"MY LOVE BABE"[ပေါင်ပေ့/ေပါင္...

By Thone_82

108K 5.7K 192

☪️BJYXSZD💖 💚Yizhan Fanfiction❤️ ➖➖➖➖➖ ကားအက်စီးဒင့်တစ်ခုကြောင့် အချိန်မတန်ခင် သေဆုံးခဲ့တဲ့သူ'ဟာ လွန်ခဲ့တဲ့... More

Part -1
Part -2
Part- 3
Part -4
Part-5
🚨Part -6🔞
Part -7
Part -8
⛔️Part -9🌚
Part -10
Part -11
Part -12
Part -13
Part -14
Part -15
Part -16
Part -17
Part -18
Part -20
Part -21
Part -22
Part -23
Part -24
Part -25
Part -26
Part-27
Part -28
Part-29
Part-30 (Final)
New Fic
🐰My Love Babe🦁 [Season-2] (Author Note)

Part -19

2.4K 138 0
By Thone_82

Unicode💕

"ပါ့ပါး! ကျန့်ကျန့်ရေ့"

ခလေးမလေးတစ်ယောက်၏ အသံပိစိက ရှောင်းကျန့်နားစည်အား ရိုက်ခတ်သွား၏။

"အွင်း....ချင်းချင်းလား!
ဝမ်လေး ထတော့! "

ရှောင်ဂကျန့်နိုးတော့ မနက်ခင်းနေရောင်ခြည်ဟာ ပြတင်းပေါက်မှတစ်ဆင့် အခန်းတွင်းသို့ ကျရောက်လာလျှက်။
သမီးငယ်ဖြစ်သူ 'ဝမ်ချင်းရှောင်း' လာနိုးမှ နိုးသည့်အဖြစ်ပါလေ။
ရှောင်းကျန့် မီးဖွားပြီးသည့်နေ့ကစ၍ ဝမ်ရိပေါ်က သူ့အဆောင်တွင်ခေါ်ထားသည်မှာ ယခုအချိန်ထိ။
အနောက်ဆောင်သို့ ​တစ်ကြိမ်မျှပင် ပြန်မအိပ်ရတော့ပေ။

သားတော် 'ဝမ်ယွီကျန့်' နှင့် သမီးတော် 'ဝမ်ချင်းရှောင်း' တို့အား အသက်၃နှစ်ခန့်ရောက်သည့်အခါ အဆောင်ခွဲ၍ အထိန်းတော်ကိုယ်စီ၊အစေခံကိုယ်စီနှင့် ထားဖြစ်ခဲ့၏။
ယခုဆိုလျှင် အမြွှာနှစ်ယောက်ဟာ အသက်၇နှစ်ကျော်ပြီဖြစ်သည်။

'ချင်းချင်း'လေးက ပန်းနုရောင်ဝတ်စုံလေးဝတ်ထားကာ ခေါင်းပေါ်တွင် ဖန်ဆံထိုးလေးထိုးလျှက် ခါးနားအထိရှည်သည့် ဆံပင်လေးများအား ဖြန့်ချထား၏။
သားတော် 'အားယွီ' ကတော့ ယခုအချိန်လောက်ဆိုလျှင် စာဖတ်နေရော့ပေါ့။

သားနှင့်သမီးက အမြွှာဆိုပေမဲ့ အကျင့်ချင်းကွာခြားသည်။
သားတော်က တစ်ယောက်တည်းအေးအေးဆေးဆေးနေပြီး
စကားအပြောအဆိုနည်းလှ၏။
အချိန်တိုင်း စာဖတ်လိုက် ၊မြှားပစ်သင်လိုက်၊ဓားရေးလေ့ကျင့်လိုက်၊ တစ်ခါတစ်လေဆို သူ့ဦးရီးတော် ကျိုးချန်ဆီမှာ ဆေးပညာ သွားသင်တတ်သေးသည်။

သမီးတော်ကတော့ တကယ့်စပ်စလူးလေးပင် ၊အချိန်တိုင်း နန်းတော်ထဲမှာ
ပြဿနာရှာဖို့ပဲတွေးနေတတ်သည်။
လစ်ရင်လစ်သလို မင်းသားဟောက်ရွှမ်း၏ သားလေး'၀မ်ကျိရွှမ်း' နှင့်အတူ နန်းပြင်ခိုးထွက်ကာ ပြဿနာပေါင်းစုံ ခေါင်းခဲအောင် သယ်လာတတ်၏။

ရှောင်းကျန့်တစ်ယောက် ဘေးနားတွင် အသေကောင်လို ပါးစပ်ဟကာ သူ့အား ဖက်တွယ်လျှက် အိပ်မောကျနေသော လင်တော်မောင်အား လက်တို့ကာ ခေါ်နိုးရသည်။

"အင်း....
ညကလည်း ပင်ပန်းထားတယ်မို့လားbabeရာ ၊
လာ! ပြန်အိပ်"

ငုတ်တုတ်ထိုင်နေသည့် ရှောင်ကျန့်အား မျက်လုံးစုံမှိတ်ကာ အိပ်ချင်မူးတူးဖြင့် ခါးမှဆွဲချပြီး ပြန်အိပ်ဖို့လုပ်နေပြန်သည်။

