အခန်း(၆၀) နင်ဘယ်တုန်းကများ ဆရာတစ်ယောက် ရသွားတာလဲ

1.4K 227 1
                                    

အခန်း(၆၀) နင်ဘယ်တုန်းကများ ဆရာတစ်ယောက် ရသွားတာလဲ

'စိတ်ဝိညာဉ်အနှစ်သာရဂိုဏ်း?' အကြိူအကဲစု တုန်လှုပ်သွားခဲ့သည်။ စိတ်ဝိညာဉ်အနှစ်သာရဂိုဏ်းက အဓိကဂိုဏ်းကြီးလေးဂိုဏ်းထဲက တစ်ခုပဲ။ တိမ်ပြိုလဲဂိုဏ်းဆိုတာက အလယ်အလတ်အဆင့် ဂိုဏ်းလေးတစ်ဂိုဏ်းသာပဲ။ 'အကယ်၍ ငါသာစိတ်ဝိညာဉ်အနှစ်သာရဂိုဏ်းကို ဆန့်ကျင်မိရင် ငါတော့ဒုက္ခရောက်ပြီပဲ'

ပိုင်မိုယုက ပြောလိုက်တယ်။ “အကြိီးအကဲစု ယန်ချူးဂျူးရဲ့ အလိမ်အညာတွေကို နားမထောင်ပါနဲ့။ သူမလိုမျိုး အမှိုက်က ဘယ်လိုလုပ်ပြိီးတော့ စိတ်ဝိညာဉ်အနှစ်သာရဂိုဏ်းက အကြိီးအကဲတစ်ဦးဆိီကနေ ‌သဘောကျတာကို ခံရနိုင်မှာလဲ။ သူမကအဆိပ်ဖြေဆေးကို လက်လွှဲမပေးချင်လို့ ဒီလိုအလိမ်အညာကို ဖန်တီးလိုက်တာပဲ”

“အကြိီးအကဲစု ကျွန်မရဲ့အစ်ကိုပြောတာ အမှန်ပါပဲ။ ရဲ့မြို့တော်ကလူတိုင်း ယန်ချူးဂျူးက မကျင့်ကြံနိုင်တဲ့ ဆန်ကုန်မြေလေးတစ်ယောက်မှန်း သိကြတယ်။ စိတ်ဝိညာဉ်အနှစ်သာရဂိုဏ်းက အကြီးအကဲတစ်ဦးက သူမလိုတပည့်မျိုးကို ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ” ပိုင်မို့ရုက အံကြိတ်ရင်းနဲ့ သဘောတူစွာ ပြောလိုက်၏။

အကြိးအကဲစုက ယန်ချူးဂျူးကို အနည်းငယ် တွေဝေစွာ ကြည့်လိုက်တယ်။ သူမမြင်ရတာက ယန်ချူးဂျူးက မာနအပြည့်နဲ့ ဖြောင့်တန်းစွာ မတ်တပ်ရပ်နေတာကိုသာ မြင်လိုက်ရသည်။ သူမဆီမှာ မဝံ့မရဲနဲ့ တွန့်ဆုတ်နေတာမျိုးကို နည်းနည်းလေးမှ မမြင်တွေ့ရချေ။

အကြိးအကဲစုက ယန်မိသားစုက လူတွေကို တသ်ချင်ဝေ့ကြည့်လိုက်တဲ့အခါ မျက်လုံးတွေတောက်ပနေတဲ့ ယန်ချူးရှန်အား မြင်လိုက်ရသည်။ သူမဆီမှာ ပြောစရာစကားတစ်ခုခု ရှိနေပုံပေါဲသည်။ ဒါ့ကြောင့် အကြီးအကဲစုက ယန်ချူးရှန်အား လက်ညှိုးထိုးလိုက်ကာ “မင်း ငါ့ကိုပြော ယန်ချူးဂျူးပြောသွာူတာ အမှန်လား”

ယန်မိသားစုက လူအားလုံး ယန်ချူးရှန်ကို ကြည့်လိုက်ကြသည်။ သူမကတစ်ခဏလောက် စိတ်လွန်ဆွဲနေပုံပေါဲကာ တစ်ခဏကြာမှသာ တုန်ယင်နေတဲ့အသံဖြင့် ပြောလိုက်တယ်။ “အကြိီးအကဲစု ကျွန်မရဲ့ ညီမကိုးက ကလေးဘ၀ကတည်းက စိတ်ဝိညာဉ်ချီကို မသန့်စင်နိုင်ပါဘူး။ ပြီးတော့ သူမဆီမှာ ဆရာရှိတယ်လို့လည်း အရင်တုန်းက တစ်ခါမှ မကြားခဲ့ဖူးပါဘူး”

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now