ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့...

Bởi littlegarden22

160K 21.3K 414

မူရင်းစာရေးဆရာ : Shui Qing Zhu, 水清竹 အခြားအမည်များ : Yun Family's Little Nine is Super Mischievous, Unbelievab... Xem Thêm

အကျဉ်းချုပ်
အခန်း(၁) ဘာလို့လဲ
အခန်း(၂) အကြီးကြီးဖမ်းမိခြင်း (Big catch)
အခန်း(၃) ငါ့လက်ကို မထိန်းချုပ်နိုင်လိုက်ဘူး။
အခန်း(၄) အဲ့ဟာလေးက်ို မသေမချင်း ရိုက်သတ်ပြီးတော့ ဆေးလုံးအဖြစ် သန့်စင်လိုက်စမ်း။
အခန်း(၅) လူချောလေး၏ ရောက်ရှိလာမှု
အခန်း(၆) ဆွဲဆောင်မှုရှိတဲ့ မင်းသားလေး၊ ကျွန်မရှင့်ကိုချစ်တယ်။
အခန်း(၇) ကောင်ချောလေး ငါတို့က ထာ၀ရရန်သူတွေပဲ!!!
အခန်း(၈) အိမ်ဖော်မလေး
အခန်း(၉) ငါ့ဆီကြိုးတစ်ချောင်း ယူလာခဲ့ပေး။
အခန်း(၁၀) အပြင်းအထန် ဒေါသထွက်သွားခြင်း
အခန်း(၁၁) နင်ဘာလို့ ငါ့ရှေ့မှာပေါဲမလာဘဲနဲ့ အခြားတစ်နေရာရာကို ထွက်မသွားတာလဲ အမှို
အခန်း(၁၂) ဖိုးဖိုး ဘာလို့သမီးကို မသတ်လိုက်တာလဲ။
အခန်း(၁၃) ရှားပါးရတနာတစ်ခု ပိုင်ဆိုင်ထားခြင်း
အခန်း(၁၄) အာရုံလွှဲခြင်း
အခန်း(၁၅) ခိုးနားထောင်ခြင်း
အခန်း(၁၆) ငါကအဲ့လိုမျိုး မကောင်းတဲ့သူတစ်ယောက်လား။
အခန်း(၁၇) ကျေးဇူးပြုပြီး ငါ့ကိုပါရမီရှင်လို့ခေါဲပါ
အခန်း(၁၈) လူယုတ်မာပိုင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း
အခန်း(၁၉) မျက်စိစပါးမွေးစူးစရာ တစ်ယောက်နှင့် နှင်းဆီလေးတစ်ပွင့်တွေ့ဆုံမိခြင်း
အခန်း(၂၀) နင့်ကိုယ်နင် ဘယ်သူလို့ထင်နေတာလဲ
အခန်း(၂၁) စားစရာအတွက် ဘယ်သူရှင်းမှာလဲ
အခန်း(၂၂) စုယန်ရန်
အခန်း(၂၃) ဒီနေ့နင့်ကို သေတဲ့အထိနှိပ်စက်ပြမယ်။
အခန်း(၂၄) ငါကမလုပ်ဘူးဆိုရင်ကော
အခန်း(၂၅) အလုပ်ကောင်းကောင်းလုပ်ခဲ့တယ်
အခန်း (၂၆) သမီးအတန်းလာတက်တာ
အခန်း(၂၇) ဂျူးလေး မေးစရာများရှိလို့လား
အခန်း(၂၈) ပိုင်မိသားစုရဲ့ ယန်အိမ်တော်သို့ ရောက်ချလာမှု
အခန်း(၂၉) ဒါကခြိမ်းခြောက်နေတာပဲ
အခန်း(၃၀) သူမရင်ဘတ်အောင့်နေတာပဲဖြစ်ရမယ်
အခန်း(၃၁) ယန်ချူးဂျူးဆိုတာ ကလေးဆိုးလေးတစ်ယောက်ပဲ။
အခန်း(၃၂) နှုတ်ဆက်ပါတယ် နင်တို့ကို လိုက်မပို့တော့ဘူးနော်
အခန်း(၃၃) ငွေထုတ်လက်မှတ်များရရှိခြင်း
အခန်း(၃၄) ယန်ချူးဂျူး၏ ရောဂါကုထုံးပို့ချချက်
အခန်း (၃၅) ကျေးဇူးပြုပြီး နောက်တစ်ခါ ထပ်လာပါဦး
အခန်း(၃၆) မိန်းကလေးတွေက ပိုပြီးတော့ ရည်မွန်သင့်တယ်
အခန်း(၃၇) မိုးကြိုးအပစ်ခံရပြီ
အခန်း(၃၈) လူသားမိုးကြိုးချောင်း
အခန်း(၃၉)သူမမှာသေရဲတဲ့ သတ္တိရှိတယ်လား
အခန်း(၄၀) နင့်ရဲ့တစ်မိသားစုလုံးကမှ ရယ်စရာ ကုန်ကြမ်းတွေပဲ။
အခန်း(၄၁)နင်ငါ့ကို တစ်ကယ်ကြိုက်တာလား
အခန်း(၄၂) ကြိီးကျယ်သော လူလိမ်
အခန်း(၄၃) နင်တို့ရဲ့သခင် အိပ်ပျော်နေတယ်
အခန်း(၄၄) အနှေးနဲ့ အမြန် သခင်မလေးက သခင့်ရဲ့အပိုင် ဖြစ်လာမှာပါ။
အခန်း(၄၅) ကျေးဇူးပြုပြီး ကူညီပေးပါနော် ဆွဲဆောင်မှုရှိတဲ့ မင်းသားလေး
အခန်း(၄၆) ဒါဆို တရားခံက နင်ပေါ့
အခန်း(၄၇) နင့်အပြုံးက တစ်ကယ်ရုပ်ဆိုးတာပဲ
အခန်း(၄၈) သာမန်ခေါင်းပြောင် မဟုတ်ရပါဘူး
အခန်း(၄၉) သမီးရဲ့ဆရာက အရမ်းရုပ်ဆိုးတယ်
အခန်း(၅၀) လက်ဖက်ရည်ကြက်ဥတစ်လုံး
အခန်း(၅၁) သနားစရာကောင်းဟန်ဆောင်ခြင်း
အခန်း(၅၂)ယုန်၀တုတ်လေး
အခန်း(၅၃) အစ်မက ကျွန်မနဲ့ နိီးကပ်ချင်လို့လား
အခန်း(၅၄) သတ္တုအရိုး၀က်ဝံ
အခန်း(၅၅) ဒါကညီမအတွက် အစ်မရဲ့အချစ်ပေါ့လေ
အခန်း(၅၆)ငါထင်ထားတာ နင်ကအမှိုက် ဖြစ်ရမှာများလားလို့
အခန်း(၅၇)ငါစားနေတုန်း နင်ကြည့်နေလို့ရတယ်
အခန်း(၅၈)မဖိတ်ခေါဲထားသော ဧည့်သည်များ
အခန်း(၅၉) ငါ့ကိုမင်းရဲ့ဆရာဆီခေါဲသွား
အခန်း(၆၀) နင်ဘယ်တုန်းကများ ဆရာတစ်ယောက် ရသွားတာလဲ
အခန်း(၆၁) နှုတ်သီးကြီး သစ်တောက်ငှက်စိမ်း
အခန်း(၆၂)နတ်ဆိုးသားရဲတို့၏ ပုန်ကန်ထကြွမှု
အခန်း(၆၄)အရည်ထူသော
အခန်း(၆၅) အရောင်ကိုးသွယ် အင်မော်တယ်ဗာမီလီယံငှက်
အခန်း(၆၆)
အခန်း(၆၇+၆၈)
အခန်း(၆၉+၇၀)
အခန်း(၇၁+၇၂)
အခန်း(၇၃+၇၄)
အခန်း(၇၅+၇၆)
အခန်း(၇၇+၇၈)
အခန်း(၇၉+၈၀+၈၁+၈၂)
အခန်း(၈၃+၈၄)
အခန်း(၈၅+၈၆)
အခန်း(၈၇+၈၈)
အခန်း(၈၉+၉၀)
အခန်း(၉၁+၉၂)
အခန်း(၉၃+၉၄)