"ခိခစ် ပေါင်ပေ့ရဲ့ဝမ်လေးက နိုးသေးဘူး
အိပ်ပုပ်ကျီးလေး"

"ချင်းချင်းနော်...
ခမည်းတော်ကို အဲ့လိုမခေါ်ရဘူးလေ "

ချင်းရှောင်းလေးက ရိပေါ်ကရှောင်ကျန့်ကိုခေါ်သည့်အတိုင်း ၊ရှောင်ကျန့်က ရိပေါ်ကိုခေါ်သည့်အတိုင်း လိုက်ခေါ်နေတာဖြစ်သည်။

"အစ်ကိုတော်က ချင်းချင်းခေါ်တာ
လိုက်မလာဘူးရယ်
စာဖတ်နေတယ် ပါ့ပါး"

"ဟုတ်ပါပြီ ချင်းချင်း! ပါးပါးမျက်နှာသွားသစ်အုံးမယ် ၊ခမည်းတော်ကို ခေါ်နိုးထားအုံးနော်"

"ဟုတ်ကဲ့ ပါ့ပါး၊ ချင်းချင်းမှာလျို့ဝှက်လက်နက်ရှိတယ်"

"ချင်းချင်းက အတော်ဆုံးပဲ"

ရှောင်ကျန့်ထွက်သွားသည်နှင့် ဝမ်ချင်းရှောင်းမှာ ခမည်းတော်အား နိုးရန် လုပ်ငန်းစလေသည်။

"အထိန်းတော်ကြီး! ခနလာပါအုံး"

"ဟုတ်ကဲ့ရှင့် မင်းသမီးလေး ဘာအလိုရှိ"

"ချင်းချင်းကို ရေအေးအေးလေး သွားယူလာပေးပါနော် ဟီး..."

"မင်းကြီးကို ရေနဲ့ပတ်မလို့လား!"

"သွားယူပေးပါအထိန်းတော်ကြီးရာ"

"ဟုတ်ပါပြီ မင်းကြီးစိတ်ဆိုးရင်
ကျွန်တော်မျိုးမကြောင့်မဟုတ်ဘူးနော်"

ခနကြာတော့ အေးစက်နေသည့်ရေအား ခွက်တစ်ခုထဲ ထည့်ကာ ချင်းချင်းရှေ့ ယူလာပေးသည့် အထိန်းတော်ကြီးမျက်နှာက ရှုံ့မဲ့လျှက်။
ဆောင်းရာသီမို့ ရေကလဲ ထိလိုက်သည်နှင့် ကျင်တက်သွားလောက်အောင်အေးစက်ပါသည်။

ချင်းချင်း က စောင်ခြုံကာ ကွေးနေသည့် ခမည်းတော်အား နှုတ်ခမ်းလေးလှုပ်ရုံမျှပြုံးပြလိုက်ပါ၏။

ထို့နောက် စောင်ထူထူအား အသာလှန်ကာ ခမည်းတော်၏ ရင်ဘက်ဖွေးဖွေးပေါ် ရေအေးအေးတွေကို အားပါးတရလောင်းချလိုက်တော့သည်။

"အား! ဘုရားရေ! အေးလိုက်တာ
သမီး ချင်းအယ်! "

ချမ်းလွန်းလို့ ကုတင်ပေါ်မှာတင် စောင်ပတ်ကာ ဆွေ့ဆွေ့ခုန်နေသည့် မင်းကြီးအား ချင်းရှောင်းနှင့် အထိန်းတော်အစေခံတစ်သိုက်က ခိုးကြည့်ကာ ရယ်နေကြတော့သည်။

"ခစ်ခ်! ခိခစ်ခစ်စ် ဝမ်လေးက အိပ်ပုပ်ကြီးနေလို့
ချင်းချင်းက အဲ့လိုလုပ်လိုက်တာ"

"တော်လိုက်တာ ချင်းချင်း!"

ပုဝါဖြင့် မျက်နှာသုတ်ရင်း ရေချိုးခန်းထဲမှ ထွက်လာသည့်ရှောင်ကျန့်က တစ်ကိုယ်လုံး ရွှဲရွှဲစိုနေသည့် ဝမ်ရိပေါ်အားကြည့်ကာ ပြုံးစိစိ။

"ရိပေါ် ! သွား! မျက်နှာသွားသစ်တော့
တစ်ကိုယ်လုံးလဲ စိုရွှဲနေပြီ အအေးမိတော့မယ်"

"Babe! ကိုယ့်ကိုရေချိုးပေးလေ"

"ဝမ်ရိပေါ်!!"

