Unicode
နောက်တစ်နေ့နံနက်စောစော၌
အဆောင်ပြတင်းပေါက် သစ်ပင်ပေါ်တွင်
အသိုက်ဆောက်လုပ်ကာနေထိုင်သော
ငှက်ဝါလေးများ၏ တကျိကျိအော်သံကြောင့်
အမြဲမိုးစင်စင်လင်းမှ အိပ်ယာထတတ်သော
ရှောင်းကျန့်တစ်ယောက် နိုးထလာခဲ့ပါသည်။
"နိုးလာပြီလား ကျန့်လေး"
အိပ်ဆောင် အပြင်ဘက်ထွက်လာခဲ့တော့
ဖယောင်းတိုင်မီးခွက်ထွန်းနေသည့် မျန်မျန့်မှ မေးလာ၏။
"အင်းမျန်မျန့်....ဘယ်နှစ်နာရီလောက်ရှိပြီိလဲ"
"အစောကြီးရှိပါသေးတယ် အပြင်မှာခုမှအလင်းရောင်သမ်းတုန်း"
"ဩ...မျန်မျန့်က အစောကြီးနိုးနေပါလား"
"အမြဲ စောစောထရလို့ ကျင့်သားရနေပါပြီရှင့်
ရေနွေးလေးသောက်လိုက်ပါဦး"
'ဂွီ'
ကြွေရေခွက်လေးထဲမှ ငှဲ့ပေးထားသော ရေကြည်အား ယူကာမော့သောက်နေစဥ်
လူမနိုးခင် အရင်အသံပေးလေ့ရှိသော ဗိုက်ထဲမှ အသံတစ်ခုကြောင့် မျန်မျန့်ကအလိုက်သိစွာ
ပြုံးလျှက်
"အင်း ဒါဆိုမျက်နှာသစ်ထားလိုက်နော်...
မျန်မျန့် မုန့်အချိုပွဲ သွားယူပေးမယ်"
ရှောင်ကျန့်က မျန်မျန့်အားခေါင်းငြိမ့်ပြရင်း
အတွင်းခန်းထဲ၀င်ကာ မျက်နှာသစ်လေသည်။
ဟွန့်! ဒီမှာသွားတိုက်တံနဲ့သွားတိုက်ဆေးလဲမရှိဘူးရယ်၊ဆားနဲ့ပဲတိုက်ရတယ်။
အော်....ငါလေးဘဝကလဲ မိဖုရားသာပြောတယ် လှောင်အိမ်ထဲကငှက်ကလေးကျနေတာပဲ
အပြင်တောင်မထွက်ရဘူး.....
Waitt!! နေဦး!
ငါအပြင်ထွက်အုံးမှ အထဲမှာနေရတာ မွှန်းကျပ်တယ်,
"ကျန့်လေး လာထိုင်၊
ဒီမှာလေ
တောင်ပိုင်းကအမတ်တစ်ချို့ယူလာပေးတဲ့
စွံပလွံသီးခြောက်နဲ့ စပျစ်သီးခြောက်တွေ၊
သူတို့ကမယ်တော်ကြီးအတွက် ယူလာပေးကြတာ မယ်တော်ကြီးက ရှောင်းအာအတွက် ဆိုပြီး ပို့ပေးလိုက်တာလေ"
"တကယ်....အရသာရှိမဲ့ပုံလေး
မျန်မျန့်လဲစားလေ"
"ရလားဟင်"
"ရတာပေါ့ မျန်မျန့်ရဲ့"
"ဒါဆို များများစားမှာ "
"အင်း
မျန်မျန့်က ငါ့ကို ဘယ်အချိန်တည်းက
ခစားလာတာလဲဟင်"
"ကျန့်လေး ဟိုးငယ်ငယ်လေးတည်းကပေါ့"
"ဟမ်! ဟုတ်လား
ဒါဆိုရင် မျန်မျန့်
ငါ့အကြောင်းတွေအကုန်သိတယ်ပေါ့"
"သိတာပေါ့ မျန်မျန့်ကကျန့်လေးထက် ၅နစ်ပိုကြီးတယ်လေ ကျန့်လေးကခုမှ၂၁နစ်ပဲရှိသေးတာ၊
မျန်မျန့်က ကျန့်လေး လေးဖက်ကုန်းအရွယ်ကတည်းကစသိတာ၊ပီးတော့ ....
