အခန်း(၈၇+၈၈)

1.2K 181 1
                                    

အခန်း(၈၇) ကမ္ဘာကြီးထဲက ထူးဆန်းမှုများ : ဒန်ရှန်ထဲက မြက်ပင်ရှည်

ယန်ချူးဂျူးက ယန်ရှောင်ထန်းရဲ့နေရာမှ ပြန်လာကာ နေ့လည်စာ စားလိုက်သည်။ သူမကအထူးသဖြင့် ရှောင်ဟေးအတွက် ကြက်ကောင်လုံးကင် တစ်ခုကို မှာပေးလိုက်သည်။

နေ့လည်စာစားပြီးတဲ့အခါ ယန်ချူးဂျူးက အိပ်ရာပေါဲမှာ တင်ပျဉ်ချိတ် ထိုင်နေခဲ့သည်။ ရုတ်တစ်ရက် သူမရဲ့ဒန်ရှန်ထဲမှ မူမမှန်မှုကို သူမသတိရသွားသည်။ သူမက ဒန်ရှန်အတွင်းဘက်ကို စတင်စစ်ဆေးကြည့်လိုက်လေသည်။

အကယ်၍ တစ်ယောက်ယောက်ကသာ ယန်ချူးဂျူးရဲ့ ဒန်ရှန်အတွင်းထဲကို မြင်နိုင်ရင် သူတို့ရဲ့မျက်လုံးတွေက မျက်အိမ်ထဲကနေ တစ်ကယ်ပဲ ပြုတ်ကျထွက်လာမှာပင်။

ယန်ချူးဂျူးရဲ့ ဒန်ရှန်လေးထဲမှာက ခရမ်းရောင် မိုးကြိုးအလင်းလုံးလေးတွေနဲ့ ပြည့်နှက်နေကာ အချိန်တိုင်းလိုပင် ကွဲအက်သွားတဲ့ အသံအနည်းငယ်ကို ကြားနေရသည်။

အာ ဘာလို့အလင်းလုံးတွေရဲ့ အလယ်မှာ အစိမ်းရောင်အဖူးတစ်ခု ရှိနေရတာလဲ။

ထိုအဖူးက ယန်ချူးဂျူးရဲ့ အကြည့်ကို အာရုံခံမိသည့်အလား သူ့ကိုယ်ကို ဂုဏ်ယူစွာနဲ့တောင်မှ လှုပ်ခါပြလိုက်သေးသည်။

ယန်ချူးဂျူးတစ်ယောက် ရိုးရှင်းစွာပင် သေလောက်အောင် ဒေါသပုန်ထသွားခဲ့သည်။

ဘယ်လိုသောက်ငရဲ အရာတုန်း အဲ့ဒါလေးက။

သူမရဲ့ ဒန်ရှန်ထဲမှာ မြက်များပေါက်လာမှာလား။

ယန်ချူးဂျူးက ထိုငနဲသားကို ပိုပြီးနီးကပ်စွာ ကြည့်ဖို့လုပ်တော့မယ့် အချိန်မှာပဲ ပြင်းထန်တဲ့ မူးဝေမှုတစ်ခုက ဖြတ်သန်းစီးဆင်းလာခဲ့သည်။ သူမမှာ ရွေးချယ်စရာမရှိတော့ဘဲ စိတ်ဝိဉာဉ်အာရုံကို ပြန်လည်ရုတ်သိမ်းလိုက်ရလေသည်။

ငိုတော့မလို မျက်နှာနှင့် ယန်ချူးဂျူးက ရှောင်ဟေးကို အိမ်ထဲခေါဲလိုက်လေသည်။ “ရှောင်ဟေး ငါသေတော့မယ်ဆိုတာ ၈၀%သေချာတယ်။ နင်လေးကတော့ လွတ်လပ်သွားတော့မှာပါ”

ရှောင်ဟေး မျက်လုံးတွေ လင်းလက်သွားသည်။ “တစ်ကယ်ကြီးလား”

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now