"အဲ! စတာ စတာ! ကိုယ့်ပါ့ကိုယ်ချိုးပါ့မယ်"

တစ်နေ့တစ်ခြား babeက ပိုဒေါသကြီးလေးဖြစ်လာ၏။
ရိပေါ်မှာ ရှောင်ကျန့် သူ့အား 'ဝမ်ရိပေါ်!!' ဟု ခပ်တင်းတင်း ခေါ်လိုက်လေလျှင် အမြှီးလေးကို ကုတ်နေအောင် ကြောက်ရရှာသည်။

"ချင်းချင်းလေးက အပြင်ထွက်နေအုံးနော်
ပါးပါး ခနနေရင်ထွက်လာခဲ့မယ်"

"ဟုတ် ပါ့ပါး"

ရိပေါ် ရေချိုးခန်းထဲ စောင်ပတ်ကာ ဝင်သွားသည်နှင့် ရှောင်ကျန့်က အဝတ်အစား လဲကာ ရိပေါ်အတွက်ပါ အတွင်းဝတ်နှင့်နဂါးဝတ်ရုံကို ထုတ်ထားပေးလိုက်၏။

ထို့နောက် ရေချိုးခန်းတံခါးဝတွင် မျက်နှာသုတ်ပုဝါတစ်ထည်ကိုင်ကာ ခါးထောက်လျှက် စောင့်နေလိုက်သည်။

ရိပေါ်က ခါးတွင် တပတ်တစ်ထည်ပတ်ကာ တစ်ခေါင်းလုံး ရွှဲရွှဲစိုလျှက် ထွက်လာပြီး အပေါက်၀တွင်ရပ်နေသည့် ရှောင်ကျန့်လက်ထဲမှ ပုဝါအား လှမ်းယူကာ ခေါင်းသုတ်နေ၏။
ရှောင်းကျန့်ကတော့ အလိုမကျသလိုမျက်မှောင်ကုတ်နေတော့သည်။

"ဝမ်လေး!"

"ဗျာ... Babe"

"ကျစ်! အစောကြီးခေါင်းလျှော်လာပြန်ပြီ
အဲ့တာနဲ့ အအေးမိပြီးဖျားတော့မှာပဲ"

ပြောပြောဆိုဆို ရှောင်ကျန့်က ရိပေါ်လက်ထဲမှ ပုဝါအား လှမ်းယူကာ ရိပေါ်အား ကုတင်ပေါ်ထိုင်နေစေလျှက် ခေါင်းသုတ်ပေးလိုက်၏။

ဂရုစိုက်ခံချင်၍ တမင်ခေါင်းလျှော်လိုက်ကာ ရှောင်းကျန့်ခေါင်းသုတ်ပေးနေသည်ကို ပြုံးပြုံးကြီး ငြိမ်ခံနေသည့် ၀မ်ရိပေါ်ဖြစ်သည်။

......

"ဒီနေ့ဘာနေ့လဲသိလား
ဝမ်လေးနဲ့ဘေဘီ!"

ရှောင်ကျန့်တို့ အ၀တ်အစားလဲပြီးနောက် အိပ်ခန်းထဲမှထွက်လာတော့ အခန်းဝကနေ မင်းသမီးလေး၀မ်ချင်းရှောင်းက ဆီးကြိုကာမေး၏။

"လာပါအုံး ပါးပါးရဲ့အလိမ္မာတုံးလေး"

ရှောင်ကျန့် ချင်းရှောင်းအား ပွေ့ချီလိုက်တော့ ကိုယ်ပေါ်မှာ ကားကားလေး နှင့် သူမ၏ လက်သေးသေလေးနှစ်ဖက်က ရှောင်ကျန့်လည်ပင်းအား ပြန်ဖက်ထားပါသည်။

"ဘာနေ့လဲ ၊ ဘာပြဿနာရှာထားပြန်ပြီလဲ
မိချင်းအာ!"

ရိပေါ်က စာပွဲတွင်ဝင်ထိုင်ကာ ရေနွေးငဲ့ရင်း မေးလိုက်သည်။

"ခမည်းတော်ကလဲ
ချင်းချင်းကိုဆို အပြစ်ပြောဖို့ချည်းပဲ"

"တစ်နေ့တစ်နေ့ နန်းပြင်ထွက်ပြီး
ပြဿနာသယ်လာတယ်
ဟော....နန်းတော်ထဲမှာနေရင်လဲ အပျိုတော်ဆောင်က အပျိုတော်တွေရဲ့အဝတ်တွေကို ဖွက်လိုဖွက်..
စာဖိုဆောင်က ဟင်းတွေနှိုက်စား....
ဟင်းထဲ ဆားတွေသကြားတွေ
လျှောက်ထည့်လိုထည့်...
ပြော! မဟုတ်ဘူးလား"

"အဟီး! ခမည်းတော်ကလဲ
ချင်းချင်းက ပျော်အောင်လို့စတာကို"

"အော်.....ပျော်အောင်စတယ်ပေါ့
မပျော်ပဲ နန်းဆောင်တစ်ခုလုံး ဗြောင်ဆန်နေတာရော သိရဲ့လား"

"ကဲ! တော်ကြတော့ ၊
ချင်းချင်းလေး ဒီနေ့ဘာနေ့လဲ ပြောပါအုံး ပါးပါးကို"

စကားများနေတဲ့ လင်တော်မောင်နှင့်သမီးတော်ကြောင့် လိုရင်းကို မရောက်တော့။
ကြားထဲက ရှောင်ကျန့်ကပဲ ဝင်တားလိုက်ရသည်။

"ခမည်းတော်နဲ့ပါ့ပါး ချင်းချင်းကို ဂတိပေးထားတာ မှတ်မိလား"

"ဘာများလဲ!"

