လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်န...

Od Indolent-Senorita

826K 121K 3.7K

Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Transla... Viac

ဇာတ်လမ်းမိတ်ဆက်
အခန်း-၁(လမ်းခွဲခြင်း)
အခန်း-၂(​ကောလဟာလ)
အခန်း-၃(လုယူခြင်း)
အခန်း-၄(အချစ်ပြိုင်ဘက်)
အခန်း-၅(ရန်စခြင်း)
အခန်း-၆(တိတ်တခိုးအချစ်)
အခန်း-၇(မ​မျှော်လင့်ဘဲ ​တွေ့ဆုံခြင်း)
အခန်း-၈(​ခြေရာခံခြင်း)
အခန်း-၉(နူးညံ့​သောနှလုံးသား)
အခန်း-၁၀(ငြင်းဆန်ခြင်း)
အခန်း-၁၁(မ​ကျေနပ်ချက်)
အခန်း-၁၂(​ဆေး)
အခန်း-၁၃(အမျက်​​ဒေါသ)
အခန်း-၁၄(စို​ပြေ​စေခြင်း)
对不起
အခန်း-၁၅(ညစ်ပတ်​သော)
အခန်း-၁၆(မ​ကျေမနပ်နှင့်တိုင်တန်းခြင်း)
အခန်း-၁၇(ရသစုံရှိုးပွဲ)
အခန်း-၁၈(တွယ်ချိတ်)
အခန်း-၁၉(အသုံးချခြင်း)
အခန်း-၂၀(အ​ရေး​ပေါ်သတင်း)
အခန်း-၂၁(ပရိသတ်)
အခန်း-၂၂(ခြိမ်း​ခြောက်ခြင်း)
အခန်း-၂၃(အ​ကြွေးပြန်ဆပ်ခြင်း)
အခန်း-၂၄(အကူအညီ​တောင်းခံခြင်း)
အခန်း-၂၅(ဒီ​ယောကျ်ား)
အခန်း-၂၆(ပြသာနာ)
အခန်း-၂၇(စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်း​သော)
အခန်း-၂၈(ဂရုစိုက်ခြင်း)
အခန်း-၂၉(လှည့်ကွက်)
အခန်း-၃၀(အ​ပြောင်းအလဲ)
အခန်း-၃၁(​မျှော်လင့်မထားတဲ့ပြသာနာ)
အခန်း-၃၂(အကူအညီရှာ​ဖွေခြင်း)
အခန်း-၃၃(ဗိုလ်ကျခြယ်လှယ်တတ်​သောအမျိုးသား)
အခန်း-၃၄(စိမ်းကားခြင်း)
အခန်း-၃၅(ဖရဲသီး​လေးရဲ့ချစ်ခင်မှု)
အခန်း-၃၆(စုန့်ရှီလင်၏ရက်စက်ခြင်း)
အခန်း-၃၇(အတိတ်)
အခန်း-၃၈(အပြစ်ပြုမိခြင်း)
အခန်း-၃၉(သတိ​ပေးခြင်း)
အခန်း-၄၀(ဥပါဒါန်)
အခန်း-၄၁(အချစ်)
Happy Thadingyut Festival
အခန်း-၄၂(ရှက်ကိုးရှက်ကန်းဖြစ်ခြင်း)
အခန်း-၄၃(​မော့ကုမ္ပဏီ)
အခန်း-၄၄(နှစ်ပတ်လည်ပါတီ)
အခန်း-၄၅(သီးသန့်ကြိုတင်​နေရာယူထားခြင်း)
အခန်း-၄၆(ဖွင့်ဟ၀န်ခံခြင်း)
အခန်း-၄၇(သ၀န်တိုခြင်း)
အခန်း-၄၈(နှင်းဆီပန်း)
အခန်း-၄၉(ဥက္ကဋ္ဌချူ)
အခန်း-၅၀(ရန်​ဖေး)
အခန်း-၅၁(မုန်းတီးခြင်း)
အခန်း-၅၂(ဒွိဟဖြစ်ခြင်း)
အခန်း-၅၃(သကြားလုံး)
အခန်း-၅၅(မ​တော်တဆမှု)
အခန်း-၅၆(ပြိုလဲရှုံးနိမ့်ခြင်း)
အခန်း-၅၇(သူ၏ကြမ္မာဂြိုလ်ဆိုး)
အခန်း-၅၈(​မျှော်လင့်မထားမိခဲ့​လေ​သော)
အခန်း-၅၉(​ပျော်ရွှင်မှု)
အခန်း-၆၀(ပြန်လည်​ပေါင်းစည်းမိသွား​သောစုံတွဲ)
အခန်း-၆၁(ဖရဲသီး​လေး စိတ်ဆိုးခြင်း)
အခန်း-၆၂(သဲလွန်စ)
အခန်း-၆၃(အပြစ်ရှိစိတ်)
အခန်း-၆၄(စုံစမ်းစစ်​ဆေးခြင်း)
အခန်း-၆၅(​ဖော်ထုတ်ခြင်း)
အခန်း-၆၆(အ​ကြောက်တရား)
အခန်း-၆၇(​နေ့စဉ်ဘ၀​လေး)
အခန်း-၆၈(အသိအမှတ်ပြုခြင်း)
အခန်း-၆၉(စုန့်မိသားစု)
အခန်း-၇၀(တွဲဖက်ပါတနာ)
အခန်း-၇၁(သူ့အားလွမ်းဆွတ်ခြင်း)
အခန်း-၇၂(ချစ်ခြင်း​မေတ္တာ)
အခန်း-၇၃(ကို့ရို့ကားရားအ​ခြေအ​နေတစ်ခု)
အခန်း-၇၄(သကြားဖေ​ဖေ)
အခန်း-၇၅(ရန်သူ)
အခန်း-၇၆(ကြိုတင်ပြင်ဆင်ခြင်း)
အခန်း-၇၇(လှည့်စားခြင်းပရိယာယ်)
အခန်း-၇၈(ပြန်လည်တိုက်ခိုက်ခြင်း)
အခန်း-၇၉(အ​မှောင်ထုထဲသို့ သွတ်သွင်းခြင်း)
အခန်း-၈၀(တစ်ကိုယ်​တော်မိဘ)
အခန်း-၈၁(ပြန်လာခြင်း)
အခန်း-၈၂(အလုပ်ခွင်သို့ အလည်တစ်​ခေါက်)
အခန်း-၈၃(သတိ​ပေးချက်)
အခန်း-၈၄(မယုံသင်္ကာဖြစ်ခြင်း)
အခန်း-၈၅(အမှန်တရား)
အခန်း-၈၆(ချစ်မှု​ရေးရာကိစ္စများ)
အခန်း-၈၇(စီးပွား​ရေး​ကြော်ငြာ)
အခန်း-၈၈(စိတ်အားငယ်ခြင်း)
အခန်း-၈၉(ကြွားလုံးထုတ်ခြင်း)
အခန်း-၉၀(အပြင်းအထန်​ပြောင်းလဲဆန့်ကျင်ခြင်း)
အခန်း-၉၁(ငြင်းဆန်ခြင်း)
အခန်း-၉၂(ပြသာနာရှာခြင်း)
အခန်း-၉၃(​ပေါ်ယွီ၏ရိုက်ကွင်းသို့လိုက်သွားခြင်း)
အခန်း-၉၄(သံသယ)
အခန်း-၉၅(ရိုက်နှက်​စေခြင်း)
အခန်း-၉၆(ဖွင့်​ပြောခြင်း)
အခန်း-၉၇(​ဒေါသထွက်ဖွယ်)
အခန်း-၉၈(ကလဲ့စား)
အခန်း-၉၉(၀တ်​ကျေတမ်း​ကျေတုံ့ပြန်မှု)
အခန်း-၁၀၀(​ရောက်လာသူ)
အခန်း-၁၀၁(​ပေါ်ယွီ၏အတိတ်)
အခန်း-၁၀၂(ပထမဆုံးအကြိမ် ​တွေ့ဆုံမှု)
အခန်း-၁၀၃(အပြစ်ပြုခြင်း)
အခန်း-၁၀၄(အိမ်အပြန်)
အခန်း-၁၀၅(ချစ်ရသူ)
အခန်း-၁၀၆(အစွဲအလမ်း)
အခန်း-၁၀၇(အစားထိုး)
အခန်း-၁၀၈(ထုတ်​မေးခြင်း)
အခန်း-၁၀၉(စိတ်ရှည်သည်းခံခြင်း)
အခန်း-၁၁၀(စစ်ပွဲမီး​တောက်)
အခန်း-၁၁၁(လူထုအမြင်)
အခန်း-၁၁၂(သရုပ်မှန်)
အခန်း-၁၁၃(အနမ်းများခိုးယူခြင်း)
အခန်း-၁၁၄(အစားပုတ်​လေး)
အခန်း-၁၁၅(ညစာတစ်နပ်ဒကာခံခြင်း)
အခန်း-၁၁၆(အလိမ်အညာ)
အခန်း-၁၁၇(ခွင့်လွှတ်မှု)
အခန်း-၁၁၈(ရုပ်ဆိုးတဲ့ဝတ်စုံ)
အခန်း-၁၁၉(ရိုးအီ​နေ​သော ​ကြော်ငြာပုံစံအ​ဟောင်း)
အခန်း-၁၂၀(ချစ်ခင်မှုအတွက် ယှဉ်ပြိုင်ခြင်း)
အခန်း-၁၂၁(မ​ပြေမပြစ် အ​ပြောအဆို)
အခန်း-၁၂၂(၀ိတ်ချခြင်း)
အခန်း-၁၂၃(ဉာဏ်တိုက်ပွဲ)
အခန်း-၁၂၄(အချစ်စစ်)
အခန်း-၁၂၅(ဆုနှင့်လွဲ​ချော်ခဲ့ရခြင်း)
အခန်း-၁၂၆(ဖဲကြိုးဖြတ်ပွဲအခမ်းအနား)
အခန်း-၁၂၇(လိုက်ဖက်ညီမှု)
အခန်း-၁၂၈(ခြင်များ)
အခန်း-၁၂၉(လက်​ဝှေ့ထိုးခြင်း)
အခန်း-၁၃၀(ဒုတိယ​မြောက်ရင်​သွေး)
အခန်း-၁၃၁(သတင်းထွက်လာခြင်း)
အခန်း-၁၃၂(ချုပ်ချယ်ခြင်း)
အခန်း-၁၃၃(​စေ့စပ်ပွဲ)
အခန်း-၁၃၄(​သေလမ်းကိုဖိတ်​ခေါ်ခြင်း)
အခန်း-၁၃၅(​လောကီ​ရေးရာ)

အခန်း-၅၄(ချစ်ဒုက္ခ)

6.6K 1.1K 52
Od Indolent-Senorita

Scroll fown for Zawgyi.

Unicode

​မော့ရန်ဟာ အမြင့်တစ်နေရာက​​နေ ဖြည်းညင်းစွာ ဆင်းသက်လာပြီး သူနဲ့မျက်နှာချင်းဆိုင်မှာ မတ်တပ်ရပ်​နေတဲ့ ကျူးယာကို ကြည့်ကာ မျက်ခုံးပင့်ရင်း ​ပြောလိုက်​လေသည်။   " မ​မျှော်လင့်ဘဲ ရှန်းကျွင်းက ကျွန်​တော်မျိုးကြီးရဲ့နန်း​တော်ကို ​ကြွရောက်လာတယ်ဆို​တော့ ကျွန်​တော်မျိုး ရှန်းကျွင်းအတွက် ဘာများ​ဆောင်ရွက်​ပေးရမလဲ ??? "

ကျူးယာက တည်ငြိမ်စွာ ဆိုလိုက်သည်။
  " ကိုယ့်ပြသာနာကိုယ်နိုင်​အောင် အရင်ရှင်းရ​အောင် "

​ဘေးမှာရပ်​နေတဲ့ ကျွင်းရွှီအာက အဲ့ဒီစကားကို ကြားပြီး​နောက် တစ်ကိုယ်လုံး ​တောင့်တင်းသွား​တော့သည်။

​မော့ရန်က ဟားတိုက်ရယ်​မောလိုက်ပြီး မျက်​တောင်တစ်ခတ်စာအတွင်း ကျူးယာဆီ ​ရွေ့သွားကာ တီးတိုးညည်းတွားလိုက်သည်။ 
" သူမက မိုက်မဲတဲ့ က​လေးမ​လေးတစ်​ယောက်သာသာပါပဲ။ ဒါ​ပေမယ့် ရှန်းကျွင်းက သူမအတွက်နဲ့ ဒီမိစ္ဆာနယ်​မြေထဲကို တစ်​ယောက်တည်း ၀င်လာတယ်​နော်။ ရှန်းကျွင်း သူမကိုများ ချစ်​နေတာလား ? "

ကျွင်းရွှီအာရဲ့မျက်လုံး​တွေက တင်းမာခက်ထန်လာပြီး သူမလက်​ချောင်း​တွေကို ဆတ်ခနဲ ​မြှောက်လိုက်တဲ့အခါ ​အေးစက်​နေတဲ့ အလင်း​ရောင်ခြည်တန်းတစ်ခုက ​မော့ရန်ဆီကို ရက်ရက်စက်စက် ပစ်ခတ်သွားသည်။

ဆရာသခင်က သူမအပိုင် !!!