အပိုင်း(၆၃) ဝေးသထက် ပိုဝေးသွားပြီ

1.4K 239 1
Bởi littlegarden22

အပိုင်း(၆၃) ဝေးသထက် ပိုဝေးသွားပြီ

ဒီအရာအားလုံးက တစ်ခဏလေးအတွင်း ဖြစ်ပျက်သွားခဲ့တာဖြစ်သည်။ ထိုအချိန်မှာ ယန်ချူးဂျူးကို လျို့ဝှက်ပြီးကာကွယ်နေတဲ့ အန်းဖန်အဖို့ သူမကိုကယ်တင်ဖို့ အရမ်းနောက်ကျသွားခဲ့ပြီဖြစ်သည်။

အန်းဖန် ကောင်းကင်ကြီး ပြိုကျလာတော့မယ်လို့ ခံစားလိုက်ရတယ်။

သူမဘယ်ကို သွားသည်ဖြစ်စေ ဘာလို့ထူးဆန်းတဲ့အရာတွေက ဖြစ်လာရတာလဲ။

ဒီနေရာက နတ်ဆိုးသားရဲတောအုပ်ရဲ့ ပထမဆုံးအလွှာပဲ ရှိသေးတယ်။ ဘယ်လိုလုပ်ပြီးတော့ ဒီလို ဧရာမသားရဲလှိုင်းကြီး ရှိနေရတာလဲ။