မျန်မျန့် ရှောင်းကျန့်အနားကပ်ပြီး တိုးတိုးလေးပြောလိုက်သည်က
"ကျန့်လေးက ယောက်ျားလေးဆိုတာလဲသိတယ်"
"သိတယ်လား ၊ဒါနဲ့မျန်မျန့် မေးစရာအများကြီးရှိတယ် ...
မိဖုရားတွေကလေ ဒိလိုမျိုး အဆောင်မှာပဲအမြဲနေရတာလား
အပြင်ထွက်ခွင့် မရှိဘူးလား"
"ထွက်လို့တော့ရပါတယ် ဒါပေမဲ့ ဒီနားဝန်းကျင်ပဲခွင့်ပြုထားတာ၊
တော်ဝင်ပန်းခြံနဲ့ နန်းတော်ဥယာဉ်လိုမျိုးနေရာမျိုးတွေပေါ့"
"ဩ....နန်းတော်အပြင်ရောထွက်လို့မရဘူးလား"
"မရဘူး!!!အဲ့တာကအဓိကပဲ မင်းကြီးက နန်းတွင်းသူနန်းတွင်းသားတွေကိုတောင် အလွယ်တကူနန်းပြင်ထွက်ခွင့်မပြုထားဘူး၊ဥပမာ-ဆေးဝါးလိုအပ်တာတို့ ကျန်းမာရေးမကောင်းတာတို့ဖြစ်မှထွက်ခိုင်းတာ
မယ်တော်ကြီးဆိုရင်တောင်မှ အပြင်မထွက်ရဘူး နန်းတော်ထဲမှာပဲတရားအားထုတ်ဖို့ သီးသန့်အဆောင်လုပ်ထားပေးတာလေ
မိဖုရားဆိုရင် ပိုတောင်ထွက်ခွင့်ပြုမှာမဟုတ်ဘူး"
"အော် အင်းပါ"
ရှောင်းကျန့် ခေါင်းသာ တွင်တွင်ငြိမ့်ပေမဲ့ နန်းပြင်ထွက်ဖို့ စိတ်ထဲကနေ ကြိတ်ကာ ကြံစည်နေသတဲ့၊မျန်မျန့်ကိုတော့ပြောလို့ရမှာမဟုတ်ဘူး။
ခုပဲကြည့် နန်းပြင်မထွက်ဖို့ဥပမာတွေတောင်ပေးသွားတာ၊
ကိုယ့်ဟာကိုယ်နည်းလမ်းရှာထွက်ရမယ် အဟွန်း။
"ကျန့်လေးကိုလဲမျန်မျန့်ကမေးစရာရှိသေးတယ်"
"မေးလေ ငါသိတာအကုန်ပြောပြမယ်"
"ဟိုလေ ကျန့်လေးနာမည်က ရှောင်းဖန်းမဟုတ်လား ဘာလို့ကျန့်လေးလို့ခေါ်ခိုင်းတာလဲ"
"မျန်မျန့်စဉ်းစားကြည့် ရှောင်းဖန်းဆိုတာ မိန်းခလေးနာမည်လေ ၊ငါကယောက်ျားလေးဆိုတော့...."
အတော်ကြာ စဥ်းစားပြီးနောက် မျန်မျန့်မျက်လုံးလေးများ လက်ခနဲဖြစ်သွားကာ
"ရှောင်းကျန့်ပေါ့"
"ဒါပဲလေ"
နှစ်ယောက်သား အပြန်အလှန်မေးကာ ရယ်နေလိုက်ကြတာ ရောင်နီသမ်းသည်အထိပင်။
"ရှောင်းကျန့် ရှောင်းကျန့် လှတယ် နာမည်လေးက"
မျန်မျန့်က ရှောင်းကျန့်နာမည်ကို တီးတိုးရေရွတ်လိုက်၏။
"မျန်မျန့်ရေ မင်းကြီးနာမည်ကရော"
ရှောင်းကျန့်အား ကြောင်ကြည့်နေသည့်မျန်မျန်၏ မေးရိုးကြီးများက ကြမ်းပြင်ပေါ် ပြုတ်ကျမတက် ။
"ငိ...ကျန့်လေးက မင်းကြီးရဲ့မိန်းမပဲဖြစ်နေပီ၊
ခုထိ ကိုယ့်လင်နာမည်ကို မသိဘူးလား"
"မသိလို့မေးတာပေါ့ဗျာ
ပြီးတော့ သူကရုပ်တည်ကြီးနဲ့ ရေခဲရိုက်ထားသလိုဖြစ်နေတာ
ဘယ်သူကမေးရဲမှာလဲ"
"အရှင်မင်းကြီးနာမည်က ဝမ်ရိပေါ်တဲ့ "
"အရှင်မင်းကြီးကြွချီလာပါပီ!"
