ကိုယ်ဝန်နဲ့ မိန်းမစိုးလေး

By karryphyo

151K 11.6K 402

Title The eunuch is pregnant Type Web Novel (CN) Genre Adult Comedy Fantasy Gender Bender Historical Josei M... More

Description (Unicode)
Description (Zawgyi)
အပိုင်း၁(Uni)
အပိုင္း၁ (Zawgyi)
အပိုင်း ၂ (Uni)
အပိုင္း ၂(Zawgyi)
အပိုင်း၃(Uni)
အပိုင္း၃(Zawgyi)
အပိုင်း ၄ (Uni)
အပိုင္း ၄ (Zawgyi)
gp
အပိုင်း ၅ (Uni)
အပိုင္း၅(Zawgyi)
အပိုင်း ၆(Uni)
အပိုင္း ၆ (Zawgyi)
အပိုင်း ၇(Uni)
အပိုင္း ၇(Zawgyi)
အပိုင်း၈(Uni)
အပိုင္း ၈(Zawgyi)
အပိုင်း၁၀(Uni)(Zawgyi)
အပိုင်း ၁၁(Uni)(Zawgyi)
အပိုင်း ၁၂(Uni)(Zawgyi)
အပိုင်း ၁၃(Uni)(Zawgyi)
အပိုင်း၁၄(Uni)(Zawgyi)
အပိုင်း ၁၅(Uni)(Zawgyi)
အပိုင်း ၁၆(Uni)(Zawgyi)
အပိုင်း ၁၇(Uni)(Zawgyi)
အပိုင်း ၁၈ (Uni) (Zawgyi)
အပိုင်း ၁၉(Uni)(Zawgyi)
အပိုင်း ၂၀(Uni)(Zawgyi)
အပိုင်း ၂၁(Uni)(Zawgyi)
အပိုင်း ၂၂(Uni)(Zawgyi)
အပိုင်း ၂၃(Uni)(Zawgyi)
အပိုင်း ၂၄(Uni)(Zawgyi)
အပိုင်း ၂၅(Uni)(Zawgyi)
အပိုင်း၂၆(Uni)(Zawgyi)
အပိုင်း ၂၇(Uni)(Zawgyi)
အပိုင်း ၂၈(Uni)(Zawgyi)
အပိုင်း ၂၉(Uni)(Zawgyi)
အပိုင်း၃၀(Uni)(Zawgyi)
အပိုင်း ၃၁(Uni)(Zawgyi)
အပိုင်း ၃၂ (Uni)(Zawgyi)
အပိုင်း ၃၃(Uni)(Zawgyi)
အပိုင်း ၃၄(Uni)(Zawgyi)
အပိုင်း ၃၅(Uni)(Zawgyi)
အပိုင်း ၃၆ (Uni)(Zawgyi)
အပိုင်း၃၇(Uni)(Zawgyi)
အပိုင်း၃၈(Uni)(Zawgyi)
အပိုင်း ၃၉(Uni)(Zawgyi)
အပိုင်း၄၀ (Uni)(Zawgyi)
အပိုင်း ၄၁(Uni)(Zawgyi)
အပိုင်း ၄၂(Uni)(Zawgyi)
အပိုင်း ၄၃(Uni)(Zawgyi)
အပိုင်း၄၄(Uni)(Zawgyi)
အပိုင်း ၄၅(Uni)(Zawgyi)
အပိုင်း ၄၆(Uni)(Zawgyi)
အပိုင်း၄၇(Uni)(Zawgyi)
အပိုင်း ၄၈(Uni)(Zawgyi)
အပိုင်း၄၉(Uni)(Zawgyi)
အပိုင်း၅၀(Uni)(Zawgyi)
အပိုင်း ၅၁(Uni)(Zawgyi)
အပိုင်း ၅၂ (Uni)(Zawgyi)
