အခန်း(၃) ငါ့လက်ကို မထိန်းချုပ်နိုင်လိုက်ဘူး။

2.8K 386 5
                                    


အခန်း(၃) ငါ့လက်ကို မထိန်းချုပ်နိုင်လိုက်ဘူး။

“ရှင့်ရဲ့ဒီ၀တ်စုံက တော်တော်ကောင်းတာပဲ။ ကျွန်မရဲ့အ၀တ်တွေကတော့ ညစ်ပတ်နေတယ်လေ။ ဆ်ုတော့ကာ ကျွန်မကပဲ ကျည်ဆန်ကိုကိုက်ပြီးတော့ ရှင့်ရဲ့အ၀တ်တွေကို ၀တ်သွားလိုက်တော့မယ်နော်။ ငါလေးက ကြင်နာတတ်တဲ့လူတစ်ယောက်ပါ။ အဲ့ဒါကြောင့်မို့ ရှင့်ရဲ့၀တ်ရုံကိုပဲ ယူလိုက်တော့မယ်။” လျှပ်တစ်ပြက်အတွင်း အနှီလူ၏ အ၀တ်တွေကို ယန်ချူးဂျူး ချွတ်လိုက်သည်။

ထူးဆန်းတာက ယန်ချူးဂျူး၏ ခေါင်းနောက်က ဒဏ်ရာက ဆန်းကြယ်စွာနဲ့ ပြန်လည်ကောင်းမွန်သွားတာပင်။ သူမရဲ့ အ၀တ်တွေပေါဲမှာ ရွှံ့တွေနဲ့ သွေးကွက်တွေ ကျန်ရှိနေသေး‌တယ် ဆိုပေမယ့်လည်းပေါ့။ ထို့ကြောင့် သူမရဲ့ အ၀တ်တွေကိုချွတ်ကာ ထိုလူ၏ အ၀တ်တွေကို ၀တ်လိုက်သည်။ “ဒါက နည်းနည်းလေးတော့ ကြီးနေတယ်။ ကဲပါ ဘာပဲဖြစ်ဖြစ် ဒါကညစ်ပတ်နေတာ‌တွေ ၀တ်ထားရတာထက်တော့ သာပါသေးတယ်။”

နောက်တစ်စက္ကန့်အကြာမှာတော့ သူ့ရဲ့အ၀တ်တွေက တစ်ကယ်ပဲ အလိုအလျောက်ကြုံ့သွားတာကို မြင်လိုက်ရသည်။ သူ့ရဲ့အ၀တ်တွေက အခုတော့ အခြေခံအားဖြင့် သူမနဲ့ အနေတော်အရွယ်အစားဖြစ်သွားခဲ့သည်။

ယန်ချူးဂျူး အံ့အားသင့်ပြီး အားရသွားခဲ့သည်။ ပြီးနောက် သူမပျော်ရွှင်စွာပြောလိုက်တယ်။ “ဝိုး ဒီကောင်ချောလေးရဲ့ အ၀တ်တွေက ဒီလိုမျိုး ရတနာတစ်ခုဖြစ်နေလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။”

ယန်ချူးဂျူး တစ်ခဏလောက် စဉ်းစားလိုက်ပြီးတော့ သူမရဲ့ အ၀တ်အသစ်တွေပေါဲမှာ သူမရဲ့ ညစ်ပတ်နေတဲ့ ၀တ်ရုံကို ထပ်၀တ်ထားဖို့ ဆုံးဖြတ်လိုက်သည်။ လူတစ်ယောက်က သူ့ရဲ့ချမ်းသာမှုကို သူတစ်ပါးကို ဘယ်တော့မှ မပြသသင့်ပေ။ ပြီးတော့ အခြားလူတွေက သူမရဲ့ အ၀တ်အစားအသစ်တွေအပေါဲ မျက်စိကျသွားမှာကိုလည်း ကြောက်ရသေးသည်။

“ဟာ ဒီလူချောလေး တစ်ခုခုကို ကိုင်ထားတာလား။”   ယန်ချူးဂျူး နားလည်သွားတာကတော့ အနှီလူက သူ့ညာဘက်လက်ထဲနဲ့ တစ်စုံတစ်ခုကို တင်းကျပ်စွာ ဆုပ်ကိုင်ထားတယ်ဆိုတာကိုပင်။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now