ပြီးတော့ သူတို့ထဲမှာ အဆင့်ရှစ်နဲ့ အဆင့်ကိုးသားရဲတွေက ရောပါနေကြသည်။ ဒီသားရဲတွေက နယ်မြေအလွှာလေးမှာပဲ ရှိနေသင့်တာ ဘာလို့သူတို့အားလုံးက အပြင်ပိုင်းနယ်မြေအလွှာတစ်ဆီကို ရောက်လာကြတာလဲ။

ကောင်းကင်ကြီးက မှောင်မဲသွားပြီလို့ အန်းဖန်တွေးနေတုန်းမှာပဲ ရုတ်တစ်ရက် သူ့မျက်လုံးတွေ တောက်ပသွားခဲ့သည်။ အဆင့်ကိုးနတ်ဆင်သားရဲရဲ့ ကျောပေါဲမှာ ရှိနေတာ အနက်ရောင် ကောင်မလေးမဟုတ်လား။

အန်းဖန်က သူမနောက်ကို ပြေးလိုက်တော့မယ့် အချိန်မှာပဲ ကြိီးမားတဲ့ သားရဲအုပ်ကြီးက သူ့နောက်ကနေ ပြေးထွက်လာခဲ့သည်။ ထိုသားရဲတွေကြောင့် အန်းဖန်က ယန်ချူးဂျူးဆိီကနေ ပိုဝေးသထက် ဝေးသွားအောင်လို့ တွန်းအားပေးခံလိုက်ရသည်။

အန်းဖန် မတတ်နိုင်စွာဖြင့် ဒိပိုင်မင်အား လျို့ဝှက်စွာညည်းတွားလိုက်မိတယ်။ ဘာလို့သခင်က ကောင်မလေးအသက်အန္တရာယ် ရှိမှသာ သူ့ကိုလှုပ်ရှားစေရတာလဲ။ ဒီကန့်သတ်ချက်ကြောင့်သာ မဟုတ်ခဲ့ရင် အစကတည်းက သူအဲ့ဒီလူတွေကို သတ်ပြီးတော့ ကောင်မလေးကို ရဲ့မြို့တော်ဆီ ပြန်ခေါဲသွားပြီးနေလောက်ပြီ။

ထိုအချိန်မှာတော့ ယန်ချူးဂျူးက ဧရာမနတ်ဆင်ကြီးရဲ့ အမွှေးရှည်ကို ကြောက်အားလန့်အားဖြင့် ဆုပ်ကိုင်ထားနေခဲ့သည်။ ကံကောင်းစွာဖြင့် နောက်ဆုံးအခိုက်အတန့်လေးမှာ သူမရဲ့ခါးပတ်ကို ဖြေလိုက်နိုင်ပြီးတော့ ဒီနတ်ဆိုးသားရဲရဲ့ ကျောပေါဲကို ခုန်တက်နိုင်ခဲ့လို့သာပင်။ မဟုတ်လို့ရှိရင် ဒီဘေဘီလေး သေသွားရလောက်ပြီပင်။

ဧရာမနတ်ဆင်က ကြိီးမားပြီးတော့ သူ့ကျောပေါဲမှာရှိနေတဲ့ ယန်ချူးဂျူးကို ဂရုစိုက်ဖို့ ခွန်အားရှိမနေခဲ့ပေ။ သူကယန်ချူးဂျူးကို စီးခွင့်ပေးထားလိုက်ကာ ဆက်ပြေးနေခဲ့သည်။

လျင်မြန်စွာပင် ယန်ချူးဂျူးက အကြီးအကဲစုနဲ့ အခြားလူတွေကို သစ်ပင်တွေပေါဲမှာ မြင်လိုက်ရသည်။ အကြမ်းအားဖြင့် တစ်ချက်ကြည့်ပြီးနောက်မှာ တိမ်ပြိုလဲဂိုဏ်းကလာတဲ့ လူ‌တွေထဲက အနည်းငယ်လောက်သာ ကျန်ရှိနေခဲ့သည်။ သူတို့တွေက နတ်ဆိုးသားရဲတွေရဲ့ တက်နင်းတာခံရပြီး သေသွားကြတာ ဖြစ်နိုင်သည်။

အကြိီးအကဲစုနဲ့ တစ်ခြားသူတွေကလည်း ယန်ချူးဂျူးကို မြင်လိုက်ကြကာ သူတို့မတတ်နိုင်ဘဲ ကြောင်အသွားခဲ့ကြသည်။

ဘယ်လိုလုပ်ပြီး ယန်ချူးဂျူးက အဆင့်ကိုး ဧရာမနတ်ဆင်ရဲ့ ကျောပေါဲမှာ စီးနေတာလဲ။ ဒီဟာက မယုံနိုင်စရာ ကောင်းလွန်းတယ်။

