အခန်း(၂၂) စုယန်ရန်

1.8K 243 4
                                    

အခန်း(၂၂) စုယန်ရန်

ပိုင်မောင်နှမက စုယန်ရန်ကို မျက်နှာချို‌သွေးလိုက်လိုက်တဲ့အခါ သူမရဲ့ဖရိုဖရဲပွ‌ယောင်းနေတဲ့ အတောင်တွေက ချော‌မွတ်သွားသလိုမျိုး ခံစားလိုက်သည် (ဒေါသဆက်မထွက်တော့ဘူးလို့ပြောတာ)။ “၀မ်းကွဲ၊ ညီမလေးမို့ရု ညီမလေးတို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီးရှုမြင်ဖို့ မလိုအပ်ပါဘူး။ ညီမလေးတို့နှစ်ယောက်စလုံးက ရဲ့မြို့တော်လို နေရာသေးသေးလေးတစ်ခုမှာတောင်မှပဲ ဒီလိုကျင့်ကြံဆင့်ကို ရောက်နေပြီဆိုတာကပဲ အံအားသင့်စရာကောင်းလွန်းနေပါပြီ”

စုယန်ရန်ပြောတာကို ပိုင်မိုယုကြားလိုက်ရတဲ့အခါ သူ့ရဲ့အမူအရာက တစ်ခဏလောက် အေးခဲသွားခဲ့ကာ အနည်းငယ် မပျော်ရွှင်သလို ခံစားလိုက်ရသည်။ သူ့ရှေ့မှာရှိနေတဲ့ စုယန်ရန်ကို မေးစရာတစ်ခုရှိနေခဲ့တာကြောင့်သာ မဟုတ်ခဲ့ရင် အစောကြီးကတည်းက သူဒေါသတကြီးနဲ့ ထွက်သွားခဲ့ပြီး ဖြစ်လောက်သည်။

စုယန်ရန်က ပိုင်မိုယုရဲ့အဒေါဲ ပိုင်ရှုယန်၏သမီးဖြစ်သည်။ စုမိသားစုက တုန်းဟွာနိုင်ငံရဲ့ မိုးမျှော်တိမ်တိုက်များမြို့တော်မှာရှိတဲ့ မိသားစုကြီးတစ်ခုဖြစ်သည်။ ထိုအချိန်တုန်းက ပိုင်ရှုယန်က စုမိသားစုထဲကို နောက်ဆုံးမှာ လက်ထပ်ပြီး‌တော့ မ၀င်နိုင်ခင်မှာ နည်းလမ်းအမျိုးမျိုးကို အသုံးချခဲ့ရသည်။

ပိုင်မိုယုက လျှို့ဝှက်စွာနဲ့ ပိုင်မို့ရုဆီကို အကြည့်ဖြင့်အချက်ပြလိုက်တယ်။ ပြီးတော့ သူမက သူဘာကိုဆိုလိုချင်တာလဲဆိုတာကို နားလည်သွားခဲ့သည်။ ထို့နောက်သူမက စုယန်ရန်ကို ထောပတ်သုတ်ဖို့ စတင်ကြံစည်တော့သည်။ “မမယန်ရန် မမကအဲ့ဒီမှာ အချက်တစ်ချက်ရှိနေတာပဲ။ ရဲ့မြို့တော်က တစ်ကယ်ပဲ သေးငယ်လွန်းပါတယ်။ တိမ်ပြိုလဲဂိုဏ်းက ဆယ်နှစ်ကြာတိုင်းမှာ ကျင်းပလေ့ရှိတဲ့ တပည့်သစ်‌ရွေးချယ်ပွဲက မကြာခင်ပဲ စတင်တော့မယ်လို့ ညီမလေး ကြားခဲ့မိတယ်။ မမဆီမှာ လူတစ်ယောက်ကိုဝင်ခွင့်ရနိုင်ဖို့အတွက် ကူညီပေးနိုင်မယ့် အဆက်အသွယ်လေးများ မရှိဘူးလားဟင်”

စုယန်ရန်ရဲ့ အမူအရာက အရင်ကထက်တောင်မှ ပိုပြီးတော့ ထောင်လွှားလာခဲ့သည်။ “တိမ်ပြိုလဲဂိုဏ်းက သူတို့တပည့်သစ်ရွေးချယ်ပွဲကျင်းပတိုင်း တင်းကျပ်တဲ့စည်းမျဉ်းတွေကို အမြဲတမ်း ချမှတ်လေ့ရှိတယ်။ တစ်ယောက်တည်း စာရင်းသွင်းဖို့အတွက်ဆိုရင် ထောက်ခံပေးမဲ့သူတစ်ယောက်လိုအပ်လိမ့်မယ်။ ပြီးတော့ စာရင်းသွင်းဖို့အတွက် လိုအပ်ချက်တွေက ပိုပြီးတော့တောင်မှ မြင့်မားသေးတယ်”

ယန်မိသားစုရဲ့ ကိုးလေးက တစ်ကယ့် ပြဿနာအိုးလေးပဲ။Where stories live. Discover now