Scroll down for Zawgyi.
Unicode
နောက်တစ်နေ့တွင် ပေါ်ယွီ ရိုက်ကွင်းရောက်ပြီးတဲ့နောက် မော့မိသားစုဆီမှာ မကောင်းတဲ့ ကိစ္စတစ်ခုခု ဖြစ်ခဲ့တယ်ဆိုတာ သိလိုက်ရသည်။
မော့မိသားစုအိမ်တော်တွင် အိမ်တွင်းပဋိပက္ခတွေကြောင့် မော့အန်းယွီရဲ့အဘိုးဖြစ်သူ သခင်ကြီးမော့ဟာ ဒေါသထွက်လွန်း၍ အသက်အန္တရာယ်ထိခိုက်ပြီး အရေးပေါ်ကုသမှုအတွက် ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။သို့သော်လည်း အချည်းနှီးဖြစ်ကာ ကွယ်လွန်သွားခဲ့သည်။
မော့အန်းယွီရဲ့အဘိုး သေဆုံးပြီးနောက် သူ့ရဲ့ဆွေမျိုးဉာတိတွေဟာ ပရိယာယ်ဆင်လှုပ်ရှားကြတော့သည်။တချို့တွေက မော့ကုမ္ပဏီရဲ့စတော့တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ စျေးချောင်ချောင်ချိချိပေး၀ယ်ယူနေကြတာကြောင့် စတော့စျေးနှုန်းတွေဟာ ထိုးကျကုန်သည်။
တစ်ချိန်တည်းမှာပင် မော့ယန် တာ၀န်ယူထားရတဲ့နယ်မြေက စီးပွားရေးလုပ်ငန်းဟာလည်း ကောင်းမွန်စွာ အလုပ်မဖြစ်ပေ။သူက မမျှော်လင့်ဘဲ စျေးနည်းနည်းနဲ့ရခဲ့တဲ့ အဲဒီမြေမှာ ဗီလာဆောက်လုပ်ဖို့အတွက် ငွေကြေးအမြောက်အများကို သုံးဖြုန်းပစ်ခဲ့သည်။ဒါကြောင့် ရှယ်ယာရှင်တွေဟာ ဒီအခွင့်အရေးကို အသုံးချပြီး မော့ယန်ကို ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုကြတော့သည်။
ဒါ့ပြင် မော့အန်းယွီ လုပ်ငန်းလွှဲပြောင်းယူခဲ့တဲ့ လေလံကိစ္စကလည်း လျှို့ဝှက်သတင်းပေါက်ကြားမှုဖြစ်ကာ ရုန်ချန်မြို့တော်မြေနေရာကို ၀ယ်ယူနိုင်ဖို့ ကျရှုံးခဲ့ပြီး ယခုချိန်မှာ ချူမိသားစုက ပိုင်ဆိုင်သွားလေသည်။
နိုင်ငံခြားရုံးခွဲကို ရောက်ရှိနေကြတဲ့ မော့အန်းယွီရဲ့အဖေနဲ့အမေကလည်း အဲဒီပြသာနာတွေကို ဖြေရှင်းဖို့အတွက် အချိန်တိုအတွင်း ပြန်မလာနိုင်ကြချေ။ဒါကြောင့် အခုအခါမှာ မော့ညီအစ်ကိုနှစ်ယောက်ဟာ အကူအညီမဲ့စွာနဲ့ ဘေးကျပ်နံကျပ်အခြေအနေထဲကို ရောက်နေကြသည်။
YOU ARE READING
လမ်းခွဲပြီးပြီ၊မနှောင့်ယှက်နဲ့တော့(မြန်မာဘာသာပြန်)
RomanceOriginal Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190 Chapters + 10 Extras ဖန်းရှိုလျယ် ၊ ပျယ်နောင့် (မြန်မာပြန်) THIS IS A PURE FAN TRANSLATION. I got p...