" Cut !!! "   ​ဒါရိုက်တာချွီက စိတ်​ကျေနပ်အားရစွာ ​အော်ဟစ်လိုက်ပြီး​နောက် ' ခဏနားကြမယ် ' ဟု အလျင်အမြန် ​ပြောဆိုကာ စာ​ရေးဆရာနဲ့အတူ ဇာတ်လမ်းဇာတ်ကွက်​တွေအ​ကြောင်း ​ဆွေး​နွေးတိုင်ပင်​နေ​တော့သည်။

ချူး၀မ်၀မ်က ​ဘေးတစ်ဖက်မှာအ ရပ်​နေရင်း ​ပေါ်ယွီဆီမှာ ကြိုးစားပမ်းစား မျက်နှာချို​သွေး​နေတဲ့ ​မော့အန်းယွီကို ​အေးစက်စွာ ကြည့်လိုက်သည်။သူမက ​လှောင်​ပြောင်သ​ရော်တဲ့အ​နေနဲ့ ဟွန့်ကနဲ အသံပြုကာ အ၀တ်လဲခန်းဆီ လှည့်ထွက်သွား​လေသည်။

လက်​ထောက်​လေးမှာ ခါးသက်​နေတဲ့ မျက်နှာအမူအရာနဲ့အတူ သူမ​နောက်က​နေ လိုက်သွားရသည်။

​ပေါ်ယွီ မျက်​မှောင်ကြုတ်ပြီး သူ့​နောက်က​နေ တ​ကောက်​​ကောက်လိုက်​နေတဲ့ ​မော့အန်းယွီကို ကြည့်လိုက်သည်။​ပေါ်ယွီခမျာ ပထမဆုံးအကြိမ်အဖြစ် အကူအညီမဲ့သလို ခံစားလိုက်မိသည်။   " မင်း ဒီည အားလား ? စကား​ကောင်း​ကောင်း​လေး​ပြောကြရ​အောင် "

​မော့အန်းယွီရဲ့လှုပ်ရှားမှု​တွေက တစ်ခဏ​လောက် ရပ်တန့်သွားပြီး ခန့်မှန်းလို့မရနိုင်တဲ့ မျက်၀န်း​တွေနဲ့အတူ ​ခေါင်းငြိမ့်ပြလာခဲ့သည်။

သိပ်မ​ဝေးတဲ့​နေရာတွင် ​ရှောင်ကျန်းဟာ ​ပေါ်ယွီနဲ့ ​မော့အန်းယွီဆို့ကြားက အပြန်အလှန် ဆက်ဆံ​ရေးကို ​စောင့်ကြည့်ရင်း​ နောက်ထပ်တစ်ဖန် သူ့နှလုံးသားထဲမှာ ဂနာမငြိမ်ဖြစ်လာကာ တစ်စုံတစ်ရာကို တိတ်တဆိတ် အစီအစဉ်ဆွဲ​နေသည်။

ည​အချိန်ရောက်တဲ့အခါ ​ပေါ်ယွီနဲ့​မော့အန်းယွီတို့က အနီးအနားမှာရှိတဲ့ snack street တစ်ခုဆီ ကား​မောင်းသွားကာ အသားကင်​တွေနဲ့ဘီယာ​​တွေကို ၀ယ်ခဲ့လိုက်ပြီး မြစ်ကမ်း​ဘေးမှာ စကားစမြည်​ပြောရင်း ငုတ်တုတ်ထိုင်​နေကြသည်။

​မော့အန်းယွီက ဘီယာကို ခပ်ကြီးကြီးတစ်ငုံ ယူ​သောက်လိုက်ပြီး အသားကင်ကို ဖြည်းဖြည်းချင်း ဝါး​နေသည်။   " ကျွန်​တော်တို့ ဒီလိုမျိုး မြစ်​ဘေးမှာ ထိုင်ရင်း ဘီယာနဲ့အသားကင်စားရလိမ့်မယ်လို့ တစ်ခါမှ မ​တွေးဖူးဘူး "

" ငါ​ရောပဲ "   ဒီရက်​တွေမှာ ​ပေါ်ယွီ စိတ်ဓါတ်ကျ​နေသည်။ဘီယာကို ပုလင်းတစ်၀က်​လောက်ထိ ​သောက်ပြီးတဲ့အချိန်မှာ သူ ​မော့အန်းယွီကို စကားစလိုက်သည်။

​​မော့အန်းယွီက ​ပေါ်ယွီရဲ့ ​ဘေးတ​စောင်းမြင်​နေရတဲ့ မျက်နှာကို ခပ်မှိန်မှိန်မျှသာရှိတဲ့ အလင်း​ရောင်အားကိုးနဲ့ ​လောဘတကြီး အကြိမ်ကြိမ် ကြည့်ရှူလို့​နေသည်။

ချစ်ရည်ရွှန်း​နေတဲ့ မျက်လုံး​တွေကို မြင်လိုက်ရတာ​ကြောင့် ​ပေါ်ယွီ မျက်​မှောင်ကြုတ်သွားမိပြီး ဘာမှ​​တော့မ​ပြော​ပေ။အဲဒီအစား သူက ချင့်ချင့်ချိန်ချိန်နဲ့ ဆိုလိုက်သည်။   " ငါတို့က တစ်​ယောက်နဲ့တစ်​ယောက် မသင့်​တော်ဘူး "

​မော့အန်းယွီက ​ပေါ်ယွီကို တိတ်ဆိတ်စွာ ကြည့်​နေရင်း ရုတ်တရက် ဘီယာပုလင်းကို ​မြေကြီး​ပေါ် ပစ်​ပေါက်လိုက်သည်။ ' ဒုန်း ' ခနဲ မြည်သံကြီးနဲ့အတူ ပုလင်းထဲက ဘီယာတစ်၀က်ကျိုး​လောက်ဟာ ​မြေကြီး​ပေါ်မှာ ဖိတ်စင်ကျသွား​လေသည်။

​ပေါ်ယွီက အသားကင်တစ်ခုကို ​ကောက်ကိုင်ကာ မျက်​တောင်မခတ် ဆက်စားရင်း ဂရုမစိုက်စွာ ​ပြောဆိုလိုက်သည်။   " ငါ မင်းနဲ့တွဲမှာမဟုတ်ဘူးလို့ မင်းကို ​ပြောပြီးပြီ​လေ "

​မော့အန်းယွီက ​ပေါ်ယွီ့ဘက်ကို ​နောက်ကျော​ပေးရပ်လိုက်ပြီး တ​ရွေ့​ရွေ့ လှုပ်ရှားစီးဆင်းလို့​နေတဲ့ မြစ်ကို ရှူစားရင်း အသံနှိမ့်​ပြောလိုက်သည်။   " ကျွန်​တော် အမှန်အတိုင်း သိတယ် "

" ??? "

" ဒီရက်​တွေမှာ စုန့်ရှီလင်ရဲ့လက်​ထောက်က ဖရဲသီး​လေးကို အကြိုအပို့ ကား​မောင်း​ပေး​နေတာ ဟုတ်တယ်မလား ? "   ​မော့အန်းယွီရဲ့မျက်နှာက အ​မှောင်ထု​အောက်မှာ ပိုပိုပြီး နိမိတ်မ​ကောင်းတဲ့အသွင်​ဆောင်လာသည်။   " ခင်ဗျားတို့နှစ်​ယောက် ပြန်​ပေါင်း​နေကြတယ်​ပေါ့ !!! "

​ပေါ်ယွီ မျက်​မှောင်ကြုတ်လိုက်သည်။   " အဲဒါ မင်းကိစ္စမဟုတ်ဘူး။ ​မော့အန်းယွီ မင်း ၀င်ပါလွန်း​နေပြီ "

" အဲဒါ ကျွန်​တော်နဲ့ သက်ဆိုင်တာ​ပေါ့ !!! ကျွန်​တော် ခင်ဗျားကို ကြိုက်တယ်။အဲဒါ​ကြောင့် ခင်ဗျားနဲ့ပတ်သတ်တဲ့ အရာမှန်သမျှကို ကျွန်​တော် သိသင့်တယ် !!! "   ​မော့အန်းယွီ ​ပြောလိုက်သည်။

" ငါ ဒီရက်​တွေမှာ အလုပ်ရှုပ်​နေလို့ သူ့ကို အကူအညီ​တောင်းထားခဲ့တာပဲ "   ​ပေါ်ယွီ မတ်တပ်ထရပ်လိုက်တဲ့အခါ ​လေ​အေး​တွေ​ကြောင့် ​ခေါင်း အနည်းငယ် မူး​ဝေသွားသည်။

" တကယ်လို့ စုန့်ရှီလင်သာ စုန့်မိသားစုကမဟုတ်ဘဲ ဘာပိုင်ဆိုင်မှုမှမရှိရင်​ရော ခင်ဗျား သူ့အ​ပေါ် သစ္စာရှိ​နေ​ဦးမှာလား ? "   ​​မော့အန်းယွီက ဦး​ခေါင်းကို ​စောင်းငဲ့ကာ ​ပေါ်ယွီဆီ လှည့်ကြည့်လာပြီး သူ့မျက်လုံး​တွေက​တော့ ​ရေကဲ့သို့ပင် တည်ငြိမ်​နေသည်။

" ငါက သူနဲ့တွဲဖို့​ရွေးလိုက်တာကို ပိုက်ဆံ​ကြောင့်လို့ မင်း ထင်​နေတာလား ? "

​မော့အန်းယွီက ​ရှေ့​နောက်မစဉ်းစားဘဲ ပြန်​ပြောလိုက်သည်။   " မဟုတ်လို့လား ? "

​ပေါ်ယွီမှာ ရယ်စရာ​ကောင်းသလို ခံစားလိုက်ရကာ ​ပြောလိုက်သည်။   " ငါဆိုတဲ့ ​ပေါ်ယွီက အသက်တစ်ဆယ့်​ခြောက်နှစ်မှာကတည်းက ဖန်သားပြင်​ပေါ်ကို ​ရောက်ခဲ့တာ။ ငါက တစ်ကမ္ဘာလုံးထိ နာမည်မကြီးဘူးဆို​ပေမယ့် ငါ့မှာ အ​ပြောင်​မြောက်ဆုံးလက်ရာ​တွေ  ရှိတယ် "

" ငါ ဆန္ဒရှိရင် entertainment ​လောကထဲက star တစ်၀က်စာ​လောက်ကို ၀ယ်ပစ်လိုက်လို့ရတယ်။ ငါက စပွန်ဆာဆိုတာမျိုး မလိုအပ်ဘူး။ ​​မော့အန်းယွီ , မင်းက ငါ့ကို ​သောက်ရမ်း မြင့်မြင့်မားမား​တွေ ​ထင်​ကြေးပေး​နေတာပဲ​နော် !!! "

" မင်း ဒါကို သိရမယ်။ ငါ ​ပေါ်ယွီက သူများ​တွေ လွယ်လွယ်ကူကူ ​ဆော့ကစားလို့ရတဲ့သူ မဟုတ်ဘူး "   ​ပေါ်ယွီရဲ့မျက်နှာက ဆီးနှင်းခဲ​တွေနဲ့ ဖုံးအုပ်​နေသည်။

​မော့အန်းယွီက ​တောင့်တင်းသွား​တော့သည်။   " ကျွန်​တော် ​တောင်းပန်ပါတယ် "

​ပေါ်ယွီ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ​မော့အန်းယွီ ​ဘေးတွင် ယှဉ်ရပ်ကာ ​စကားဆိုလိုက်သည်။   " ငါ မင်းကို ​ပြောခဲ့ဖူးပါတယ်။ ငါတို့​တွေက အ​တွေးအ​ခေါ်ကစလို့ မိသားစု​နောက်ခံထိ မသင့်​တော်ပါဘူးလို့ "

​မော့အန်းယွီက ​နေရာမှာပင် ရပ်​နေဆဲဖြစ်ပြီး စကားဆုံးတာနဲ့ ​နောက်လှည့်ထွက်ခွာသွားတဲ့ ​ပေါ်ယွီရဲ့ခပ်မှိန်မှိန် ပုံရိပ်​လေးကို ကြည့်​နေ​လေသည်။သူ့ရဲ့ရင်ဘတ်ကလည်း အသက်ရှူနှုန်း​ကြောင့် ပိုမိုကာ ပြင်းပြင်းထန်ထန် နိမ့်ချည်မြင့်ချည် လှုပ်ရှားလာသည်။

ဒါ​ပေမယ့် ခင်ဗျားက ကျွန်​တော့်ကို ခင်ဗျားတို့နှစ်​ယောက် ပြန်တွဲ​နေတယ်ဆိုတာ ​ပြောမပြ​သေးဘူးပဲ။

_____________

စုန့်ကုမ္ပဏီတွင်။

စုန့်ရှီလင်ရဲ့လက်​တွေဟာ keyboard မှာ ခပ်ဖွဖွ ​ပြေးလွှား​ခေါက်ပုတ်​ရင်း ကွန်ပျူတာထဲက အ​ကြောင်းအရာကိစ္စ​တွေကို ​ဖြေရှင်း​ဆောင်ရွက်​နေသည်။သူ့ရဲ့မျက်နှာ​ဘေးက​တော့ ​အေးစက်ကာ ​ပြင်းထန်လေးနက်လို့​နေ​လေသည်။

အတွင်း​ရေးမှူးချူခမျာ ရှင်းမပြတတ်စွာနဲ့ပဲ ပါးစပ်အပြည့် တံ​တွေး​တွေကို မျိုချလိုက်မိပြီး ရှင်းရှင်းလင်းလင်း တင်ပြလိုက်သည်။   " ...... ချီညီအစ်ကိုနှစ်​ယောက်က သီးသန့်ခန်းထဲမှာ မိနစ်သုံးဆယ်​လောက် စကား​ပြောခဲ့ကြပါတယ်။​ နောက်ပြီး ချီလင်းမှာလည်း မူမမှန်တဲ့ အပြုအမူ​တွေရှိ​နေပါတယ်။ သူတို့​တွေက ပြန်​ပေးဆွဲဖို့ အကွက်ချ​နေတယ်ဆိုတာ အရိပ်အ​ယောင်ပြ​နေပါတယ် "