"ဟမ်!!!"
အထိန်းတော်ယွီပင်း၏ ငယ်သံပါနေသောအော်သံကြောင့် အနီးနားရှိ ချိုးငှက်တစ်သိုက်မှ ငှက်အချို့အတောင်ပံတစ်ဖျက်ဖျက်ခက်ကာ ပျံပြေးကုန်ကြသလို
အခန်းတွင်းရှိ နှစ်ယောက်မှာလဲ အံ့အားသင့်သွားကြတယ်။
ဒီဘုရင်အသက်ရှည်အုံးမယ်၊သူ့အကြောင်းပြောနေတုန်းရှိသေး ရောက်ချလာတယ်,
"အစောကြီးရှိသေးတယ် မင်းကြီးက
ဘာလာလုပ်တာလဲမသိဘူး"
မျန်မျန့်က စူပုတ်ပုတ်လေး ပြောလာသည်။
ဘုရင်တွေက ဒီလိုပဲအစောကြီးနိုးတတ်တာလား?,
"မျန်မျန့်ရေ အရင်ကလဲ သူဒီလိုပဲ လာနေကျလား?"
"မလာပါဘူး ၊
မဟုတ်ဘူး တစ်ခါမှကိုမလာတာသိလား
ကုန်ကုန်ပြောရရင်
မင်္ဂလာဦးညပြီးကတည်းက အနောက်ဆောင်ကို
ခြေဦးတောင်မချတော့တာလေ၊
မဂ်လာဦးညကလဲ မျန်မျန့်ရဲ့ကျန့်လေးကို
ထိတောင်ထိရဲ့လားမသိဘူး။
မိဖုရားလုပ်ကြံခံရတယ်ဆိုမှ ခနရောက်လာတာ"
ကျွီ~~ဒုန်း!!
မျန်မျန့်က ဘုရင်အား မထီမဲ့မြင်ကြည့်ကာ အရိုအသေပေးပြီး တံခါးအား ဆောင့်ပိတ်သွားလေသည်။
"မိဖုရားနိုးနေပြီလား
ကိုယ်တော်က ခုထိအိပ်နေတုန်းလားလို့"
နှစ်ယောက်တည်းရှိနေမှန်းသိတော့
ရှောင်ကျန့်က ငြိမ်နေပြီး ရိပေါ်ကတော့
ထိန်းမရအောင်မျက်နှာက ပြုံးတုံ့တုံ့လုပ်နေ၏။
"မအိပ်ပါဘူး ဒီအချိန်ကလူထတဲ့အချိန်ပါ"
"အော်ဟော် ဟုတ်လား
ဟိုနေ့တုန်းကတော့ ကိုယ်တော်
ညီလာခံသိမ်းပြီး ပြန်လာတာတောင်
မထသေးဘူးဆို"
"ဗျာ မဟုတ်ပါဘူး ဟွန့်
အဲ.....အဲ့တုန်းက...
နဲ...နဲနဲခေါင်းမကြည်လို့မထသေးတာ
အဲ့တော့ဘာဖြစ်လဲပြော"
"ဘာမှမဖြစ်ပါဘူးဗျာ အံ့သြလို့ပါ ...
အင်း ဒီနေ့ရာသီဥတုသာယာမယ်ထင်တယ်နော်"
"ဘာဖြစ်လို့....!"
ရှောင်ကျန့်ဟာ ထိုင်ခုံမှာပြန်ပီးဖြဲကားထိုင်ကာ စွံပလွံသီးအားဇိန်ပြေနပြေထိုင် တူဖြင့်ညှပ်ကာ စားနေ၏။
"ကာလနဂါးက အစောကြီးနိုးနေလို့လေ"
"အော်.....
ဘာ!
ဘယ်သူ့ကိုကာလနဂါးလို့ပြောလိုက်တာလဲ
ငါ့ကိုလား!"
