အခန်း(၃၄) ယန်ချူးဂျူး၏ ရောဂါကုထုံးပို့ချချက်

1.7K 266 4
                                    

အခန်း(၃၄) ယန်ချူးဂျူး၏ ရောဂါကုထုံးပို့ချချက်

ယန်ချူးဂျူးပြောတာကို နားထောင်ပြီးနောက် ပွဲကြည့်နေကြတဲ့ ငရှုပ်ပရိသတ်တွေက ချက်ခြင်းပင် နေရာအချို့ ရှင်းလင်းပေးလိုက်ကြသည်။ သူတို့တွေက မျက်လုံးတွေကိုကျယ်ကျယ် ပြူးထားကြပြီးတော့ မကြုံစဖူး ကန်ကျောက်ပြီး ကုရတဲ့ ရောဂါကုထုံးဆိုတာကြီးကို ကြည့်ရှုရန် ပြင်ဆင်နေလိုက်ကြသည်။

ယန်ချူးချီက ယန်ချူးဂျူးရဲ့ ဒုက္ခရောက်တော့မယ့် အမူအရာကို စေ့စေ့စပ်စပ်နဲ့ ပျော်ပျော်ကြီး ကြည့်ရှုနေကာ ယန်ချူးရှန်ဆီသို့ တီးတိုးပြောလိုက်သည်။ “တတိယအစ်မ ယန်ချူးဂျူးက ကိုယ့်ပြဿနာကိုယ်ရှာနေတာလို့ မထင်မိဘူးလား။ ခြေကန်ချက်တွေကသာ ရောဂါကုသပေးနိုင်မယ်ဆိုရင် ၀က်တွေလည်း ပျံကောင်းပျံနိုင်ကုန်လိမ့်မယ်”

ယန်ချူးရှန်ရဲ့ မျက်လုံးတွေက တောက်ပသွားခဲ့သည်။ “ဖြစ်နိုင်တာက‌ ငါတို့ရဲ့ နံပါတ်ကိုးညီမလေးက ခြေကန်ချက်တွေကို အကြောင်းပြချက်အဖြစ် ယူလိုက်တာနေမှာပေါ့။ အိမ်တော်သခင်ကြီးက သူမကို လျှို့ဝှက်ဆေးကုနည်းအချို့ ပေးထားတာဖြစ်နိုင်တယ်။ သူမက ပိုင်မို့ရုကို အရင်ဆုံးအဆိပ်ခတ်လိုက်ပြီးတော့ အခုကျတော့မှ ပိုင်မို့ရုကို ကန်နေရင်းနဲ့ အဆိပ်ဖြေပေးမလို့နေမှာပေါ့”

ယန်ချူးချီက ရုတ်တစ်ရက်နားလည်သွားပြီး မျက်နှာပုတ်သိုးစွာနဲ့ နှုတ်ခမ်းစူလိုက်သည်။ “အိမ်တေယ်သခင်ကြီးက အရမ်းမျက်နှာလိုက်တာပဲ။ ဘာလို့များ သူက အဲ့ဒီဆန်ကုန်မြေမလေးကို အရမ်းကိုပဲ ကောင်းကောင်းမွန်မွန် ဆက်ဆံနေရတာလဲ”

ယန်ချူးရှန်က ဘာမှပြန်မပြောလိုက်ပေမယ့် စိတ်ထဲတွင်တော့ သရော်လှောင်ပြောင်တဲ့ အပြုံးတစ်ချက် ပေးလိုက်သည်။

ယန်ချူးရှန်က စကားတစ်လုံးမှ ဖွင့်ဟမလာတာကို မြင်ရတဲ့အခါ ယန်ချူးချီက ယန်ချူးဂျူးဆီကို အထင်တသေးနဲ့ လှောင်ပြုံးပြုံးပြီး ကြည့်နေလိုက်သည်။

ထိုအချိန်မှာတော့ ပိုင်မိသားစုက လူအားလုံးက ‌အဝေးသို့ ရွှေ့ပေးသွားကာ ပိုင်မို့ရုကို ခုတင်ပေါဲမှာ တစ်ယောက်တည်းချန်ထားခဲ့ကြသည်။

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now