ရိပေါ်က မရှိသည့် ပါးသိုင်းမွှေးအား ပွတ်ကာ စဥ်းစားသလို လုပ်နေ၏။

"ဟွင့်! ဘိုးဘိုးကျင့်ဖန်း(ရှောင်ကျန့်၏ ခမည်းတော်)တို့တိုင်းပြည်ဆီ အလည်သွားဖို့!"

"သွားရမှာပေါ့.....ချင်းအာရဲ့"

"အခုသွားမှာခမည်းတော်ရ
ဒီမှာကြည့်! ချင်းချင်း ဘွားတော်ချုပ်ပေးထားတဲ့
အကျီလေးဝတ်ထားတယ် တွေ့လာ့!"

ချင်းရှောင်းလေးက ရှောင်းကျန့်ကိုယ်ပေါ်ကနေ ရိပေါ်ဘက်လှည့်ကာ သူ့ကိုယ်အား လက်ဖြင့် ပုတ်ပြပါသည်။

"အခု မအားဘူး"

"ကတိပေးထားပြီးမှ တည်ရမှာပေါ့ဝမ်လေးရ!
ခနနေရင် ပါးပါးတို့သွားကြမယ်နော်
ပါးပါးချင်းချင်းလေး"

ရှောင်းကျန့်စကားကြောင့် ချင်းရှောင်းမျက်နှာလေးက ပြုံးကျသွားပြီး ပါးပြင်ကို တမွမွ ငုံ့နမ်းနေတော့သည်။

"ရေး.....အဲ့တာကြောင့်မို့လို့ ပါ့ပါးကိုချစ်နေရတာ အူမွ မွ မွ!"

"ဟေ့! အခု ချင်းအယ်နမ်းနေတဲ့ပါးတွေက ခမည်းတော်အပိုင်နော်
ဘိုးဘိုးဆီသွားချင်သေးရင် အခုနမ်းနေတာရပ်
မဟုတ်ရင်တော့ ဟင်း ဟင်း"

လက်သီးထောင်ပြသည့် ရိပေါ်အား ချင်းရှောင်းက လျှာပြန်ထုတ်ပြ၏။

"နမ်းတော့ဘူး!
ချင်းချင်း အစ်ကိုတော်ယွီလေးဆီ သွားလိုက်အုံးမယ်"

ရိပေါ်က ပိတ်ဟောက်လိုက်တော့ ချက်ချင်းပဲ ချင်းရှောင်းလေးက ရှောင်ကျန့်ကိုယ်ပေါ်မှခုန်ဆင်းကာ မြောက်ကြွမြောက်ကြွနှင့်ထွက်သွားလေသည်။

"မင်းသမီးလေး! ဖြေးဖြေးသွားပါရှင် ချော်လဲနေမှဖြင့်"

ပြဿနာအိုးလေး ထွက်သွားသည်နှင့် အနောက်မှ အထိန်းတော်ကြီးနှင့် အစေခံများ ဝတ်ရုံစ မှ ကာ ပြေးလိုက်ရလေသည်။

ဒီသမီးတစ်ယောက်နဲ့တော့ ခက်သည်။
ယောက္ခမကြီးတိုင်းပြည်ရောက်ရင်လည်း
ဘာပြဿနာရှာအုံးမည်မသိ။

"ယောက်ျား! နံနက်စာစားတော့မလား"

"အင်း! babeခွံ့ကျွေး"

"ဟွန်း!
မျန်မျန့်! "

"ရှန်! လာပါပြီ ကျန့်လေး!
နံနက်စာ ပြင်လာဖို့မို့လား ၊မျန်မျန့် အစေခံတွေကို ခိုင်းထားတယ် အဟီး"

"မျန်မျန့်ကဘယ်တွေသွားနေတာလဲ"

"မင်းသားလေး ၀မ်ကျိရွှမ်းဆီ ..ဟဲဟဲ"

>>>>>>>
<<<<<<<
TBC

.....

Zawgyi💕

"ပါ့ပါး! က်န႔္က်န႔္ေရ့"

ခေလးမေလးတစ္ေယာက္၏ အသံပိစိက ေရွာင္းက်န္႔နားစည္အား ရိုက္ခတ္သြား၏။

"အြင္း....ခ်င္းခ်င္းလား!
ဝမ္ေလး ထေတာ့! "

ေရွာင္ဂက်န႔္ႏိုးေတာ့ မနက္ခင္းေနေရာင္ျခည္ဟာ ျပတင္းေပါက္မွတစ္ဆင့္ အခန္းတြင္းသို႔ က်ေရာက္လာလ်ွက္။
သမီးငယ္ျဖစ္သူ 'ဝမ္ခ်င္းေရွာင္း' လာႏိုးမွ ႏိုးသၫ့္အျဖစ္ပါေလ။
ေရွာင္းက်န႔္ မီးဖြားၿပီးသၫ့္ေန့ကစ၍ ဝမ္ရိေပၚက သူ႔အေဆာင္တြင္ေခၚထားသည္မွာ ယခုအခ်ိန္ထိ။
အေနာက္ေဆာင္သို႔ ​တစ္ႀကိမ္မ်ွပင္ ျပန္မအိပ္ရေတာ့ေပ။