"သိရင်ပြီးတာပဲလေ"
၀ုန်းခနဲ ကျုံးထကာ တရှူးရှူးတရှားရှားဖြစ်နေသည့် ယုန်လေးအား ခြင်္သေ့ဘုရင်ကြီးက မျက်တောင်မခက် ကြည့်နေပါ၏။
"ဝမ်ရိပေါ် ရေခဲတုံးကောင်၊
လူညစ်ပတ် အကျင့်မကောင်းတဲ့ကောင်
ငါ့ကိုများ ကာလနဂါးတဲ့၊
မင်းကျတော့ရော...နှစ်တစ်ထောင်ရေခဲတုံးကြီး"
"ကိုယ်တော်က တစ်ချို့သော
အိပ်ပုပ်ကြီးတွေလို
အော်ကြီးဟစ်ကျယ်မလုပ်တတ်ဘူးနော်
မင်းအမျိုးအနွယ်တွေဆိုတာ သိက္ခာရှိရှိနေရတယ်"
"မင်း! မင်း! ဘုရင်စုတ် မင်းကိုငါသတ်မယ်
ရေခဲတုံးကောင် လာစမ်း!"
ရိပေါ်က ရွဲ့သလိုလို ပြောလိုက်တော့
ရှောင်ကျန့် ချက်ချင်းနားလည်သွားကာ မျက်နှာတစ်ပြင်လုံး နီရဲပြီး ဒေါသတွေပါ တထောင်းထောင်းထွက်နေလေသည်။
ရိပေါ်ကတော့ နီရဲနေသည့် ယုန်ပေါက်အားကြည့်၍စိတ်ထဲမှ ခိုးရယ်နေတော့၏။
"သူများကိုမသတ်ခင် ဓားပဲကိုင်တတ်အောင် လေ့ကျင့်ပါလား ဟင်!"
"ဝမ်!ရိ!ပေါ်! ဘဝင်ရူးကောင် စပ်ဖြဲဖြဲနဲ့...မင်း ပြန်လာခဲ့စမ်း
တွေ့မယ် ဟင်းဟင်း
ငါဓားရေးကျင့်ပြီး ဒင်းကိုအနိုင်ယူပြမယ်"
"ကိုယ်တော်ကို မှီအောင် ကြိုးစားလိုက်ပါဦး
ချစ်မိဖုရားရဲ့"
ခေါင်းမော့ရင်ကော့ကာ အောင်နိုင်သူအပြုံးဖြင့်
အိန္ဒြေမပျက် ထွက်ခွါသွားသော
မင်းကြီးဝမ်ရိပေါ်၏ အနောက်တွင် ကျန်နေခဲ့သောသူ့၏မိဖုရားကြီးရှောင်ဖန်း(ရှောင်ကျန့်)ကတော့ အမျိုးမျိုးကြိမ်ဆဲကာ
သူ့အား မေတ္တာတွေအဆက်မပျက်ပို့နေတော့သည်။
"ကျန့်လေး မင်းကြီးရဲ့ညီတော်ရောက်လာတယ်
ကျန့်လေးနဲ့တွေ့ချင်လို့တဲ့"
မျန်မျန့်က အခန်းတွင်း ၀င်လာကာ အကြောင်းကြား၏။
"လာပြန်ပြီ နောက်တစ်ကောင်
ဟိုဘဝင်ရူးဘုရင်လိုမျိုး အကျင့်ရှိလား
အရင်က သူနဲ့က ဆုံဖူးလို့လား"
ရင်ဘက်လေး လက်နှင့်ဖိကာ ဒေါသဖြေနေသည့် ရှောင်းကျန့်က ရေခနခနတောင်းသောက်နေရသည်။
ထွက်လာတဲ့ဒေါသတွေကို
ရေနဲ့အတူ ပြန်မျှောချနေရတယ်လေ။
"အရင်ကတော့ ခနခနတွေ့ဖူးပါတယ်
သူက သဘောကောင်းတယ် ၊
မင်းကြီးလိုတော့ အမြဲမျက်နှာသေနဲ့မနေဘူး
ရူပါကတော့ ရှယ်ဖြောင့်
ချောချက်က ဒီနိုင်ငံမှာ အရှင်မင်းကြီးပြီးရင်
