အခန်း (၂၆) သမီးအတန်းလာတက်တာ

1.8K 267 1
                                    

အခန်း (၂၆) သမီးအတန်းလာတက်တာ

ယန်ချူးဂျူး မျက်လုံးလှိမ့်ပြလိုက်တယ်။ 'ဆိုတော့ကာ ငါ့ရဲ့ဖိုးဖိုးအသစ်ကလည်း ပိုက်ဆံချစ်တဲ့ လူကြီးစုတ်တစ်ယောက် ဖြစ်နေပြီးတော့ ငါတို့နှစ်‌ယောက်က ခြုံပုတ်တွေကို လျှောက်ရိုက်နေကြတာပေါ့လေ' (beating around the bush - လိုရင်းကိုမရောက်ဘဲ ဟိုဟာလုပ် ဒီဟာလုပ် လျှောက်လုပ်နေတာကိုပြောတာပါ။ နားလည်တယ်ဟုတ် :3 )

“ဖိုးဖိုး ဒီအကြံထွက်လာတာက သမီးဆီကနေလေ။ ပိုင်မို့ရုရဲ့ အပ်စိုက်မှန်တွေကို ပိတ်ခဲ့တာကလည်း သမီးပဲကို ဆယ်ပုံ နှစ်ပုံက မနည်းလွန်းဘူးလား။  အနည်းဆုံးတော့ ပိုက်ဆံတစ်၀က်လောက်ကို သမီးရသင့်ပါတယ်နော် ဟုတ်ပြီလား”

“ဟမ့် နင့်လိုမျိုး အမျိုးသမီးငယ်လေးတစ်ယောက်က ဘာလို့များ ပိုက်ဆံ ဒီလောက်အများကြီး လိုမှာတုန်းဟ။  ခုနှစ်ပုံ သုံးပုံ ငါအများဆုံးလက်ခံပေးနိုင်တာက ခုနှစ်ပုံသုံးပုံပဲ” ယန်ရှောင်ရှန်းက သူမကို စိုက်ကြည့်ပေးလိုက်တယ်။

“ငါးဆယ်-ငါးဆယ်။ ငါးဆယ်-ငါးဆယ် လုပ်ကြမယ်။ မဟုတ်ရင် ဂျူးလေး ဖိုးဖိုးကို ဆန္ဒပြမှာနော်။ အဲ့လိုဆိုရင်ကော ဖိုးဖိုး ဘာလုပ်မလဲ!” ယန်ချူးဂျူးက ခါးထောက်ပြီးတော့ မျက်လုံးပြူးပြီး ပြန်ကြည့်ပေးလိုက်တယ်။ 'ဖိုးဖိုး သမီးတို့က ဆွေမျိုးတွေဆိုရင်တောင်မှပဲ ပိုက်ဆံအကြောင်းနဲ့ ပတ်သတ်လာရင် ကိစ္စတွေကို ရှင်းရှင်းလင်းလင်း လုပ်ရမယ်။ ဒါက ကိုယ်ပိုင်မူနဲ့ ပတ်သတ်တဲ့ ကိစ္စတစ်ခုပဲ။'

ယန်ချူးဂျူးတစ်ယောက် ရေစိုနေတဲ့ ကြောင်ပေါက်လေးလိုမျိုး ဒေါသထွက်ပြီး စွေ့စွေ့ခုန်နေတာကို မြင်ရတဲ့အခါ ယန်ရှောင်ရှန်း ပြုံးရယ်မိသွားခဲ့သည်။ “ဂျူးလေး ဖိုးဖိုးကိုပြောစမ်းပါဦး ဘာလို့ သမီးက ဒီလောက် ပိုက်ဆံအများကြီး လိုအပ်နေတာလဲ။ သမီး ဖိုးဖိုးကို အကြောင်းပြချက် ကောင်းကောင်း ပေးနိုင်မယ်ဆိုရင် ငါးဆယ်-ငါးဆယ်ကို မေ့ထားလိုက် ပိုက်ဆံရဲ့ ဆယ်ပုံပုံ ခုနှစ်ပုံ ဆိုရင်တောင်မှ ဖိုးဖိုးပေးလို့ရတယ်”

ယန်ချူးဂျူးက အနက်ရောင် လက်လေးတစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီးတော့ သူမရဲ့လက်ချောင်းတွေကို ကွေးညွှတ်လိုက်ပြီး ပြောလိုက်တယ်။ “ပထမဆုံး သမီးက အရသာရှိတဲ့ စားစရာတွေကို နှစ်သက်တယ်လေ။ ဒါပေမယ့် စားသောက်ဆိုင်က ဟင်းလျာတွေက အရမ်းဈေးကြီးတယ် ဒါကြောင့်...”

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Wo Geschichten leben. Entdecke jetzt