အပိုင်း ၅၃(Uni)(Zawgyi)
အပိုင်း၅၄ (Uni)(Zawgyi)
အပိုင်း ၅၅(Uni)(Zawgyi)
အပိုင်း ၅၆(Uni)(Zawgyi)
အပိုင်း၅၇(Uni)(Zawgyi)
အပိုင်း ၅၈ (Uni)(Zawgyi)
အပိုင်း ၅၉(Uni)(Zawgyi)
အပိုင်း ၆၀(Uni)(Zawgyi)
သီတင်းကျွတ် ပရိုမိုးရှင်း
အပိုင်း ၆၁(Uni)(Zawgyi)
အပိုင်း ၆၂(Uni)(Zawgyi)
အပိုင်း ၆၃(Uni)(Zawgyi)
အပိုင်း ၆၄(Uni)(Zawgyi)
အပိုင်း ၆၅(Uni)(Zawgyi)
အပိုင်း ၆၆၊၆၇ (Uni)(Zawgyi)
အပိုင်း ၆၈၊၆၉၊၇၀ (Uni)(Zawgyi)
အပိုင်း ၇၁၊၇၂၊၇၃ (Uni)(Zawgyi)
ပရိုမိုးရှင်း
အပိုင်း ၇၄၊၇၅၊၇၆(Uni)(Zawgyi)
အပိုင်း ၇၇၊၇၈၊၇၉ (Uni)(Zawgyi)
အပိုင်း ၈၀၊၈၁၊၈၂(Uni)(Zawgyi)
အပိုင်း ၈၃၊၈၄၊၈၅(Uni)(Zawgyi)
အပိုင်း ၈၆၊၈၇၊၈၈(Uni)(Zawgyi)
အပိုင်း ၈၉၊၉၀(Uni)(Zawgyi)
promotion 🎉🎉
အပိုင်း ၉၁ ၊၉၂ (Uni)(Zawgyi)
အပိုင်း ၉၃၊၉၄(Uni)(Zawgyi)
အပိုင်း ၉၅၊၉၆
အပိုင်း ၉၇၊၉၈
အပိုင်း ၉၉၊၁၀၀
အပိုင်း ၁၀၁၊၁၀၂
အပိုင်း ၁၀၃၊၁၀၄
အပိုင်း ၁၀၅၊၁၀၆
အပိုင်း ၁၀၇၊၁၀၈
အပိုင်း ၁၀၉၊၁၁၀
အပိုင်း ၁၁၁၊၁၁၂
အပိုင်း ၁၁၃၊၁၁၄
အပိုင်း ၁၁၅၊၁၁၆
အပိုင်း ၁၁၇၊၁၁၈
အပိုင်း ၁၁၉၊၁၂၀
အပိုင်း ၁၂၁ ၊၁၂၂
အပိုင်း ၁၂၃၊၁၂၄
အပိုင်း ၁၂၅၊၁၂၆
အပိုင်း ၁၂၇၊၁၂၈
အပိုင်း ၁၂၉၊၁၃၀
အပိုင်း ၁၃၁၊၁၃၂
အပိုင်း ၁၃၃၊၁၃၄
အပိုင်း ၁၃၅၊၁၃၆
အပိုင်း ၁၃၇၊၁၃၈
အပိုင်း ၁၃၉၊၁၄၀
အပိုင်း ၁၄၁၊၁၄၂
အပိုင်း ၁၄၃၊၁၄၄
အပိုင်း ၁၄၅၊၁၄၆
အပိုင်း ၁၄၇၊၁၄၈
အပိုင်း ၁၄၉ ၊၁၅၀
အပိုင်း ၁၅၁၊၁၅၂
အပိုင်း ၁၅၃၊၁၅၄
အပိုင်း ၁၅၅၊၁၅၆
အပိုင်း ၁၅၇ ၊၁၅၈
အပိုင်း ၁၅၉၊၁၆၀
အပိုင်း ၁၆၁၊၁၆၂
New Year Promotion
အပိုင်း ၁၆၃၊၁၆၄
အပိုင်း ၁၆၅ ၊၁၆၆
အပိုင်း ၁၆၇၊၁၆၈
အပိုင်း ၁၆၉၊၁၇၀
အပိုင်း ၁၇၁၊၁၇၂
အပိုင်း ၁၇၃၊၁၇၄
အပိုင်း ၁၇၅၊၁၇၆
အပိုင်း ၁၇၇၊၁၇၈
အပိုင်း ၁၇၉၊၁၈၀
promotion!!
အပိုင်း ၁၈၁၊၁၈၂
အပိုင်း ၁၈၃၊၁၈၄
အပိုင်း ၁၈၅၊၁၈၆
အပိုင်း ၁၈၇၊၁၈၈
အပိုင်း ၁၈၉၊၁၉၀