ဆင်​ခြေဖုန်းရပ်ကွက်တစ်ခုမှာ ငှားရမ်းထားတဲ့ သို​လှောင်ရုံ ၊ လိုင်စင်မဲ့ကား ၊ ဂုန်​လျှော်အိတ် ၊ ကြိုး ၊ အသံ​ပြောင်းစက်နဲ့တကွ စသည့်စသည့် ပစ္စည်း​တွေက ချီညီအစ်ကိုနှစ်​ယောက်ဟာ အကျဉ်းအကျပ်ထဲမှာ ​ချောင်ပိတ်မိ​နေတဲ့ တိရိစ္ဆာန်​တွေလိုမျိုး ကြံမိကြံရာ ထက်ရာစိုင်းပြီး တစ်ခုခု လုပ်ကြ​တော့မယ်ဆိုတာကို သက်​သေပြ​နေသည်။

စုန့်ရှီလင်ရဲ့လက်တွေက keyboard ရိုက်​နေရာက​နေ ခဏ​လေး ရပ်တန့်သွားပြီး ​နောင်စက္ကန့်မှာပဲ ပြန်အလုပ်ဆက်လုပ်​နေသည်။
  " မကြာခင် ​မော့မိသားစုက ဖျက်ဆီးခံရ​တော့မှာဆို​တော့ ချီလင်း တစ်ခုခု လုပ်ရလိမ့်မယ် "

" ဥက္ကဋ္ဌ , ကျွန်​တော်တို့ ...... "

ကျွန်ပျူတာ​ပေါ်က အ​ရေးကိစ္စ​တွေကို ​​ဖြေရှင်းပြီး​နောက် စုန့်ရှီလင်က မတ်တပ်ရပ်ကာ suit ၀တ်ရင်း ​ပြောလိုက်သည်။   " အစီအစဉ်အတိုင်းပဲသွား။ ​အခုနောက် ငါးမိနစ်​နေရင် video conference နဲ့ ရှယ်ယာရှင်အစည်းအ​ဝေးရှိတယ်။ မင်း မကြာ​သေးခင်က ကုမ္ပဏီရဲ့ ​ရောင်းရ​ငွေပမာဏစာရင်းဇယားကို ယူလာခဲ့လိုက် "

အတွင်း​ရေးမှူးချူက ​ခေါင်းငြိမ့်ကာ အစည်းအ​ဝေးအတွက် စာရွက်စာတန်း​တွေ ပြင်ဆက်ဖို့ အပြင် ထွက်သွား​လေသည်။

_____________

​နောက်တစ်နေ့တွင်။

​ပေါ်ယွီက ၀က်နံရိုးကင်ကို ကြိုက်​ပေမယ့် ဖရဲသီး​လေးက​တော့ ကြက်​တောင်ပံကိုပဲ သ​ဘောကျသည်။

ဒါ​ကြောင့် ​ပေါ်ယွီမှာ နံရိုးရယ် ကြက်​တောင်ပံရယ်နဲ့အတူ market က ​ရေခဲခံ​သေတ္တာ​(freezer) ရှေ့ရပ်ရင်း ဖရဲသီး​လေးနဲ့ ငြင်းခုံ​နေရသည်။

ဖရဲသီး​လေးက နှုတ်ခမ်း​လေးစူကာ သူ့​ခေါင်း​နောက်က ၀က်မြှီး​လေးကို လွှဲယမ်းလိုက်သည်။   " ပါးပါး နံရိုးမချက်ပါနဲ့​နော်။ သား ကြက်သားစားချင်လို့ပါ "

​ပေါ်ယွီ ငြင်းဆန်လိုက်သည်။   " ငါတို့​တွေ ကြက်​တောင်ပံကို နှစ်ရက်​လောက် စားပြီးသွားကြပြီ​လေ။ ဒီ​နေ့​တော့ ငါတို့ နံရိုးစားရ​အောင် "

" ဒါ​ပေမယ့် နံရိုးက အရသာမှမရှိတာလို့ "   ဖရဲသီး​လေးက လျင်မြန်စွာ ​ပြောလိုက်သည်။

" မဟုတ်ပါဘူး​နော် !!! "   ၀က်နံရိုးနဲ့ကြက်​တောင်ပံ နှစ်မျိုးကြားမှာ ​ပေါ်ယွီ ခဏ​လောက် တုံ့ဆိုင်း​နေသည်။ဖရဲသီး​လေးက သူနဲ့ သ​ဘောထားကွဲလွဲ​နေတာ​ကြောင့် ၀က်နံရိုး​ကိုရော ကြက်​တောင်ပံကိုပါ ​ပေါ်ယွီ လိုရမယ်ရ ၀ယ်လိုက်​တော့သည်။

ဖရဲသီး​လေးက တွန်းလှည်းထဲ​ရောက်​နေပြီဖြစ်တဲ့ ကြက်​တောင်ပံကို ကြည့်ရင်း တခစ်ခစ်ရယ်ကာ​ ပေါ်ယွီရဲ့​ခြေ​ထောက်ကို ဖက်တွယ်လာသည်။

လမ်းကျဉ်း​လေးမှာ ရန်သူနဲ့​​တွေ့တယ်ပဲဆိုမလား ဒါမှမဟုတ် ကံကြမ္မာလို့ပဲ ဆိုရမလားမသိ​ပေ။​အိမ်ပြန်လမ်းမှာ စုန့်ရှီလင်နဲ့ ပေါ်ယွီ ဆုံမိကြ​လေသည်။

ဖရဲသီး​လေးက စုန့်ရှီလင်ကို ​နွေး​ထွေးပျူငှာစွာ ဖိတ်​ခေါ်လိုက်သည်။   " ဦးဦးစုန့် , ပါးပါးက ကြက်​တောင်ပံ​တွေ ၀ယ်ခဲ့တယ်ရယ်။သားတို့နဲ့အတူတူ ညစာစားပါ့လားဟင် ? "

​ပေါ်ယွီရဲ့လက်အစုံက ​တောင့်တင်းသွားပြီး က​လေး​လေးရဲ့​မျှော်လင့်တကြီး အကြည့်​တွေအလယ်မှာ သူ့ပါးစပ်ကို ဖွင့်ဟကာ ​စကား​ပြောလိုက်ရသည်။   " မင်း​ရော အတူတူစားမလား ? ငါ စားစရာတချို့ ၀ယ်ခဲ့​သေးတယ် "

စုန့်ရှီလင်က ​ပေါ်ယွီကို နက်နက်ရှိုင်းရှိုင်း ကြည့်ကာ ​ခေါင်းငြိမ့်လိုက်သည်။

ထမင်းစားဖို့ကိစ္စကို စုန့်ရှီလင် ငြင်းလိမ့်မယ်လို့ အပိုင်တွက်ထားတဲ့ ​ပေါ်ယွီမှာ မင်တက်သွား​တော့သည်။

သုံး​ယောက်သားက အခန်းထဲကို ​ရှေ့ဆင့်​​နောက်ဆင့် ၀င်လိုက်ကြသည်။​ပေါ်ယွီက ပစ္စည်းပစ္စယာ​တွေနဲ့အတူ မီးဖိုခန်းဆီ ​​လျှောက်သွားလိုက်ပြီး လက်​ဆေး​ကြောသန့်စင်ကာ သူ့ရဲ့ဟင်းချက်စွမ်းရည်ကို ထုတ်​ဖော်ပြသဖို့အတွက် စတင်ချက်ပြုတ်​နေ​တော့သည်။

စုန့်ရှီလင်က ငုတ်တုတ်ထိုင်ချလိုက်ပြီး ဖရဲသီး​လေးကို တည့်တည့်ကြည့်ကာ ​အေးစက်​နေပင်မယ့် နူးညံ့ညင်သာတဲ့အသံနဲ့ ဆိုလိုက်သည်။   " လိမ္မာတဲ့ က​လေး​လေး , သားတို့ စာကြည့်ခန်းထဲကို ဦးဦး အလည်လိုက်လို့ရလား ? "

" အိမ်မှာ စာကြည့်ခန်းမရှိဘူး "   ဖရဲသီး​လေးခမျာ ရှက်​သွေးဖြာသွားရသည်။

" အဲဒါဆို မင်းပါးပါးက ဓါတ်ပုံ​တွေကို ဘယ်နားထားသလဲဆိုတာ သိလား ? "   စုန့်ရှီလင်က ဖရဲသီး​လေးရဲ့​ခေါင်း​လေးငို ပွတ်သပ်ရင်း ကြင်နာနူးညံ့စွာ ​မေးလိုက်သည်။

ဖရဲသီး​လေးရဲ့မျက်လုံး​လေး​တွေက တလက်လက် ​တောက်ပသွားပြီး စုန့်ရှီလင်ကို သူ့ဓါတ်ပုံ​​တွေ ပြဖို့အတွက် အလျင်အမြန် ဆွဲ​ခေါ်​တော့သည်။

မီးဖို​ချောင်ထဲမှာ ဟင်းသီးဟင်းရွက်​တွေ ​ရေး​ဆေး ၊ အသား​တွေ လှီးဖြတ်​နေတဲ့ ​ပေါ်ယွီခမျာ သူ့ရဲ့လျှို့ဝှက်ချက်ကြီးက သူ ​ပေးမပြချင်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ စုန့်ရှီလင် ​တွေ့သွား​တော့မယ်ဆိုတာကို လုံး၀မသိရှာ​ပေ။

စုန့်ရှီလင်က ခပ်ထူထူ ဓါတ်ပုံ album နှစ်ခုကို ​ကောက်ယူပြီး ပုံတချို့ကို ကြည့်လိုက်သည်။အဲဒီဓါတ်ပုံ​တွေအားလုံးနီးပါးက ပျိုမျစ်နုနယ်​တောက်ပ​နေတဲ့ ​ပေါ်ယွီ ငယ်ရွယ်စဉ်အချိန်တုန်းက ပုံ​တွေဖြစ်သည်။

စုန့်ရှီလင်ရဲ့လက်​တွေဟာ တစ်ခဏ​လောက် ရပ်ဆိုင်းသွားပြီး သူ့လက်ကို ဆန့်ထုတ်ကာ ​ဓါတ်ပုံပေါ်က အမှုန်တချို့ကို သုတ်​ပေးလိုက်သည်။သူ့ရဲ့လက်မက ​ပေါ်ယွီရဲ့မျက်နှာ​လေး​ပေါ်မှာ ရပ်တန့်​နေပြီး အချိန်အ​တော်ကြာ ခပ်ဖွဖွ ပွတ်သပ်လို့​နေသည်။

တခြား album က​တော့ ဖရဲသီး​လေးရဲ့ ​မွေးကင်းစ​လေးက​နေ ယခုချိန်ထိ ပုံ​တွေပင်ဖြစ်သည်။

စုန့်ရှီလင်က ဓါတ်ပုံ​တော်​တော်များများကို ဟိုဟိုဒီဒီ လှန်​လှောကြည့်​နေရင်း ရုတ်တရက် ရပ်တန့်သွား​လေသည် ______  မသိ​အောင်အယူခံလိုက်ရတဲ့ ဓါတ်ပုံ​တွေ။ ပြီး​တော့ အဲဒီဓါတ်ပုံ​တွေထဲကလူက သူကိုယ်တိုင်ပဲ။

ကြမ်းပြင်​ပေါ်မှာ ​လေးဖက်​လေး​ထောက်ပြီး တွားသွား​နေတဲ့ ဖရဲသီး​လေးက အဲဒီဓါတ်ပုံ​တွေကို အ​လေးအနက် မိတ်ဆက်​ပေး​တော့သည်။   " ပါးပါးက သားကို ချစ်တယ်။ ပြီး​တော့ ဦးဦးစုန့်ကိုလည်း ချစ်ပါတယ် "

စုန့်ရှီလင်ရဲ့ တည်ငြိမ်​အေးစက်​နေတဲ့ မျက်နှာအမူအရာဟာ ပိုမို​ပျော့​ပျောင်းညင်သာလာသည်။   " အရင်တုန်းက​လေ ဦးဦးပုံ​တွေကို မင်းပါးပါးက ခဏခဏ နမ်းခဲ့တာလား ? "

ဖရဲသီး​လေးက ​ခေါင်း​လေး လှည့်လာပြီး စုန့်ရှီလင်ကို ကြည့်ကာ နှုတ်ခမ်းစူရင်း မငြိမ့်ချင်ငြိမ့်ချင်နဲ့ ​ခေါင်းငြိမ့်ပြလိုက်သည်။

သားပုံ​တွေကျ​တော့ ပါးပါးက တစ်ခါမှ အာဘွားမ​ပေးဖူးဘူး !!!

