အခန်း(၇၅+၇၆)

1.4K 211 1
                                    

အခန်း(၇၅) ငါလေးသခင်ပြောင်းချင်တယ်

ပို့ဆောင်ရေး စိတ်ဝိဉာဉ်ရတနာရဲ့အရိပ်‌က ပျောက်ကွယ်သွားမှသာလျင် ယန်ချူးဂျူးက ရဲ့မြို့တော်ထဲကို ခုန်၀င်သွားလိုက်သည်။

ညနေခင်းရှိနေပြီဖြစ်ကာ နေက၀င်လုဆဲဆဲဖြစ်နေခဲ့သည်။ လမ်းတွေကို ရွှေရောင်သန်းတဲ့ ရောင်ချည်တစ်ခုက ဖုံးလွှမ်းထားနေခဲ့သည်။

“ရှောင်ဟေး နင်ပျော်ရွှင်မှုကို အနံ့ခံမိရဲ့လား။ အသက်ရှင်နိုင်တာက ပျော်ရွှင်စရာကောင်းတယ်” ယန်ချူးဂျူး သူမရှေ့က မြင်ကွင်းကို ကြည့်ရင်းမတတ်နိုင်စွာနဲ့ သက်ပြင်းချမိသည်။

“ဟမ့် ငါအခုစားစရာပဲ စားချင်တယ်။ ငါဗိုက်ဆာလို့ သေတော့မယ်။ ငါ့ရဲ့အစာအကြွင်းအကျန်လေးတွေကို နင်ကအဝေး လွှင့်ပစ်လိုက်တယ်လေ” ငှက်မည်းလေးက ယန်ချူးဂျူးရဲ့ ပုခုံးပေါဲမှာ နားရင်းနဲ့ သူ့အတောင်လေးတွေကို ဖက်ထားကာ မပျော်ရွှင်စွာနဲ့ ညည်းတွားနေခဲ့သည်။

“အိုက်ယား နင်အခုပြောမှပဲ ငါလည်းဗိုက်ဆာနေပြီ။ သွားကြစို့။ သခင်မလေး ငါကနင့်ကို အိမ်ခေါဲသွားပြီး စားသောက်ကြတာပေါ့။ ငါ့ရဲ့ဈေးပေါတဲ့ အဖိုးတော့ သေလောက်အောင် စိတ်ပူနေလောက်ပြီ” ယန်ချူးဂျူးက ပြောလိုက်ကာ ခုန်ထွက်လိုက်လေသည်။

သနားစရာကောင်းတဲ့ ငှက်မည်းလေးက မိမိုက်အောင်လို့ ဟန်ထုတ်နေတုန်းရှိသေး ယန်ချူးဂျူးက ရုတ်တစ်ရက် အရှိန်မြှင့်လိုက်မယ်လို့ သူမမျှော်လင့်ထားခဲ့ဘဲ မြေကြီးပေါဲ ပြုတ်ကျသွားတော့သည်။

ယန်ချူးဂျူးက အသံကိုကြားလိုက်တဲ့အခါ သူမကနောက်ပြန်လှည့်ကြည့်လိုက်ကာ အကျယ်ကြီး အော်ရယ်လုမတတ်ပင်။ “ဟားဟားဟား နင်ပြောတော့ နင့်မှာအတောင်ပံတွေရှိတယ်ဆို ဒါပေမယ့် နင်ကတစ်ကယ်ပဲ မြေကြီးပေါဲ ပြုတ်ကျသွားတယ်လား။ နင်ကအရမ်းတုံးတာပဲ။ ဘယ်လိုငှက်ငတုံးလေးလဲ”

သူ့ရဲ့ငှက်ဘ၀တော့ မျှော်လင့်ချက်မဲ့ပြီလို့ ငှက်မည်းလေးခံစားလိုက်ရသည်။

ငါကုန်ပစ္စည်းတွေ ပြန်ပေးလို့ ရနိုင်လောက်မလား။

ငါလေးဒီနှလုံးသားမည်းတဲ့ လူပြက်ကို ငါ့ရဲ့သခင်မဖြစ်စေချင်ဘူးလို့။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now