အပိုင်း(၆၃) ဝေးသထက် ပိုဝေးသွားပြီ

1.4K 239 1
                                    

အပိုင်း(၆၃) ဝေးသထက် ပိုဝေးသွားပြီ

ဒီအရာအားလုံးက တစ်ခဏလေးအတွင်း ဖြစ်ပျက်သွားခဲ့တာဖြစ်သည်။ ထိုအချိန်မှာ ယန်ချူးဂျူးကို လျို့ဝှက်ပြီးကာကွယ်နေတဲ့ အန်းဖန်အဖို့ သူမကိုကယ်တင်ဖို့ အရမ်းနောက်ကျသွားခဲ့ပြီဖြစ်သည်။

အန်းဖန် ကောင်းကင်ကြီး ပြိုကျလာတော့မယ်လို့ ခံစားလိုက်ရတယ်။

သူမဘယ်ကို သွားသည်ဖြစ်စေ ဘာလို့ထူးဆန်းတဲ့အရာတွေက ဖြစ်လာရတာလဲ။

ဒီနေရာက နတ်ဆိုးသားရဲတောအုပ်ရဲ့ ပထမဆုံးအလွှာပဲ ရှိသေးတယ်။ ဘယ်လိုလုပ်ပြီးတော့ ဒီလို ဧရာမသားရဲလှိုင်းကြီး ရှိနေရတာလဲ။

ပြီးတော့ သူတို့ထဲမှာ အဆင့်ရှစ်နဲ့ အဆင့်ကိုးသားရဲတွေက ရောပါနေကြသည်။ ဒီသားရဲတွေက နယ်မြေအလွှာလေးမှာပဲ ရှိနေသင့်တာ ဘာလို့သူတို့အားလုံးက အပြင်ပိုင်းနယ်မြေအလွှာတစ်ဆီကို ရောက်လာကြတာလဲ။

ကောင်းကင်ကြီးက မှောင်မဲသွားပြီလို့ အန်းဖန်တွေးနေတုန်းမှာပဲ ရုတ်တစ်ရက် သူ့မျက်လုံးတွေ တောက်ပသွားခဲ့သည်။ အဆင့်ကိုးနတ်ဆင်သားရဲရဲ့ ကျောပေါဲမှာ ရှိနေတာ အနက်ရောင် ကောင်မလေးမဟုတ်လား။

အန်းဖန်က သူမနောက်ကို ပြေးလိုက်တော့မယ့် အချိန်မှာပဲ ကြိီးမားတဲ့ သားရဲအုပ်ကြီးက သူ့နောက်ကနေ ပြေးထွက်လာခဲ့သည်။ ထိုသားရဲတွေကြောင့် အန်းဖန်က ယန်ချူးဂျူးဆိီကနေ ပိုဝေးသထက် ဝေးသွားအောင်လို့ တွန်းအားပေးခံလိုက်ရသည်။

အန်းဖန် မတတ်နိုင်စွာဖြင့် ဒိပိုင်မင်အား လျို့ဝှက်စွာညည်းတွားလိုက်မိတယ်။ ဘာလို့သခင်က ကောင်မလေးအသက်အန္တရာယ် ရှိမှသာ သူ့ကိုလှုပ်ရှားစေရတာလဲ။ ဒီကန့်သတ်ချက်ကြောင့်သာ မဟုတ်ခဲ့ရင် အစကတည်းက သူအဲ့ဒီလူတွေကို သတ်ပြီးတော့ ကောင်မလေးကို ရဲ့မြို့တော်ဆီ ပြန်ခေါဲသွားပြီးနေလောက်ပြီ။

ထိုအချိန်မှာတော့ ယန်ချူးဂျူးက ဧရာမနတ်ဆင်ကြီးရဲ့ အမွှေးရှည်ကို ကြောက်အားလန့်အားဖြင့် ဆုပ်ကိုင်ထားနေခဲ့သည်။ ကံကောင်းစွာဖြင့် နောက်ဆုံးအခိုက်အတန့်လေးမှာ သူမရဲ့ခါးပတ်ကို ဖြေလိုက်နိုင်ပြီးတော့ ဒီနတ်ဆိုးသားရဲရဲ့ ကျောပေါဲကို ခုန်တက်နိုင်ခဲ့လို့သာပင်။ မဟုတ်လို့ရှိရင် ဒီဘေဘီလေး သေသွားရလောက်ပြီပင်။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Tempat cerita menjadi hidup. Temukan sekarang