သူက ဒုတိယအချောဆုံး
ဟိုဥစ္စာ..... နာမည်က ဘာတဲ့"
အော် သူ့မေးပါတယ်ဆိုမှ သူကလဲမသိဘူးတဲ့ ကောင်းတာကွယ်,
"သိပြိီ!! နာမည်က ဝမ်ဟောက်ရွှမ်း(ရွှယ်ရန်)တဲ့၊သူက ကိုယ်လုပ်တော်ရဲ့သားလေ
သူ့ရဲ့မယ်တော်အရင်းကကမွေးပီးပီးချင်း
မီးတွင်းထဲမှာတင် ဆုံးသွားရှာတော့
မယ်တော်ကြီးကမွေးစားထားတာ"
"မိဖုရားရှောင်း ဝင်လာလို့ရလား"
အပြင်မှလူတစ်ယောက်၏အသံကြောင့် ပြောနေသည့် စကားစတောင်ပြတ်သွားရသည်။
"ဝင်ခဲ့ပါ"
ထိုသူက ရှောင်ကျန့်ဆီလျှောက်လာပီး
"မတွေ့တာတောင်ကြာပြီးနော် မိဖုရားရှောင်း"
မျန်မျန့်ကတော့ ထုံးစံအတိုင်း အပြင်ရှောင်ထွက်သွားခဲ့သည်။
အကယ်၍ ဟောက်ရွှမ်းကသာ ရှောင်ကျန့်ကိုသတ်ဖို့လာတာဆိုလျှင် အခုချိန်လောက်ဆို သူကူရာကယ်ရာမဲ့နေလောက်ပြီ။
အဲ့လောက်ထိ မျန်မျန့်က သူ့အနားအရိပ်လို
အမြဲကပ်နေတာပါ။
"အာ...အင်း"
ရှောင်းကျန့် ပုခုံးအား လာဖက်သူကြောင့် အီလည်လည်ဖြင့် ပြန်ဖက်လိုက်ရသည်။
"အော် ငါမေ့သွားတာကွာ
မင်းက အတိတ်မေ့နေတာပဲ"
"ငါ ဘာတစ်ခုမှမမှတ်မိတော့ဘူး"
ဟောက်ရွှမ်းက ခေါင်းအသာငြိမ့်ပြလိုက်ကာ ပုခုံးပေါ်မှလက်အား ဖယ်လိုက်ပြီး ထိုင်ခုံတွင် သူ့အိမ်သူယာလို ၀င်ထိုင်လိုက်သည်မှာ လစ်ခနဲ။
"ထားပါ ငါပြောပြမှာပေါ့ ၊
ငါကမင်းအခင်ဆုံးသူငယ်ချင်းဝမ်ဟောက်ရွှမ်းပါ
မင်းအကြောင်းအကုန်သိ!
ပြီးတော့ မင်းလင်ရဲ့ညီအရင်းခေါက်ခေါက်ကြီး"
"လင်ဆိုတာကြီး ထည့်မပြောစမ်းပါနဲ့ကွာ
တကယ်အမြင်ကတ်လို့၊
မင်းကအကုန်သိတယ်ဆိုတော့ ငါယောက်ျားလေးဆိုတာရော..."
"သိတယ် အကုန်သိတာ၊
သိတာမှ မင်းရဲ့အူမချေးခါး ကအစ.....
နေစမ်းပါအုံး မင်း
အရင်ကငါ့အစ်ကိုတော်ကို အရမ်းအနွံတာခံ
ချစ်ပြီး ခုမှဘာထဖြစ်တာ~~"
"ငါအရင်ကလား၊
ထွီ အော့ အဲ့ရေခဲရိုက်ထားတဲ့ကောင်ကိုလား၊
ခုတော့မချစ်တော့ဘူး
ပြောင်စပ်စပ်နဲ့မျက်နှာပိုးကိုမသေဘူး"
"ထူးဆန်းတယ်နော် အမြဲရေခဲရိုက်မျက်နှာနဲ့
အစ်ကိုယ်တော်က မင်းနဲ့ကျမှ
ပြောင်စပ်စပ်ဆိုတော့ အဟင်း..."
"သွားစမ်းပါ...