သားေတာ္ 'ဝမ္ယြီက်န႔္' ႏွင့္ သမီးေတာ္ 'ဝမ္ခ်င္းေရွာင္း' တို႔အား အသက္၃ႏွစ္ခန႔္ေရာက္သၫ့္အခါ အေဆာင္ခြဲ၍ အထိန္းေတာ္ကိုယ္စီ၊အေစခံကိုယ္စီႏွင့္ ထားျဖစ္ခဲ့၏။
ယခုဆိုလ်ွင္ အႁမြွာႏွစ္ေယာက္ဟာ အသက္၇ႏွစ္ေက်ာ္ၿပီျဖစ္သည္။

'ခ်င္းခ်င္း'ေလးက ပန္းႏုေရာင္ဝတ္စံုေလးဝတ္ထားကာ ေခါင္းေပၚတြင္ ဖန္ဆံထိုးေလးထိုးလ်ွက္ ခါးနားအထိရွည္သၫ့္ ဆံပင္ေလးမ်ားအား ျဖန႔္ခ်ထား၏။
သားေတာ္ 'အားယြီ' ကေတာ့ ယခုအခ်ိန္ေလာက္ဆိုလ်ွင္ စာဖတ္ေနေရာ့ေပါ့။

သားႏွင့္သမီးက အႁမြွာဆိုေပမဲ့ အက်င့္ခ်င္းကြာျခားသည္။
သားေတာ္က တစ္ေယာက္တည္းေအးေအးေဆးေဆးေနၿပီး
စကားအေျပာအဆိုနည္းလွ၏။
အခ်ိန္တိုင္း စာဖတ္လိုက္ ၊ျမႇားပစ္သင္လိုက္၊ဓားေရးေလ့က်င့္လိုက္၊ တစ္ခါတစ္ေလဆို သူ႔ၪီးရီးေတာ္ က်ိဳးခ်န္ဆီမွာ ေဆးပညာ သြားသင္တတ္ေသးသည္။

သမီးေတာ္ကေတာ့ တကယ့္စပ္စလူးေလးပင္ ၊အခ်ိန္တိုင္း နန္းေတာ္ထဲမွာ
ျပႆနာရွာဖို႔ပဲေတြးေနတတ္သည္။
လစ္ရင္လစ္သလို မင္းသားေဟာက္ရႊမ္း၏ သားေလး'၀မ္က်ိရႊမ္း' ႏွင့္အတူ နန္းျပင္ခိုးထြက္ကာ ျပႆနာေပါင္းစံု ေခါင္းခဲေအာင္ သယ္လာတတ္၏။

ေရွာင္းက်န္႔တစ္ေယာက္ ေဘးနားတြင္ အေသေကာင္လို ပါးစပ္ဟကာ သူ႔အား ဖက္တြယ္လ်ွက္ အိပ္ေမာက်ေနေသာ လင္ေတာ္ေမာင္အား လက္တို႔ကာ ေခၚႏိုးရသည္။

"အင္း....
ညကလည္း ပင္ပန္းထားတယ္မို႔လားbabeရာ ၊
လာ! ျပန္အိပ္"

ငုတ္တုတ္ထိုင္ေနသၫ့္ ေရွာင္က်န႔္အား မ်က္လံုးစံုမိွတ္ကာ အိပ္ခ်င္မူးတူးျဖင့္ ခါးမွဆြဲခ်ၿပီး ျပန္အိပ္ဖို႔လုပ္ေနျပန္သည္။

"ခိခစ္ ေပါင္ေပ့ရဲ့ဝမ္ေလးက ႏိုးေသးဘူး
အိပ္ပုပ္က်ီးေလး"

"ခ်င္းခ်င္းေနာ္...
ခမည္းေတာ္ကို အဲ့လိုမေခၚရဘူးေလ "

ခ်င္းေရွာင္းေလးက ရိေပၚကေရွာင္က်န႔္ကိုေခၚသၫ့္အတိုင္း ၊ေရွာင္က်န႔္က ရိေပၚကိုေခၚသၫ့္အတိုင္း လိုက္ေခၚေနတာျဖစ္သည္။

"အစ္ကိုေတာ္က ခ်င္းခ်င္းေခၚတာ
လိုက္မလာဘူးရယ္
စာဖတ္ေနတယ္ ပါ့ပါး"

"ဟုတ္ပါၿပီ ခ်င္းခ်င္း! ပါးပါးမ်က္ႏွာသြားသစ္အံုးမယ္ ၊ခမည္းေတာ္ကို ေခၚႏိုးထားအံုးေနာ္"

"ဟုတ္ကဲ့ ပါ့ပါး၊ ခ်င္းခ်င္းမွာလ်ိဳ႕ဝွက္လက္နက္ရိွတယ္"

"ခ်င္းခ်င္းက အေတာ္ဆံုးပဲ"

ေရွာင္က်န႔္ထြက္သြားသည္ႏွင့္ ဝမ္ခ်င္းေရွာင္းမွာ ခမည္းေတာ္အား ႏိုးရန္ လုပ္ငန္းစေလသည္။

"အထိန္းေတာ္ႀကီး! ခနလာပါအံုး"

"ဟုတ္ကဲ့ရွင့္ မင္းသမီးေလး ဘာအလိုရိွ"

"ခ်င္းခ်င္းကို ေရေအးေအးေလး သြားယူလာေပးပါေနာ္ ဟီး..."

