အခန်း(၃၆) မိန်းကလေးတွေက ပိုပြီးတော့ ရည်မွန်သင့်တယ်

1.8K 250 3
                                    

အခန်း(၃၆) မိန်းကလေးတွေက ပိုပြီးတော့ ရည်မွန်သင့်တယ်

“အဖိုး ယန်ချူးဂျူးက အရမ်းကောက်ကျစ်လွန်းတယ်။ ကျွန်တော် အရင်တုန်းက သူမကို အထင်သေးခဲ့မိတယ်။ သူမက စိတ်ဝိညာဉ်စုစည်းရေးဆေးလုံးနဲ့ ပတ်သတ်ပြီး တစ်ခုခု လုပ်ထားတယ်လို့ ကျွန်တော် သံသယဖြစ်မိတယ်”

ပိုင်ဖန်းသည်လည်းပဲ စိုးရိမ်လာကာ သံသယ၀င်လာခဲ့မိသည်။ ဒီလိုမျိုး မျိုချရမယ့် ဆေးလုံးတွေကို မ‌သောက်ခင်မှာ သေချာအောင် ဂရုစိုက်သင့်သည်။ သူသာဂရုမစိုက်ဘဲနဲ့ သောက်မိခဲ့ရင် သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံက မခိုင်မာတော့ဘဲနဲ့ ကသောင်းကနင်းဖြစ်သွားနိုင်သည်။ ထိုသို့ဆိုရင် သူ့ရဲ့နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရတာတွေ အားလုံး မြောင်းထဲရောက်ကုန်လိမ့်မည်ပင်။

ပိုင်ဖန်းထိုအကြောင်းတွေးမိလေလေ သူပိုပြီးကြောက်ရွံ့လာမိလေလေပင်။ ကံကောင်းတာက သူဆေးလုံးကို မသောက်ရသေးတာပင်။ မဟုတ်လို့ကတော့ သူစိတ်ကူးမယဉ်နိုင်လောက်တဲ့ ဆိုးရွားတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို သူရင်ဆိုင်ရနိုင်သည်ပင်။

“အဖိုး အဖိုးဆေးလုံးကို မစားခင် သေချာအောင်လို့ အရင်ဆုံး တစ်‌ယောက်ယောက်ကို စစ်ဆေးခိုင်းကြရအောင်”

“ဒါကငါတို့ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာပဲ။ ယန်ချူးဂျူးက အရိုးထဲထိအောင် ကောက်ကျစ်လွန်းတယ်... ဒါနဲ့ မို့ရုအခြေအနေကော ဘယ်လိုရှိလဲ။”

“သူမအခုအဆင်ပြေသွားပါပြီ။ သူမရဲ့ ကိုယ်ပိုင်နေရာမှာ အနားယူဖို့ ပြန်သွားပါတယ်” ပိုင်မိုယုက ပိုင်မို့ရုတစ်ယောက် ယန်ချူးဂျူးရဲ့ ပြင်းပြင်းထန်ထန် ကန်တာခံခဲ့ရပြီး သွေးတစ်လုပ်အန်ခဲ့ရတယ် ဆိုတာကိုတော့ သူပြန်မပြောပြရဲပေ။

”ဟမ်း... အဖိုးက မို့ရုကို အရမ်းဘက်လိုက်လွန်းတယ်လို့များ မင်းထင်နေသလား” ပိုင်ဖန်းရဲ့ မျက်လုံးတွေက ပိုင်မိုယုကို စူးရှစွာနဲ့ စိုက်ကြည့်နေခဲ့သည်။

ပိုင်မိုယုတစ်ယောက် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ အနည်းငယ် ပျာယာခတ်တဲ့ အမူအရာနဲ့ တိုးညှင်းစွာ ရေရွတ်လိုက်သည်။ “မ-မဟုတ်ပါဘူး။ ကျွန်တော်က မို့ရုက နည်းနည်း တစ်ဇွတ်ထိုးနိုင်တယ်လို့ ခံစားရရုံတင်ပါ”

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now