သြားေလးၿဖီးျပၿပီးေနာက္ ရိေပၚက အလိုလို ၿငိမ္ကုတ္သြား၏။
"ဟဲ....babeအမွားမဟုတ္ပါဘူး ကိုယ့္အမွားပါ
ေမာရင္ ခ်ီသြားမယ္ ေနာ္ "
"ေသခ်ာ ကုန္းပိုးေနာ္ဝမ္ေလး
ငါမေတာ္တဆျပဳတ္က်သြားမယ္...."
"မက်ေစရပါဘူးဗ်ာ၊ ကိုယ္ခ်ီရင္ babeကိုယ္ေလး ဘယ္တုန္းကျပဳတ္က်ဖူးလို႔လဲ ဟား ဟား"
ဒါသူ႔ကို လူေကာင္ေသးသည္ဟု တစ္ဖက္လွၫ့္ေျပာလိုက္ျခင္း။
"မရီနဲ႔ !"
ရိေပၚက မ်က္လံုးေတြမိွတ္က်သြားသည္အထိရယ္ေတာ့ ကိုယ္ေပၚက အေကာင္ေပါက္ေလးက တဘုန္းဘုန္းထုရိုက္ေလေတာ့သည္။
"ေဟ့! ေသခ်ာဖက္ထားေနာ္
ရိုက္ေနရင္လႊတ္ခ်လိုက္မွာ"
"ဟင့္အင္း! မလႊတ္ခ်နဲ႔!"
"ဟား! ဟား!"
"မရီပါနဲ႔ဆိုကာမွ! အင့္ဟယ္!"
ကိုယ္ေပၚမွ တစ္ေယာက္က ရိေပၚေခါင္းအားထုလိုက္ ႏွာရြက္အား ကုန္းကိုက္လိုက္ျဖင့္ အလုပ္ရႈပ္ေနေတာ့သည္။
ေရွာင္က်န႔္အားကုန္းပိုးကာ စကားတေျပာေျပာႏွင့္ လမ္းေလ်ွာက္သြားၿပီးေနာက္ တစ္ေနရာအေရာက္တြင္ ရိေပၚက ဆက္မသြားေတာ့။
"Babe! ေရ႔ွမွာလမ္းမရိွေတာ့ဘူးရယ္
တံခါးေစာင့္ေျပာတာ တန္းတန္းသြားၿပီး ဘယ္ေကြ့၊ဆက္သြားၿပီး လမ္းဆံုးရင္ ဘယ္ဘက္ကိုထပ္ေကြ့လိုက္ရင္ေရာက္ၿပီဆို!"
"ဟမ္.....ဝမ္ေလး!
မင္းေကြ့လာတာ ဘယ္ဘက္လား ညာဘက္လား!"
"သြားၿပီ! ကိုယ္က ညာဘက္ခ်ည္းေကြ့လာတာ"
ရိေပၚစကားအဆံုး ေရွာင္းက်န္႔က ကိုယ္ေပၚမွ ခုန္ဆင္း၏။
"အခုဘယ္လိုလုပ္ၾကမလဲ!
ဘယ္မွန္း ညာမွန္းေတာင္မသိဘဲ
ဘုရင္လုပ္ေနေသးတယ္ အရူးရဲ့!!
ဘယ္လိုလုပ္မလဲ မိုးခ်ဳပ္ေတာ့မယ္ ၊
အဲ့တာမင္းေၾကာင့္!"
"ဟုတ္တယ္ ဟုတ္တယ္!
အဲ့တာကိုယ့္ေၾကာင့္ေနာ္ ကိုယ့္ေၾကာင့္..."
ေနဝင္သြားတာေၾကာင့္ ရိေပၚတို႔လဲ ထိုေနရာႏွင့္နီးသၫ့္ ေက်ာက္ေဆာင္တစ္ခုေအာက္တြင္ ဝင္ေနၾကေတာ့သည္။
"အီး.. အဟီး..အဟင့္ !