"မင္းႀကီးကို ေရနဲ႔ပတ္မလို႔လား!"

"သြားယူေပးပါအထိန္းေတာ္ႀကီးရာ"

"ဟုတ္ပါၿပီ မင္းႀကီးစိတ္ဆိုးရင္
ကြၽန္ေတာ္မ်ိဳးမေၾကာင့္မဟုတ္ဘူးေနာ္"

ခနၾကာေတာ့ ေအးစက္ေနသၫ့္ေရအား ခြက္တစ္ခုထဲ ထၫ့္ကာ ခ်င္းခ်င္းေရ႔ွ ယူလာေပးသၫ့္ အထိန္းေတာ္ႀကီးမ်က္ႏွာက ရႈံ႔မဲ့လ်ွက္။
ေဆာင္းရာသီမို႔ ေရကလဲ ထိလိုက္သည္ႏွင့္ က်င္တက္သြားေလာက္ေအာင္ေအးစက္ပါသည္။

ခ်င္းခ်င္း က ေစာင္ၿခံဳကာ ေကြးေနသၫ့္ ခမည္းေတာ္အား ႏႈတ္ခမ္းေလးလႈပ္ရံုမ်ွၿပံဳးျပလိုက္ပါ၏။

ထို႔ေနာက္ ေစာင္ထူထူအား အသာလွန္ကာ ခမည္းေတာ္၏ ရင္ဘက္ေဖြးေဖြးေပၚ ေရေအးေအးေတြကို အားပါးတရေလာင္းခ်လိုက္ေတာ့သည္။

"အား! ဘုရားေရ! ေအးလိုက္တာ
သမီး ခ်င္းအယ္! "

ခ်မ္းလြန္းလို႔ ကုတင္ေပၚမွာတင္ ေစာင္ပတ္ကာ ေဆြ့ေဆြ့ခုန္ေနသည့္ မင္းႀကီးအား ခ်င္းေရွာင္းႏွင့္ အထိန္းေတာ္အေစခံတစ္သိုက္က ခိုးၾကည့္ကာ ရယ္ေနၾကေတာ့သည္။

"ခစ္ခ္! ခိခစ္ခစ္စ္ ဝမ္ေလးက အိပ္ပုပ္ႀကီးေနလို႔
ခ်င္းခ်င္းက အဲ့လိုလုပ္လိုက္တာ"

"ေတာ္လိုက္တာ ခ်င္းခ်င္း!"

ပုဝါျဖင့္ မ်က္ႏွာသုတ္ရင္း ေရခ်ိဳးခန္းထဲမွ ထြက္လာသၫ့္ေရွာင္က်န႔္က တစ္ကိုယ္လံုး ရႊဲရႊဲစိုေနသၫ့္ ဝမ္ရိေပၚအားၾကၫ့္ကာ ၿပံဳးစိစိ။

"ရိေပၚ ! သြား! မ်က္ႏွာသြားသစ္ေတာ့
တစ္ကိုယ္လံုးလဲ စိုရႊဲေနၿပီ အေအးမိေတာ့မယ္"

"Babe! ကိုယ့္ကိုေရခ်ိဳးေပးေလ"

"ဝမ္ရိေပၚ!!"

"အဲ! စတာ စတာ! ကိုယ့္ပါ့ကိုယ္ခ်ိဳးပါ့မယ္"

တစ္ေန့တစ္ျခား babeက ပိုေဒါသႀကီးေလးျဖစ္လာ၏။
ရိေပၚမွာ ေရွာင္က်န႔္ သူ႔အား 'ဝမ္ရိေပၚ!!' ဟု ခပ္တင္းတင္း ေခၚလိုက္ေလလ်ွင္ အၿမႇီးေလးကို ကုတ္ေနေအာင္ ေၾကာက္ရရွာသည္။

"ခ်င္းခ်င္းေလးက အျပင္ထြက္ေနအံုးေနာ္
ပါးပါး ခနေနရင္ထြက္လာခဲ့မယ္"

"ဟုတ္ ပါ့ပါး"

ရိေပၚ ေရခ်ိဳးခန္းထဲ ေစာင္ပတ္ကာ ဝင္သြားသည္ႏွင့္ ေရွာင္က်န႔္က အဝတ္အစား လဲကာ ရိေပၚအတြက္ပါ အတြင္းဝတ္ႏွင့္နဂါးဝတ္ရံုကို ထုတ္ထားေပးလိုက္၏။

ထို႔ေနာက္ ေရခ်ိဳးခန္းတံခါးဝတြင္ မ်က္ႏွာသုတ္ပုဝါတစ္ထည္ကိုင္ကာ ခါးေထာက္လ်ွက္ ေစာင့္ေနလိုက္သည္။

ရိေပၚက ခါးတြင္ တပတ္တစ္ထည္ပတ္ကာ တစ္ေခါင္းလံုး ရႊဲရႊဲစိုလ်ွက္ ထြက္လာၿပီး အေပါက္၀တြင္ရပ္ေနသည့္ ေရွာင္က်န္႔လက္ထဲမွ ပုဝါအား လွမ္းယူကာ ေခါင္းသုတ္ေန၏။
ေရွာင္းက်န္႔ကေတာ့ အလိုမက်သလိုမ်က္ေမွာင္ကုတ္ေနေတာ့သည္။

"ဝမ္ေလး!"