မင်းကရော ဒီကို လာတာဘာကိစ္စ"
"အော် မေ့တော့မလို့၊
ငါအခုနန်းပြင်ထွက်မှာလိုက်အုံးမလားလို့၊
ထားပါလေ
မင်းကအမြဲဒီလိုပဲ လိုက်မဲ့ပုံမပေါ်ဘူး"
"ငါလိုက်မယ် လိုက်မယ်လို့"
ဟောက်ရွှမ်း၀တ်ရုံစအား လက်ဖြင့်အတင်းဆွဲနေသည့် ရှောင်းကျန့်က သူ့ဆန္ဒအါး မလိုက်လျောမချင်း လွှတ်ပေးမည့်ပုံမပေါ်ပါ။
"တကယ်ကြီးလား"
"အင်း! မင်းအပြင်ထွက်မှာ
ဟိုဘုရင်စုတ်ရောသိလား"
"အစ်ကိုတော် မသိအောင်ခိုးထွက်ရတာပေါ့ကွာ
မဟုတ်ရင် ကြိမ်ဒဏ်ပေးခံရမှာ"
"အဲ့လိုလား "
"အင်း
ငါ နန်းဆောင်နောက်မှာစောင့်နေမယ် သိလား
ရှောင်ဖေး
မင်းက အစေခံတွေအလစ်မှာ
ချောင်းပြီးထွက်လာခဲ့"
ဟောက်ရွှမ်းက ရှောင်ကျန့်အနားကပ်ကာ ခပ်တိုးတိုးတိုင်ပင်တော့သည်။
"စိတ်ချပါ
ငါသေချာပေါက်လာခဲ့မယ်"
မင်းသားဝမ်ဟောက်ရွှမ်းပြန်ထွက်သွားသည်နှင့် ရှောင်ကျန့်တစ်ယောက် အပြင်ထွက်ရဖို့အကြံထုတ်လေ၏ ။
"မျန်မျန့် ဒီကိုခနလာပါအုံး"
"လာပါပြီကျန့်လေး ဘာများခိုင်းစရာရှိလို့လဲ"
ရှောင်းကျန့်က သူစားမကုန်သည့် မုန့်ခြောက်များအား ပန်းကန်ချင်းထပ်ကာ မျ်မျန့်လက်ထဲသို့ ထည့်ပေးလိုက်ပြီး
"ဒီမုန့်တွေ ကျန့်လေးစားမကုန်လို့
အပြင်ကအစေခံတွေကိုဝေပေးလိုက်ပါအုံး
ပြီးတော့ အပြင်ထွက်လက်စနဲ့ တစ်ခါတည်း
နှင်းဆီအနီရင့်ရင့်၁ဝပွင့်လောက်ယူလာပေးနော်
အလှပန်းအိုးထိုးချင်လို့"
"amm...နှင်းဆီပန်းသွားယူဖို့ဆိုရင်
နဲနဲကြာမယ်နော် ငြိမ်ငြိမ်ထိုင်နေခဲ့အုံးနော်"
"တစ်လှမ်းမှမရွေ့ဘူး စိတ်ချနော်"
မျန်မျန့်ထွက်သွားပီးနောက်မှာ ရှောင်ကျန့်
အပြောနှင့်အလုပ်ညီစွာ ပြတင်းပေါက်မှတစ်ဆင့် လွှားခနဲ ခုန်ထွက်ပြီး အနောက်ဖက်ဆီသို့ တစ်ချိုးတည်း ပြေးလေ၏။
မျန်မျန့်ပြန်လာချိန် ရှောင်းကျန့်အား မတွေ့ရလျှင် အာပြဲကြီးနှင့် ရှောင်းကျန့်နာမည်ခေါ်၍ နန်းတော်ပက်ကာ အရူးမီး၀ိုင်း လိုက်ရှာနေတော့မည်မှာ မြင်ယောင်သေးသည်။
"စောင့်နေရတာကြာပြီလား ဟောက်ရွှမ်း"
"အင်းရှောင်ဖေး
အတော်တော့ကြာနေပြီ
မင်းခိုးထွက်လာတာဘယ်သူမြင်သွားသေးလဲ"
"ဘယ်သူမှမမြင်အောင်ထွက်လာခဲ့တာပေါ့ ဒါနဲ့ ဘယ်အပေါက်ကတိုးပီး ထွက်ရမှာလဲ"