အပိုင်း၉(Uni)(Zawgyi)

1.7K 151 2
By karryphyo

သူ့ရဲ့ပွေ့ဖက်မှုကို ခံရခြင်း 

လန်ဂျင်းယွိက တုန်လှုပ်သွားသည်။  သူ အဓိပ္ပါယ်မရှိတဲ့ ကိစ္စတစ်ခုကို လုပ်ခဲ့တယ်ဆိုတာ မယုံနိုင်ဘူး ။

ငယ်စဉ်ကလေးဘဝက ခံစားရတဲ့ ဒဏ်ရာတွေကြောင့် သူ မိန်းမတွေကို တကယ်မကြိုက်တာ။  ဒါပေမယ့် သူစိတ်ဝင်စားတဲ့ လိင်အမျိုးအစားကိုတော့ သူသိတယ်။  သူ ယောက်ျားတွေကို မကြိုက်ဘူး


ဘာကြောင့်လဲ?  သူ ဘာလို့ မိန်းမစိုးတစ်ယောက်ကို နမ်းလိုက်တာလဲ?

ဖြစ်နိုင်တာက ဒီမိန်းမစိုးက အရသာရှိတဲ့ အစားအစာနဲ့ တူနေလို့ သူ စိတ်မထိန်းနိုင်ခဲ့တာလား? 

လန်ဂျင်းယွိက အရမ်းစိတ်အနှောင့်အယှက်ဖြစ်သလိုခံစားလိုက်ရတယ် ။  သူက လဲ့ယောင်းယောင်းကို ခြိမ်းခြောက်ဖို့ မကြိုးစားတော့ပေ ။  ယခုချိန် သူ့မျက်နှာမှာ အံ့ဩနေတဲ့ အမူအရာတစ်ခုသာ ရှိတော့သည်။

လဲ့ယောင်းယောင်းက သူ့စိတ်ရှုပ်ထွေးနေသော အကြည့်၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို သဘာဝအတိုင်း နားမလည်ခဲ့ပေ။  သူမ သတိထားမိတဲ့တစ်ခုကတော့ လန်ဂျင်းယွိက တော်တော်ကို မိန်းမောတွေဝေနေတယ်

ဒါက လွတ်မြောက်ဖို့ အကောင်းဆုံးအခွင့်အရေးပဲ !  သူမကိုသတ်ဖို့ စိတ်ရှုပ်နေတဲ့အချိန်ကနေ ရုန်းထွက်တဲ့အထိ စောင့်ရင် သူမရူးနေလို့ပဲ ။  ဘယ်လိုမှမဖြစ်နိုင်ဘူး !

ဒါကိုတွေးရင်း လဲ့ယောင်းယောင်းက သူ့ခန္ဓာကိုယ်ထဲကို Adrenaline တွေ စီးဆင်းနေတာကို ခံစားလိုက်ရတယ်။  သူမ ဒီမာရ်နတ်အနားက  လွတ်မြောက်ဖို့ အစွမ်းကုန်ကြိုးစားမယ်လို့ ဆုံးဖြတ်လိုက်တယ်။  မထင်မှတ်ပဲ၊ သူမအစီအစဉ်ကို အကောင်အထည်မဖော်ခင်မှာ လန်ဂျင်းယွိက  သားကောင်ကို ပိတ်လှောင်ထားသလိုမျိုး...သူမကိုဖမ်းဆွဲထားတယ်
T/N ; Adrenaline - စိတ်လှုပ်ရှားတဲ့အခါ ခန္ဓာကိုယ်က ထွက်တဲ့အရည်တစ်မျိုး

