အခန်း(၂၁) စားစရာအတွက် ဘယ်သူရှင်းမှာလဲ

1.8K 250 4
                                    

အခန်း(၂၁) စားစရာအတွက် ဘယ်သူရှင်းမှာလဲ

လူတိုင်း၏မျက်လုံးထဲမှာတော့ ယန်ချူးဂျူးက ၀မ်းနည်းမှုဖြင့် ဖုံးလွှမ်းသွားခဲ့တာကြောင့် ထိတ်လန့်တကြား ထွက်ပြေးသွားခဲ့တာဟုပင်။

သူတို့အားလုံး ပိုင်မိုယုကို လှည့်ကြည့်လိုက်ကြကာ သူတို့ရဲ့အကြည့်တွေက လှောင်ပြောင်ရိပ်သန်းနေခဲ့သည်။ သူတို့ရဲ့ မျက်လုံးတွေကလည်း အတင်းပြောချင်တဲ့ စိတ်နဲ့တောက်ပနေခဲ့သည်။

'ဘုရားရေ ယန်ချူးဂျူးက အခုလေးတင်ပဲ လျှို့၀ှက်ချက်အကြီးစားကြီးတစ်ခုကို ထုတ်ပြောသွားခဲ့တာပဲ'

'ဘယ်သူမှသိလို့မရတဲ့ ရည်ရွယ်ချက်တစ်ခုတဲ့လား'

ပိုင်မိသားစုနဲ့ ယန်မိသားစုက ရန်သူတွေဆိုတာကို လူတိုင်းသိကြသည်။ ဒါကြောင့် သခင်လေးမိုယုက ယန်ချူးဂျူးဆီကနေတစ်ဆင့် တစ်ခုခုသိချင်တာ ဒါမှမဟုတ် သူမကနေတစ်ဆင့် ယန်မိသားစုကို တစ်ခုခုကိုလုပ်ချင်မယ့် ဆန္ဒတစ်ခုကတော့ သူ့မှာလုံး၀ရှိလိမ့်မည်ပင်။

'အရင်တုန်းကတော့ ယန်ချူးဂျူးကသာ သခင်လေးမိုယုအနားကို လာကပ်နေတဲ့သူလို့ ငါတို့ထင်ခဲ့တာ ဒါပေမယ့် အခုတော့ သခင်လေးမိုယုကသာ ညစ်ပတ်တဲ့လှည့်ကွက်တွေကို ကစားနေခဲ့တဲ့သူဖြစ်တဲ့ပုံပဲ။ အိုး ငါ့ရဲ့နတ်ဘုရားမရေ သူဘာလို့များ မိဘမဲ့ကောင်မလေးတစ်ယောက်ကို သူ့ရဲ့အကြံအစည်တွေထဲ ဆွဲသွင်းရက်ရတာလဲ။ ဘယ်လောက်တောင်မှ ဆိုးယုတ်လိုက်သလဲ။'

ထို့နောက်တွင် သူတို့က ယနေ့ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်တွေးလိုက်မိကြသည်။ ယန်ချူးဂျူးက သူမစားလို့မပြီးသေးဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ ဒါပေမယ့် သခင်လေးမိုယုက သူမကိုထွက်သွားဖို့ တွန်းအားပေးခဲ့သည်။

ဒါက ပိုင်မို့ရုဖော်ပြခဲ့တာနှင့် လုံး၀ကိုကွဲလွဲနေသည်လေ။ ပိုင်မိုယုက ယန်ချူးဂျူးကို စောင့်ရှောက်ပေးနေခဲ့တာမဟုတ်ဘဲနဲ့ ယန်ချူးဂျူးဆီကနေ အမြတ်ထုတ်နေတယ်ဆိုတာက ရှင်းနေတာပဲလေ။

ထိုအချိန်တွင် အင်မော်တယ်စုစည်းရာမျှော်စင်ရဲ့ စားပွဲထိုးတစ်ယောက်က ရုတ်တစ်ရက်ထအော်လိုက်သည်။ “အာ အဲ့ဒီယန်ချူးဂျူး ပိုက်ဆံရှင်းမသွားဘူး။ သူမက ငါတို့စားသောက်ဆိုင်ရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ ဟင်းလျာတွေအားလုံးကို မှာစားသွားတာ။ ပြီးတော့ ဟင်းတွေအားလုံးက ငွေတုံးဒါဇင်အနည်းငယ်လောက် ကျသင့်တယ်”

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now