"အောက်ကမတိုးရဘူး ဒီအုတ်တံတိုင်းအပေါ်ကနေ ကုတ်ဖက်တက်ရမှာ"
ဟေက်ရွှမ်းက နန်းတော်အား ကာရံထားသည့်တံတိုင်းကြီးကို ပုတ်ပြကာ မချိုပြုံးပြုံးနေ၏။
"ဟင်!ဒီနံရံအမြင့်ကြီးကိုလား လှေကားလေးဘာလေးမရှိဘူးလားကွာ"
"မရှိဘူး ငါကတော့ တက်တတ်တယ်
မင်းကတော့မတက်တတ်လောက်ဘူး"
တက်တတ်မှာပေါ့
မင်းကနေ့တိုင်းခိုးထွက်နေကျပဲကို ,
ငါလေး အပေါ်တက်ရင်း ပြုတ်ကျလို့ ခြေတွေလက်တွေကျိုးကုန်မှဖြင့် ၊ မားမားမွေးထားတုန်းက ချောချောလှလှလေးရယ်,
"ဟောက်ရွှမ်း ဟိုနားမှာလေ တုံးအကြီးကြီးတစ်ခုငါတွေ့ထားတယ်
အဲ့သစ်တုံးကြီးသွားမ;ပီး ဒီမှာချထား
ပြီးရင် နံရံပေါ်တက်~~
မကောင်းဘူးလား"
"သစ်တုံးကဘယ်လောက်ကြီးလို့လဲ "
ရှောင်ကျန့်က သူတွေ့ထားတဲ့သစ်တုံးကြီးအားမင်းသားဟောက်ရွှမ်းကိုပြပီး
နှစ်ယောက်သားမနိုင်မနင်း
ကုန်းကုန်းကွကွဖြင့် မ;ကြလေသည်။
အမလေး မထင်ထားဘူး ငါမင်းသားဖြစ်လာတာ ၂၁နှစ်ရှိပီး ၊တစ်ခါမှဒီလိုအပင်ပန်းမခံဖူးဘူး၊
ဒီကောင့်ကျမှငါ့လိုမင်းသားကိုခိုင်းစားနေတယ် ,
"အားယား မောလိုက်တာကွာ
အလေးရီးပဲ"
"မင်းပဲမောနေ ငါကျ မမောရဘူး
လျှာကြောရှည်မနေနဲ့ တက်မှဖြင့်တက်"
"အေးပါကွာ တက်ပြီတက်ပြီ"
ရှောင်ကျန့်ကအရင်တက်သွားကာ တစ်ဖက်ဆီသို့ ရောက်ရှိသွား၍ ဘုတ်! ဟူသောအသံလေးပါ တစ်ဆက်တည်းကြားလိုက်ရ၏။
"ဟိုကောင်ရှောင်းဖေး သေပြီလား "
"အာ့ရိုး ကျိုးပါပီ ငါ့မီးညှောင့်ရိုးလေး၊
ငါ့ဖင်လေးနာသွားပြီ"
"မသေလောက်ပါဘူးကွာ ကျိုးရုံလောက်ပဲ ဖြစ်မှာပါ"
နံရံပေါ်မှ ခုန်ချကာ ဟောက်ရွှမ်းက ရှောင်းကျန့်ကိုခါးထောက်ကြည့်နေပါသည်။
ငါ့မှာဒီလောက်ကောင်းတဲ့သူငယ်ချင်းရှိမှန်းမသိခဲ့ဘူး၊ငါဒီလေါက် နာကျင်နေတာကို ဆွဲထူမပေးဘဲ ရပ်ကြည့်နေတယ်!,
"ပြောမနေနဲ့ ငါမထနိုင်တော့ဘူးကွ လာကူပါအုံး ကြည့်နေနိုင်ရက်တယ်နော် မင်း!"
ဝမ်ဟောက်ရွှမ်းက ပြောကာမှ ရှောင်ကျန့်အား လက်မောင်းအရင်းမှ ဆွဲကာ ထစေလိုက်၏။
ရှောင်ကျန့်ကတော့ ဖင်လေးပွတ်ကာ ထော့နဲ့ထော့နဲ့ဖြင့် ဟောက်ရွှမ်းအနောက်မှ လိုက်ပါသွားလေသည်။
>>>>>>>>>>
<<<<<<<<<<
(TBC)
....
Zawgyi
ရေနွေးလေးသောက်လိုက်ပါဉီး"
'ဂွီ'
ပြုံးလျှက်
အပြင်တောင်မထွက်ရဘူး.....
