အခန်း(၆၁) နှုတ်သီးကြီး သစ်တောက်ငှက်စိမ်း

1.6K 233 5
                                    

အခန်း(၆၁) နှုတ်သီးကြီး သစ်တောက်ငှက်စိမ်း

ပထမတွင်တော့ ယန်ချူးယီက ထွက်သွားဖို့ ငြင်းဆန်နေခဲ့သည်။ သူကယန်ချူးဂျူး တစ်ယောက်တည်း ဒီနေရာမှာ ချန်ထားခဲ့ရမှာကို စိုးရိမ်နေခဲ့သည်။ ဒါကြောင့် သူမက သူ့ကိုမျက်စိတစ်‌ဖက်မှိတ်ပြလိုက်သည်။

နောက်တစ်ခါ ထပ်တွေးလိုက်တဲ့အခါ သူ့ရဲ့လူတွေရဲ့ စိတ်ဝိညာဉ်စွမ်းအားက အရမ်းနည်းလွန်းနေမှန်း ယန်ချူးယီ နားလည်သွားခဲ့သည်။ ဒီနေရာမှာ သူတို့တွေ လုပ်နိုင်တာ ဘာမှမရှိပေ။ သူသာပြန်သွားပြီး အဖိုးကို ဒီအကြောင်း ပြန်ပြောလိုက်ရင် ဖြစ်နိုင်တာက အဖိုးဆီမှာ ဂျူးလေးကို ကယ်ဖို့အတွက်နည်းလမ်း ရှိရင်ရှိလောက်မှာပါ။

ထို့နောက် ယန်ချူးယီက ယန်မိသားစုနဲ့အတူ ထွက်ခွာသွားခဲ့သည်။

ယန်ချူးဂျူး စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်တယ်။ 'ငါ့ရဲ့အလကားရတဲ့ ဖိုးဖိုးက ငါ့ဆီမှာ ဆရာတစ်ယောက်ရှိတယ်လို့ ထင်နေတာ။ ဒါကြောင့်မို့ အဖိုးက အလောတကြီး လှုပ်ရှားလိမ့်မှာတော့ မဟုတ်ဘူး။ အနည်းဆုံးတော့ အချိန်အတိုင်းအတာ တစ်ခုလောက်အထိ ယန်မိသားစုဆီမှာ အန္တရာယ်မဖြစ်နိုင်လောက်ပါဘူး။ နောက်တစ်ခုက ငါလေးထွက်ပြေးဖို့ နည်းလမ်းတစ်ခုရှာဖို့ လိုအပ်ရုံတင်မက အနာဂတ်မှာ ပြဿနာမဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းတစ်ခုကိုလည်း စဉ်းစားဖို့လိုနေပြီ'

ယန်မိသားစုက လူတွေထွက်သွားတာကို ကြည့်နေရင်းနဲ့ အကြီးအကဲစုက လော့ယွမ်ဂိုဏ်း(တိမ်ပြိုလဲဂိုဏ်း)က လူတွေကို ပြောလိုက်၏။ “သွားကြစို့ ငါတို့တွေ သစ်နံကိုင်းပင်ကို သွားစုဆောင်းကြမယ်”

တိမ်ပြိုလဲဂိုဏ်းမှ လူအားလုံးက ယန်ချူးဂျူးကို တောအုပ်အနက်ပိုင်းထဲသို့ ခေါဲဆောင်သွားကြသည်။ ပိုင်မိုယုရဲ့ နှလုံးသားထဲတွင် ဂယက်ရိုက်သွားခဲ့သည်။ “အကြိးအကဲစု ကျွန်တော်တို့ကိုလည်း လိုက်ခွင့်ပေးပါ။ ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ်စွမ်းအင်က နည်းပါးပေမယ့် တစ်ချို့ကိစ္စအသေးလေးတွေ အမျိုးမျိုးကိုတော့ ကျွန်တော်တို့ လုပ်နိုင်ပါတယ်”

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။On viuen les histories. Descobreix ara