"ဗ်ာ... Babe"

"က်စ္! အေစာႀကီးေခါင္းေလ်ွာ္လာျပန္ၿပီ
အဲ့တာနဲ႔ အေအးမိၿပီးဖ်ားေတာ့မွာပဲ"

ေျပာေျပာဆိုဆို ေရွာင္က်န႔္က ရိေပၚလက္ထဲမွ ပုဝါအား လွမ္းယူကာ ရိေပၚအား ကုတင္ေပၚထိုင္ေနေစလ်ွက္ ေခါင္းသုတ္ေပးလိုက္၏။

ဂရုစိုက္ခံခ်င္၍ တမင္ေခါင္းေလ်ွာ္လိုက္ကာ ေရွာင္းက်န္႔ေခါင္းသုတ္ေပးေနသည္ကို ၿပံဳးၿပံဳးႀကီး ၿငိမ္ခံေနသည့္ ၀မ္ရိေပၚျဖစ္သည္။

......

"ဒီေန့ဘာေန့လဲသိလား
ဝမ္ေလးနဲ႔ေဘဘီ!"

ေရွာင္က်န႔္တို႔ အ၀တ္အစားလဲၿပီးေနာက္ အိပ္ခန္းထဲမွထြက္လာေတာ့ အခန္းဝကေန မင္းသမီးေလး၀မ္ခ်င္းေရွာင္းက ဆီးႀကိဳကာေမး၏။

"လာပါအံုး ပါးပါးရဲ့အလိမၼာတံုးေလး"

ေရွာင္က်န႔္ ခ်င္းေရွာင္းအား ေပြ့ခ်ီလိုက္ေတာ့ ကိုယ္ေပၚမွာ ကားကားေလး ႏွင့္ သူမ၏ လက္ေသးေသေလးႏွစ္ဖက္က ေရွာင္က်န႔္လည္ပင္းအား ျပန္ဖက္ထားပါသည္။

"ဘာေန့လဲ ၊ ဘာျပႆနာရွာထားျပန္ၿပီလဲ
မိခ်င္းအာ!"

ရိေပၚက စာပြဲတြင္ဝင္ထိုင္ကာ ေရႏြေးငဲ့ရင္း ေမးလိုက္သည္။

"ခမည္းေတာ္ကလဲ
ခ်င္းခ်င္းကိုဆို အျပစ္ေျပာဖို႔ခ်ည္းပဲ"

"တစ္ေန့တစ္ေန့ နန္းျပင္ထြက္ၿပီး
ျပႆနာသယ္လာတယ္
ေဟာ....နန္းေတာ္ထဲမွာေနရင္လဲ အပ်ိဳေတာ္ေဆာင္က အပ်ိဳေတာ္ေတြရဲ့အဝတ္ေတြကို ဖြက္လိုဖြက္..
စာဖိုေဆာင္က ဟင္းေတြႏိႈက္စား....
ဟင္းထဲ ဆားေတြသၾကားေတြ
ေလ်ွာက္ထၫ့္လိုထည့္...
ေျပာ! မဟုတ္ဘူးလား"

"အဟီး! ခမည္းေတာ္ကလဲ
ခ်င္းခ်င္းက ေပ်ာ္ေအာင္လို႔စတာကို"

"ေအာ္.....ေပ်ာ္ေအာင္စတယ္ေပါ့
မေပ်ာ္ပဲ နန္းေဆာင္တစ္ခုလံုး ေျဗာင္ဆန္ေနတာေရာ သိရဲ့လား"

"ကဲ! ေတာ္ၾကေတာ့ ၊
ခ်င္းခ်င္းေလး ဒီေန့ဘာေန့လဲ ေျပာပါအံုး ပါးပါးကို"

စကားမ်ားေနတဲ့ လင္ေတာ္ေမာင္ႏွင့္သမီးေတာ္ေၾကာင့္ လိုရင္းကို မေရာက္ေတာ့။
ၾကားထဲက ေရွာင္က်န႔္ကပဲ ဝင္တားလိုက္ရသည္။

"ခမည္းေတာ္နဲ႔ပါ့ပါး ခ်င္းခ်င္းကို ဂတိေပးထားတာ မွတ္မိလား"

"ဘာမ်ားလဲ!"

ရိေပၚက မရိွသည့္ ပါးသိုင္းေမႊးအား ပြတ္ကာ စဥ္းစားသလို လုပ္ေန၏။

"ဟြင့္! ဘိုးဘိုးက်င့္ဖန္း(ေရွာင္က်န႔္၏ ခမည္းေတာ္)တို႔တိုင္းျပည္ဆီ အလည္သြားဖို႔!"