မျက်လုံးကို တင်းတင်းမှိတ်ထားရင်း လဲ့ယောင်းယောင်းက အော်ဟစ်လိုက်တယ် ။ ငရဲမင်းက သူမကို သတ်တော့မယ်လို့ထင်လိုက်တယ်။

ဒါပေမယ့် သူမမျှော်လင့်ထားတဲ့ နာကျင်မှုက ဘယ်တော့မှ ရောက်မလာပါဘူး။  သူမရဲ့ ဦးနှောက်က အရင်အတိုင်းပဲ။

အဲ့ဒီအစား သူမ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားခံလိုက်ရတယ် ။  နောက်တော့ ကောင်းကင်တစ်ခုလုံးက ပြင်းထန်စွာ ရွေ့လျားသွားသည်။

ဒီလို ရူးကြောင်ကြောင်လည်နေတာက အလွန်ပြင်းထန်တာကြောင့် သူမဦးနှောက်က ရွှံ့အဖြစ်သို့ပြောင်းသွားသလိုခံစားရစေသည်။  မင်းသား ယွေ့ ဘာမှားနေလဲဆိုတာ သူမ မသိဘူး ။

သူ လူးလှိမ့်ဖို့ ခုန်အုပ်တာဆိုရင်လည်း ဒီနေရာအစား ကုတင်ကိုရွေးသင့်တယ်။  သူဘာလို့ ကြမ်းပြင်ပေါ် လူးလိမ့်ချင်ရတာလဲ?  ကြမ်းပြင်က ဒီလောက်မာတာကို...!

သူမ စိတ်ထဲ ငြီးတွားနေချိန်တွင် “ဝှစ်” ဆိုတဲ့ အသံက ရုတ်တရက် သူမနားထဲ တိုးဝင်လာသည်။  စူးရှသော အရာဝတ္ထုတစ်ခု ဖြတ်သွားတဲ့ အသံလိုပဲ ။ လဲ့ယောင်းယောင်း သူမအရင်ရပ်နေတဲ့ နေရာကို လှည့်ကြည့်လိုက်သောအခါတွင် သူမ၏ နှလုံးသား တင်းကျပ်သွားသည်ကို ခံစားလိုက်ရသည်။

သူမမြင်လိုက်ရတာက သူမရပ်နေခဲ့တဲ့ နေရာမှာ ချွန်ထက်သောမြှားတစ်စင်း စိုက်ဝင်နေတာဖြစ်သည် ။

ကြွေပြားများကို ထုံးကျောက်ဖြင့် ပြုလုပ်ထားသည်။  ဒါကြောင့်ထုထည်ကသိပ်သည်းပြီး အလွန်မာတယ် ။  ဒါပေမယ့် ဒီချွန်ထက်တဲ့ မြှားတစ်စင်းက တကယ်ကို ထိုးဖောက်သွားတယ်။ ဒီ မြှားသာ သူမခန္ဓာကိုယ်​​ပေါ်စိုက်ဝင်သွားခဲ့ရင်​တော့လား .......

အဲ့ဒါကိုတွေးရင်း လဲ့ယောင်းယောင်း တုန်လှုပ်သွားသည် ။  သူမရဲ့ မျက်လုံးဝိုင်းဝိုင်းကြီးတွေက ကြောက်ရွံ့မှုတွေ ပြည့်နှက်နေတယ်။

သူမဆက်ပြီး ကြောက်လန့်မနေနိုင်ခင်မှာ သူမတစ်ကိုယ်လုံး တုန်လှုပ်သွားပြန်တယ်။  အထုပ်တစ်ထုပ်လိုပဲ သူမက ဆွဲမခံလိုက်ရတယ် ။

သို့သော် ယခုတစ်ကြိမ်တွင် မင်းသား ယွေ့က သူမကိုသတ်ဖို့ မကြိုးစားကြောင်း သိလိုက်ရတာကြောင့် သူမ ငြိမ်သက်သွားခဲ့သည်။  ဒါပေမယ့် သူမ မတ်တပ်ရပ်ပြီး လှည့်ကြည့်လိုက်တော့ ရင်တွေတဆတ်ဆတ်တုန်သွားခဲ့တယ်

မာမားရေ သမီးတို့က တီဗီဒရာမာထဲ ရောက်နေတာများလား ?!