စုန့်ရှီလင်က ​ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ဖရဲသီး​လေး သူ့အ​ပေါ် အာရုံ၀င်စားမှုမရှိတဲ့ အချိန်မှာ သူ့ဓါတ်ပုံတချို့တ​လေကို ယူထားပြီး album ​တွေကို ပြန်တင်ထားလိုက်သည်။အဲဒီ​နောက် စုန့်ရှီလင်က သူ့လက်​မောင်း​တွေထဲမှာ ဖရဲသီး​လေးကို ချီ​ခေါ်ပြီး ​ပေါ်ယွီ့အိပ်ခန်းထဲက​နေ အပြင်ကို တည်ငြိမ်စွာ ထွက်လာခဲ့လိုက်သည်။

စုန့်ရှီလင်နဲ့​ပေါ်ယွီဟာ သူတို့ရဲ့ညစာကို စား​တောင်မစားရ​သေးခင်မှာတင် ​စော​စောစီးစီး လက်စသတ်လိုက်ကြရသည်။

အ​ကြောင်းအရင်းမှာ စုန့်ရှီလင်က ဖုန်းတစ်​ကောကို လက်ခံရရှိပြီး​နောက် သူဟာ အစည်းအ​ဝေးတစ်ခုအတွက် ကုမ္ပဏီကို ပြန်သွားရမည်ဖြစ်​ကြောင်း ​ပြောလာခဲ့သည်။စကား​ဆုံးတာနဲ့ စုန့်ရှီလင်ဟာ ​ရှေ့ကိုတိုးလာပြီး အသီးအရွက်ဟင်းပွဲ​တွေ တည်ခင်း​နေတဲ့ ​ပေါ်ယွီကို ​ပွေ့ဖက်ကာ ထွက်သွား​လေသည်။

​ပေါ်ယွီမှာ နားရွက်နီနီ​တွေနဲ့အတူ ဟင်းပွဲ​တွေ သယ်​နေတဲ့ အဲဒီကိုယ်ဟန်အ​နေအထားကြီးအတိုင်း အချိန်အ​တော်ကြာ ​နေ,​နေမိသည်။အဲဒီ​နောက် ​ပေါ်ယွီက ဧည့်ခန်းထဲမှာ ကြက်​သေ​သေ ရပ်​နေတဲ့ ဖရဲသီး​လေးကို ကြည့်ကာ ​ပြောလိုက်သည်။   " ဒီကိုလာပြီး ညစာစား​တော့။ ကြက်​တောင်ပံကင်ထားတယ် "

ဖရဲသီး​လေးမှာ စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး    " ပါးပါး , ဦးဦးစုန့်က ဘာလို့ ထွက်သွားတာလဲ ? "

​ပေါ်ယွီက ဖရဲသီး​လေးကို ​အေပရွန်​လေး၀တ်ဖို့ ကူညီ​ပေးလိုက်ပြီး အုတ်ဂျုံယာဂု​တွေကို ဇွန်းအပြည့်ခပ်ကာ ​ပြောလိုက်သည်။   " ဦးဦးစုန့်က မင်းရဲ့ဒိုက်ဘာ(diaper) ​တွေအတွက် ပိုက်ဆံရှာဖို့သွားတယ်။ က​လေး​လေး​ရေ , ပါးစပ်​လေး ဟပြီး စားကြရ​အောင်ကွာ "

တံခါးအပြင်ဘက်တွင် စုန့်ရှီလင်ဟာ ​​မော့အန်းယွီနဲ့ ထိပ်တိုက်ကို ​တွေ့​တော့သည်။

သူက ​ပေါ်ယွီ့အိမ်ထဲက​နေ ထွက်လာတဲ့ စုန့်ရှီလင်နဲ့ မ​မျှော်လင့်ဘဲ ဆုံရလိမ့်မယ်လို့ တစ်ခါ​လေးမှ မ​တွေးဘူး​ပေ။​မော့အန်းယွီက သူ့​ဒေါသ​တွေကို ချုပ်တည်းရင်း မျက်နှာထား တင်းမာခက်ထန်စွာနဲ့ ​ပြောလိုက်သည်။
  " မစ္စတာစုန့်က အိမ်​ထောင်ရှိတဲ့​ယောကျ်ားတစ်ယောက်နဲ့ ဒီလိုမျိုး ပတ်သတ်ရတာ ကြိုက်မှန်း ကျွန်​တော် မသိခဲ့ဘူး "

{ T / N ; ​​မော့အန်းယွီ​ရော စုန့်ရှီလင်​ရောက ​ပေါ်ယွီ မိန်းမတစ်​ယောက်နဲ့ အိမ်​ထောင်ရှိပြီး ဖရဲသီး​လေးကို ​မွေးထားတယ်လို့ပဲ ထင်​နေကြတာပါ }

စုန့်ရှီလင်က စိတ်အ​နှောင့်အယှက်ဖြစ်မသွားဘဲ မ​​ပြောင်းလဲတဲ့ မျက်နှာအမူအရာနဲ့ ပြန်​ပြောလိုက်သည်။   " ငါ မှတ်မိတာ​တော့ ဒီ​နေရာမှာတင် သူ မင်းကို ငြင်းလိုက်ပြီးပြီလားလို့ပဲ "

သိသိသာသာပင် ​မော့အန်းယွီဟာ အရင်တုန်းက သူ ​ပေါ်ယွီဆီက​နေ အငြင်းခံလိုက်ရတဲ့ မြင်ကွင်းကို သတိရသွားပြီး ​အေးစက်စွာ ဆိုလိုက်သည်။   " သူက ကျုပ်အပိုင်။ စုန့်ရှီလင် , ခင်ဗျား စကားကို ကြည့်​ပြော "

စုန့်ရှီလင်က ​မော့အန်းယွီကို တစ်ချက်​ဝေ့ကြည့်လိုက်ပြီး သူ့မျက်၀န်း​တွေထဲမှာလည်း အထင်​သေးခြင်း ဂရုမစိုက်ခြင်း​တွေနဲ့ ပြည့်နှက်လို့​နေသည်။   " မင်းက အဲဒီစကား ​ပြောဖို့ အရည်အချင်းမရှိဘူး။ သူက မင်းနဲ့တွဲဖို့ကိစ္စကို လက်မခံခဲ့ဘူး​လေ "

အဲဒီစကားလုံး​တွေက ဓါးတစ်​ချောင်းလိုပင် ​မော့အန်းယွီရဲ့နှလုံးသားဆီကို ထိုးစိုက်သွား​လေသည်။သူ ​အော်ဟစ်ကာ   " ထွက်သွားစမ်း !!! အဲဒါ ခင်ဗျားအလုပ်မဟုတ်ဘူး ​!!! "

စုန့်ရှီလင်က ​မော့အန်းယွီိကို လျစ်လျူရှူထားလိုက်ပြီး သူ့​ခြေ​ထောက်​တွေကို မကာ ​မော့အန်းယွီ​ဘေးက​နေ ပုခုံးခြင်းတိုက်သွားရင်း ခပ်တိုးတိုးဆိုလိုက်သည်။   " မင်းက ​မော့မိသားစုကို ပြန်အစားထိုးနိုင်လိမ့်မယ်လို့များ ထင်နေတာလား ??? "

" တင် !!! "   ဓါတ်​လှေကားတံခါးဟာ ပွင့်ဟလာခဲ့သည်။

" ခင်ဗျား ဘာကိုဆိုလိုတာလဲ ??? "   ​မော့အန်းယွီ သတိပြန်၀င်လာပြီး ​မေးလိုက်သည်။

ဓါတ်​လှေကားတံခါးဟာ ပြန်လည် ​​စေ့ပိတ်သွား​လေသည်။စုန့်ရှီလင်က​တော့ ​မော့အန်းယွီ​မေးတာကို ဘာမှ ပြန်မ​ဖြေခဲ့​ချေ။​မော့အန်းယွီဟာ ​နေရာမှာပင် အချိန်အ​ကြာကြီး မတ်တပ်ရပ်​နေမိပြီး​နောက် လှည့်ထွက်ကာ ​ပေါ်ယွီရဲ့အိမ်တံခါး​ခေါင်း​လောင်းကို တီးလိုက်သည်။

" မင်းက ဘာလို့ ဒီ​ရောက်​နေတာလဲ ? "   ​ပေါ်ယွီ မျက်​မှောင်ကြုတ်သွားပြီး မသိစိတ်က​နေ အလိုလိုပင် ဧည့်ခန်းထဲမှာရှိ​နေတဲ့ ဖရဲသီး​လေးဆီ ​နောက်လှည့်ကြည့်လိုက်မိပြီး ချက်ချင်း ​ပြောလိုက်သည်။   " အပြင်မှာပဲ စကား​ပြောရ​အောင် "

​မော့အန်းယွီက ​လှေကား​ထောင့်ဆီ လမ်း​လျှောက်သွား​နေတဲ့ ​ပေါ်ယွီကို ကြည့်ရင်း ​အနောက်က​နေ တိတ်တဆိတ် လိုက်လာကာ ကွဲအက်​နေတဲ့ အသံနဲ့ ​ပြောလိုက်သည်။ 
" ​ကော ကျွန်​တော်နဲ့အတူ ဒီက​နေ ထွက်သွားချင်လား ??? "

" မင်း ဘာဖြစ်​နေတာလဲ ??? "   ​ပေါ်ယွီ တစ်ခုခုမှား​နေတယ်ဆိုတာကို အလိုလို ခံစားလိုက်မိသည်။

​မော့အန်းယွီက သူ့​မေးခွန်းကို ​ရှောင်လွှဲကာ ​ပြောလာသည်။   " ဘာမှမဖြစ်ပါဘူး။ ကျွန်​တော်က ​ကော ဆန္ဒရှိမရှိ ​မေးကြည့်ရုံပါ "

​ပေါ်ယွီ စိတ်အ​နှောင့်အယှက်ဖြစ်စွာနဲ့ ​ခေါင်းကို ကုတ်လိုက်ပြီး ​မော့အန်းယွီက ဒီရက်တ​လောမှာ နည်းနည်းထူးဆန်း​နေသလို အမြဲ ခံစားရသည်။ဒါ​ပေမယ့် သူ ​မော့အန်းယွီကို ​မေးမြန်းကြည့်တဲ့အခါမှာလည်း ​မော့အန်းယွီက သူ့ကို ဘာဆိုဘာမှမ​ပြော​ပေ။

" ကျွန်​တော်က စိတ်ကူးယဉ်လွန်း​နေတယ်ထင်ပါတယ်။ ဒါ​ပေမယ့် ​ကောက ကျွန်​တော်နဲ့အတူတူ ထွက်သွားချင်တယ်လို့​ပြောတာကို ​နောက်ဆုံးအချိန်ထိ ကျွန်​တော် ​မျှော်လင့်​နေတုန်းပဲ "   ​ပေါ်ယွီက နံရံကို မှီတွယ်ကာ သူ့အိတ်ကပ်ထဲက​နေ တစ်၀က်​လောက်ကျန်​သေးတဲ့ စီးကရက်ဘူးကို ထုတ်လိုက်သည်။အဲဒီ​နောက် သူ စီးကရက်တစ်လိပ်ကို ယူပြီး နှုတ်ခမ်းမှာ ကိုက်ခဲကာ မီးညှိလိုက်သည်။

" ဘာလို့လဲ ??? ခင်ဗျား အရင်ဆုံး​တွေ့တဲ့လူက ကျွန်​တော်မဟုတ်လို့လား ? "   ​မော့အန်းယွီက စိတ်ခံစားမှုလွယ်​နေပြီး လက်ဖဝါး​တွေကို သူ့လက်သည်း​တွေနဲ့ စိတ်လှုပ်ရှား​ကြောက်ရွံ့စွာ ကုတ်ခြစ်လို့​နေသည်။

​ပေါ်ယွီ သက်ပြင်းချလိုက်မိသည်။   " ငါ တကယ် မင်းကို မချစ်ရပါဘူးကွာ။ အဲဒီမိန်းမလိုမိန်းမရအ​ကြောင်း​တွေကို တစ်ချိန်လုံး ​ပြောမ​နေပါနဲ့​တော့။ ငါ ​တောင်းပန်ပါတယ်။ မင်း အတိတ်ကို စွန့်လွှတ်လိုက်နိုင်မလား ??? "

​ပေါ်ယွီမှာ ပျားရည်လို ချိုမြ​နေတဲ့ အဲဒီလိုမျိုးစကားလုံး​တွေကို ခဏခဏ ​ပြောဆို​နေရတာ​ကြောင့် သူ့ကိုယ်သူ playboy တစ်​ယောက်လို​တောင် ခံစားလာရသည်။

​ပေါ်ယွီက စီးကရက်ကို လက်နှစ်​ချောင်းနဲ့ ကိုင်ထားရာက​နေ အသက်ပြင်းပြင်းရှူလိုက်ပြီး စီးကရက်တိုကို ကြမ်းပြင်​​ပေါ် ပစ်ချလိုက်သည်။သူက ရှူးဖိနပ်ထိပ်ဖျားနဲ့ စီးကရက်မီးပွား​လေး​တွေကို ဖိ​ချေရင်း ​နေရခက်စွာနဲ့ သူ့​ဆံပင်​တွေကို ထိကိုင်လိုက်သည်။   " ငါ အရင် သွား​နှင့်မယ်။ ပြီး​တော့​လေ ခုလိုမျိုးဟာ​တွေကို ​နောက်တစ်ခေါက် ထပ်မ​ပြောနဲ့​တော့။ မဟုတ်ရင် ငါတို့​တွေ သူငယ်ချင်း​တွေ​တောင် မဖြစ်နိုင်​လောက်​တော့ဘူး "

​မော့အန်းယွီက ထွက်ခွာသွားပြီဖြစ်တဲ့ ​ပေါ်ယွီရဲ့ပုံရိပ်​ကို ​အေး​​အေး​ဆေးဆေး တိတ်တဆိတ် ကြည့်ရှူ​နေသည်။​လေ၀င်​လေထွက်​ကောင်းတဲ့ စင်္ကြန်လမ်း​ပေါ်မှာ အချိန်အကြာကြီး ရပ်​နေပြီး​နောက် သူ့​ခြေ​ထောက်​တွေကို အသက်မပါစွာ မကာ ထွက်သွား​လေသည်။

အိတ်ကပ်ထဲက ဖုန်းဟာ အသံမြည်လာခဲ့သည်။

​မော့အန်းယွီက ဖုန်းကိုင်လိုက်ပြီး သူ့ရဲ့​အေးစက်စက်အသံဟာ ဖုန်းတစ်ဖက်ဆီ ​ရောက်ရှိသွားသည်။   " ငါတို့အစီအစဉ်အတိုင်းပဲ ဆက်သွားမယ် "

သူ ​ပေါ်ယွီကို အခွင့်အ​ရေးတစ်ခု ​ပေးခဲ့ပြီးပြီ။ဒါ​ပေမယ့် အဲဒီအခွင့်အ​ရေးကို အမြတ်တနိုးနဲ့ ​သေချာတန်ဖိုးမထားတဲ့သူက ​ပေါ်ယွီပဲ။

အဲဒါ​ကြောင့် သူ့ကို လာအပြစ်မတင်နဲ့​တော့။

.
.
.
.
.
.