Waitt!! နေဦး!
"ကျန့်လေး လာထိုင်၊
ဒီမှာလေ
မျန်မျန့်လဲစားလေ"
"ရလားဟင်"
"ရတာပေါ့ မျန်မျန့်ရဲ့"
"ဒါဆို များများစားမှာ "
"အင်း
ခစားလာတာလဲဟင်"
"ဟမ်! ဟုတ်လား
ဒါဆိုရင် မျန်မျန့်
"အော် အင်းပါ"
"ရှောင်းကျန့်ပေါ့"
"ဒါပဲလေ"
"မသိလို့မေးတာပေါ့ဗျာ
ဘယ်သူကမေးရဲမှာလဲ"
"ဟမ်!!!"
ဘာလာလုပ်တာလဲမသိဘူး"
"မလာပါဘူး ၊
ကုန်ကုန်ပြောရရင်
မဂ်လာဉီးညကလဲ မျန်မျန့်ရဲ့ကျန့်လေးကို
ကျွီ~~ဒုန်း!!
"မိဖုရားနိုးနေပြီလား
"အော်ဟော် ဟုတ်လား
မထသေးဘူးဆို"
"ဗျာ မဟုတ်ပါဘူး ဟွန့်
အဲ.....အဲ့တုန်းက...
အဲ့တော့ဘာဖြစ်လဲပြော"
"ဘာဖြစ်လို့....!"
"အော်.....
ဘာ!
ငါ့ကိုလား!"
"သိရင်ပြီးတာပဲလေ"
အိပ်ပုပ်ကြီးတွေလို
ရေခဲတုံးကောင် လာစမ်း!"
တွေ့မယ် ဟင်းဟင်း
"ကိုယ်တော်ကို မှီအောင် ကြိုးစားလိုက်ပါဉီး
ချစ်မိဖုရားရဲ့"
အိန္ဒြမေပျက် ထွက်ခွါသွားသော
ထွက်လာတဲ့ဒေါသတွေကို
သူက သဘောကောင်းတယ် ၊
သူက ဒုတိယအချောဆုံး
ဟိုဥစ္စာ..... နာမည်က ဘာတဲ့"
"သိပြီ!! နာမည်က ဝမ်ဟောက်ရွှမ်း(ရွှယ်ရန်)တဲ့၊သူက ကိုယ်လုပ်တော်ရဲ့သားလေ
"ဝင်ခဲ့ပါ"
အမြဲကပ်နေတာပါ။
"အာ...အင်း"
"အော် ငါမေ့သွားတာကွာ
မင်းက အတိတ်မေ့နေတာပဲ"
မင်းအကြောင်းအကုန်သိ!
တကယ်အမြင်ကတ်လို့၊
"သိတယ် အကုန်သိတာ၊
နေစမ်းပါအုံး မင်း
"ငါအရင်ကလား၊
ခုတော့မချစ်တော့ဘူး
"သွားစမ်းပါ...
"အော် မေ့တော့မလို့၊
ထားပါလေ
"တကယ်ကြီးလား"
"အဲ့လိုလား "
"အင်း
ရှောင်ဖေး
"စိတ်ချပါ
ရှောင်းကျန့်က သူစားမကုန်သည့် မုန့်ခြောက်များအား ပန်းကန်ချင်းထပ်ကာ မ်ျမျန့်လက်ထဲသို့ ထည့်ပေးလိုက်ပြီး
"အင်းရှောင်ဖေး
အတော်တော့ကြာနေပြီ
တက်တတ်မှာပေါ့
ငါလေး အပေါ်တက်ရင်း ပြုတ်ကျလို့ ခြေတွေလက်တွေကျိုးကုန်မြှဖင့် ၊ မားမားမွေးထားတုန်းက ချောချောလှလှလေးရယ်,
ပြီးရင် နံရံပေါ်တက်~~
မကောင်းဘူးလား"
ကုန်းကုန်းကွကြွဖင့် မ;ကြလေသည်။
"အားယား မောလိုက်တာကွာ
အလေးရီးပဲ"
လျှာကြောရှည်မနေနဲ့ တက်မြှဖင့်တက်"
ငါ့ဖင်လေးနာသွားပြီ"
>>>>>>>>>>
<<<<<<<<<<
(TBC)