  အနက်ရောင်ဝတ် လူသတ်သမား တစ်ဒါဇင်ကျော် သူတို့ရှေ့မှာ ရုတ်တရက် ပေါ်လာတယ်။  သူတို့တစ်ဦးစီတွင် ချွန်ထက်သောလက်နက်တစ်ခုစီ ကိုင်ဆောင်ထားကြသည်။

အဖွဲ့ကို ဦးဆောင်သူက မြှားမဲ့လေးတစ်ချောင်းကို ကိုင်ဆောင်ထားသည်။  သူက မြှားပစ်သူဖြစ်သည်မှာ ထင်ရှားသည်။

လဲ့ယောင်းယောင်းက အနက်ရောင် ၀တ်စုံနဲ့ လုပ်ကြံသတ်ဖြတ်သူ၏ မျက်လုံးများကို ကြည့်လိုက်သည် ။  သူတို့၏ မျက်လုံးများသည် သတ်ရန် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေပါသည်။  အကယ်၍ မျက်လုံးများနဲ့သာ သတ်နိုင်ခဲ့ပါက လန်ဂျင်းယွိက ယခုအချိန်တွင် သေသွားပြီဖြစ်သည် ။

လုပ်ကြံသတ်ဖြတ်သူတွေက လန်ဂျင်းယွိဆီ လာမှန်းအသိသာကြီးပင် ။ လက်ရှိအချိန်မှာတော့ လဲ့ယောင်းယောင်းက အဖွဲ့ခေါင်းဆောင်ကို အော်ဟစ်ကျိန်ဆဲချင်နေခဲ့တယ်။

f**ker!  နည်းနည်းလေး ပိုဂရုတစိုက်နဲ့ မချိန်နိုင်ဘူးလား?  နင် လူမှားပစ်မိတော့မယ်ဟဲ့!

လန်ဂျင်းယွိသာ ဘာမှမလုပ်ခဲ့ဘူးဆိုရင်၊ သူမ နောက်ထပ်သေသွားနိုင်ပါတယ်။

ဟမ့်... ဒါကိုတွေးရင်း လဲ့ယောင်းယောင်းက ခေါင်းကိုမော့ပြီး သူမတင်ပါးနားက ပွေ့ချီထားတဲ့လူကို မော့ကြည့်လိုက်တယ်။

သူက အရပ်အရမ်းရှည်တာပဲ ။   သူမကို ပွေ့ချီလိုက်တဲ့အချိန်တုန်းက သူမ ငှက်ကလေးတစ်ကောင်လို ခံစားလိုက်ရတယ်။

...................................................................

Zawgyi

သူ႕ရဲ႕ေပြ႕ဖက္မႈကို ခံရျခင္း 

လန္ဂ်င္းယြိက တုန္လႈပ္သြားသည္။  သူ အဓိပၸါယ္မ႐ွိတဲ့ ကိစၥတစ္ခုကို လုပ္ခဲ့တယ္ဆိုတာ မယုံႏိုင္ဘူး ။

ငယ္စဥ္ကေလးဘဝက ခံစားရတဲ့ ဒဏ္ရာေတြေၾကာင့္ သူ မိန္းမေတြကို တကယ္မႀကိဳက္တာ။  ဒါေပမယ့္ သူစိတ္ဝင္စားတဲ့ လိင္အမ်ိဳးအစားကိုေတာ့ သူသိတယ္။  သူ ေယာက်္ားေတြကို မႀကိဳက္ဘူး


ဘာေၾကာင့္လဲ?  သူ ဘာလို႔ မိန္းမစိုးတစ္ေယာက္ကို နမ္းလိုက္တာလဲ?

