အခန်း(၄၇) နင့်အပြုံးက တစ်ကယ်ရုပ်ဆိုးတာပဲ

1.7K 279 20
                                    

အခန်း(၄၇) နင့်အပြုံးက တစ်ကယ်ရုပ်ဆိုးတာပဲ

“အသားမည်းတဲ့ဟာလေး နင်ငါ့ကို ကောင်းကင်မိုးကြိုး အပစ်ခံရအောင်လို့ လုပ်ခဲ့တာပဲ။ ငါနင့်ကို ဘယ်လိုမျိုး စီရင်ချက်ချသင့်သလဲ” ဒိပိုင်မင်က ယန်ချူးဂျူးကို ခြောက်ခြားဖွယ် စိုက်ကြည့်လိုက်သည်။

ယန်ချူးဂျူးရဲ့ ခေါင်းက လျင်မြန်စွာ အလုပ်လုပ်သွားခဲ့ကာ အခြေအနေရဲ့ အဓိကအကြောင်းအရင်းကို သူမမြန်ဆန်စွာ နားလည်သွားခဲ့သည်။ သူမက အနည်းငယ် ရှက်နေတဲ့ လေသံလေးနဲ့ ပြောလိုက်တယ်။ “ဆွဲဆောင်မှုရှိတဲ့ မင်းသားလေး ဒီဟာက ကျွန်မတို့က တူညီတဲ့ ကံကြမ္မာကို မျှဝေကြတယ်လို့ ကောင်းကင်က သတ်မှတ်ထားတာကို ပြောတာပဲ။ ကောင်းကင်မိုးကြိုးကြောင့်သာ မဟုတ်ရင် ကျွန်မက ဘယ်လိုလုပ်ပြီး ရှင်နဲ့ သိကျွမ်းခွင့်ရမှာလဲ ဆွဲဆောင်မှုရှိတဲ့ မင်းသားလေး။ ကောင်းကင်မိုးကြိုးက ကျွန်မတို့ရဲ့ အောင်သွယ်တော်ပဲ”

ဘယ်လိုပဲဖြစ်ဖြစ် တစ်ကယ်တန်းကတော့ သူမရဲ့ ဒေါသအနည်းငယ် ပြေသွားတာကို ခံစားလိုက်ရသည်။ 'နင်နဲ့တန်တယ်။ ဘာလို့မိုးကြိုးက နင့်ကို ကိစ္စမချောပေးသွားရတာလဲ။ ကဲပါ ဒီဟာက နည်းလမ်းကောင်းလေး ဖြစ်တဲ့ပုံပဲ။ နောက်တစ်ခါ ငါလေးဆီမှာ ဒီလိုမျိုး တူညီတဲ့ အခွင့်အရေး ရခဲ့မယ်ဆိုရင် ငါလေးဒီကောင်ချောလေးကို ဖမ်းချုပ်ထားပြီးတော့ ကောင်းကင်မိုးကြိုးကို သူ့ကိုအနိစ္စရောက်သွားအောင် လုပ်ခိုင်းရမယ်'

ယန်ချူးဂျူးက သူသေသွားဖို့ စိတ်စောနေတယ် ဆိုတာကို ဒိပိုင်မင်ကတော့ မသိရှာပေ။ သူက ယန်ချူးဂျူးရဲ့ စကားတွေက်ို ဂရုတစိုက်နဲ့ လေးလေးနက်နက် စိစစ်နေခဲ့သည်။ သူ့နှလုံးသားထဲမှာ‌ ထူးဆန်းတဲ့ ခံစားချက်ကို ရလိုက်သည်။ ထိုအရာက သူ့ရဲ့နှလုံးသားကို နူးညံ့တဲ့ ငှက်မွှေးလေးတွေက ညင်သာစွာ လာပွတ်သပ်နေသလိုမျိုးပင်။

“ဆွဲဆောင်မှုရှိတဲ့ မင်းသားလေး? မင်းသားလေးရေ? ကျွန်မရဲ့ အခြေအနေက ပုံမှန်ဟုတ်လား မဟုတ်ဘူးလား” ဒိပိုင်မင် စကားမပြောတာကို မြင်ရတဲ့အခါ သူမအလွန်အမင်း စိုးရိမ်လာတော့သည်။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now