"သြားရမွာေပါ့.....ခ်င္းအာရဲ့"

"အခုသြားမွာခမည္းေတာ္ရ
ဒီမွာၾကၫ့္! ခ်င္းခ်င္း ဘြားေတာ္ခ်ဳပ္ေပးထားတဲ့
အက်ီေလးဝတ္ထားတယ္ ေတြ့လာ့!"

ခ်င္းေရွာင္းေလးက ေရွာင္းက်န္႔ကိုယ္ေပၚကေန ရိေပၚဘက္လွည့္ကာ သူ႔ကိုယ္အား လက္ျဖင့္ ပုတ္ျပပါသည္။

"အခု မအားဘူး"

"ကတိေပးထားၿပီးမွ တည္ရမွာေပါ့ဝမ္ေလးရ!
ခနေနရင္ ပါးပါးတို႔သြားၾကမယ္ေနာ္
ပါးပါးခ်င္းခ်င္းေလး"

ေရွာင္းက်န္႔စကားေၾကာင့္ ခ်င္းေရွာင္းမ်က္ႏွာေလးက ၿပံဳးက်သြားၿပီး ပါးျပင္ကို တမြမြ ငံု႔နမ္းေနေတာ့သည္။

"ေရး.....အဲ့တာေၾကာင့္မို႔လို႔ ပါ့ပါးကိုခ်စ္ေနရတာ အူမြ မြ မြ!"

"ေဟ့! အခု ခ်င္းအယ္နမ္းေနတဲ့ပါးေတြက ခမည္းေတာ္အပိုင္ေနာ္
ဘိုးဘိုးဆီသြားခ်င္ေသးရင္ အခုနမ္းေနတာရပ္
မဟုတ္ရင္ေတာ့ ဟင္း ဟင္း"

လက္သီးေထာင္ျပသည့္ ရိေပၚအား ခ်င္းေရွာင္းက လ်ွာျပန္ထုတ္ျပ၏။

"နမ္းေတာ့ဘူး!
ခ်င္းခ်င္း အစ္ကိုေတာ္ယြီေလးဆီ သြားလိုက္အံုးမယ္"

ရိေပၚက ပိတ္ေဟာက္လိုက္ေတာ့ ခ်က္ခ်င္းပဲ ခ်င္းေရွာင္းေလးက ေရွာင္က်န႔္ကိုယ္ေပၚမွခုန္ဆင္းကာ ေျမာက္ႂကြေျမာက္ႂကြႏွင့္ထြက္သြားေလသည္။

"မင္းသမီးေလး! ေျဖးေျဖးသြားပါရွင္ ေခ်ာ္လဲေနမျွဖင့္"

ျပႆနာအိုးေလး ထြက္သြားသည္ႏွင့္ အေနာက္မွ အထိန္းေတာ္ႀကီးႏွင့္ အေစခံမ်ား ဝတ္ရံုစ မွ ကာ ေျပးလိုက္ရေလသည္။

ဒီသမီးတစ္ေယာက္နဲ႔ေတာ့ ခက္သည္။
ေယာကၡမႀကီးတိုင္းျပည္ေရာက္ရင္လည္း
ဘာျပႆနာရွာအံုးမည္မသိ။

"ေယာက္်ား! နံနက္စာစားေတာ့မလား"

"အင္း! babeခြံ႔ေကြၽး"

"ဟြန္း!
မ်န္မ်န႔္! "

"ရွန္! လာပါၿပီ က်န႔္ေလး!
နံနက္စာ ျပင္လာဖို႔မို႔လား ၊မ်န္မ်န႔္ အေစခံေတြကို ခိုင္းထားတယ္ အဟီး"

"မ်န္မ်န႔္ကဘယ္ေတြသြားေနတာလဲ"

"မင္းသားေလး ၀မ္က်ိရႊမ္းဆီ ..ဟဲဟဲ"

>>>>>>>
<<<<<<<
TBC

Continue Reading

You'll Also Like

108K 7.7K 40
အဖြူရောင်လေး ဒါပေမယ့် အချိန်ဆိုတဲ့ပန်းချီဆရာက ဆေးရောင်စုံ ရေးခြယ်သွားတယ်......။ #Zhanyi fanfiction❣️ အျဖဴေရာင္ေလး ဒါေပမယ့္ အခ်ိန္ဆိုတဲ့ပန္းခ်ီဆရာက ေဆ...
172K 26.4K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
71.4K 7.2K 17
စစ်သူကြီးရဲ့ ဇနီးလေးက အရမ်းကို အလိုက်သိပြီး လိမ္မာရေးခြားရှိတာပဲနော် စစ္သူႀကီးရဲ႕ ဇနီးေလးက အရမ္းကို အလိုက္သိၿပီး လိမၼာေရးျခားရွိတာပဲေနာ္
97.9K 5.7K 46
ហេតុអីចក្រវាលនេះតម្រូវឲ្យមនុស្សដែលមិនគួរជួបគ្នាសោះ បានឆ្លងសម័យកាលមកជួបនិងស្រលាញ់គ្នា ហើយចុងក្រោយក៏បញ្ចប់ដោយម្នាក់ត្រូវចាកចេញ និងម្នាក់ទៀតចំណាយពេលមួយជ...