ျဖစ္ႏိုင္တာက ဒီမိန္းမစိုးက အရသာ႐ွိတဲ့ အစားအစာနဲ႔ တူေနလို႔ သူ စိတ္မထိန္းႏိုင္ခဲ့တာလား? 

လန္ဂ်င္းယြိက အရမ္းစိတ္အေႏွာင့္အယွက္ျဖစ္သလိုခံစားလိုက္ရတယ္ ။  သူက လဲ့ေယာင္းေယာင္းကို ၿခိမ္းေျခာက္ဖို႔ မႀကိဳးစားေတာ့ေပ ။  ယခုခ်ိန္ သူ႕မ်က္ႏွာမွာ အံ့ဩေနတဲ့ အမူအရာတစ္ခုသာ ႐ွိေတာ့သည္။

လဲ့ေယာင္းေယာင္းက သူ႕စိတ္႐ႈပ္ေထြးေနေသာ အၾကည့္၏ ေနာက္ကြယ္မွ အဓိပၸါယ္ကို သဘာဝအတိုင္း နားမလည္ခဲ့ေပ။  သူမ သတိထားမိတဲ့တစ္ခုကေတာ့ လန္ဂ်င္းယြိက ေတာ္ေတာ္ကို မိန္းေမာေတြေဝေနတယ္

ဒါက လြတ္ေျမာက္ဖို႔ အေကာင္းဆုံးအခြင့္အေရးပဲ !  သူမကိုသတ္ဖို႔ စိတ္႐ႈပ္ေနတဲ့အခ်ိန္ကေန ႐ုန္းထြက္တဲ့အထိ ေစာင့္ရင္ သူမ႐ူးေနလို႔ပဲ ။  ဘယ္လိုမွမျဖစ္ႏိုင္ဘူး !

ဒါကိုေတြးရင္း လဲ့ေယာင္းေယာင္းက သူ႕ခႏၶာကိုယ္ထဲကို Adrenaline ေတြ စီးဆင္းေနတာကို ခံစားလိုက္ရတယ္။  သူမ ဒီမာရ္နတ္အနားက  လြတ္ေျမာက္ဖို႔ အစြမ္းကုန္ႀကိဳးစားမယ္လို႔ ဆုံးျဖတ္လိုက္တယ္။  မထင္မွတ္ပဲ၊ သူမအစီအစဥ္ကို အေကာင္အထည္မေဖာ္ခင္မွာ လန္ဂ်င္းယြိက  သားေကာင္ကို ပိတ္ေလွာင္ထားသလိုမ်ိဳး...သူမကိုဖမ္းဆြဲထားတယ္
T/N ; Adrenaline - စိတ္လႈပ္႐ွားတဲ့အခါ ခႏၶာကိုယ္က ထြက္တဲ့အရည္တစ္မ်ိဳး

မ်က္လုံးကို တင္းတင္းမွိတ္ထားရင္း လဲ့ေယာင္းေယာင္းက ေအာ္ဟစ္လိုက္တယ္ ။ ငရဲမင္းက သူမကို သတ္ေတာ့မယ္လို႔ထင္လိုက္တယ္။

ဒါေပမယ့္ သူမေမွ်ာ္လင့္ထားတဲ့ နာက်င္မႈက ဘယ္ေတာ့မွ ေရာက္မလာပါဘူး။  သူမရဲ႕ ဦးေႏွာက္က အရင္အတိုင္းပဲ။

အဲ့ဒီအစား သူမ တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္ထားခံလိုက္ရတယ္ ။  ေနာက္ေတာ့ ေကာင္းကင္တစ္ခုလုံးက ျပင္းထန္စြာ ေ႐ြ႕လ်ားသြားသည္။