ထိုအချိန်မှာတော့ အကြီးအကဲစုက ယန်ချူးဂျူးမှာ အံ့အားသင့်စရာကောင်းတဲ့ ဆရာတစ်ယောက်ရှိတယ်ဆိုတာကို ပိုပြီးသေချာသွားတော့သည်။ ယန်ချူးဂျူးက သူမရဲ့ခွန်အားကို ဖုံးကွယ်ထားတာပဲ ဖြစ်ရမယ်။ မဟုတ်ရင် သူမက ဘယ်လိုလုပ်ပြီး ဒီအဆင့်ကိုးရှိတဲ့ နတ်ဆင်ကို ထိန်းကျောင်းနိုင်မှာလဲ။

အခုအချိန်မှာတော့ ယန်ချူးဂျူးက ဆန်အိုးထဲကျသွားတဲ့ ကြွက်တစ်ကောင်လိုပင်။ သူမပျော်နေပေမယ့်လည်း သူမရဲ့ရှေ့မှာက ကပ်ဆိုးတစ်ခုက စောင့်ကြိုနေခဲ့သည်။

ဒီသားရဲတွေ ရပ်တန့်သွားတာနဲ့ သူမအလောင်း မပြည့်မစုံနဲ့ သေရမှာ လုံး၀သေချာသည်။

တစ်ခဏလောက်‌ ပြေးလွှားပြီးနောက်မှာ ဒီနတ်ဆိုးသားရဲတွေက အပြင်ဘက်ကို မပြေးကြဘဲ ရေပြင်ညီအတိုင်း ပြေးလွှားနေကြတာကို ယန်ချူးဂျူး ၀မ်းနည်းဖွယ် ရှာတွေ့သွားခဲ့ရ‌သည်။

ယန်ချူးဂျူးတစ်ယောက် ငိုချင်နေပေမယ့်လည်း မျက်ရည်ကျမလာခဲ့ပေ။ နတ်ဆိုးသားရဲတောအုပ်က အဆုံးမဲ့ကျယ်၀န်းသည်။ တောအုပ်က အသူရာဆန်းကြယ်တိုက်တစ်ခုလုံးကိုဖြတ်ပြီး ဆန့်တန်းနေကာ သူမဘယ်ကိုခေါဲသွားခံရမယ် ဆိုတာကို မသိနိုင်ပေ။

ယန်ချူးဂျူး စိတ်ဆင်းရဲနေတုန်းမှာပဲ အနက်ရောင်အစက်အပြောက် အတော်များများက ကောင်းကင်ပေါဲမှာ ပေါဲလာခဲ့သည်။ ထိုအရာတွေက တစ်ကယ်ပဲ ပျံသန်းရေး စိတ်ဝိညာဉ်ပစ္စည်းတွေ ဖြစ်နေခဲ့ကြသည်။

ထိုပျံသန်းရေး စိတ်ဝိညာဉ်ပစ္စည်းတွေက တိမ်ပြိုလဲဂိုဏ်းက ပစ္စည်းတွေထက် ပိုပြီးတော့အဆင့်မြင့်တဲ့ပုံပေါဲသည်။ ယန်ချူးဂျူး ကြံမိကြံရာစွတ်လုပ်လိုက်သည်။ သူမက သူမအား သတ်မိလုနီးပါး ဖြစ်ခဲ့တဲ့ ခါးပတ်ကို ရှိသမျှ ခွန်အားအကုန်သုံးပြီး ဝှေ့ရမ်းပြလိုက်သည်။

သူမနောက်ဆုံးတော့ ပျော်ရွှင်နိုင်ပြီလို့ ယန်ချူးဂျူး ခံစားလိုက်ရ၏။ ပျံသန်းရေး စိတ်ဝိညာဉ်ပစ္စည် တစ်ခုက သူ့အမြင့်ကို နှိမ့်ချလာခဲ့ကာ ကြိုးတစ်ချောင်း ပစ်ချပေးလိုက်သည်။

ယန်ချူးဂျူးက ကြိုးကိုလျင်မြန်စွာ ဖမ်းယူလိုက်ကာ အရူးအမူးကုပ်တက်တော့သည်။

ထိုအပေါဲက လူတွေက ကြိုးကိုတင်းတင်းဆွဲယူလိုက်ကာ မကြာမီမှာပင် ယန်ချူးဂျူးကို ပျံသန်းရေး စိတ်ဝိညာဉ်ပစ္စည်းတစ်ခုပေါဲသို့ ဆွဲတင်ပေးနိုင်လိုက်သည်။

“ကျေးဇူးတင်ပါတယ် အင်မော်တယ်ကြီးတို့ ကျွန်မရဲ့အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရှင်တို့အားလုံးက လူကောင်းတွေပါပဲ” ယန်ချူးဂျူးက ကျိုးကျိုးနွံနွံနဲ့ သူတို့ကိုကျေးဇူးတင်လိုက်သည်။

“ကောင်မလေး ဘယ်လိုလုပ်ပြီး မင်းလိုစိတ်ဝိညာဉ်စွမ်းအားမရှိတဲ့ သာမန်ကောင်မလေးတစ်ယောက်က ဧရာမနတ်ဆင်ရဲ့ ကျောပေါဲရောက်နေရတာလဲ” လေးထောင့်မျက်နှာနဲ့ လူအိုကြီးတစ်ယောက်က ဇဝေဇဝါနဲ့ မေးလိုက်သည်။