Update ​တွေ ​နောက်ကျနေတာကို တကယ် ​တောင်းပန်ပါတယ်။ပါးစပ်ဆယ်​ပေါက်ရှိရင်​တောင် ​ပြောစရာစကားမရှိိပါဘူး။တကယ့်တကယ့်ကို ကျန်းမာ​ရေးမ​ကောင်းလို့ပါ။

ဒါနဲ့ ကိုယ်တစ်ခါ ​ပြောဖူးတဲ့ မ​ကောင်းတဲ့ကိစ္စကြီးဆိုတာ​လေ။ အခု အဲ့အပိုင်းကို ​ရောက်လာခါနီးပါပြီ။ အဲဒီအတွက်​တော့ Brace yourselves ပါ ချင်းဂူးတို့​ရေ ......

ကဲ ... ကဲ ... ကဲ ... ​​နေမ​ကောင်းလို့ အားမရှိဖြစ်​နေတဲ့ ကိုယ့်ကို moti ​​ပေးတဲ့အ​နေနဲ့ vote သွားကြပါဦး 😍😍😍

Zawgyi

ေမာ့ရန္ဟာ အျမင့္တစ္ေနရာက​​ေန ျဖည္းညင္းစြာ ဆင္းသက္လာၿပီး သူနဲ႔မ်က္ႏွာခ်င္းဆိုင္မွာ မတ္တပ္ရပ္​ေနတဲ့ က်ဴးယာကို ၾကည့္ကာ မ်က္ခုံးပင့္ရင္း ​ေျပာလိုက္​ေလသည္။   " မ​ေမွ်ာ္လင့္ဘဲ ႐ွန္းကြၽင္းက ကြၽန္​ေတာ္မ်ိဳးႀကီးရဲ႕နန္း​ေတာ္ကို ​ႂကြေရာက္လာတယ္ဆို​ေတာ့ ကြၽန္​ေတာ္မ်ိဳး ႐ွန္းကြၽင္းအတြက္ ဘာမ်ား​ေဆာင္႐ြက္​ေပးရမလဲ ??? "

က်ဴးယာက တည္ၿငိမ္စြာ ဆိုလိုက္သည္။
  " ကိုယ့္ျပသာနာကိုယ္ႏိုင္​ေအာင္ အရင္႐ွင္းရ​ေအာင္ "

​ေဘးမွာရပ္​ေနတဲ့ ကြၽင္း႐ႊီအာက အဲ့ဒီစကားကို ၾကားၿပီး​ေနာက္ တစ္ကိုယ္လုံး ​ေတာင့္တင္းသြား​ေတာ့သည္။

​ေမာ့ရန္က ဟားတိုက္ရယ္​ေမာလိုက္ၿပီး မ်က္​ေတာင္တစ္ခတ္စာအတြင္း က်ဴးယာဆီ ​ေ႐ြ႕သြားကာ တီးတိုးညည္းတြားလိုက္သည္။ 
" သူမက မိုက္မဲတဲ့ က​ေလးမ​ေလးတစ္​ေယာက္သာသာပါပဲ။ ဒါ​ေပမယ့္ ႐ွန္းကြၽင္းက သူမအတြက္နဲ႔ ဒီမိစၧာနယ္​ေျမထဲကို တစ္​ေယာက္တည္း ၀င္လာတယ္​ေနာ္။ ႐ွန္းကြၽင္း သူမကိုမ်ား ခ်စ္​ေနတာလား ? "

ကြၽင္း႐ႊီအာရဲ႕မ်က္လုံး​ေတြက တင္းမာခက္ထန္လာၿပီး သူမလက္​ေခ်ာင္း​ေတြကို ဆတ္ခနဲ ​ေျမႇာက္လိုက္တဲ့အခါ ​ေအးစက္​ေနတဲ့ အလင္း​ေရာင္ျခည္တန္းတစ္ခုက ​ေမာ့ရန္ဆီကို ရက္ရက္စက္စက္ ပစ္ခတ္သြားသည္။

ဆရာသခင္က သူမအပိုင္ !!!

" Cut !!! "   ​ဒါ႐ိုက္တာခြၽီက စိတ္​ေက်နပ္အားရစြာ ​ေအာ္ဟစ္လိုက္ၿပီး​ေနာက္ ' ခဏနားၾကမယ္ ' ဟု အလ်င္အျမန္ ​ေျပာဆိုကာ စာ​ေရးဆရာနဲ႔အတူ ဇာတ္လမ္းဇာတ္ကြက္​ေတြအ​ေၾကာင္း ​ေဆြး​ေႏြးတိုင္ပင္​ေန​ေတာ့သည္။

ခ်ဴး၀မ္၀မ္က ​ေဘးတစ္ဖက္မွာအ ရပ္​ေနရင္း ​ေပၚယြီဆီမွာ ႀကိဳးစားပမ္းစား မ်က္ႏွာခ်ိဳ​ေသြး​ေနတဲ့ ​ေမာ့အန္းယြီကို ​ေအးစက္စြာ ၾကည့္လိုက္သည္။သူမက ​ေလွာင္​ေျပာင္သ​ေရာ္တဲ့အ​ေနနဲ႔ ဟြန္႔ကနဲ အသံျပဳကာ အ၀တ္လဲခန္းဆီ လွည့္ထြက္သြား​ေလသည္။

လက္​ေထာက္​ေလးမွာ ခါးသက္​ေနတဲ့ မ်က္ႏွာအမူအရာနဲ႔အတူ သူမ​ေနာက္က​ေန လိုက္သြားရသည္။

​ေပၚယြီ မ်က္​ေမွာင္ၾကဳတ္ၿပီး သူ႕​ေနာက္က​ေန တ​ေကာက္​​ေကာက္လိုက္​ေနတဲ့ ​ေမာ့အန္းယြီကို ၾကည့္လိုက္သည္။​ေပၚယြီခမ်ာ ပထမဆုံးအႀကိမ္အျဖစ္ အကူအညီမဲ့သလို ခံစားလိုက္မိသည္။   " မင္း ဒီည အားလား ? စကား​ေကာင္း​ေကာင္း​ေလး​ေျပာၾကရ​ေအာင္ "

​ေမာ့အန္းယြီရဲ႕လႈပ္႐ွားမႈ​ေတြက တစ္ခဏ​ေလာက္ ရပ္တန္႔သြားၿပီး ခန္႔မွန္းလို႔မရႏိုင္တဲ့ မ်က္၀န္း​ေတြနဲ႔အတူ ​ေခါင္းၿငိမ့္ျပလာခဲ့သည္။

သိပ္မ​ေဝးတဲ့​ေနရာတြင္ ​ေ႐ွာင္က်န္းဟာ ​ေပၚယြီနဲ႔ ​ေမာ့အန္းယြီဆို႔ၾကားက အျပန္အလွန္ ဆက္ဆံ​ေရးကို ​ေစာင့္ၾကည့္ရင္း​ ေနာက္ထပ္တစ္ဖန္ သူ႕ႏွလုံးသားထဲမွာ ဂနာမၿငိမ္ျဖစ္လာကာ တစ္စုံတစ္ရာကို တိတ္တဆိတ္ အစီအစဥ္ဆြဲ​ေနသည္။

ည​အခ်ိန္ေရာက္တဲ့အခါ ​ေပၚယြီနဲ႔​ေမာ့အန္းယြီတို႔က အနီးအနားမွာ႐ွိတဲ့ snack street တစ္ခုဆီ ကား​ေမာင္းသြားကာ အသားကင္​ေတြနဲ႔ဘီယာ​​ေတြကို ၀ယ္ခဲ့လိုက္ၿပီး ျမစ္ကမ္း​ေဘးမွာ စကားစျမည္​ေျပာရင္း ငုတ္တုတ္ထိုင္​ေနၾကသည္။

​ေမာ့အန္းယြီက ဘီယာကို ခပ္ႀကီးႀကီးတစ္ငုံ ယူ​ေသာက္လိုက္ၿပီး အသားကင္ကို ျဖည္းျဖည္းခ်င္း ဝါး​ေနသည္။   " ကြၽန္​ေတာ္တို႔ ဒီလိုမ်ိဳး ျမစ္​ေဘးမွာ ထိုင္ရင္း ဘီယာနဲ႔အသားကင္စားရလိမ့္မယ္လို႔ တစ္ခါမွ မ​ေတြးဖူးဘူး "

" ငါ​ေရာပဲ "   ဒီရက္​ေတြမွာ ​ေပၚယြီ စိတ္ဓါတ္က်​ေနသည္။ဘီယာကို ပုလင္းတစ္၀က္​ေလာက္ထိ ​ေသာက္ၿပီးတဲ့အခ်ိန္မွာ သူ ​ေမာ့အန္းယြီကို စကားစလိုက္သည္။

​​ေမာ့အန္းယြီက ​ေပၚယြီရဲ႕ ​ေဘးတ​ေစာင္းျမင္​ေနရတဲ့ မ်က္ႏွာကို ခပ္မွိန္မွိန္မွ်သာ႐ွိတဲ့ အလင္း​ေရာင္အားကိုးနဲ႔ ​ေလာဘတႀကီး အႀကိမ္ႀကိမ္ ၾကည့္႐ွဴလို႔​ေနသည္။

ခ်စ္ရည္႐ႊန္း​ေနတဲ့ မ်က္လုံး​ေတြကို ျမင္လိုက္ရတာ​ေၾကာင့္ ​ေပၚယြီ မ်က္​ေမွာင္ၾကဳတ္သြားမိၿပီး ဘာမွ​​ေတာ့မ​ေျပာ​ေပ။အဲဒီအစား သူက ခ်င့္ခ်င့္ခ်ိန္ခ်ိန္နဲ႔ ဆိုလိုက္သည္။   " ငါတို႔က တစ္​ေယာက္နဲ႔တစ္​ေယာက္ မသင့္​ေတာ္ဘူး "

​ေမာ့အန္းယြီက ​ေပၚယြီကို တိတ္ဆိတ္စြာ ၾကည့္​ေနရင္း ႐ုတ္တရက္ ဘီယာပုလင္းကို ​ေျမႀကီး​ေပၚ ပစ္​ေပါက္လိုက္သည္။ ' ဒုန္း ' ခနဲ ျမည္သံႀကီးနဲ႔အတူ ပုလင္းထဲက ဘီယာတစ္၀က္က်ိဳး​ေလာက္ဟာ ​ေျမႀကီး​ေပၚမွာ ဖိတ္စင္က်သြား​ေလသည္။

​ေပၚယြီက အသားကင္တစ္ခုကို ​ေကာက္ကိုင္ကာ မ်က္​ေတာင္မခတ္ ဆက္စားရင္း ဂ႐ုမစိုက္စြာ ​ေျပာဆိုလိုက္သည္။   " ငါ မင္းနဲ႔တြဲမွာမဟုတ္ဘူးလို႔ မင္းကို ​ေျပာၿပီးၿပီ​ေလ "

​ေမာ့အန္းယြီက ​ေပၚယြီ႕ဘက္ကို ​ေနာက္ေက်ာ​ေပးရပ္လိုက္ၿပီး တ​ေ႐ြ႕​ေ႐ြ႕ လႈပ္႐ွားစီးဆင္းလို႔​ေနတဲ့ ျမစ္ကို ႐ွဴစားရင္း အသံႏွိမ့္​ေျပာလိုက္သည္။   " ကြၽန္​ေတာ္ အမွန္အတိုင္း သိတယ္ "

" ??? "

" ဒီရက္​ေတြမွာ စုန္႔႐ွီလင္ရဲ႕လက္​ေထာက္က ဖရဲသီး​ေလးကို အႀကိဳအပို႔ ကား​ေမာင္း​ေပး​ေနတာ ဟုတ္တယ္မလား ? "   ​ေမာ့အန္းယြီရဲ႕မ်က္ႏွာက အ​ေမွာင္ထု​ေအာက္မွာ ပိုပိုၿပီး နိမိတ္မ​ေကာင္းတဲ့အသြင္​ေဆာင္လာသည္။   " ခင္ဗ်ားတို႔ႏွစ္​ေယာက္ ျပန္​ေပါင္း​ေနၾကတယ္​ေပါ့ !!! "

​ေပၚယြီ မ်က္​ေမွာင္ၾကဳတ္လိုက္သည္။   " အဲဒါ မင္းကိစၥမဟုတ္ဘူး။ ​ေမာ့အန္းယြီ မင္း ၀င္ပါလြန္း​ေနၿပီ "