ဒီလို ႐ူးေၾကာင္ေၾကာင္လည္ေနတာက အလြန္ျပင္းထန္တာေၾကာင့္ သူမဦးေႏွာက္က ႐ႊံ႕အျဖစ္သို႔ေျပာင္းသြားသလိုခံစားရေစသည္။  မင္းသား ေယြ႕ ဘာမွားေနလဲဆိုတာ သူမ မသိဘူး ။

သူ လူးလွိမ့္ဖို႔ ခုန္အုပ္တာဆိုရင္လည္း ဒီေနရာအစား ကုတင္ကိုေ႐ြးသင့္တယ္။  သူဘာလို႔ ၾကမ္းျပင္ေပၚ လူးလိမ့္ခ်င္ရတာလဲ?  ၾကမ္းျပင္က ဒီေလာက္မာတာကို...!

သူမ စိတ္ထဲ ၿငီးတြားေနခ်ိန္တြင္ “ဝွစ္” ဆိုတဲ့ အသံက ႐ုတ္တရက္ သူမနားထဲ တိုးဝင္လာသည္။  စူး႐ွေသာ အရာဝတၳဳတစ္ခု ျဖတ္သြားတဲ့ အသံလိုပဲ ။ လဲ့ေယာင္းေယာင္း သူမအရင္ရပ္ေနတဲ့ ေနရာကို လွည့္ၾကည့္လိုက္ေသာအခါတြင္ သူမ၏ ႏွလုံးသား တင္းက်ပ္သြားသည္ကို ခံစားလိုက္ရသည္။

သူမျမင္လိုက္ရတာက သူမရပ္ေနခဲ့တဲ့ ေနရာမွာ ခြၽန္ထက္ေသာျမႇားတစ္စင္း စိုက္ဝင္ေနတာျဖစ္သည္ ။

ေႂကြျပားမ်ားကို ထုံးေက်ာက္ျဖင့္ ျပဳလုပ္ထားသည္။  ဒါေၾကာင့္ထုထည္ကသိပ္သည္းၿပီး အလြန္မာတယ္ ။  ဒါေပမယ့္ ဒီခြၽန္ထက္တဲ့ ျမႇားတစ္စင္းက တကယ္ကို ထိုးေဖာက္သြားတယ္။ ဒီ ျမႇားသာ သူမခႏၶာကိုယ္​​ေပၚစိုက္ဝင္သြားခဲ့ရင္​ေတာ့လား .......

အဲ့ဒါကိုေတြးရင္း လဲ့ေယာင္းေယာင္း တုန္လႈပ္သြားသည္ ။  သူမရဲ႕ မ်က္လုံးဝိုင္းဝိုင္းႀကီးေတြက ေၾကာက္႐ြံ႕မႈေတြ ျပည့္ႏွက္ေနတယ္။

သူမဆက္ၿပီး ေၾကာက္လန္႔မေနႏိုင္ခင္မွာ သူမတစ္ကိုယ္လုံး တုန္လႈပ္သြားျပန္တယ္။  အထုပ္တစ္ထုပ္လိုပဲ သူမက ဆြဲမခံလိုက္ရတယ္ ။

သို႔ေသာ္ ယခုတစ္ႀကိမ္တြင္ မင္းသား ေယြ႕က သူမကိုသတ္ဖို႔ မႀကိဳးစားေၾကာင္း သိလိုက္ရတာေၾကာင့္ သူမ ၿငိမ္သက္သြားခဲ့သည္။  ဒါေပမယ့္ သူမ မတ္တပ္ရပ္ၿပီး လွည့္ၾကည့္လိုက္ေတာ့ ရင္ေတြတဆတ္ဆတ္တုန္သြားခဲ့တယ္

မာမားေရ သမီးတို႔က တီဗီဒရာမာထဲ ေရာက္ေနတာမ်ားလား ?!