ယန်ချူးဂျူး မတတ်နိုင်ဘဲ အံ့အားသင့်သွားရသည်။ သူမက ရှင်းရှင်းလင်းလင်း ကျင့်ကြံနိုင်ပါတယ်။ ဘာလို့ဒီလူတွေက သူမမှာစိတ်ဝိညာဉ်စွမ်းအား မရှိဘူးဆိုပြီး ပြောနေကြတာလဲ။

ယန်ချူးဂျူးမှာ ထိုအရာကို ဂရုတစိုက် စဉ်းစားကြည့်ဖို့ အချိန်မရှိတာကြောင့် သူမက လျင်မြန်စွာ ပြန်ဖြေလိုက်သည်။ “ကျွန်မက ကျွန်မမိသားစုရဲ့ အစ်ကိုအစ်မတွေနဲ့ လေ့ကျင့်ဖို့ လိုက်လာခဲ့တာပါ။ သားရဲအဓိကရုဏ်းတစ်ခုနဲ့ ကြုံရလိမ့်မယ်လို့ ကျွန်မမမျှော်လင့်ခဲ့မိဘူး”

“ဒါဆိုမင်းက ဧရာမနတ်ဆင်သားရဲရဲ့ ကျောပေါဲကို ဘယ်လိုရောက်သွားတာလဲ”

ယန်ချူးဂျူးက ရှက်ရွံ့စွာပြောလိုက်တယ်။ “ကျွန်မပုန်းနေတဲ့ သစ်ပင်ကို နတ်ဆိုးသားရဲတွေ ၀င်တိုက်တာခံလိုက်ရတယ်လေ။ အဲ့ဒါနဲ့ပဲ အဲ့ဒီဆင်ရဲ့ ကျောပေါဲကို ကျွန်မ‌ကျသွားခဲ့ရတာ။ အင်မော်တယ်ကြီးတို့နဲ့သာ မတွေ့မိခဲ့ရင် ကျွန်မသေသွားနိုင်လောက်တယ်”

လူအိုကြီးက အကျယ်ကြီး အော်ရယ်လိုက်တယ်။ “မင်းကတစ်ကယ် ကံကောင်းတာပဲ ကောင်မလေးရ။ ငါတို့ကို အင်မေယ်တယ်ကြီးတွေလို့ ခေါဲနေတာ ရပ်ပါတော့။ ငါတို့ကအင်မော်တယ်တွေ မဟုတ်ပါဘူး။ ငါတို့တွေက စိတ်ဝိညာဉ်အနှစ်သာရဂိုဏ်းက ကျင့်ကြံသူတွေပါ”