ဟင့္ ! မားေရ! အဟင့္ဟင့္!"
ရိေပၚရင္ခြင္ထဲမွတစ္ေယာက္က ေခါင္းေမာ့ကာ မ်က္ႏွာအား လက္ျဖင့္ လာစမ္း၏။
"ဝမ္ေလးေရ့! မင္းၾကားတယ္မို႔လား!
ခေလးငိုသံလားမသိဘူး...
ညႀကီးမိုးခ်ဳပ္ ခေလးသရဲမ်ားလား
ငါေၾကာက္လိုက္တာ!
သြားၾကၫ့္ၾကမယ္ေလ...."
သရဲလဲေၾကာက္ေသးသည္။ သြား၍လည္း ၾကၫ့္ခ်င္ေသးသၫ့္လူက ေရွာင္က်န႔္အျပင္ ႏွစ္ေယာက္မရိွ။
"ကိုယ္ရိွတယ္ေနာ္! မေၾကာက္နဲ႔ ၊သာမန္ကေလးငိုသံပါပဲ သြားၾကၫ့္ရေအာင္"
"တကယ္လို႔ အဲ့သရဲေလး
ငါ့ကိုစားသြားရင္မင္းေၾကာင့္ေနာ္"
"အင္းပါ အင္းပါ!"
ႏွစ္ေယာက္သား လက္တြဲကာ ငိုသံၾကားရာဆီ သြားၾကၫ့္ၾကသည္။
...
"မားေရ အူဝါး! အဟီး ဟင့္!..ဟင့္"
ခေလးငိုသံက ပိုက်ယ္လာသည္ႏွင့္အမ်ွ ေရွာင္က်န႔္ရင္ထဲမွာလဲ အမည္မသိသၫ့္ခံစားခ်က္တစ္ခု ျဖစ္လာရသည္။
ကိုယ္တိုင္ကလည္း အႁမြွာႏွစ္ေယာက္ကို ဝမ္းနဲ႔လြယ္ၿပီးေမြးထားရတာေၾကာင့္ ခေလးငိုသံၾကားလ်ွင္ ရင္မွာနာက်င္ရသည္။
<<<<<<<
>>>>>>
ဒီေနရာမွာ မရွင္းတာေလးရိွမလားလို႔😁
ရိေပၚ + ေရွာင္က်န႔္ =သားနဲ႔သမီးကယြီက်န႔္နဲ႔ခ်င္းခ်င္း
ေဟာက္ရႊမ္း + က်ိရန္ =သားက်ိရႊမ္း
က်ိဳးခ်န္ + ဝမ္ခ်င္ =မရိွ
ယြီက်န႔္က ခ်င္းခ်င္းထက္ ၁မိနစ္နဲ႔ ၇စကၠန႔္ႀကီးပါတယ္။
အႁမြွာႏွစ္ေယာက္ ၅လသားအရြယ္ေလာက္ေရာက္မွ က်ိရန္က ကိုယ္ဝန္ရ၊
ေနာက္ အႁမြွာနစ္ေယာက္ ၁ႏွစ္ေက်ာ္ေလာက္မွ ၀မ္က်ိရႊမ္းေလးကို ေမြးတာပါ။
မင္းႀကီးဝမ္ရိေပၚ၏ အထိန္းေတာ္ -ယြီပင္း
မိဖုရားေရွာင္းက်န႔္အထိန္းေတာ္ -မ်န္မ်န႔္
မင္းသမီးခ်င္းေရွာင္းအထိန္းေတာ္ -ခ်ူးယြဲ႔
မင္းသားယြီက်န႔္အထိန္းေတာ္ -ရွန္ဟိုင္
(အထိန္းေတာ္ဆိုတာ ကုန္းကုန္းကိုေျပာတာေပါ့ေနာ္
အဲ့ ကုန္းကုန္း ဆိုတာႀကီးက ေရးရမွာ နဲနဲရိုင္းသလိုႀကီးျဖစ္ေနမွာစိုးလို႔🤣)