  အနက္ေရာင္ဝတ္ လူသတ္သမား တစ္ဒါဇင္ေက်ာ္ သူတို႔ေ႐ွ႕မွာ ႐ုတ္တရက္ ေပၚလာတယ္။  သူတို႔တစ္ဦးစီတြင္ ခြၽန္ထက္ေသာလက္နက္တစ္ခုစီ ကိုင္ေဆာင္ထားၾကသည္။

အဖြဲ႕ကို ဦးေဆာင္သူက ျမႇားမဲ့ေလးတစ္ေခ်ာင္းကို ကိုင္ေဆာင္ထားသည္။  သူက ျမႇားပစ္သူျဖစ္သည္မွာ ထင္႐ွားသည္။

လဲ့ေယာင္းေယာင္းက အနက္ေရာင္ ၀တ္စုံနဲ႔ လုပ္ၾကံသတ္ျဖတ္သူ၏ မ်က္လုံးမ်ားကို ၾကည့္လိုက္သည္ ။  သူတို႔၏ မ်က္လုံးမ်ားသည္ သတ္ရန္ ရည္႐ြယ္ခ်က္မ်ားျဖင့္ ျပည့္ႏွက္ေနပါသည္။  အကယ္၍ မ်က္လုံးမ်ားနဲ႔သာ သတ္ႏိုင္ခဲ့ပါက လန္ဂ်င္းယြိက ယခုအခ်ိန္တြင္ ေသသြားၿပီျဖစ္သည္ ။

လုပ္ၾကံသတ္ျဖတ္သူေတြက လန္ဂ်င္းယြိဆီ လာမွန္းအသိသာႀကီးပင္ ။ လက္႐ွိအခ်ိန္မွာေတာ့ လဲ့ေယာင္းေယာင္းက အဖြဲ႕ေခါင္းေဆာင္ကို ေအာ္ဟစ္က်ိန္ဆဲခ်င္ေနခဲ့တယ္။

f**ker!  နည္းနည္းေလး ပိုဂ႐ုတစိုက္နဲ႔ မခ်ိန္ႏိုင္ဘူးလား?  နင္ လူမွားပစ္မိေတာ့မယ္ဟဲ့!

လန္ဂ်င္းယြိသာ ဘာမွမလုပ္ခဲ့ဘူးဆိုရင္၊ သူမ ေနာက္ထပ္ေသသြားႏိုင္ပါတယ္။

ဟမ့္... ဒါကိုေတြးရင္း လဲ့ေယာင္းေယာင္းက ေခါင္းကိုေမာ့ၿပီး သူမတင္ပါးနားက ေပြ႕ခ်ီထားတဲ့လူကို ေမာ့ၾကည့္လိုက္တယ္။

သူက အရပ္အရမ္း႐ွည္တာပဲ ။   သူမကို ေပြ႕ခ်ီလိုက္တဲ့အခ်ိန္တုန္းက သူမ ငွက္ကေလးတစ္ေကာင္လို ခံစားလိုက္ရတယ္။

🤍30.1.2022🤍

Continue Reading

You'll Also Like

9.3K 1.4K 50
𝖡𝗎𝗋𝗆𝖾𝗌𝖾 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗂𝗈𝗇 𝗈𝖿 "𝖠 𝖫𝗈𝗏𝖾 𝖲𝗉𝖺𝗋𝗄𝖾𝖽 𝖻𝗒 𝖠 𝖯𝖺𝗂𝗋 𝗈𝖿 𝖴𝗇𝖽𝖾𝗋𝗐𝖾𝖺𝗋". 𝖮𝗋𝗂𝗀𝗂𝗇𝖺𝗅 𝖭𝖺𝗆𝖾 : 一条内裤引发的...
4.6K 442 71
ဖတ်ပြီးတာနဲ့နောင်တမရစေမဲ့စာစဥ်ပါရှင်
160K 20.6K 135
လမင်းကြီးဝိုင်းသည်ဖြစ်​စေ မဝိုင်း​တော့ဘူးဖြစ်​စေ ဘာဟာကမှ အ​ရေးမကြီးဘူး ကိုယ်တစ်​ယောက်လုံး မင်း​ဘေးနားမှာရှိ​နေ​ပေးမယ်~~~~
161K 6.6K 35
"you are just a replacement, don't except anything from me" he said "agreed" she said not even bothering him with a glance "you will be my wife in na...