" အဲဒါ ကြၽန္​ေတာ္နဲ႔ သက္ဆိုင္တာ​ေပါ့ !!! ကြၽန္​ေတာ္ ခင္ဗ်ားကို ႀကိဳက္တယ္။အဲဒါ​ေၾကာင့္ ခင္ဗ်ားနဲ႔ပတ္သတ္တဲ့ အရာမွန္သမွ်ကို ကြၽန္​ေတာ္ သိသင့္တယ္ !!! "   ​ေမာ့အန္းယြီ ​ေျပာလိုက္သည္။

" ငါ ဒီရက္​ေတြမွာ အလုပ္႐ႈပ္​ေနလို႔ သူ႕ကို အကူအညီ​ေတာင္းထားခဲ့တာပဲ "   ​ေပၚယြီ မတ္တပ္ထရပ္လိုက္တဲ့အခါ ​ေလ​ေအး​ေတြ​ေၾကာင့္ ​ေခါင္း အနည္းငယ္ မူး​ေဝသြားသည္။

" တကယ္လို႔ စုန္႔႐ွီလင္သာ စုန္႔မိသားစုကမဟုတ္ဘဲ ဘာပိုင္ဆိုင္မႈမွမ႐ွိရင္​ေရာ ခင္ဗ်ား သူ႕အ​ေပၚ သစၥာ႐ွိ​ေန​ဦးမွာလား ? "   ​​ေမာ့အန္းယြီက ဦး​ေခါင္းကို ​ေစာင္းငဲ့ကာ ​ေပၚယြီဆီ လွည့္ၾကည့္လာၿပီး သူ႕မ်က္လုံး​ေတြက​ေတာ့ ​ေရကဲ့သို႔ပင္ တည္ၿငိမ္​ေနသည္။

" ငါက သူနဲ႔တြဲဖို႔​ေ႐ြးလိုက္တာကို ပိုက္ဆံ​ေၾကာင့္လို႔ မင္း ထင္​ေနတာလား ? "

​ေမာ့အန္းယြီက ​ေ႐ွ႕​ေနာက္မစဥ္းစားဘဲ ျပန္​ေျပာလိုက္သည္။   " မဟုတ္လို႔လား ? "

​ေပၚယြီမွာ ရယ္စရာ​ေကာင္းသလို ခံစားလိုက္ရကာ ​ေျပာလိုက္သည္။   " ငါဆိုတဲ့ ​ေပၚယြီက အသက္တစ္ဆယ့္​ေျခာက္ႏွစ္မွာကတည္းက ဖန္သားျပင္​ေပၚကို ​ေရာက္ခဲ့တာ။ ငါက တစ္ကမ႓ာလုံးထိ နာမည္မႀကီးဘူးဆို​ေပမယ့္ ငါ့မွာ အ​ေျပာင္​ေျမာက္ဆုံးလက္ရာ​ေတြ  ႐ွိတယ္ "

" ငါ ဆႏၵ႐ွိရင္ entertainment ​ေလာကထဲက star တစ္၀က္စာ​ေလာက္ကို ၀ယ္ပစ္လိုက္လို႔ရတယ္။ ငါက စပြန္ဆာဆိုတာမ်ိဳး မလိုအပ္ဘူး။ ​​ေမာ့အန္းယြီ , မင္းက ငါ့ကို ​ေသာက္ရမ္း ျမင့္ျမင့္မားမား​ေတြ ​ထင္​ေၾကးေပး​ေနတာပဲ​ေနာ္ !!! "

" မင္း ဒါကို သိရမယ္။ ငါ ​ေပၚယြီက သူမ်ား​ေတြ လြယ္လြယ္ကူကူ ​ေဆာ့ကစားလို႔ရတဲ့သူ မဟုတ္ဘူး "   ​ေပၚယြီရဲ႕မ်က္ႏွာက ဆီးႏွင္းခဲ​ေတြနဲ႔ ဖုံးအုပ္​ေနသည္။

​ေမာ့အန္းယြီက ​ေတာင့္တင္းသြား​ေတာ့သည္။   " ကြၽန္​ေတာ္ ​ေတာင္းပန္ပါတယ္ "

​ေပၚယြီ အသက္ျပင္းျပင္းတစ္ခ်က္႐ွဴလိုက္ၿပီး ​ေမာ့အန္းယြီ ​ေဘးတြင္ ယွဥ္ရပ္ကာ ​စကားဆိုလိုက္သည္။   " ငါ မင္းကို ​ေျပာခဲ့ဖူးပါတယ္။ ငါတို႔​ေတြက အ​ေတြးအ​ေခၚကစလို႔ မိသားစု​ေနာက္ခံထိ မသင့္​ေတာ္ပါဘူးလို႔ "

​ေမာ့အန္းယြီက ​ေနရာမွာပင္ ရပ္​ေနဆဲျဖစ္ၿပီး စကားဆုံးတာနဲ႔ ​ေနာက္လွည့္ထြက္ခြာသြားတဲ့ ​ေပၚယြီရဲ႕ခပ္မွိန္မွိန္ ပုံရိပ္​ေလးကို ၾကည့္​ေန​ေလသည္။သူ႕ရဲ႕ရင္ဘတ္ကလည္း အသက္႐ွဴႏႈန္း​ေၾကာင့္ ပိုမိုကာ ျပင္းျပင္းထန္ထန္ နိမ့္ခ်ည္ျမင့္ခ်ည္ လႈပ္႐ွားလာသည္။

ဒါ​ေပမယ့္ ခင္ဗ်ားက ကြၽန္​ေတာ္႕ကို ခင္ဗ်ားတို႔ႏွစ္​ေယာက္ ျပန္တြဲ​ေနတယ္ဆိုတာ ​ေျပာမျပ​ေသးဘူးပဲ။

_____________

စုန္႔ကုမၸဏီတြင္။

စုန္႔႐ွီလင္ရဲ႕လက္​ေတြဟာ keyboard မွာ ခပ္ဖြဖြ ​ေျပးလႊား​ေခါက္ပုတ္​ရင္း ကြန္ပ်ဴတာထဲက အ​ေၾကာင္းအရာကိစၥ​ေတြကို ​ေျဖ႐ွင္း​ေဆာင္႐ြက္​ေနသည္။သူ႕ရဲ႕မ်က္ႏွာ​ေဘးက​ေတာ့ ​ေအးစက္ကာ ​ျပင္းထန္ေလးနက္လို႔​ေန​ေလသည္။

အတြင္း​ေရးမႉးခ်ဴခမ်ာ ႐ွင္းမျပတတ္စြာနဲ႔ပဲ ပါးစပ္အျပည့္ တံ​ေတြး​ေတြကို မ်ိဳခ်လိုက္မိၿပီး ႐ွင္း႐ွင္းလင္းလင္း တင္ျပလိုက္သည္။   " ...... ခ်ီညီအစ္ကိုႏွစ္​ေယာက္က သီးသန္႔ခန္းထဲမွာ မိနစ္သုံးဆယ္​ေလာက္ စကား​ေျပာခဲ့ၾကပါတယ္။​ ေနာက္ၿပီး ခ်ီလင္းမွာလည္း မူမမွန္တဲ့ အျပဳအမူ​ေတြ႐ွိ​ေနပါတယ္။ သူတို႔​ေတြက ျပန္​ေပးဆြဲဖို႔ အကြက္ခ်​ေနတယ္ဆိုတာ အရိပ္အ​ေယာင္ျပ​ေနပါတယ္ "

ဆင္​ေျခဖုန္းရပ္ကြက္တစ္ခုမွာ ငွားရမ္းထားတဲ့ သို​ေလွာင္႐ုံ ၊ လိုင္စင္မဲ့ကား ၊ ဂုန္​ေလွ်ာ္အိတ္ ၊ ႀကိဳး ၊ အသံ​ေျပာင္းစက္နဲ႔တကြ စသည့္စသည့္ ပစၥည္း​ေတြက ခ်ီညီအစ္ကိုႏွစ္​ေယာက္ဟာ အက်ဥ္းအက်ပ္ထဲမွာ ​ေခ်ာင္ပိတ္မိ​ေနတဲ့ တိရိစၧာန္​ေတြလိုမ်ိဳး ၾကံမိၾကံရာ ထက္ရာစိုင္းၿပီး တစ္ခုခု လုပ္ၾက​ေတာ့မယ္ဆိုတာကို သက္​ေသျပ​ေနသည္။

စုန္႔႐ွီလင္ရဲ႕လက္ေတြက keyboard ႐ိုက္​ေနရာက​ေန ခဏ​ေလး ရပ္တန္႔သြားၿပီး ​ေနာင္စကၠန္႔မွာပဲ ျပန္အလုပ္ဆက္လုပ္​ေနသည္။
  " မၾကာခင္ ​ေမာ့မိသားစုက ဖ်က္ဆီးခံရ​ေတာ့မွာဆို​ေတာ့ ခ်ီလင္း တစ္ခုခု လုပ္ရလိမ့္မယ္ "

" ဥကၠ႒ , ကြၽန္​ေတာ္တို႔ ...... "

ကြၽန္ပ်ဴတာ​ေပၚက အ​ေရးကိစၥ​ေတြကို ​​ေျဖ႐ွင္းၿပီး​ေနာက္ စုန္႔႐ွီလင္က မတ္တပ္ရပ္ကာ suit ၀တ္ရင္း ​ေျပာလိုက္သည္။   " အစီအစဥ္အတိုင္းပဲသြား။ ​အခုေနာက္ ငါးမိနစ္​ေနရင္ video conference နဲ႔ ႐ွယ္ယာ႐ွင္အစည္းအ​ေဝး႐ွိတယ္။ မင္း မၾကာ​ေသးခင္က ကုမၸဏီရဲ႕ ​ေရာင္းရ​ေငြပမာဏစာရင္းဇယားကို ယူလာခဲ့လိုက္ "

အတြင္း​ေရးမႉးခ်ဴက ​ေခါင္းၿငိမ့္ကာ အစည္းအ​ေဝးအတြက္ စာ႐ြက္စာတန္း​ေတြ ျပင္ဆက္ဖို႔ အျပင္ ထြက္သြား​ေလသည္။

_____________

​ေနာက္တစ္ေန႔တြင္။

​ေပၚယြီက ၀က္နံ႐ိုးကင္ကို ႀကိဳက္​ေပမယ့္ ဖရဲသီး​ေလးက​ေတာ့ ၾကက္​ေတာင္ပံကိုပဲ သ​ေဘာက်သည္။

ဒါ​ေၾကာင့္ ​ေပၚယြီမွာ နံ႐ိုးရယ္ ၾကက္​ေတာင္ပံရယ္နဲ႔အတူ market က ​ေရခဲခံ​ေသတၱာ​(freezer) ေ႐ွ႕ရပ္ရင္း ဖရဲသီး​ေလးနဲ႔ ျငင္းခုံ​ေနရသည္။

ဖရဲသီး​ေလးက ႏႈတ္ခမ္း​ေလးစူကာ သူ႕​ေခါင္း​ေနာက္က ၀က္ၿမႇီး​ေလးကို လႊဲယမ္းလိုက္သည္။   " ပါးပါး နံ႐ိုးမခ်က္ပါနဲ႔​ေနာ္။ သား ၾကက္သားစားခ်င္လို႔ပါ "

​ေပၚယြီ ျငင္းဆန္လိုက္သည္။   " ငါတို႔​ေတြ ၾကက္​ေတာင္ပံကို ႏွစ္ရက္​ေလာက္ စားၿပီးသြားၾကၿပီ​ေလ။ ဒီ​ေန႔​ေတာ့ ငါတို႔ နံ႐ိုးစားရ​ေအာင္ "

" ဒါ​ေပမယ့္ နံ႐ိုးက အရသာမွမ႐ွိတာလို႔ "   ဖရဲသီး​ေလးက လ်င္ျမန္စြာ ​ေျပာလိုက္သည္။

" မဟုတ္ပါဘူး​ေနာ္ !!! "   ၀က္နံ႐ိုးနဲ႔ၾကက္​ေတာင္ပံ ႏွစ္မ်ိဳးၾကားမွာ ​ေပၚယြီ ခဏ​ေလာက္ တုံ႔ဆိုင္း​ေနသည္။ဖရဲသီး​ေလးက သူနဲ႔ သ​ေဘာထားကြဲလြဲ​ေနတာ​ေၾကာင့္ ၀က္နံ႐ိုး​ကိုေရာ ၾကက္​ေတာင္ပံကိုပါ ​ေပၚယြီ လိုရမယ္ရ ၀ယ္လိုက္​ေတာ့သည္။

ဖရဲသီး​ေလးက တြန္းလွည္းထဲ​ေရာက္​ေနၿပီျဖစ္တဲ့ ၾကက္​ေတာင္ပံကို ၾကည့္ရင္း တခစ္ခစ္ရယ္ကာ​ ေပၚယြီရဲ႕​ေျခ​ေထာက္ကို ဖက္တြယ္လာသည္။

လမ္းက်ဥ္း​ေလးမွာ ရန္သူနဲ႔​​ေတြ႕တယ္ပဲဆိုမလား ဒါမွမဟုတ္ ကံၾကမၼာလို႔ပဲ ဆိုရမလားမသိ​ေပ။​အိမ္ျပန္လမ္းမွာ စုန္႔႐ွီလင္နဲ႔ ေပၚယြီ ဆုံမိၾက​ေလသည္။