ယန်ချူးဂျူး သူမရဲ့ကံက တစ်ကယ်ပြောင်းလဲသွားတော့မယ်လို့ ခံစားလိုက်ရသည်။ စိတ်ဝိညာဉ်အနှစ်သာရဂိုဏ်းလား။ ဟာဟ ဘာပဲဖြစ်ဖြစ် သူမဒီပေါင်လုံးကြီးကို ဖက်ထားရမယ်။
~~~~~~~

အပိုင္း(၆၃) ေဝးသထက္ ပိုေဝးသြားၿပီ

ဒီအရာအားလံုးက တစ္ခဏေလးအတြင္း ျဖစ္ပ်က္သြားခဲ့တာျဖစ္သည္။ ထိုအခ်ိန္မွာ ယန္ခ်ူးဂ်ူးကို လ်ိဳ႕ဝွက္ၿပီးကာကြယ္ေနတဲ့ အန္းဖန္အဖို႔ သူမကိုကယ္တင္ဖို႔ အရမ္းေနာက္က်သြားခဲ့ၿပီျဖစ္သည္။

အန္းဖန္ ေကာင္းကင္ႀကီး ၿပိဳက်လာေတာ့မယ္လို႔ ခံစားလိုက္ရတယ္။

သူမဘယ္ကို သြားသည္ျဖစ္ေစ ဘာလို႔ထူးဆန္းတဲ့အရာေတြက ျဖစ္လာရတာလဲ။

ဒီေနရာက နတ္ဆိုးသားရဲေတာအုပ္ရဲ့ ပထမဆံုးအလႊာပဲ ရိွေသးတယ္။ ဘယ္လိုလုပ္ၿပီးေတာ့ ဒီလို ဧရာမသားရဲလိႈင္းႀကီး ရိွေနရတာလဲ။

ၿပီးေတာ့ သူတို႔ထဲမွာ အဆင့္ရွစ္နဲ႔ အဆင့္ကိုးသားရဲေတြက ေရာပါေနၾကသည္။ ဒီသားရဲေတြက နယ္ေျမအလႊာေလးမွာပဲ ရိွေနသင့္တာ ဘာလို႔သူတို႔အားလံုးက အျပင္ပိုင္းနယ္ေျမအလႊာတစ္ဆီကို ေရာက္လာၾကတာလဲ။

ေကာင္းကင္ႀကီးက ေမွာင္မဲသြားၿပီလို႔ အန္းဖန္ေတြးေနတုန္းမွာပဲ ရုတ္တစ္ရက္ သူ႔မ်က္လံုးေတြ ေတာက္ပသြားခဲ့သည္။ အဆင့္ကိုးနတ္ဆင္သားရဲရဲ့ ေက်ာေပဲါမွာ ရိွေနတာ အနက္ေရာင္ ေကာင္မေလးမဟုတ္လား။

အန္းဖန္က သူမေနာက္ကို ေျပးလိုက္ေတာ့မယ့္ အခ်ိန္မွာပဲ ႀကီးမားတဲ့ သားရဲအုပ္ႀကီးက သူ႔ေနာက္ကေန ေျပးထြက္လာခဲ့သည္။ ထိုသားရဲေတြေၾကာင့္ အန္းဖန္က ယန္ခ်ူးဂ်ူးဆီကေန ပိုေဝးသထက္ ေဝးသြားေအာင္လို႔ တြန္းအားေပးခံလိုက္ရသည္။

အန္းဖန္ မတတ္ႏိုင္စြာျဖင့္ ဒိပိုင္မင္အား လ်ိဳ႕ဝွက္စြာညည္းတြားလိုက္မိတယ္။ ဘာလို႔သခင္က ေကာင္မေလးအသက္အႏၲရာယ္ ရိွမွသာ သူ႔ကိုလႈပ္ရွားေစရတာလဲ။ ဒီကန႔္သတ္ခ်က္ေၾကာင့္သာ မဟုတ္ခဲ့ရင္ အစကတည္းက သူအဲ့ဒီလူေတြကို သတ္ၿပီးေတာ့ ေကာင္မေလးကို ရဲ့ၿမိဳ႔ေတာ္ဆီ ျပန္ေခဲါသြားၿပီးေနေလာက္ၿပီ။

ထိုအခ်ိန္မွာေတာ့ ယန္ခ်ူးဂ်ူးက ဧရာမနတ္ဆင္ႀကီးရဲ့ အေမႊးရွည္ကို ေၾကာက္အားလန႔္အားျဖင့္ ဆုပ္ကိုင္ထားေနခဲ့သည္။ ကံေကာင္းစြာျဖင့္ ေနာက္ဆံုးအခိုက္အတန႔္ေလးမွာ သူမရဲ့ခါးပတ္ကို ေျဖလိုက္ႏိုင္ၿပီးေတာ့ ဒီနတ္ဆိုးသားရဲရဲ့ ေက်ာေပဲါကို ခုန္တက္ႏိုင္ခဲ့လို႔သာပင္။ မဟုတ္လို႔ရိွရင္ ဒီေဘဘီေလး ေသသြားရေလာက္ၿပီပင္။

ဧရာမနတ္ဆင္က ႀကီးမားၿပီးေတာ့ သူ႔ေက်ာေပဲါမွာရိွေနတဲ့ ယန္ခ်ူးဂ်ူးကို ဂရုစိုက္ဖို႔ ခြန္အားရိွမေနခဲ့ေပ။ သူကယန္ခ်ူးဂ်ူးကို စီးခြင့္ေပးထားလိုက္ကာ ဆက္ေျပးေနခဲ့သည္။

