အခန်း(၂၃) ဒီနေ့နင့်ကို သေတဲ့အထိနှိပ်စက်ပြမယ်။

1.8K 248 1
                                    


အခန်း(၂၃) ဒီနေ့နင့်ကို သေတဲ့အထိနှိပ်စက်ပြမယ်။

စားပွဲထိုးက ပိုင်မိုယုကို မဆန့်ကျင်ရဲပေ။ ဒါကြောင့် စာပွဲထိုးက သူအမိန့်ပေးတဲ့အတိုင်း သွားလုပ်လိုက်ပါ့မယ်လို့ တိုးညှင်းစွာပြောလိုက်ပြီးတော့ ပထမထပ်ဆီသို့ ပြေးတက်သွားခဲ့သည်။

တစ်ခဏကြာပြီးတဲ့နောက်မှာတော့ စားပွဲထိုးက ဒုက္ခရောက်နေတဲ့ အမူအရာနဲ့ ပြန်ရောက်လာခဲ့သည်။ “သ-သခင်လေးမိုယု ဧည့်သည်က သူမအခန်းလဲပေးဖို့ကို ငြင်းလိုက်ပါတယ်”

စုယန်ရန်က အေးစက်စွာနဲ့ နှာခေါင်းရှုံလိုက်တယ်။ “၀မ်းကွဲအစ်ကို ကျွန်မထင်တာတော့ ဒီနေ့နေ့လည်စာစားရဖို့အတွက်က အိမ်ပြန်မှပဲစားရလိမ့်မယ့်ပုံပဲနော်။ ကျွန်မတို့အချိန်ဆက်ဖြုန်းနေမယ် ဆိုလို့ကတော့ နေ့လည်စာအစား ညစာနဲ့ပဲညားတော့မှာပဲ”

“အဲ့ဒီဧည့်သည်က သူမကိုအခန်းလဲဖို့ပြောတာ ငါဆိုတာ‌ကိုကောသိရဲ့လား” ပိုင်မိုယုရဲ့ မျက်နှာအမူအရာက အနည်းဆုံးတစ်ပတ်လောက် သိုးနေတဲ့ နို့လိုမျိုး ချဉ်‌စုတ်နေခဲ့သည်။ သူဒေါသချောင်းချောင်းထွက်နေပေမယ့်လည်း သူ့ဒေါသကို စုယန်ရန်ဆီ ပုံချလိုက်လို့ကမရပေ။ ဒါ့ကြောင့်ပင် ‌အေးခဲဆီးနှင်းပွင့်သီးသန့်ခန်းထဲက ဧည့်သည်ဆီသို့ သူ့ဒေါသကို ကွေးညွှတ်လိုက်ခြင်းဖြစ်သည်။

“ကျွန်-ကျွန်တော် သူမကိုပြောပြခဲ့ပါတယ်။ ဒ-ဒါပေမယ့်...” စားပွဲထိုးက သူ့မှာပြောဖို့မသင့်တော်တဲ့ စကားတစ်ခုခုရှိနေသလိုမျိုး အလွန်စိတ်ဆင်းရဲနေတဲ့ပုံနဲ့ ပြောပြနေခဲ့သည်။

“ဒါပေမယ့် ဘာဖြစ်လဲ။ ငါ့ကိုရိုးရိုးသားသား ပြောပြစမ်းပါ တစ်ကယ်လို့ မင်းတစ်ခုခုကို ဖုံးကွယ်ထားခဲ့တယ်ဆိုလို့ကတော့ ဒီအပန်းဖြေစံအိမ်ကို ဖြိုချဖို့အတွက် ငါတစ်ယောက်ယောက်ကို လွှတ်လိုက်ရလိမ့်မယ်” ပိုင်မို့ရုသည်လည်းပဲ အလွန်စိတ်ရှုပ်သလို ခံစားနေရသည်။ ပုံမှန်အားဖြင့် ရဲ့မြို့တော်ထဲမှာဆို သူမရဲ့စကားလုံးတွေက အာဏာကြီးမားပြီး သူမကသာ အမြဲတမ်းအမိန့်ပေးရတဲ့သူ ဖြစ်ခဲ့သည်ပင်။ သို့သော်လည်း စုယန်ရန်ရောက်လာတာနဲ့ သူမကအိမ်ဖော်မလေးတစ်ယောက် ဖြစ်လုနီးပါးပင်။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now