ဖရဲသီး​ေလးက စုန္႔႐ွီလင္ကို ​ေႏြး​ေထြးပ်ဴငွာစြာ ဖိတ္​ေခၚလိုက္သည္။   " ဦးဦးစုန္႔ , ပါးပါးက ၾကက္​ေတာင္ပံ​ေတြ ၀ယ္ခဲ့တယ္ရယ္။သားတို႔နဲ႔အတူတူ ညစာစားပါ့လားဟင္ ? "

​ေပၚယြီရဲ႕လက္အစုံက ​ေတာင့္တင္းသြားၿပီး က​ေလး​ေလးရဲ႕​ေမွ်ာ္လင့္တႀကီး အၾကည့္​ေတြအလယ္မွာ သူ႕ပါးစပ္ကို ဖြင့္ဟကာ ​စကား​ေျပာလိုက္ရသည္။   " မင္း​ေရာ အတူတူစားမလား ? ငါ စားစရာတခ်ိဳ႕ ၀ယ္ခဲ့​ေသးတယ္ "

စုန္႔႐ွီလင္က ​ေပၚယြီကို နက္နက္႐ိႈင္း႐ိႈင္း ၾကည့္ကာ ​ေခါင္းၿငိမ့္လိုက္သည္။

ထမင္းစားဖို႔ကိစၥကို စုန္႔႐ွီလင္ ျငင္းလိမ့္မယ္လို႔ အပိုင္တြက္ထားတဲ့ ​ေပၚယြီမွာ မင္တက္သြား​ေတာ့သည္။

သုံး​ေယာက္သားက အခန္းထဲကို ​ေ႐ွ႕ဆင့္​​ေနာက္ဆင့္ ၀င္လိုက္ၾကသည္။​ေပၚယြီက ပစၥည္းပစၥယာ​ေတြနဲ႔အတူ မီးဖိုခန္းဆီ ​​ေလွ်ာက္သြားလိုက္ၿပီး လက္​ေဆး​ေၾကာသန္႔စင္ကာ သူ႕ရဲ႕ဟင္းခ်က္စြမ္းရည္ကို ထုတ္​ေဖာ္ျပသဖို႔အတြက္ စတင္ခ်က္ျပဳတ္​ေန​ေတာ့သည္။

စုန္႔႐ွီလင္က ငုတ္တုတ္ထိုင္ခ်လိုက္ၿပီး ဖရဲသီး​ေလးကို တည့္တည့္ၾကည့္ကာ ​ေအးစက္​ေနပင္မယ့္ ႏူးညံ့ညင္သာတဲ့အသံနဲ႔ ဆိုလိုက္သည္။   " လိမၼာတဲ့ က​ေလး​ေလး , သားတို႔ စာၾကည့္ခန္းထဲကို ဦးဦး အလည္လိုက္လို႔ရလား ? "

" အိမ္မွာ စာၾကည့္ခန္းမ႐ွိဘူး "   ဖရဲသီး​ေလးခမ်ာ ႐ွက္​ေသြးျဖာသြားရသည္။

" အဲဒါဆို မင္းပါးပါးက ဓါတ္ပုံ​ေတြကို ဘယ္နားထားသလဲဆိုတာ သိလား ? "   စုန္႔႐ွီလင္က ဖရဲသီး​ေလးရဲ႕​ေခါင္း​ေလးငို ပြတ္သပ္ရင္း ၾကင္နာႏူးညံ့စြာ ​ေမးလိုက္သည္။

ဖရဲသီး​ေလးရဲ႕မ်က္လုံး​ေလး​ေတြက တလက္လက္ ​ေတာက္ပသြားၿပီး စုန္႔႐ွီလင္ကို သူ႕ဓါတ္ပုံ​​ေတြ ျပဖို႔အတြက္ အလ်င္အျမန္ ဆြဲ​ေခၚ​ေတာ့သည္။

မီးဖို​ေခ်ာင္ထဲမွာ ဟင္းသီးဟင္း႐ြက္​ေတြ ​ေရး​ေဆး ၊ အသား​ေတြ လွီးျဖတ္​ေနတဲ့ ​ေပၚယြီခမ်ာ သူ႕ရဲ႕လွ်ိဳ႕ဝွက္ခ်က္ႀကီးက သူ ​ေပးမျပခ်င္ဆုံးပုဂၢိဳလ္ျဖစ္တဲ့ စုန္႔႐ွီလင္ ​ေတြ႕သြား​ေတာ့မယ္ဆိုတာကို လုံး၀မသိ႐ွာ​ေပ။

စုန္႔႐ွီလင္က ခပ္ထူထူ ဓါတ္ပုံ album ႏွစ္ခုကို ​ေကာက္ယူၿပီး ပုံတခ်ိဳ႕ကို ၾကည့္လိုက္သည္။အဲဒီဓါတ္ပုံ​ေတြအားလုံးနီးပါးက ပ်ိဳမ်စ္ႏုနယ္​ေတာက္ပ​ေနတဲ့ ​ေပၚယြီ ငယ္႐ြယ္စဥ္အခ်ိန္တုန္းက ပုံ​ေတြျဖစ္သည္။

စုန္႔႐ွီလင္ရဲ႕လက္​ေတြဟာ တစ္ခဏ​ေလာက္ ရပ္ဆိုင္းသြားၿပီး သူ႕လက္ကို ဆန္႔ထုတ္ကာ ​ဓါတ္ပုံေပၚက အမႈန္တခ်ိဳ႕ကို သုတ္​ေပးလိုက္သည္။သူ႕ရဲ႕လက္မက ​ေပၚယြီရဲ႕မ်က္ႏွာ​ေလး​ေပၚမွာ ရပ္တန္႔​ေနၿပီး အခ်ိန္အ​ေတာ္ၾကာ ခပ္ဖြဖြ ပြတ္သပ္လို႔​ေနသည္။

တျခား album က​ေတာ့ ဖရဲသီး​ေလးရဲ႕ ​ေမြးကင္းစ​ေလးက​ေန ယခုခ်ိန္ထိ ပုံ​ေတြပင္ျဖစ္သည္။

စုန္႔႐ွီလင္က ဓါတ္ပုံ​ေတာ္​ေတာ္မ်ားမ်ားကို ဟိုဟိုဒီဒီ လွန္​ေလွာၾကည့္​ေနရင္း ႐ုတ္တရက္ ရပ္တန္႔သြား​ေလသည္ ______  မသိ​ေအာင္အယူခံလိုက္ရတဲ့ ဓါတ္ပုံ​ေတြ။ ၿပီး​ေတာ့ အဲဒီဓါတ္ပုံ​ေတြထဲကလူက သူကိုယ္တိုင္ပဲ။

ၾကမ္းျပင္​ေပၚမွာ ​ေလးဖက္​ေလး​ေထာက္ၿပီး တြားသြား​ေနတဲ့ ဖရဲသီး​ေလးက အဲဒီဓါတ္ပုံ​ေတြကို အ​ေလးအနက္ မိတ္ဆက္​ေပး​ေတာ့သည္။   " ပါးပါးက သားကို ခ်စ္တယ္။ ၿပီး​ေတာ့ ဦးဦးစုန္႔ကိုလည္း ခ်စ္ပါတယ္ "

စုန္႔႐ွီလင္ရဲ႕ တည္ၿငိမ္​ေအးစက္​ေနတဲ့ မ်က္ႏွာအမူအရာဟာ ပိုမို​ေပ်ာ့​ေပ်ာင္းညင္သာလာသည္။   " အရင္တုန္းက​ေလ ဦးဦးပုံ​ေတြကို မင္းပါးပါးက ခဏခဏ နမ္းခဲ့တာလား ? "

ဖရဲသီး​ေလးက ​ေခါင္း​ေလး လွည့္လာၿပီး စုန္႔႐ွီလင္ကို ၾကည့္ကာ ႏႈတ္ခမ္းစူရင္း မၿငိမ့္ခ်င္ၿငိမ့္ခ်င္နဲ႔ ​ေခါင္းၿငိမ့္ျပလိုက္သည္။

သားပုံ​ေတြက်​ေတာ့ ပါးပါးက တစ္ခါမွ အာဘြားမ​ေပးဖူးဘူး !!!

စုန္႔႐ွီလင္က ​ေခါင္းတဆတ္ဆတ္ၿငိမ့္ကာ ဖရဲသီး​ေလး သူ႕အ​ေပၚ အာ႐ုံ၀င္စားမႈမ႐ွိတဲ့ အခ်ိန္မွာ သူ႕ဓါတ္ပုံတခ်ိဳ႕တ​ေလကို ယူထားၿပီး album ​ေတြကို ျပန္တင္ထားလိုက္သည္။အဲဒီ​ေနာက္ စုန္႔႐ွီလင္က သူ႕လက္​ေမာင္း​ေတြထဲမွာ ဖရဲသီး​ေလးကို ခ်ီ​ေခၚၿပီး ​ေပၚယြီ႕အိပ္ခန္းထဲက​ေန အျပင္ကို တည္ၿငိမ္စြာ ထြက္လာခဲ့လိုက္သည္။

စုန္႔႐ွီလင္နဲ႔​ေပၚယြီဟာ သူတို႔ရဲ႕ညစာကို စား​ေတာင္မစားရ​ေသးခင္မွာတင္ ​ေစာ​ေစာစီးစီး လက္စသတ္လိုက္ၾကရသည္။

အ​ေၾကာင္းအရင္းမွာ စုန္႔႐ွီလင္က ဖုန္းတစ္​ေကာကို လက္ခံရ႐ွိၿပီး​ေနာက္ သူဟာ အစည္းအ​ေဝးတစ္ခုအတြက္ ကုမၸဏီကို ျပန္သြားရမည္ျဖစ္​ေၾကာင္း ​ေျပာလာခဲ့သည္။စကား​ဆုံးတာနဲ႔ စုန္႔႐ွီလင္ဟာ ​ေ႐ွ႕ကိုတိုးလာၿပီး အသီးအ႐ြက္ဟင္းပြဲ​ေတြ တည္ခင္း​ေနတဲ့ ​ေပၚယြီကို ​ေပြ႕ဖက္ကာ ထြက္သြား​ေလသည္။

​ေပၚယြီမွာ နား႐ြက္နီနီ​ေတြနဲ႔အတူ ဟင္းပြဲ​ေတြ သယ္​ေနတဲ့ အဲဒီကိုယ္ဟန္အ​ေနအထားႀကီးအတိုင္း အခ်ိန္အ​ေတာ္ၾကာ ​ေန,​ေနမိသည္။အဲဒီ​ေနာက္ ​ေပၚယြီက ဧည့္ခန္းထဲမွာ ၾကက္​ေသ​ေသ ရပ္​ေနတဲ့ ဖရဲသီး​ေလးကို ၾကည့္ကာ ​ေျပာလိုက္သည္။   " ဒီကိုလာၿပီး ညစာစား​ေတာ့။ ၾကက္​ေတာင္ပံကင္ထားတယ္ "

ဖရဲသီး​ေလးမွာ စိတ္ပ်က္လက္ပ်က္ျဖစ္သြားၿပီး    " ပါးပါး , ဦးဦးစုန္႔က ဘာလို႔ ထြက္သြားတာလဲ ? "

​ေပၚယြီက ဖရဲသီး​ေလးကို ​ေအပ႐ြန္​ေလး၀တ္ဖို႔ ကူညီ​ေပးလိုက္ၿပီး အုတ္ဂ်ံဳယာဂု​ေတြကို ဇြန္းအျပည့္ခပ္ကာ ​ေျပာလိုက္သည္။   " ဦးဦးစုန္႔က မင္းရဲ႕ဒိုက္ဘာ(diaper) ​ေတြအတြက္ ပိုက္ဆံ႐ွာဖို႔သြားတယ္။ က​ေလး​ေလး​ေရ , ပါးစပ္​ေလး ဟၿပီး စားၾကရ​ေအာင္ကြာ "

တံခါးအျပင္ဘက္တြင္ စုန္႔႐ွီလင္ဟာ ​​ေမာ့အန္းယြီနဲ႔ ထိပ္တိုက္ကို ​ေတြ႕​ေတာ့သည္။

သူက ​ေပၚယြီ႕အိမ္ထဲက​ေန ထြက္လာတဲ့ စုန္႔႐ွီလင္နဲ႔ မ​ေမွ်ာ္လင့္ဘဲ ဆုံရလိမ့္မယ္လို႔ တစ္ခါ​ေလးမွ မ​ေတြးဘူး​ေပ။​ေမာ့အန္းယြီက သူ႕​ေဒါသ​ေတြကို ခ်ဳပ္တည္းရင္း မ်က္ႏွာထား တင္းမာခက္ထန္စြာနဲ႔ ​ေျပာလိုက္သည္။
  " မစၥတာစုန္႔က အိမ္​ေထာင္႐ွိတဲ့​ေယာက်္ားတစ္ေယာက္နဲ႔ ဒီလိုမ်ိဳး ပတ္သတ္ရတာ ႀကိဳက္မွန္း ကြၽန္​ေတာ္ မသိခဲ့ဘူး "

{ T / N ; ​​ေမာ့အန္းယြီ​ေရာ စုန္႔႐ွီလင္​ေရာက ​ေပၚယြီ မိန္းမတစ္​ေယာက္နဲ႔ အိမ္​ေထာင္႐ွိၿပီး ဖရဲသီး​ေလးကို ​ေမြးထားတယ္လို႔ပဲ ထင္​ေနၾကတာပါ }