လ်င္ျမန္စြာပင္ ယန္ခ်ူးဂ်ူးက အႀကီးအကဲစုနဲ႔ အျခားလူေတြကို သစ္ပင္ေတြေပဲါမွာ ျမင္လိုက္ရသည္။ အၾကမ္းအားျဖင့္ တစ္ခ်က္ၾကၫ့္ၿပီးေနာက္မွာ တိမ္ၿပိဳလဲဂိုဏ္းကလာတဲ့ လူ‌ေတြထဲက အနည္းငယ္ေလာက္သာ က်န္ရိွေနခဲ့သည္။ သူတို႔ေတြက နတ္ဆိုးသားရဲေတြရဲ့ တက္နင္းတာခံရၿပီး ေသသြားၾကတာ ျဖစ္ႏိုင္သည္။

အႀကီးအကဲစုနဲ႔ တစ္ျခားသူေတြကလည္း ယန္ခ်ူးဂ်ူးကို ျမင္လိုက္ၾကကာ သူတို႔မတတ္ႏိုင္ဘဲ ေၾကာင္အသြားခဲ့ၾကသည္။

ဘယ္လိုလုပ္ၿပီး ယန္ခ်ူးဂ်ူးက အဆင့္ကိုး ဧရာမနတ္ဆင္ရဲ့ ေက်ာေပဲါမွာ စီးေနတာလဲ။ ဒီဟာက မယံုႏိုင္စရာ ေကာင္းလြန္းတယ္။

ထိုအခ်ိန္မွာေတာ့ အႀကီးအကဲစုက ယန္ခ်ူးဂ်ူးမွာ အံ့အားသင့္စရာေကာင္းတဲ့ ဆရာတစ္ေယာက္ရိွတယ္ဆိုတာကို ပိုၿပီးေသခ်ာသြားေတာ့သည္။ ယန္ခ်ူးဂ်ူးက သူမရဲ့ခြန္အားကို ဖံုးကြယ္ထားတာပဲ ျဖစ္ရမယ္။ မဟုတ္ရင္ သူမက ဘယ္လိုလုပ္ၿပီး ဒီအဆင့္ကိုးရိွတဲ့ နတ္ဆင္ကို ထိန္းေက်ာင္းႏိုင္မွာလဲ။

အခုအခ်ိန္မွာေတာ့ ယန္ခ်ူးဂ်ူးက ဆန္အိုးထဲက်သြားတဲ့ ႂကြက္တစ္ေကာင္လိုပင္။ သူမေပ်ာ္ေနေပမယ့္လည္း သူမရဲ့ေရ႔ွမွာက ကပ္ဆိုးတစ္ခုက ေစာင့္ႀကိဳေနခဲ့သည္။

ဒီသားရဲေတြ ရပ္တန္႔သြားတာနဲ႔ သူမအေလာင္း မျပၫ့္မစံုနဲ႔ ေသရမွာ လံုး၀ေသခ်ာသည္။

တစ္ခဏေလာက္‌ ေျပးလႊားၿပီးေနာက္မွာ ဒီနတ္ဆိုးသားရဲေတြက အျပင္ဘက္ကို မေျပးၾကဘဲ ေရျပင္ညီအတိုင္း ေျပးလႊားေနၾကတာကို ယန္ခ်ူးဂ်ူး ၀မ္းနည္းဖြယ္ ရွာေတြ့သြားခဲ့ရ‌သည္။

ယန္ခ်ူးဂ်ူးတစ္ေယာက္ ငိုခ်င္ေနေပမယ့္လည္း မ်က္ရည္က်မလာခဲ့ေပ။ နတ္ဆိုးသားရဲေတာအုပ္က အဆံုးမဲ့က်ယ္၀န္းသည္။ ေတာအုပ္က အသူရာဆန္းၾကယ္တိုက္တစ္ခုလံုးကိုျဖတ္ၿပီး ဆန႔္တန္းေနကာ သူမဘယ္ကိုေခဲါသြားခံရမယ္ ဆိုတာကို မသိႏိုင္ေပ။

ယန္ခ်ူးဂ်ူး စိတ္ဆင္းရဲေနတုန္းမွာပဲ အနက္ေရာင္အစက္အေျပာက္ အေတာ္မ်ားမ်ားက ေကာင္းကင္ေပဲါမွာ ေပဲါလာခဲ့သည္။ ထိုအရာေတြက တစ္ကယ္ပဲ ပ်ံသန္းေရး စိတ္ဝိညာဉ္ပစၥည္းေတြ ျဖစ္ေနခဲ့ၾကသည္။

ထိုပ်ံသန္းေရး စိတ္ဝိညာဉ္ပစၥည္းေတြက တိမ္ၿပိဳလဲဂိုဏ္းက ပစၥည္းေတြထက္ ပိုၿပီးေတာ့အဆင့္ျမင့္တဲ့ပံုေပဲါသည္။ ယန္ခ်ူးဂ်ူး ႀကံမိႀကံရာစြတ္လုပ္လိုက္သည္။ သူမက သူမအား သတ္မိလုနီးပါး ျဖစ္ခဲ့တဲ့ ခါးပတ္ကို ရိွသမ်ွ ခြန္အားအကုန္သံုးၿပီး ေဝ႔ွရမ္းျပလိုက္သည္။

သူမေနာက္ဆံုးေတာ့ ေပ်ာ္ရႊင္ႏိုင္ၿပီလို႔ ယန္ခ်ူးဂ်ူး ခံစားလိုက္ရ၏။ ပ်ံသန္းေရး စိတ္ဝိညာဉ္ပစၥည္ တစ္ခုက သူ႔အျမင့္ကို ႏိွမ့္ခ်လာခဲ့ကာ ႀကိဳးတစ္ေခ်ာင္း ပစ္ခ်ေပးလိုက္သည္။

ယန္ခ်ူးဂ်ူးက ႀကိဳးကိုလ်င္ျမန္စြာ ဖမ္းယူလိုက္ကာ အရူးအမူးကုပ္တက္ေတာ့သည္။

