အခန်း(၁၂) ဖိုးဖိုး ဘာလို့သမီးကို မသတ်လိုက်တာလဲ။

2.1K 289 5
                                    

အခန်း(၁၂) ဖိုးဖိုး ဘာလို့သမီးကို မသတ်လိုက်တာလဲ။

ယန်ချူးဂျူးက သူမရဲ့လက်ရာကို ကျေနပ်နေတဲ့  အမူအရာနဲ့ ကြည့်လိုက်သည်။ ကောင်းတယ် တစ်ခြားလူရဲ့မျက်နှာပေါဲမှာ ဒဏ်ရာရခဲ့တယ်ဆိုတဲ့ အရိပ်အယောင် လုံး၀မကျန်ခဲ့ဘူး။ တစ်ကယ်လို့ ဒီကောင်စုတ်လေးက သူအရိုက်ခံရပါတယ်ဆိုပြီး အခြားလူတွေကို သွားတိုင်ရင်တောင်မှ သူ့မှာလုံး၀ သက်သေရှိမှာ မဟုတ်တော့ဘူး။
(အော်‌ အေးအေး ဘေးကလူတွေက ကန်းနေတာဆိုတော့ မမရယ်)

အခုအချိန်မှာ ယန်ချူးအာကတော့ မြေပြင်ပေါဲမှာ နာကျင်စွာဖြင့် လူးလှိမ့်နေခဲ့သည်။ သူ့ရဲ့လူးလှိမ့်မှုတွေကြောင့် သူ့ရဲ့၀တ်ရုံပေါဲက သူမရဲ့ဖိနပ်ရာတွေကို ထပ်ပြီးမမြင်ရနိုင်တော့ပေ။

ယန်ချူးဂျူးက သူတို့ကို ကြည့်နေတဲ့ အစေခံတွေကို လှည့်ကြည့်လိုက်သည်။ အစေခံတွေက ကြောက်လန့်သွားကြကာ ကြမ်းပြင်ကို ငုံ့ကြည့်လိုက်ကြသည်။

“အကယ်၍ တစ်ယောက်ယောက်က မေးလာခဲ့ရင် ငါ့ရဲ့ ဒုတိယအကိုက သူ့အမြင်အာရုံက သတိမထားမိတာကြောင့် ချော်လဲသွားတာလို့ပဲ ပြောလိုက်ကြ။ ငါပြောတာကြားလား။ တစ်ကယ်လို့ နင်တို့ ပေါက်ကရလုပ်မယ်ဆိုရင်တော့ ငါ့ရဲ့ အရိပ်မဲ့ကန်ချက်က နင်တို့ရဲ့ မျက်နှာကို လာနမ်းလိမ့်မယ်။”

'ဒါကအရမ်းရက်စက်တာပဲ'

'ဒါကအရမ်းကို အရှက်မဲ့တာပဲ'

'နင်ကသာ သူ့ကို ကန်ခဲ့တဲ့သူဆိုတာ ထင်ရှားနေတာပဲ။ ဟုတ်ပြီလား'

'ငါတို့အားလုံးအတွက် ဒီလိုမျိုးလိမ်ဖို့က အဆင်ပြေလို့လား'

ဒါပေမယ့်လည်း ဒီအစေခံတွေက ယန်ချူးဂျူးရဲ့ခြေထောက်နဲ့ အနမ်းမခံချင်ကြပေ။ ထို့ပြင် သူတို့က အိမ်တော်သခင်ရဲ့ နေအိမ်ထဲမှာ အလုပ်လုပ်နေကြရတာဖြစ်သည်။ ဒါကြောင့်မို့ ယန်ချူးဂျူးကသာ မကောင်းတဲ့သူဖြစ်နေပေမယ့်လည်း သူတို့အနေနဲ့ သူမပြောတာကို နားထောင်ရုံကလွဲပြီး အခြားရွေးချယ်စရာမရှိပေ။

အစေခံတွေ ခေါင်းညိတ်လိုက်တာကို ယန်ချူးဂျူးမြင်တဲ့အခါ သူမကကျေနပ်နေတဲ့ အပြုံးလေးပြုံးလိုက်သည်။ သူမက ယန်ချူးအာရဲ့ ပိုက်ဆံအိတ်ထဲကနေ ငွေစအနည်းငယ်ကို နှိုက်ယူလိုက်ကာ အစေခံတွေဆီကို မြှောက်ပေးလိုက်သည်။ သူမထိုသို့လုပ်နေတုန်းတွင် သူမရဲ့ နှလုံးသားထဲမှ သွေးယိုနေမှုကို မနည်း သည်းခံနေခဲ့ရသည်။ ဘာလို့ဆို သူမက သူတို့ကိုပေးလိုက်ရတဲ့ ပိုက်ဆံကို လက်လျော့လိုက်ရမှာ ဖြစ်တာကြောင့်ပင်။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now