စုန္႔႐ွီလင္က စိတ္အ​ေႏွာင့္အယွက္ျဖစ္မသြားဘဲ မ​​ေျပာင္းလဲတဲ့ မ်က္ႏွာအမူအရာနဲ႔ ျပန္​ေျပာလိုက္သည္။   " ငါ မွတ္မိတာ​ေတာ့ ဒီ​ေနရာမွာတင္ သူ မင္းကို ျငင္းလိုက္ၿပီးၿပီလားလို႔ပဲ "

သိသိသာသာပင္ ​ေမာ့အန္းယြီဟာ အရင္တုန္းက သူ ​ေပၚယြီဆီက​ေန အျငင္းခံလိုက္ရတဲ့ ျမင္ကြင္းကို သတိရသြားၿပီး ​ေအးစက္စြာ ဆိုလိုက္သည္။   " သူက က်ဳပ္အပိုင္။ စုန္႔႐ွီလင္ , ခင္ဗ်ား စကားကို ၾကည့္​ေျပာ "

စုန္႔႐ွီလင္က ​ေမာ့အန္းယြီကို တစ္ခ်က္​ေဝ့ၾကည့္လိုက္ၿပီး သူ႕မ်က္၀န္း​ေတြထဲမွာလည္း အထင္​ေသးျခင္း ဂ႐ုမစိုက္ျခင္း​ေတြနဲ႔ ျပည့္ႏွက္လို႔​ေနသည္။   " မင္းက အဲဒီစကား ​ေျပာဖို႔ အရည္အခ်င္းမ႐ွိဘူး။ သူက မင္းနဲ႔တြဲဖို႔ကိစၥကို လက္မခံခဲ့ဘူး​ေလ "

အဲဒီစကားလုံး​ေတြက ဓါးတစ္​ေခ်ာင္းလိုပင္ ​ေမာ့အန္းယြီရဲ႕ႏွလုံးသားဆီကို ထိုးစိုက္သြား​ေလသည္။သူ ​ေအာ္ဟစ္ကာ   " ထြက္သြားစမ္း !!! အဲဒါ ခင္ဗ်ားအလုပ္မဟုတ္ဘူး ​!!! "

စုန္႔႐ွီလင္က ​ေမာ့အန္းယြီိကို လ်စ္လ်ဴ႐ွဴထားလိုက္ၿပီး သူ႕​ေျခ​ေထာက္​ေတြကို မကာ ​ေမာ့အန္းယြီ​ေဘးက​ေန ပုခုံးျခင္းတိုက္သြားရင္း ခပ္တိုးတိုးဆိုလိုက္သည္။   " မင္းက ​ေမာ့မိသားစုကို ျပန္အစားထိုးႏိုင္လိမ့္မယ္လို႔မ်ား ထင္ေနတာလား ??? "

" တင္ !!! "   ဓါတ္​ေလွကားတံခါးဟာ ပြင့္ဟလာခဲ့သည္။

" ခင္ဗ်ား ဘာကိုဆိုလိုတာလဲ ??? "   ​ေမာ့အန္းယြီ သတိျပန္၀င္လာၿပီး ​ေမးလိုက္သည္။

ဓါတ္​ေလွကားတံခါးဟာ ျပန္လည္ ​​ေစ့ပိတ္သြား​ေလသည္။စုန္႔႐ွီလင္က​ေတာ့ ​ေမာ့အန္းယြီ​ေမးတာကို ဘာမွ ျပန္မ​ေျဖခဲ့​ေခ်။​ေမာ့အန္းယြီဟာ ​ေနရာမွာပင္ အခ်ိန္အ​ၾကာႀကီး မတ္တပ္ရပ္​ေနမိၿပီး​ေနာက္ လွည့္ထြက္ကာ ​ေပၚယြီရဲ႕အိမ္တံခါး​ေခါင္း​ေလာင္းကို တီးလိုက္သည္။

" မင္းက ဘာလို႔ ဒီ​ေရာက္​ေနတာလဲ ? "   ​ေပၚယြီ မ်က္​ေမွာင္ၾကဳတ္သြားၿပီး မသိစိတ္က​ေန အလိုလိုပင္ ဧည့္ခန္းထဲမွာ႐ွိ​ေနတဲ့ ဖရဲသီး​ေလးဆီ ​ေနာက္လွည့္ၾကည့္လိုက္မိၿပီး ခ်က္ခ်င္း ​ေျပာလိုက္သည္။   " အျပင္မွာပဲ စကား​ေျပာရ​ေအာင္ "

​ေမာ့အန္းယြီက ​ေလွကား​ေထာင့္ဆီ လမ္း​ေလွ်ာက္သြား​ေနတဲ့ ​ေပၚယြီကို ၾကည့္ရင္း ​အေနာက္က​ေန တိတ္တဆိတ္ လိုက္လာကာ ကြဲအက္​ေနတဲ့ အသံနဲ႔ ​ေျပာလိုက္သည္။ 
" ​ေကာ ကြၽန္​ေတာ္နဲ႔အတူ ဒီက​ေန ထြက္သြားခ်င္လား ??? "

" မင္း ဘာျဖစ္​ေနတာလဲ ??? "   ​ေပၚယြီ တစ္ခုခုမွား​ေနတယ္ဆိုတာကို အလိုလို ခံစားလိုက္မိသည္။

​ေမာ့အန္းယြီက သူ႕​ေမးခြန္းကို ​ေ႐ွာင္လႊဲကာ ​ေျပာလာသည္။   " ဘာမွမျဖစ္ပါဘူး။ ကြၽန္​ေတာ္က ​ေကာ ဆႏၵ႐ွိမ႐ွိ ​ေမးၾကည့္႐ုံပါ "

​ေပၚယြီ စိတ္အ​ေႏွာင့္အယွက္ျဖစ္စြာနဲ႔ ​ေခါင္းကို ကုတ္လိုက္ၿပီး ​ေမာ့အန္းယြီက ဒီရက္တ​ေလာမွာ နည္းနည္းထူးဆန္း​ေနသလို အၿမဲ ခံစားရသည္။ဒါ​ေပမယ့္ သူ ​ေမာ့အန္းယြီကို ​ေမးျမန္းၾကည့္တဲ့အခါမွာလည္း ​ေမာ့အန္းယြီက သူ႕ကို ဘာဆိုဘာမွမ​ေျပာ​ေပ။

" ကြၽန္​ေတာ္က စိတ္ကူးယဥ္လြန္း​ေနတယ္ထင္ပါတယ္။ ဒါ​ေပမယ့္ ​ေကာက ကြၽန္​ေတာ္နဲ႔အတူတူ ထြက္သြားခ်င္တယ္လို႔​ေျပာတာကို ​ေနာက္ဆုံးအခ်ိန္ထိ ကြၽန္​ေတာ္ ​ေမွ်ာ္လင့္​ေနတုန္းပဲ "   ​ေပၚယြီက နံရံကို မွီတြယ္ကာ သူ႕အိတ္ကပ္ထဲက​ေန တစ္၀က္​ေလာက္က်န္​ေသးတဲ့ စီးကရက္ဘူးကို ထုတ္လိုက္သည္။အဲဒီ​ေနာက္ သူ စီးကရက္တစ္လိပ္ကို ယူၿပီး ႏႈတ္ခမ္းမွာ ကိုက္ခဲကာ မီးညႇိလိုက္သည္။

" ဘာလို႔လဲ ??? ခင္ဗ်ား အရင္ဆုံး​ေတြ႕တဲ့လူက ကြၽန္​ေတာ္မဟုတ္လို႔လား ? "   ​ေမာ့အန္းယြီက စိတ္ခံစားမႈလြယ္​ေနၿပီး လက္ဖဝါး​ေတြကို သူ႕လက္သည္း​ေတြနဲ႔ စိတ္လႈပ္႐ွား​ေၾကာက္႐ြံ႕စြာ ကုတ္ျခစ္လို႔​ေနသည္။

​ေပၚယြီ သက္ျပင္းခ်လိုက္မိသည္။   " ငါ တကယ္ မင္းကို မခ်စ္ရပါဘူးကြာ။ အဲဒီမိန္းမလိုမိန္းမရအ​ေၾကာင္း​ေတြကို တစ္ခ်ိန္လုံး ​ေျပာမ​ေနပါနဲ႔​ေတာ့။ ငါ ​ေတာင္းပန္ပါတယ္။ မင္း အတိတ္ကို စြန္႔လႊတ္လိုက္ႏိုင္မလား ??? "

​ေပၚယြီမွာ ပ်ားရည္လို ခ်ိဳျမ​ေနတဲ့ အဲဒီလိုမ်ိဳးစကားလုံး​ေတြကို ခဏခဏ ​ေျပာဆို​ေနရတာ​ေၾကာင့္ သူ႕ကိုယ္သူ playboy တစ္​ေယာက္လို​ေတာင္ ခံစားလာရသည္။

​ေပၚယြီက စီးကရက္ကို လက္ႏွစ္​ေခ်ာင္းနဲ႔ ကိုင္ထားရာက​ေန အသက္ျပင္းျပင္း႐ွဴလိုက္ၿပီး စီးကရက္တိုကို ၾကမ္းျပင္​​ေပၚ ပစ္ခ်လိုက္သည္။သူက ႐ွဴးဖိနပ္ထိပ္ဖ်ားနဲ႔ စီးကရက္မီးပြား​ေလး​ေတြကို ဖိ​ေခ်ရင္း ​ေနရခက္စြာနဲ႔ သူ႕​ဆံပင္​ေတြကို ထိကိုင္လိုက္သည္။   " ငါ အရင္ သြား​ႏွင့္မယ္။ ၿပီး​ေတာ့​ေလ ခုလိုမ်ိဳးဟာ​ေတြကို ​ေနာက္တစ္ေခါက္ ထပ္မ​ေျပာနဲ႔​ေတာ့။ မဟုတ္ရင္ ငါတို႔​ေတြ သူငယ္ခ်င္း​ေတြ​ေတာင္ မျဖစ္ႏိုင္​ေလာက္​ေတာ့ဘူး "

​ေမာ့အန္းယြီက ထြက္ခြာသြားၿပီျဖစ္တဲ့ ​ေပၚယြီရဲ႕ပုံရိပ္​ကို ​ေအး​​ေအး​ေဆးေဆး တိတ္တဆိတ္ ၾကည့္႐ွဴ​ေနသည္။​ေလ၀င္​ေလထြက္​ေကာင္းတဲ့ စႀကၤန္လမ္း​ေပၚမွာ အခ်ိန္အၾကာႀကီး ရပ္​ေနၿပီး​ေနာက္ သူ႕​ေျခ​ေထာက္​ေတြကို အသက္မပါစြာ မကာ ထြက္သြား​ေလသည္။

အိတ္ကပ္ထဲက ဖုန္းဟာ အသံျမည္လာခဲ့သည္။

​ေမာ့အန္းယြီက ဖုန္းကိုင္လိုက္ၿပီး သူ႕ရဲ႕​ေအးစက္စက္အသံဟာ ဖုန္းတစ္ဖက္ဆီ ​ေရာက္႐ွိသြားသည္။   " ငါတို႔အစီအစဥ္အတိုင္းပဲ ဆက္သြားမယ္ "

သူ ​ေပၚယြီကို အခြင့္အ​ေရးတစ္ခု ​ေပးခဲ့ၿပီးၿပီ။ဒါ​ေပမယ့္ အဲဒီအခြင့္အ​ေရးကို အျမတ္တႏိုးနဲ႔ ​ေသခ်ာတန္ဖိုးမထားတဲ့သူက ​ေပၚယြီပဲ။

အဲဒါ​ေၾကာင့္ သူ႕ကို လာအျပစ္မတင္နဲ႔​ေတာ့။

.
.
.
.
.
.

Update ​ေတြ ​ေနာက္က်ေနတာကို တကယ္ ​ေတာင္းပန္ပါတယ္။ပါးစပ္ဆယ္​ေပါက္႐ွိရင္​ေတာင္ ​ေျပာစရာစကားမ႐ွိိပါဘူး။တကယ့္တကယ့္ကို က်န္းမာ​ေရးမ​ေကာင္းလို႔ပါ။

ဒါနဲ႔ ကိုယ္တစ္ခါ ​ေျပာဖူးတဲ့ မ​ေကာင္းတဲ့ကိစၥႀကီးဆိုတာ​ေလ။ အခု အဲ့အပိုင္းကို ​ေရာက္လာခါနီးပါၿပီ။ အဲဒီအတြက္​ေတာ့ Brace yourselves ပါ ခ်င္းဂူးတို႔​ေရ ......

ကဲ ... ကဲ ... ကဲ ... ​​ေနမ​ေကာင္းလို႔ အားမ႐ွိျဖစ္​ေနတဲ့ ကိုယ့္ကို moti ​​ေပးတဲ့အ​ေနနဲ႔ vote သြားၾကပါဦး 😍😍😍

  

Pokračovať v čítaní

You'll Also Like

237K 26.3K 105
Language Korean Author(s) 벼르치 Associated Names 메인수가 집착광공이 되면 Status in COO 103 chapters (Complete) Licensed No Original Publisher BLYNUE 블리뉴 Descript...
6.4K 308 12
Original name - 没钱离婚 English name - No money to divorce Type - Webnovel Author(s) - Shou Chu首初 Genre - Drama Romance Sci-fi Yaoi Start date - 18.3.20...
128K 17.8K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
137K 14.8K 49
This is Myanmar Translation of (Rebirth)Ten Years that I loved You Most ဆယ်နှစ်ထက်မကမင်းကိုပိုချစ်ခဲ့ပါတယ်ရဲ့ အသစ်တဖန်မွေးဖွားခြင်း(Rebirth)ပါ...