အခန်း(၉၃+၉၄)

3.4K 288 37
                                    

အခန်း(၉၃) ကြာပန်းဖြူလေးကို လှည့်စားခြင်း

ယန်ချူးရှန်ရဲ့မျက်လုံးတွေ အရောင်တောက်သွားလေတယ်။ “လင်းဟွာဂိုဏ်းရဲ့ စစ်ဆေးပွဲ၀င်ခွင့်ရဖို့ဆိုတာ မလွယ်ဘူး။ ဒါကြောင့် သာမန်အားဖြင့် ငါတို့တွေက ဒီအခွင့်အရေးကို ဖြုန်းတီးပစ်လို့ မဖြစ်ဘူးလေ။ မင်းရဲ့အစား စွမ်းရည်ရှိတဲ့တစ်ယောက်ယောက်ကို ဘာလို့ စစ်ဆေးပွဲ ၀င်မဖြေခိုင်းရမှာလဲ”

“စွမ်းရည်ရှိတဲ့ တစ်ယောက်ယောက်ကိုလား။ ဒါဆိုရင် ဘယ်သူကလုပ်နိုင်မှာလဲ။ အစ်ကိုကြီးက သွားမှာလား” ယန်ချူးဂျူးက သူမရဲ့အင်္ကျီထောင့်စွန်းလေးကို ဆုပ်ကိုင်ရင်း ကို့ရိုးကားယားဖြစ်စွာ ပြောလိုက်လေတယ်။

ယန်ချူးယီက သူ့လက်ကို ဝှေ့ရမ်းပြလိုက်တယ်။ “ကိုးလေး ဒါကညီမလေးရဲ့ အခွင့်အရေးဖြစ်တယ်လေ။ အစ်ကိုကြီးကို ဘယ်လိုလုပ်ပြီးတော့ သွားခိုင်းနိုင်ရတာလဲ”

ယန်ချူးဂျူးရှန်က လျင်မြန်စွာပဲ ၀င်ပြောလိုက်တယ်။ ““ကိုးလေး အစ်ကိုကြီး သွားလို့မရဘူးလေ။ မင်းကမိန်းကလေးပဲ။ အဲ့တော့မင်းကို အစားထိုးမယ့် တစ်ယောက်က မိန်းကလေးပဲ ဖြစ်သင့်တယ်”

ယန်ချူးဂျူး လက်ခုပ်တီးပြလိုက်တယ်။ “အစ်မသုံး အစ်မကတစ်ကယ်ကို ဉာဏ်ကောင်းတာပဲ။ ဒါဆိုရင် အစ်မသုံးကို သွားခိုင်းရင်ကောင်းမ...”

ယန်ချူးရှန်က အကောင်းဆုံးဖုံးကွယ်ဖို့ ကြိုးစားပေမယ့်လည်း သူမရဲ့အပျော်ကို မဖုံးကွယ်နိုင်နေပေ။ သူမက စကားလုံးအနည်းငယ်နဲ့ ဟန်လုပ်ငြင်းပယ်တော့မယ့် အချိန်မှာပဲ ယန်ချူးဂျူးက အရင်ပြောလိုက်လိမ့်မယ်လို့ သူမမမျှော်လင့်ထားခဲ့ပေ။ “အာ မဖြစ်သေးပါဘူးလေ။ အစ်မသုံး အစ်မက အရမ်းအသက်ကြီးလွန်းနေပြီ။ ညီမအစား အစ်မငါးကိုပဲ သွားခိုင်းကြတာပေါ့”

ယန်ချူးရှန်မှာ ဒေါသဆောင့်တက်ကာ မေ့လဲလုခင်ပင်။

နင်ဒါကို ရည်ရွယ်ချင်ရှိရှိ လုပ်တာမလား?

ပြီးတော့ နင်ဘယ်သူ့ကို အသက်ကြီးတယ်လို့ ပြောနေတာလဲ။ ငါကဆယ့်ခုနှစ်နှစ်ပဲ ရှိသေးတယ်ဟဲ့ ဟုတ်ပြီလား။ ယန်ချူးဝူက ငါ့ထက်တစ်နှစ်ပဲ ငယ်တယ်ဟဲ့။

You've reached the end of published parts.

⏰ Last updated: Mar 10, 2022 ⏰

Add this story to your Library to get notified about new parts!

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now