ထိုအေပဲါက လူေတြက ႀကိဳးကိုတင္းတင္းဆြဲယူလိုက္ကာ မၾကာမီမွာပင္ ယန္ခ်ူးဂ်ူးကို ပ်ံသန္းေရး စိတ္ဝိညာဉ္ပစၥည္းတစ္ခုေပဲါသို႔ ဆြဲတင္ေပးႏိုင္လိုက္သည္။

“ေက်းဇူးတင္ပါတယ္ အင္ေမာ္တယ္ႀကီးတို႔ ကြၽန္မရဲ့အသက္ကို ကယ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ရွင္တို႔အားလံုးက လူေကာင္းေတြပါပဲ” ယန္ခ်ူးဂ်ူးက က်ိဳးက်ိဳးႏြံႏြံနဲ႔ သူတို႔ကိုေက်းဇူးတင္လိုက္သည္။

“ေကာင္မေလး ဘယ္လိုလုပ္ၿပီး မင္းလိုစိတ္ဝိညာဉ္စြမ္းအားမရိွတဲ့ သာမန္ေကာင္မေလးတစ္ေယာက္က ဧရာမနတ္ဆင္ရဲ့ ေက်ာေပဲါေရာက္ေနရတာလဲ” ေလးေထာင့္မ်က္ႏွာနဲ႔ လူအိုႀကီးတစ္ေယာက္က ဇေဝဇဝါနဲ႔ ေမးလိုက္သည္။

ယန္ခ်ူးဂ်ူး မတတ္ႏိုင္ဘဲ အံ့အားသင့္သြားရသည္။ သူမက ရွင္းရွင္းလင္းလင္း က်င့္ႀကံႏိုင္ပါတယ္။ ဘာလို႔ဒီလူေတြက သူမမွာစိတ္ဝိညာဉ္စြမ္းအား မရိွဘူးဆိုၿပီး ေျပာေနၾကတာလဲ။

ယန္ခ်ူးဂ်ူးမွာ ထိုအရာကို ဂရုတစိုက္ စဉ္းစားၾကည့္ဖို႔ အခ်ိန္မရိွတာေၾကာင့္ သူမက လ်င္ျမန္စြာ ျပန္ေျဖလိုက္သည္။ “ကြၽန္မက ကြၽန္မမိသားစုရဲ့ အစ္ကိုအစ္မေတြနဲ႔ ေလ့က်င့္ဖို႔ လိုက္လာခဲ့တာပါ။ သားရဲအဓိကရုဏ္းတစ္ခုနဲ႔ ႀကံဳရလိမ့္မယ္လို႔ ကြၽန္မမေမ်ွာ္လင့္ခဲ့မိဘူး”

“ဒါဆိုမင္းက ဧရာမနတ္ဆင္သားရဲရဲ့ ေက်ာေပဲါကို ဘယ္လိုေရာက္သြားတာလဲ”

ယန္ခ်ူးဂ်ူးက ရွက္ရြံ႔စြာေျပာလိုက္တယ္။ “ကြၽန္မပုန္းေနတဲ့ သစ္ပင္ကို နတ္ဆိုးသားရဲေတြ ၀င္တိုက္တာခံလိုက္ရတယ္ေလ။ အဲ့ဒါနဲ႔ပဲ အဲ့ဒီဆင္ရဲ့ ေက်ာေပဲါကို ကြၽန္မ‌က်သြားခဲ့ရတာ။ အင္ေမာ္တယ္ႀကီးတို႔နဲ႔သာ မေတြ့မိခဲ့ရင္ ကြၽန္မေသသြားႏိုင္ေလာက္တယ္”

လူအိုႀကီးက အက်ယ္ႀကီး ေအာ္ရယ္လိုက္တယ္။ “မင္းကတစ္ကယ္ ကံေကာင္းတာပဲ ေကာင္မေလးရ။ ငါတို႔ကို အင္ေမယ္တယ္ႀကီးေတြလို႔ ေခဲါေနတာ ရပ္ပါေတာ့။ ငါတို႔ကအင္ေမာ္တယ္ေတြ မဟုတ္ပါဘူး။ ငါတို႔ေတြက စိတ္ဝိညာဉ္အႏွစ္သာရဂိုဏ္းက က်င့္ႀကံသူေတြပါ”

ယန္ခ်ူးဂ်ူး သူမရဲ့ကံက တစ္ကယ္ေျပာင္းလဲသြားေတာ့မယ္လို႔ ခံစားလိုက္ရသည္။ စိတ္ဝိညာဉ္အႏွစ္သာရဂိုဏ္းလား။ ဟာဟ ဘာပဲျဖစ္ျဖစ္ သူမဒီေပါင္လံုးႀကီးကို ဖက္ထားရမယ္။
~~~~~~~

Đọc tiếp

Bạn Cũng Sẽ Thích

250K 21.1K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
21.6K 1.9K 20
Cover Photo From Pinterest. Credit to Original Uploader. "စာမရီ ကဘယ်အခြေအနေ ဘယ်ဘဝရောက်ရောက်မောင်မောင့်အပိုင်ပဲ။ ဒါကိုကံကြမ္မာကတားမြစ်ရင်တောင်မရနိုင...
1.8M 186K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...
2.9M 189K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022